Carabao & FA Premier League

ဘလက်ဘန်းကို အနိုင်ယူပြီး ကွာတားဖိုင်နယ်တက်ရောက်နိုင်ခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့ညမှာ ဘလက်ဘန်း ရိုးဗားစ်ကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး နည်းပြ ပိုချက်တီနိုက ချဲလ်ဆီးအနေနဲ့ ကာရာဘောင်းဖလားကို အနိုင်ရရှိနိုင်တယ်လို့ ယုံကြည်နေပါတယ်။

ဘာဒီယာရှီလေနဲ့ ရာဟင်း စတားလင်းတို့ရဲ့ သွင်းဂိုးတွေကြောင့် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ချန်ပီယံရှစ်ကလပ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး စက်တင်ဘာလနှောင်းပိုင်းက ဘရိုက်တန်ကို တတိယအဆင့်မှာ အနိုင်ရရှိခဲ့ပြီးနောက် အိမ်ကွင်းမှာ ပထမဆုံးနိုင်ပွဲ ပြန်လည်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

မေလနောက်ပိုင်း ပထမဆုံးအကြိမ် ချဲလ်ဆီးအတွက် ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ ပြင်သစ်နောက်ခံလူ ဘာဒီယာရှီလေတို့က ပွဲကစားချိန် မိနစ် ၃၀ မှာ အဖွင့်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပြီး ဘလက်ဘန်းဂိုးသမားက ဂယ်လေဂါရဲ့ ဖြတ်တင်ပေးပို့မှုကို ပုတ်ထုတ်ခဲ့ရာကနေ ချဲလ်ဆီးနောက်ခံလူဆီ တန်းတန်းမတ်မတ် ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။

စတားလင်းက ပွဲကစားချိန် ၅၉ မိနစ်မှာ ကိုး ပါလ်မာရဲ့ ကြားဖြတ်ရယူ ဖြတ်တင်ပေးပို့လိုက်တာကို အဆုံးသတ်ခဲ့တာဖြစ်ပြီး ဘလက်ဘန်းရဲ့ အကောင်းဆုံးအခွင့်အရေးက ပွဲကစားချိန် နောက်ဆုံးအခိုက်အတန့်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

လူစားဝင်ကစားသမား အာနော် ဆီဂွါဒ်ဆင်ရဲ့ အပိုင်ဂိုးသွင်းယူဖို့ ကြိုးပမ်းမှုကို ရောဘတ် ဆန်းချက်ဇ်က အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုပြုလုပ်ပြီး ငြင်းပယ်နိုင်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ရုန်းကန်နေရတာဖြစ်ပြီး ၁၀ ပွဲကစားပြီးချိန်အထိ ၃ ပွဲသာ အနိုင်ရခဲ့တာကြောင့် အဆင့် ၁၁ နေရာမှာ ရပ်တည်နေရတာ ဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ဗုဒ္ဓဟူးနေ့ညမှာ ဘလက်ဘန်းကို အနိုင်ရရှိခဲ့တာကြောင့် ကာရာဘောင်းဖလား ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်အဖြစ် နယူးကာဆယ် ယူနိုက်တက်ကို အိမ်ကွင်းမှာပဲ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ လက်ခံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဟာ ဗုဒၶဟူးေန႔ညမွာ ဘလက္ဘန္း ႐ိုးဗားစ္ကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး နည္းျပ ပိုခ်က္တီႏိုက ခ်ဲလ္ဆီးအေနနဲ႔ ကာရာေဘာင္းဖလားကို အႏိုင္ရရွိႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။

ဘာဒီယာရွီေလနဲ႔ ရာဟင္း စတားလင္းတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ခ်န္ပီယံရွစ္ကလပ္ကို အႏိုင္ရရွိခဲ့တာျဖစ္ၿပီး စက္တင္ဘာလေႏွာင္းပိုင္းက ဘ႐ိုက္တန္ကို တတိယအဆင့္မွာ အႏိုင္ရရွိခဲ့ၿပီးေနာက္ အိမ္ကြင္းမွာ ပထမဆုံးႏိုင္ပြဲ ျပန္လည္ရရွိခဲ့တာလည္း ျဖစ္ပါတယ္။

ေမလေနာက္ပိုင္း ပထမဆုံးအႀကိမ္ ခ်ဲလ္ဆီးအတြက္ ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ ျပင္သစ္ေနာက္ခံလူ ဘာဒီယာရွီေလတို႔က ပြဲကစားခ်ိန္ မိနစ္ ၃၀ မွာ အဖြင့္ဂိုးသြင္းယူေပးခဲ့တာျဖစ္ၿပီး ဘလက္ဘန္းဂိုးသမားက ဂယ္ေလဂါရဲ႕ ျဖတ္တင္ေပးပို႔မႈကို ပုတ္ထုတ္ခဲ့ရာကေန ခ်ဲလ္ဆီးေနာက္ခံလူဆီ တန္းတန္းမတ္မတ္ ေရာက္ရွိသြားခဲ့တာျဖစ္ပါတယ္။

စတားလင္းက ပြဲကစားခ်ိန္ ၅၉ မိနစ္မွာ ကိုး ပါလ္မာရဲ႕ ၾကားျဖတ္ရယူ ျဖတ္တင္ေပးပို႔လိုက္တာကို အဆုံးသတ္ခဲ့တာျဖစ္ၿပီး ဘလက္ဘန္းရဲ႕ အေကာင္းဆုံးအခြင့္အေရးက ပြဲကစားခ်ိန္ ေနာက္ဆုံးအခိုက္အတန႔္မွာ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

လူစားဝင္ကစားသမား အာေနာ္ ဆီဂြါဒ္ဆင္ရဲ႕ အပိုင္ဂိုးသြင္းယူဖို႔ ႀကိဳးပမ္းမႈကို ေရာဘတ္ ဆန္းခ်က္ဇ္က အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈျပဳလုပ္ၿပီး ျငင္းပယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ ယခုရာသီ ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ေနရတာျဖစ္ၿပီး ၁၀ ပြဲကစားၿပီးခ်ိန္အထိ ၃ ပြဲသာ အႏိုင္ရခဲ့တာေၾကာင့္ အဆင့္ ၁၁ ေနရာမွာ ရပ္တည္ေနရတာ ျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ဗုဒၶဟူးေန႔ညမွာ ဘလက္ဘန္းကို အႏိုင္ရရွိခဲ့တာေၾကာင့္ ကာရာေဘာင္းဖလား ကြာတားဖိုင္နယ္အဆင့္ပြဲစဥ္အျဖစ္ နယူးကာဆယ္ ယူႏိုက္တက္ကို အိမ္ကြင္းမွာပဲ ဒီဇင္ဘာ ၁၉ ရက္ေန႔မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.