Carabao & FA Match Report Premier League

တူထုခံပြီးကာမှ ကပ္ပတိန်ကြီးရဲ့ အရှက်ပြေတစ်ဂိုးနဲ့ ကျက်သရေတိုးခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဘန်ဝှိုက်၊ ကီဗီယာ၊ ဂါဘရီယယ်လ်နဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်နဲ့ ဖာဘီယို ဗီယာရာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ နယ်လ်ဆန်၊ ထရော့ဆတ်နဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ အာဂွါဒ်၊ မာဗရိုပါနို့စ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အယ်လ်ဗာရက်ဇ်၊ ဆိုးချက်ခ်နဲ့ ပါကေးတာတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဘိုဝင်၊ ဘင်ရာမာနဲ့ ကူဒူးစ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲစကတည်းက ဝက်စ်ဟမ်းတို့က မမှားဖို့ပဲ သတိထားပြီး ကစားနေခဲ့ချိန်မှာ အာဆင်နယ်တို့ကတော့ ဘယ်တုန်းကမှ အလုပ်မဖြစ်တဲ့ ဂျော်ဂျင်ညိုရဲ့ Single Pivot နဲ့ ဟာဗတ်ဇ်ရဲ့ ဘယ်ခြမ်း နံပါတ် ၈ ကစားမှုကိုပဲ ခေါင်းမာမာနဲ့ လုပ်ဆောင်သွားခဲ့လို့ ဂိုးပေါက်တောင် မတည့်ခဲ့ဘဲ အသင်းဟောင်းကို သံယောဇဉ်ကြီးတဲ့ ဖာဘီယန်စကီးကတောင် လွှတ်ပေးလို့မရဘဲ ဖြစ်နေခဲ့ပါတယ်။

ဂိုးသမားနေရာမှာ ပြန်ပါလာတဲ့ ရမ်းစ်ဒေးလ်ကတော့ ယုံကြည်မှု ပျောက်ဆုံးနေခဲ့သလို ဆုံးဖြတ်ချက်တွေလည်း ဝေဝါးနေခဲ့ပြီး သူ့ကြောင့် ခံစစ်သမားတွေ ဖရိုဖရဲဖြစ်နေခဲ့ကြရချိန်မှာ မန်စီးတီးလူထွက် ဇင်ချန်ကိုကတော့ ကွင်းလယ်မှာ ပရိသတ်တွေကို ဆရာကြီးအထာနဲ့ အကုသိုလ်တွေပဲ ပေးစွမ်းနေခဲ့တာပါ။

ပွဲချိန် ၁၆ မိနစ်မှာတော့ ဂိုးပေါက်ကန်ခွင့် သုညနဲ့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ရမ်းစ်ဒေးလ် ထွက်ဆွဲရမှာကို အသုံးမကျဘဲ ရပ်နေလို့ ပေးခဲ့ရတဲ့ ထောင့်ကန်ဘောကနေ ဘိုဝင် ကန်တင်ပေးရာမှာ ကာကွယ်ပုံညံ့တဲ့ အာဆင်နယ်ခံစစ်ရဲ့ကြားကနေ ဂိုးပေါက်ထဲ ဝင်လာခဲ့တဲ့ ဘောလုံးကို ဘန်ဝှိုက်က ခေါင်းတိုက်ဖျက်ရာမှာ ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ ရမ်းစ်ဒေးလ်ကို ဆိုးချက်ခ်က ဆွဲထားခဲ့ပေမယ့် ဘောလုံးသွားရာလမ်းကြောင်းနဲ့ ဝေးနေတာကြောင့် ဒိုင်လူကြီး ဆိုင်မွန် ဟူးပါးက ဂိုးအဖြစ်ပဲ သတ်မှတ်ပေးသွားခဲ့တာကြောင့် အာဆင်နယ်ပရိသတ်တွေရဲ့ ဆဲစရာက ဒိုင်လူကြီးရော ဂိုးသမားပါ ဖြစ်ခဲ့ရပြီး ပထမပိုင်းမှာ သူတို့တွေ ဂိုးပြန်ရဖို့ ကြိုးစားနေပေမယ့် အတွဲအဖက် မညီမှုတွေကြောင့် အရာမထင်ဘဲဖြစ်ခဲ့ရတာပါ။

ပထမပိုင်းမှာ ဝက်စ်ဟမ်းတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ကြပြီး ဒုတိယပိုင်း မိနစ် ၅၀ မှာတော့ နှစ်ဂိုးဖြစ်သွားခဲ့သလို ဒီဂိုးကိုတော့ ခံစစ် ဘယ်ခြမ်းကနေ အာဂွါဒ်က ညာတောင်ပံဆီ ထောင့်ဖြတ်တင်ပေးလိုက်တာကို ဧရိယာထဲမှာ သေသေသပ်သပ် ထိန်းသိမ်းနိုင်ခဲ့တဲ့ ကူဒူးစ်က ခပ်ညံ့ညံ့ ဇင်ချန်ကိုကြောင့် အတားအဆီးမရှိ ကန်ခွင့်ရသွားခဲ့ပြီး အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူခဲ့ရာမှာ ရမ်းစ်ဒေးလ်ကပါ နှေးနေလို့ ဂိုးပေးခဲ့ရပါတယ်။

ဒီဂိုးမှာ ကိုယ့်နေရာ ကိုယ်မရှိတဲ့ ဂျော်ဂျင်ညိုရဲ့ အမှားက သိသာခဲ့တာကြောင့် အာတီတာတစ်ယောက် ထူပူသွားပြီး ဖွတ်ကျား အီတလီသားနဲ့ ဘောလုံးကလွဲရင် ကွင်းပြင်က ကမ္ဘာ့ရေးရာအားလုံးကို စိတ်ဝင်စားပုံ ပေါ်နေတဲ့ ယူကရိန်းသားတို့နှစ်ယောက်ကို ထုတ်ပြီး ဒက်ကလန် ရိုက်စ်နဲ့ တိုမီယာစုတို့ကို ထည့်ခဲ့ပေမယ့် ကံကတော့ ဝက်စ်ဟမ်းဘက်မှာပဲ ရှိနေခဲ့တာပါ။

ပွဲချိန် မိနစ် ၆၀ မှာ ဝက်စ်ဟမ်းတို့ပဲ တတိယဂိုး ရရှိသွားခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဆိုဖာလ် ဖြတ်တင်ပေးတာကို ဘန်ဝှိုက်က ခေါင်းတိုက်ရှင်းရာမှာ ဧရိယာထိပ်ကို ကျလာခဲ့တဲ့ ဘောလုံးကို ဘိုဝင်က မနားတမ်း ကန်သွင်းယူခဲ့ရာမှာတော့ ကီဗီယာကို မှန်ပြီး လမ်းကြောင်း အနည်းငယ် လွဲသွားခဲ့လို့ ရမ်းစ်ဒေးလ် လက်နဲ့ထိရုံပဲ ထိနိုင်ခဲ့ပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီတော့မှ ရှုံးရင်တောင် အရှက်မကွဲဖို့လိုနေတဲ့ အာဆင်နယ်တို့ဘက်က နယ်လ်ဆန်၊ ထရော့ဆတ်နဲ့ နကီးတီးယားတို့အစား မာတီနယ်လီ၊ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ကို ထပ်လဲသွားခဲ့ပြီး ဖိကစားခဲ့ပေမယ့် ဝက်စ်ဟမ်းခံစစ်က ရေပက်မဝင်သလိုဖြစ်နေတာက တစ်ကြောင်း၊ ဧရိယာထဲကို ထည့်တဲ့ Work Ball into the Box လုပ်ဆောင်မှုတွေက မထိရောက်တာက တစ်ကြောင်းကြောင့် ဒီတိုင်းပဲ ပွဲပြီးတော့မလိုဖြစ်ခဲ့တာပါ။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာတော့ အာဆင်နယ်တို့ အရှက်ပြေဂိုး ပြန်ရသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းတိုက်စစ်တွဲလုံးကနေ ဂါဘရီယယ်လ်ပေးတာကို ဖာဘီယို ဗီယာရာက ဧရိယာထဲ ခင်းပေးခဲ့တဲ့ ဘောလုံးကို အော်ဒီဂွါဒ်က ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘော ချိုးကန်သွင်းယူခဲ့ရာမှာ ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမား ဖာဘီယန်စကီးတို့ အငိုက်မိသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းတို့က အာဆင်နယ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့သလို မြောက်လန်ဒန်က ဆင်ပျံကြီးတွေကတော့ တူထုခံပြီး အချိုရည် ငတ်သွားခဲ့ကြချိန်မှာ Rotation လုပ်စရာ လူမရှိ၊ ကွာလတီ မရှိခဲ့တဲ့ အသင်းရဲ့ ဆိုးရွားမှုတွေနဲ့ တာဝန်ရှိသူတွေရဲ့ ဆောင်းရာသီနဲ့ နွေရာသီ Transfer Windows နှစ်ခုစာ လူခေါ်ညံ့ခဲ့သမျှအတွက် ပရိသတ်တွေ စိတ်ပျက်စရာပဲ ဖြစ်ခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဘန္ဝႈိက္၊ ကီဗီယာ၊ ဂါဘရီယယ္လ္နဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ဟာဗတ္ဇ္နဲ႔ ဖာဘီယို ဗီယာရာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ နယ္လ္ဆန္၊ ထေရာ့ဆတ္နဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဝက္စ္ဟမ္းတို႔ကေတာ့ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ အာဂြါဒ္၊ မာဗ႐ိုပါႏို႔စ္၊ ဆိုဖာလ္နဲ႔ အီမာဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အယ္လ္ဗာရက္ဇ္၊ ဆိုးခ်က္ခ္နဲ႔ ပါေကးတာတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘိုဝင္၊ ဘင္ရာမာနဲ႔ ကူဒူးစ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲစကတည္းက ဝက္စ္ဟမ္းတို႔က မမွားဖို႔ပဲ သတိထားၿပီး ကစားေနခဲ့ခ်ိန္မွာ အာဆင္နယ္တို႔ကေတာ့ ဘယ္တုန္းကမွ အလုပ္မျဖစ္တဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ Single Pivot နဲ႔ ဟာဗတ္ဇ္ရဲ႕ ဘယ္ျခမ္း နံပါတ္ ၈ ကစားမႈကိုပဲ ေခါင္းမာမာနဲ႔ လုပ္ေဆာင္သြားခဲ့လို႔ ဂိုးေပါက္ေတာင္ မတည့္ခဲ့ဘဲ အသင္းေဟာင္းကို သံေယာဇဥ္ႀကီးတဲ့ ဖာဘီယန္စကီးကေတာင္ လႊတ္ေပးလို႔မရဘဲ ျဖစ္ေနခဲ့ပါတယ္။

ဂိုးသမားေနရာမွာ ျပန္ပါလာတဲ့ ရမ္းစ္ေဒးလ္ကေတာ့ ယုံၾကည္မႈ ေပ်ာက္ဆုံးေနခဲ့သလို ဆုံးျဖတ္ခ်က္ေတြလည္း ေဝဝါးေနခဲ့ၿပီး သူ႔ေၾကာင့္ ခံစစ္သမားေတြ ဖ႐ိုဖရဲျဖစ္ေနခဲ့ၾကရခ်ိန္မွာ မန္စီးတီးလူထြက္ ဇင္ခ်န္ကိုကေတာ့ ကြင္းလယ္မွာ ပရိသတ္ေတြကို ဆရာႀကီးအထာနဲ႔ အကုသိုလ္ေတြပဲ ေပးစြမ္းေနခဲ့တာပါ။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ ဂိုးေပါက္ကန္ခြင့္ သုညနဲ႔ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ရမ္းစ္ေဒးလ္ ထြက္ဆြဲရမွာကို အသုံးမက်ဘဲ ရပ္ေနလို႔ ေပးခဲ့ရတဲ့ ေထာင့္ကန္ေဘာကေန ဘိုဝင္ ကန္တင္ေပးရာမွာ ကာကြယ္ပုံညံ့တဲ့ အာဆင္နယ္ခံစစ္ရဲ႕ၾကားကေန ဂိုးေပါက္ထဲ ဝင္လာခဲ့တဲ့ ေဘာလုံးကို ဘန္ဝႈိက္က ေခါင္းတိုက္ဖ်က္ရာမွာ ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ ရမ္းစ္ေဒးလ္ကို ဆိုးခ်က္ခ္က ဆြဲထားခဲ့ေပမယ့္ ေဘာလုံးသြားရာလမ္းေၾကာင္းနဲ႔ ေဝးေနတာေၾကာင့္ ဒိုင္လူႀကီး ဆိုင္မြန္ ဟူးပါးက ဂိုးအျဖစ္ပဲ သတ္မွတ္ေပးသြားခဲ့တာေၾကာင့္ အာဆင္နယ္ပရိသတ္ေတြရဲ႕ ဆဲစရာက ဒိုင္လူႀကီးေရာ ဂိုးသမားပါ ျဖစ္ခဲ့ရၿပီး ပထမပိုင္းမွာ သူတို႔ေတြ ဂိုးျပန္ရဖို႔ ႀကိဳးစားေနေပမယ့္ အတြဲအဖက္ မညီမႈေတြေၾကာင့္ အရာမထင္ဘဲျဖစ္ခဲ့ရတာပါ။

ပထမပိုင္းမွာ ဝက္စ္ဟမ္းတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၾကၿပီး ဒုတိယပိုင္း မိနစ္ ၅၀ မွာေတာ့ ႏွစ္ဂိုးျဖစ္သြားခဲ့သလို ဒီဂိုးကိုေတာ့ ခံစစ္ ဘယ္ျခမ္းကေန အာဂြါဒ္က ညာေတာင္ပံဆီ ေထာင့္ျဖတ္တင္ေပးလိုက္တာကို ဧရိယာထဲမွာ ေသေသသပ္သပ္ ထိန္းသိမ္းႏိုင္ခဲ့တဲ့ ကူဒူးစ္က ခပ္ညံ့ညံ့ ဇင္ခ်န္ကိုေၾကာင့္ အတားအဆီးမရွိ ကန္ခြင့္ရသြားခဲ့ၿပီး အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းယူခဲ့ရာမွာ ရမ္းစ္ေဒးလ္ကပါ ေႏွးေနလို႔ ဂိုးေပးခဲ့ရပါတယ္။

ဒီဂိုးမွာ ကိုယ့္ေနရာ ကိုယ္မရွိတဲ့ ေဂ်ာ္ဂ်င္ညိဳရဲ႕ အမွားက သိသာခဲ့တာေၾကာင့္ အာတီတာတစ္ေယာက္ ထူပူသြားၿပီး ဖြတ္က်ား အီတလီသားနဲ႔ ေဘာလုံးကလြဲရင္ ကြင္းျပင္က ကမာၻ႔ေရးရာအားလုံးကို စိတ္ဝင္စားပုံ ေပၚေနတဲ့ ယူကရိန္းသားတို႔ႏွစ္ေယာက္ကို ထုတ္ၿပီး ဒက္ကလန္ ႐ိုက္စ္နဲ႔ တိုမီယာစုတို႔ကို ထည့္ခဲ့ေပမယ့္ ကံကေတာ့ ဝက္စ္ဟမ္းဘက္မွာပဲ ရွိေနခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၆၀ မွာ ဝက္စ္ဟမ္းတို႔ပဲ တတိယဂိုး ရရွိသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ဆိုဖာလ္ ျဖတ္တင္ေပးတာကို ဘန္ဝႈိက္က ေခါင္းတိုက္ရွင္းရာမွာ ဧရိယာထိပ္ကို က်လာခဲ့တဲ့ ေဘာလုံးကို ဘိုဝင္က မနားတမ္း ကန္သြင္းယူခဲ့ရာမွာေတာ့ ကီဗီယာကို မွန္ၿပီး လမ္းေၾကာင္း အနည္းငယ္ လြဲသြားခဲ့လို႔ ရမ္းစ္ေဒးလ္ လက္နဲ႔ထိ႐ုံပဲ ထိႏိုင္ခဲ့ၿပီး ဂိုးထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒီေတာ့မွ ရႈံးရင္ေတာင္ အရွက္မကြဲဖို႔လိုေနတဲ့ အာဆင္နယ္တို႔ဘက္က နယ္လ္ဆန္၊ ထေရာ့ဆတ္နဲ႔ နကီးတီးယားတို႔အစား မာတီနယ္လီ၊ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ထပ္လဲသြားခဲ့ၿပီး ဖိကစားခဲ့ေပမယ့္ ဝက္စ္ဟမ္းခံစစ္က ေရပက္မဝင္သလိုျဖစ္ေနတာက တစ္ေၾကာင္း၊ ဧရိယာထဲကို ထည့္တဲ့ Work Ball into the Box လုပ္ေဆာင္မႈေတြက မထိေရာက္တာက တစ္ေၾကာင္းေၾကာင့္ ဒီတိုင္းပဲ ပြဲၿပီးေတာ့မလိုျဖစ္ခဲ့တာပါ။

နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္မွာေတာ့ အာဆင္နယ္တို႔ အရွက္ေျပဂိုး ျပန္ရသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းတိုက္စစ္တြဲလုံးကေန ဂါဘရီယယ္လ္ေပးတာကို ဖာဘီယို ဗီယာရာက ဧရိယာထဲ ခင္းေပးခဲ့တဲ့ ေဘာလုံးကို ေအာ္ဒီဂြါဒ္က ေထာင့္က်ဥ္းအေနအထားကေန အနိမ့္ေဘာ ခ်ိဳးကန္သြင္းယူခဲ့ရာမွာ ဝက္စ္ဟမ္းခံစစ္နဲ႔ ဂိုးသမား ဖာဘီယန္စကီးတို႔ အငိုက္မိသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝက္စ္ဟမ္းတို႔က အာဆင္နယ္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့သလို ေျမာက္လန္ဒန္က ဆင္ပ်ံႀကီးေတြကေတာ့ တူထုခံၿပီး အခ်ိဳရည္ ငတ္သြားခဲ့ၾကခ်ိန္မွာ Rotation လုပ္စရာ လူမရွိ၊ ကြာလတီ မရွိခဲ့တဲ့ အသင္းရဲ႕ ဆိုး႐ြားမႈေတြနဲ႔ တာဝန္ရွိသူေတြရဲ႕ ေဆာင္းရာသီနဲ႔ ေႏြရာသီ Transfer Windows ႏွစ္ခုစာ လူေခၚညံ့ခဲ့သမွ်အတြက္ ပရိသတ္ေတြ စိတ္ပ်က္စရာပဲ ျဖစ္ခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.