Carabao & FA Match Report Premier League

မန်ယူကို အိုးလ်ထရက်ဖို့ဒ်မှာ မနှစ်က ကာရာဘောင်းကြွေးဆပ်လိုက်တဲ့ ငှက်ကျားများ

နယူးကာဆယ်လ်ယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ ခရတ်ဖ်၊ ဒမ်းမက်၊ လီဗရာမင်တိုနဲ့ တားဂက်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လောင်းစတပ်ဖ်၊ ဟောလ်နဲ့ ဝီလော့ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရစ်ချီ၊ ဂျိုလင်တန်နဲ့ ဂေါ်ဒန်တို့ကို ကစားစေခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်၊ ဒါလော့နဲ့ ရက်ဂီလွန်တို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဟန်နီဘယ်လ်နဲ့ မေဆန်မောင့်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ဂါနာချိုနဲ့ မာစီယယ်လ်တို့ကို ပွဲထုတ်လာခဲ့တာပါ။

လူစာရင်းကို ကြည့်လိုက်တာနဲ့ မန်ယူတို့ ရှုံးမှာ စိုးရိမ်နေမှန်း သိသာခဲ့ပြီး နယူးကာဆယ်လ်တို့ကတော့ အရန်အများစုနဲ့ ကစားခဲ့တာကို တွေ့မြင်ခဲ့ရချိန်မှာ ပွဲစပြီး ဘယ်လောက်မှ မကြာသေးခင်မှာပဲ နောက်ခံလူ တားဂက် ဒဏ်ရာရသွားခဲ့လို့ အယ်လ်မီရွန်နဲ့ လူစားလဲခဲ့ပြီး ဟောလ်က ဘယ်နောက်ခံ ပြောင်းကစားသွားခဲ့သလို အယ်လ်မီရွန်ကတော့ ဘယ်တောင်ပံမှာ နေရာယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ဂါနာချိုဆီက ဘောလုံးကို လုယူပြီး တောက်လျှောက်ဆွဲတက်လာခဲ့တဲ့ လီဗရာမင်တိုက ဧရိယာထိပ်အထိ ရောက်လာခဲ့ပြီးမှ ဘယ်ခြမ်းကို ခင်းပေးရာမှာ အယ်လ်မီရွန်က ဒါလော့နဲ့ ယှဉ်ပြေးပြီး ဘယ်ခြေနဲ့ ချိုးကန်သွင်းနိုင်ခဲ့လို့ အိုနာနာ လက်မြှောက်ရုံပဲ မြှောက်နိုင်ခဲ့တာပါ။

မန်ယူနည်းပြ တန်ဟတ်ကတော့ ဒီနေ့ပွဲမှာ ခေါင်းတခါခါ လည်တဆန့်ဆန့်နဲ့ပဲ ဖြစ်နေခဲ့ပြီး သူ့အသင်းရဲ့ ကစားပုံကို စိတ်ပျက်နေခဲ့သလို ဂါနာချိုနဲ့ အန်တိုနီတို့ရဲ့ တောင်ပံတွေက ဖန်တီးမှုတွေကလည်း လိုရာမရောက်ဘဲ ညံ့ဖျင်းနေခဲ့တဲ့အတွက် နယူးကာဆယ်လ်ခံစစ်က အလွယ်တကူ ပိတ်ဆို့သွားတာနဲ့ပဲ တွေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်ကနေ တစ်ကိုယ်တော်ထိုးဖောက်ပြီး ဂိုးရှေ့တင်ပေးဖို့ လုပ်တဲ့ ဝီလော့ခ်ရဲ့ ပေးပို့မှုကို မန်ယူခံစစ်က မက်ဂွိုင်းယား ခေါင်းတိုင်ရှင်းထုတ်လို့ ကျလာခဲ့တဲ့ ဘောလုံးကို ချဲလ်ဆီးအကယ်ဒမီထွက် ဟောလ်က မြေမကျ ကန်သွင်းယူခဲ့ရာမှာ ညာဘက်တိုင်ခြေကို ဝင်သွားခဲ့တာပါ။

ပထမပိုင်းမှာတော့ နယူးကာဆယ်လ်တို့က မန်ယူတို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ တန်ဟတ်က သူ့ရဲ့ ညာခြမ်းခံစစ်မှာ သုံးမရတဲ့ ဒါလော့အစား ဝန်ဘစ်ဆာကာနဲ့ ကွင်းလယ်မှာ ပါလို့ ပါမှန်း မသိရတော့တဲ့ One Season Wonder ကာစီမီရိုကို အမ်မရာဘတ်နဲ့ လူစားလဲလာခဲ့ပြီး ပွဲအဖြေကို ပြောင်းနိုင်ဖို့ အံစာပစ်လာခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် မိနစ် ၆၀ မှာ နယူးကာဆယ်လ်တို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို ရရှိသွားခဲ့ပြီး ဒီဂိုးကိုတော့ အမ်မရာဘတ်ရဲ့ ပလာတာ ရောင်းနေမှုကို လျှောထိုးပြီး ဖျက်လိုက်တဲ့ ဂျိုလင်တန်ကြောင့် ဘောလုံးပြန်ရသွားတဲ့ ဝီလော့ခ် ကွင်းလယ်ကြောကနေ တောက်လျှောက်ဆွဲဝင်ပြီး ဧရိယာထိပ်ကနေ ညာဘက်တိုင်ခြေကို အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ မန်ယူခံစစ်တွေကို ဒူးထောက်ကျစေခဲ့တာပါ။

ဒီနောက်မှာတော့ မန်ယူတို့ဘက်က မာစီယယ်လ်၊ ဂါနာချိုနဲ့ ဟန်နီဘယ်လ်တို့အစား ဟွိုင်လန်း၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို လဲပြီး အာဆင်နယ်တို့လိုပဲ အရှက်ပြေဂိုးရဖို့ ကြိုးစားလာခဲ့ချိန်မှာ နယူးကာဆယ်လ်တို့ကတော့ ဂေါ်ဒန်၊ ဝီလော့ခ်၊ ရစ်ချီနဲ့ ဟောလ်တို့အစား ဝီလ်ဆန်၊ ဘရူနို ဂီမာရိုင်းစ်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို ထည့်ပြီး ပွဲကို ထိန်းကစားသွားခဲ့လို့ အိမ်ရှင်တွေ ချေပဂိုးနဲ့ ဝေးခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ နယူးကာဆယ်လ်တို့က မန်ယူတို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ယူသွားခဲ့ပြီး ပြီးခဲ့တဲ့ ရာသီက ကာရာဘောင်းဖလားဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့ရမှု အကြွေးကို စောစောစီးစီးပဲ ပြန်ဆပ်လိုက်နိုင်ခဲ့သလို အိုးလ်ထရက်ဖို့ဒ်ကို တိတ်ဆိတ်ငြိမ်သက်စေခဲ့အပြီးမှာတော့ လာမယ့် ကွာတားဖိုင်နယ်အဆင့်မှာ အက်ဒီဟောင်းတို့အဖွဲ့အနေနဲ့ ချဲလ်ဆီးတို့ကို စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဆက်တီးဖို့ ဖြစ်လာနိုင်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္ယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ ခရတ္ဖ္၊ ဒမ္းမက္၊ လီဗရာမင္တိုနဲ႔ တားဂက္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေလာင္းစတပ္ဖ္၊ ေဟာလ္နဲ႔ ဝီေလာ့ခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရစ္ခ်ီ၊ ဂ်ိဳလင္တန္နဲ႔ ေဂၚဒန္တို႔ကို ကစားေစခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ လင္ဒီေလာ့ဖ္၊ ဒါေလာ့နဲ႔ ရက္ဂီလြန္တို႔ကို တြဲေပးခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ဟန္နီဘယ္လ္နဲ႔ ေမဆန္ေမာင့္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ဂါနာခ်ိဳနဲ႔ မာစီယယ္လ္တို႔ကို ပြဲထုတ္လာခဲ့တာပါ။

လူစာရင္းကို ၾကည့္လိုက္တာနဲ႔ မန္ယူတို႔ ရႈံးမွာ စိုးရိမ္ေနမွန္း သိသာခဲ့ၿပီး နယူးကာဆယ္လ္တို႔ကေတာ့ အရန္အမ်ားစုနဲ႔ ကစားခဲ့တာကို ေတြ႕ျမင္ခဲ့ရခ်ိန္မွာ ပြဲစၿပီး ဘယ္ေလာက္မွ မၾကာေသးခင္မွာပဲ ေနာက္ခံလူ တားဂက္ ဒဏ္ရာရသြားခဲ့လို႔ အယ္လ္မီ႐ြန္နဲ႔ လူစားလဲခဲ့ၿပီး ေဟာလ္က ဘယ္ေနာက္ခံ ေျပာင္းကစားသြားခဲ့သလို အယ္လ္မီ႐ြန္ကေတာ့ ဘယ္ေတာင္ပံမွာ ေနရာယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ဂါနာခ်ိဳဆီက ေဘာလုံးကို လုယူၿပီး ေတာက္ေလွ်ာက္ဆြဲတက္လာခဲ့တဲ့ လီဗရာမင္တိုက ဧရိယာထိပ္အထိ ေရာက္လာခဲ့ၿပီးမွ ဘယ္ျခမ္းကို ခင္းေပးရာမွာ အယ္လ္မီ႐ြန္က ဒါေလာ့နဲ႔ ယွဥ္ေျပးၿပီး ဘယ္ေျခနဲ႔ ခ်ိဳးကန္သြင္းႏိုင္ခဲ့လို႔ အိုနာနာ လက္ေျမႇာက္႐ုံပဲ ေျမႇာက္ႏိုင္ခဲ့တာပါ။

မန္ယူနည္းျပ တန္ဟတ္ကေတာ့ ဒီေန႔ပြဲမွာ ေခါင္းတခါခါ လည္တဆန႔္ဆန႔္နဲ႔ပဲ ျဖစ္ေနခဲ့ၿပီး သူ႔အသင္းရဲ႕ ကစားပုံကို စိတ္ပ်က္ေနခဲ့သလို ဂါနာခ်ိဳနဲ႔ အန္တိုနီတို႔ရဲ႕ ေတာင္ပံေတြက ဖန္တီးမႈေတြကလည္း လိုရာမေရာက္ဘဲ ညံ့ဖ်င္းေနခဲ့တဲ့အတြက္ နယူးကာဆယ္လ္ခံစစ္က အလြယ္တကူ ပိတ္ဆို႔သြားတာနဲ႔ပဲ ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္ကေန တစ္ကိုယ္ေတာ္ထိုးေဖာက္ၿပီး ဂိုးေရွ႕တင္ေပးဖို႔ လုပ္တဲ့ ဝီေလာ့ခ္ရဲ႕ ေပးပို႔မႈကို မန္ယူခံစစ္က မက္ဂြိဳင္းယား ေခါင္းတိုင္ရွင္းထုတ္လို႔ က်လာခဲ့တဲ့ ေဘာလုံးကို ခ်ဲလ္ဆီးအကယ္ဒမီထြက္ ေဟာလ္က ေျမမက် ကန္သြင္းယူခဲ့ရာမွာ ညာဘက္တိုင္ေျခကို ဝင္သြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔က မန္ယူတို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ တန္ဟတ္က သူ႔ရဲ႕ ညာျခမ္းခံစစ္မွာ သုံးမရတဲ့ ဒါေလာ့အစား ဝန္ဘစ္ဆာကာနဲ႔ ကြင္းလယ္မွာ ပါလို႔ ပါမွန္း မသိရေတာ့တဲ့ One Season Wonder ကာစီမီ႐ိုကို အမ္မရာဘတ္နဲ႔ လူစားလဲလာခဲ့ၿပီး ပြဲအေျဖကို ေျပာင္းႏိုင္ဖို႔ အံစာပစ္လာခဲ့ပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ မိနစ္ ၆၀ မွာ နယူးကာဆယ္လ္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ရရွိသြားခဲ့ၿပီး ဒီဂိုးကိုေတာ့ အမ္မရာဘတ္ရဲ႕ ပလာတာ ေရာင္းေနမႈကို ေလွ်ာထိုးၿပီး ဖ်က္လိုက္တဲ့ ဂ်ိဳလင္တန္ေၾကာင့္ ေဘာလုံးျပန္ရသြားတဲ့ ဝီေလာ့ခ္ ကြင္းလယ္ေၾကာကေန ေတာက္ေလွ်ာက္ဆြဲဝင္ၿပီး ဧရိယာထိပ္ကေန ညာဘက္တိုင္ေျခကို အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ မန္ယူခံစစ္ေတြကို ဒူးေထာက္က်ေစခဲ့တာပါ။

ဒီေနာက္မွာေတာ့ မန္ယူတို႔ဘက္က မာစီယယ္လ္၊ ဂါနာခ်ိဳနဲ႔ ဟန္နီဘယ္လ္တို႔အစား ဟြိဳင္လန္း၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို လဲၿပီး အာဆင္နယ္တို႔လိုပဲ အရွက္ေျပဂိုးရဖို႔ ႀကိဳးစားလာခဲ့ခ်ိန္မွာ နယူးကာဆယ္လ္တို႔ကေတာ့ ေဂၚဒန္၊ ဝီေလာ့ခ္၊ ရစ္ခ်ီနဲ႔ ေဟာလ္တို႔အစား ဝီလ္ဆန္၊ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို ထည့္ၿပီး ပြဲကို ထိန္းကစားသြားခဲ့လို႔ အိမ္ရွင္ေတြ ေခ်ပဂိုးနဲ႔ ေဝးခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ နယူးကာဆယ္လ္တို႔က မန္ယူတို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ယူသြားခဲ့ၿပီး ၿပီးခဲ့တဲ့ ရာသီက ကာရာေဘာင္းဖလားဖိုင္နယ္မွာ ရႈံးနိမ့္ခဲ့ရမႈ အေႂကြးကို ေစာေစာစီးစီးပဲ ျပန္ဆပ္လိုက္ႏိုင္ခဲ့သလို အိုးလ္ထရက္ဖို႔ဒ္ကို တိတ္ဆိတ္ၿငိမ္သက္ေစခဲ့အၿပီးမွာေတာ့ လာမယ့္ ကြာတားဖိုင္နယ္အဆင့္မွာ အက္ဒီေဟာင္းတို႔အဖြဲ႕အေနနဲ႔ ခ်ဲလ္ဆီးတို႔ကို စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဆက္တီးဖို႔ ျဖစ္လာႏိုင္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.