Premier League

အန်တိုနီရဲ့ဖြစ်စဉ်အတွက် ခေါင်သူကြီးကို အပြစ်တင်လိုက်တဲ့ ဂန်းနားဂန္တဝင်

အာဆင်နယ်ဂန္တဝင် အီယန် ရိုက်က မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်ဟာ ဆိုးရွားတဲ့ စံနမူနာ လုပ်ပြခဲ့ပြီး ဂျယ်ရမီး ဒိုကုကို ကန်ကျောက်ခဲ့တဲ့ အန်တိုနီကို ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အန်တိုနီဟာ မန်ချက်စတာစီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်း လူစားဝင်ကစားသမားအဖြစ် ဝင်ကစားပေးခဲ့ပြီးနောက် မိနစ်ပိုင်းအတွင်းမှာပဲ ဒိုကုနဲ့ ပြဿနာတက်ခဲ့တဲ့အတွက် အနီကတ်ပြ ထုတ်ပယ်ခံရမယ့်အရေးကနေ လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက အဲဒီအခိုက်အတန့်ဟာ ရယ်စရာကောင်းပြီး အရှက်ရစရာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ စည်းကမ်းပိုင်း လျော့ရဲမှုဟာ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်နဲ့ တိုက်ရိုက်ပတ်သက်နေတယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။

အီယန် ရိုက်ကလည်း ဂယ်ရီ နဗီးရဲ့ မှတ်ချက်ကို သဘောတူညီခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ အသင်းခေါင်းဆောင်အခန်းကဏ္ဍကို The Kelly and Wrighty Show မှာ အိုဝင် ဟားဂရိဗ်စ်နဲ့ အတူတူ တင်ဆက်နေချိန်အတွင်း အငြင်းအခုံလုပ်ခဲ့တာ ဖြစ်ပါတယ်။

ဟားဂရိဗ်စ်က “ခင်ဗျား ရာသီလယ်မှာ အသင်းခေါင်းဆောင်ကို ပြောင်းမှာမဟုတ်ပါဘူး။ သူက သူ့စိတ်ကို သူ ပြင်ဆင်ထားပြီးသားပါ။ တကယ်လို့ သူသာ အဲဒါကို လုပ်ခဲ့တာဆိုရင် အဲဒါက သူ့အတွက်ရော တန်ဟက်အတွက်ပါ ခက်ခဲစေမှာပါ။ သူ မက်ဂွိုင်းယားကို ဘာလို့ အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ခဲ့လဲဆိုတာကို ကျွန်တော် နားလည်တယ်။ ဘရူနိုက သူတို့အတွက် ခြေစွမ်းပိုင်းအတည်ငြိမ်ဆုံးကစားသမားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ပြဿနာက ကျွန်တော်တို့ ခေတ်တုန်းက ရွိုင် ကီးန်၊ ဂယ်ရီ နဗီးတို့လို တကယ့်အသင်းခေါင်းဆောင်စစ်စစ်တွေနဲ့ ပြန်ချိန်ထိုးကြတာပါ။ အခုတော့ အဲဒီလို မဟုတ်တော့ဘူး။ ဒီကောင်လေးတွေက အဲဒီလူတွေလိုမျိုး ဦးဆောင်လို့မရတော့ဘူး။ ခင်ဗျား သူတို့ကို အဲဒီလို ဦးဆောင်စေချင်ပေမယ့် သူတို့တွေအဲဒီလို ဦးဆောင်မှာမဟုတ်တော့ဘူး။ တန်ဟက်က ဘရူနိုကို အသင်းခေါင်းဆောင်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက အချိန်အကြာကြီးအတွင်း သူတို့ရဲ့ ခြေစွမ်းပိုင်းအတည်ငြိမ်ဆုံးကစားသမားမို့လို့ပါ။ ဒါပေမယ့် မနေ့က သူ့ကို တန်ဟက်က နေရာအသေမယူဘဲ ကစားစေခဲ့တယ်။ ဘာကြောင့် သူ့ကို ညာတောင်ပံကနေ နောက်ပြန်လိုက်ပြီး ကစားခိုင်းတာလဲ။ သူတို့တွေ လူတွေ စုပြုံနေခဲ့ပြီး သူ ဘယ်တုန်းကမှ ညာတောင်ပံဘက်ခြမ်းမှာ နောက်ပြန်လိုက်တာမျိုးမရှိခဲ့ဘူး။ သူ့ကို ကျောနံပါတ် ၁၀ အဖြစ်ကစားခိုင်းပြီး နောက်ထပ်ကစားသမားတစ်ဦးကို နောက်ပြန်ဆင်းခိုင်းရမှာပါ။ သူ့ရဲ့ စိတ်ပျက်မှုက ပွဲအပေါ်မှာ လွှမ်းမိုးမှုမရှိတာကနေ စိတ်ပျက်မှုအများစုက ရောက်လာခဲ့တာလို့ ကျွန်တော်ထင်တယ်။ ဒီကောင်လေးတွေက ဘယ်ကနေ လာလဲဆိုတာကို ကျွန်တော်နားလည်တယ်။ အတိုင်းအတာတစ်ခုထိတော့ ကျွန်တော် သဘောမတူပါဘူး။ ဒါပေမယ့် သူက သူတို့ရဲ့ ခြေစွမ်းပိုင်းအတည်ငြိမ်ဆုံးကစားသမားဖြစ်နေဆဲဖြစ်ပြီး ခင်ဗျားက ခြေစွမ်းပိုင်း အတည်ငြိမ်ဆုံးသူကိုပဲ အသင်းခေါင်းဆောင်ပေးချင်တာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူက စိတ်ခံစားမှုများတဲ့ပုံပေါ်တာ ကျွန်တော် သိတယ်။ ဒါပေမယ့် သူက ပရိသတ်တွေကို ဂရုစိုက်ကြောင်း ပြသတဲ့အနေနဲ့ ဘောလုံးကစားဖို့ ကြိုးစားခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် အဲဒါက မှန်ကန်တဲ့ ပုံစံအတိုင်း ဖြစ်မလာခဲ့လို့ လူအများစုအတွက် စိတ်ပျက်စရာဖြစ်ခဲ့တယ်”လို့ ပြောကြားခဲ့ပြီး စကားဝိုင်းကို စတင်ခဲ့တာဖြစ်ပါတယ်။

အီယန် ရိုက်က “သူ ဒါမျိုး အများကြီးလုပ်နေတယ်။ သူ့ကိုယ်သူလည်း ပိတ်ချထားတယ်။ ဒါက ပရိသတ်တွေအတွက် သူ ကစားနေတယ်ဆိုတာကို ကစားသမားတွေကို အချက်ပြတာပဲ။ လူတွေကို သူတို့ဘာသာ နေနေကြတာကို မြင်ရတဲ့အခါမှာ ဘယ်သူကမှ အကူအညီပေးမယ့်သူ ခင်ဗျား မမြင်တော့ပါဘူး။ ခင်ဗျားက သူက သူ့ကိုယ်သူပဲ ဂရုစိုက်နေသလိုမျိုး ခံစားရတယ်။ ဒါက တစ်စုံတယောက်က ဒီလိုလုပ်တဲ့အခါမှာ ခင်ဗျား ထင်တဲ့အရာပါ။ သူတို့တွေ ကောင်းမွန်တဲ့ ဘောလုံးပိုင်ဆိုင်မှု ရှိနေတဲ့အချိန်မှာ အမီလိုက်ပြီး ပိတ်ချဖို့ လိုပါတယ်။ အထူးသဖြင့် စီးတီးလိုမျိုးအသင်းနဲ့ ရင်ဆိုင်ရာမှာပေါ့။ ခင်ဗျား နေရာယူထားတဲ့နေရာကနေ ထွက်လာပြီး တစ်စုံတယောာက်ကို သွားဆွဲတယ်။ အဲဒီလိုဆိုရင် ခင်ဗျားကို ဖြတ်ကျော်ဖို့က ပိုပြီး လွယ်ကူသွားပါပြီ။ ခင်ဗျား ဒီလိုတွေလုပ်နေပြီး အလုပ်ကြိုးစားနေတယ်ဆိုတာကို ပရိသတ်တွေကို သက်သေပြသဖို့ ကြိုးစားတာကတော့ ကောင်းတဲ့အရာမဟုတ်ပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဟားဂရိဗ်စ်က “ရိုက်တီက အရမ်းကောင်းတဲ့အချက်ကို ပြောသွားတယ်။ ရွိုင် ကီးန်က ပရိသတ်တွေကို တက်ကြွစေမယ့် ဖျက်ထုတ်မှုမျိုး လုပ်နေကျပါ။ ဂယ်ရီ နဗီးကလည်း ပရိသတ်တွေကို တက်ကြွစေမယ့် ဖျက်ထုတ်မှုမျိုး လုပ်နေကျပဲ။ အဲဒါက အသင်းကို စိတ်လှုပ်ရှားစေတယ်။ အခု တစ်စုံတယောက်က အဲဒီလိုမျိုး လုပ်ရင်သူ ဘာလုပ်နေတာလဲဆိုပြီး ဖြစ်ကြတယ်”လို့ ပြောကြားခဲ့ပါတယ်။

အီယန် ရိုက်က “တစ်ခါတလေ ဘရူနိုက ပေါက်ကွဲတတ်ပြီး သူတို့တွေ အဆင်သင့်ဖြစ်မနေဘူး။ အဲဒါက အသင်းအတွက် မကောင်းဘူး။ အန်တိုနီ ဝင်လာပြီး ဒီလိုမျိုး ဒိုကုကို ကန်ကျောက်တာကို ကြည့်ခဲ့ရတယ်။ ဒါပေမယ့် အဲဒါက အသင်းခေါင်းဆောင်ရဲ့ စံနမူတွေလည်း ပါတယ်။ အသင်းခေါင်းဆောင်ကိုယ်တိုင်က လုပ်နေတဲ့အရာတွေပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဂႏၲဝင္ အီယန္ ႐ိုက္က မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ ဆိုး႐ြားတဲ့ စံနမူနာ လုပ္ျပခဲ့ၿပီး ဂ်ယ္ရမီး ဒိုကုကို ကန္ေက်ာက္ခဲ့တဲ့ အန္တိုနီကို ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမား အန္တိုနီဟာ မန္ခ်က္စတာစီးတီးကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္ ဒုတိယပိုင္း လူစားဝင္ကစားသမားအျဖစ္ ဝင္ကစားေပးခဲ့ၿပီးေနာက္ မိနစ္ပိုင္းအတြင္းမွာပဲ ဒိုကုနဲ႔ ျပႆနာတက္ခဲ့တဲ့အတြက္ အနီကတ္ျပ ထုတ္ပယ္ခံရမယ့္အေရးကေန လြတ္ေျမာက္ခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးက အဲဒီအခိုက္အတန႔္ဟာ ရယ္စရာေကာင္းၿပီး အရွက္ရစရာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စည္းကမ္းပိုင္း ေလ်ာ့ရဲမႈဟာ အသင္းေခါင္းေဆာင္ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ တိုက္႐ိုက္ပတ္သက္ေနတယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။

အီယန္ ႐ိုက္ကလည္း ဂယ္ရီ နဗီးရဲ႕ မွတ္ခ်က္ကို သေဘာတူညီခဲ့ၿပီး ဖာနန္ဒက္စ္ရဲ႕ အသင္းေခါင္းေဆာင္အခန္းက႑ကို The Kelly and Wrighty Show မွာ အိုဝင္ ဟားဂရိဗ္စ္နဲ႔ အတူတူ တင္ဆက္ေနခ်ိန္အတြင္း အျငင္းအခုံလုပ္ခဲ့တာ ျဖစ္ပါတယ္။

ဟားဂရိဗ္စ္က “ခင္ဗ်ား ရာသီလယ္မွာ အသင္းေခါင္းေဆာင္ကို ေျပာင္းမွာမဟုတ္ပါဘူး။ သူက သူ႔စိတ္ကို သူ ျပင္ဆင္ထားၿပီးသားပါ။ တကယ္လို႔ သူသာ အဲဒါကို လုပ္ခဲ့တာဆိုရင္ အဲဒါက သူ႔အတြက္ေရာ တန္ဟက္အတြက္ပါ ခက္ခဲေစမွာပါ။ သူ မက္ဂြိဳင္းယားကို ဘာလို႔ အသင္းေခါင္းေဆာင္ရာထူးကေန ျဖဳတ္ခဲ့လဲဆိုတာကို ကြၽန္ေတာ္ နားလည္တယ္။ ဘ႐ူႏိုက သူတို႔အတြက္ ေျခစြမ္းပိုင္းအတည္ၿငိမ္ဆုံးကစားသမားျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ ျပႆနာက ကြၽန္ေတာ္တို႔ ေခတ္တုန္းက ႐ြိဳင္ ကီးန္၊ ဂယ္ရီ နဗီးတို႔လို တကယ့္အသင္းေခါင္းေဆာင္စစ္စစ္ေတြနဲ႔ ျပန္ခ်ိန္ထိုးၾကတာပါ။ အခုေတာ့ အဲဒီလို မဟုတ္ေတာ့ဘူး။ ဒီေကာင္ေလးေတြက အဲဒီလူေတြလိုမ်ိဳး ဦးေဆာင္လို႔မရေတာ့ဘူး။ ခင္ဗ်ား သူတို႔ကို အဲဒီလို ဦးေဆာင္ေစခ်င္ေပမယ့္ သူတို႔ေတြအဲဒီလို ဦးေဆာင္မွာမဟုတ္ေတာ့ဘူး။ တန္ဟက္က ဘ႐ူႏိုကို အသင္းေခါင္းေဆာင္ေပးခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူက အခ်ိန္အၾကာႀကီးအတြင္း သူတို႔ရဲ႕ ေျခစြမ္းပိုင္းအတည္ၿငိမ္ဆုံးကစားသမားမို႔လို႔ပါ။ ဒါေပမယ့္ မေန႔က သူ႔ကို တန္ဟက္က ေနရာအေသမယူဘဲ ကစားေစခဲ့တယ္။ ဘာေၾကာင့္ သူ႔ကို ညာေတာင္ပံကေန ေနာက္ျပန္လိုက္ၿပီး ကစားခိုင္းတာလဲ။ သူတို႔ေတြ လူေတြ စုၿပဳံေနခဲ့ၿပီး သူ ဘယ္တုန္းကမွ ညာေတာင္ပံဘက္ျခမ္းမွာ ေနာက္ျပန္လိုက္တာမ်ိဳးမရွိခဲ့ဘူး။ သူ႔ကို ေက်ာနံပါတ္ ၁၀ အျဖစ္ကစားခိုင္းၿပီး ေနာက္ထပ္ကစားသမားတစ္ဦးကို ေနာက္ျပန္ဆင္းခိုင္းရမွာပါ။ သူ႔ရဲ႕ စိတ္ပ်က္မႈက ပြဲအေပၚမွာ လႊမ္းမိုးမႈမရွိတာကေန စိတ္ပ်က္မႈအမ်ားစုက ေရာက္လာခဲ့တာလို႔ ကြၽန္ေတာ္ထင္တယ္။ ဒီေကာင္ေလးေတြက ဘယ္ကေန လာလဲဆိုတာကို ကြၽန္ေတာ္နားလည္တယ္။ အတိုင္းအတာတစ္ခုထိေတာ့ ကြၽန္ေတာ္ သေဘာမတူပါဘူး။ ဒါေပမယ့္ သူက သူတို႔ရဲ႕ ေျခစြမ္းပိုင္းအတည္ၿငိမ္ဆုံးကစားသမားျဖစ္ေနဆဲျဖစ္ၿပီး ခင္ဗ်ားက ေျခစြမ္းပိုင္း အတည္ၿငိမ္ဆုံးသူကိုပဲ အသင္းေခါင္းေဆာင္ေပးခ်င္တာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ သူက စိတ္ခံစားမႈမ်ားတဲ့ပုံေပၚတာ ကြၽန္ေတာ္ သိတယ္။ ဒါေပမယ့္ သူက ပရိသတ္ေတြကို ဂ႐ုစိုက္ေၾကာင္း ျပသတဲ့အေနနဲ႔ ေဘာလုံးကစားဖို႔ ႀကိဳးစားခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ အဲဒါက မွန္ကန္တဲ့ ပုံစံအတိုင္း ျဖစ္မလာခဲ့လို႔ လူအမ်ားစုအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့တယ္”လို႔ ေျပာၾကားခဲ့ၿပီး စကားဝိုင္းကို စတင္ခဲ့တာျဖစ္ပါတယ္။

အီယန္ ႐ိုက္က “သူ ဒါမ်ိဳး အမ်ားႀကီးလုပ္ေနတယ္။ သူ႔ကိုယ္သူလည္း ပိတ္ခ်ထားတယ္။ ဒါက ပရိသတ္ေတြအတြက္ သူ ကစားေနတယ္ဆိုတာကို ကစားသမားေတြကို အခ်က္ျပတာပဲ။ လူေတြကို သူတို႔ဘာသာ ေနေနၾကတာကို ျမင္ရတဲ့အခါမွာ ဘယ္သူကမွ အကူအညီေပးမယ့္သူ ခင္ဗ်ား မျမင္ေတာ့ပါဘူး။ ခင္ဗ်ားက သူက သူ႔ကိုယ္သူပဲ ဂ႐ုစိုက္ေနသလိုမ်ိဳး ခံစားရတယ္။ ဒါက တစ္စုံတေယာက္က ဒီလိုလုပ္တဲ့အခါမွာ ခင္ဗ်ား ထင္တဲ့အရာပါ။ သူတို႔ေတြ ေကာင္းမြန္တဲ့ ေဘာလုံးပိုင္ဆိုင္မႈ ရွိေနတဲ့အခ်ိန္မွာ အမီလိုက္ၿပီး ပိတ္ခ်ဖို႔ လိုပါတယ္။ အထူးသျဖင့္ စီးတီးလိုမ်ိဳးအသင္းနဲ႔ ရင္ဆိုင္ရာမွာေပါ့။ ခင္ဗ်ား ေနရာယူထားတဲ့ေနရာကေန ထြက္လာၿပီး တစ္စုံတေယာာက္ကို သြားဆြဲတယ္။ အဲဒီလိုဆိုရင္ ခင္ဗ်ားကို ျဖတ္ေက်ာ္ဖို႔က ပိုၿပီး လြယ္ကူသြားပါၿပီ။ ခင္ဗ်ား ဒီလိုေတြလုပ္ေနၿပီး အလုပ္ႀကိဳးစားေနတယ္ဆိုတာကို ပရိသတ္ေတြကို သက္ေသျပသဖို႔ ႀကိဳးစားတာကေတာ့ ေကာင္းတဲ့အရာမဟုတ္ပါဘူး။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဟားဂရိဗ္စ္က “႐ိုက္တီက အရမ္းေကာင္းတဲ့အခ်က္ကို ေျပာသြားတယ္။ ႐ြိဳင္ ကီးန္က ပရိသတ္ေတြကို တက္ႂကြေစမယ့္ ဖ်က္ထုတ္မႈမ်ိဳး လုပ္ေနက်ပါ။ ဂယ္ရီ နဗီးကလည္း ပရိသတ္ေတြကို တက္ႂကြေစမယ့္ ဖ်က္ထုတ္မႈမ်ိဳး လုပ္ေနက်ပဲ။ အဲဒါက အသင္းကို စိတ္လႈပ္ရွားေစတယ္။ အခု တစ္စုံတေယာက္က အဲဒီလိုမ်ိဳး လုပ္ရင္သူ ဘာလုပ္ေနတာလဲဆိုၿပီး ျဖစ္ၾကတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အီယန္ ႐ိုက္က “တစ္ခါတေလ ဘ႐ူႏိုက ေပါက္ကြဲတတ္ၿပီး သူတို႔ေတြ အဆင္သင့္ျဖစ္မေနဘူး။ အဲဒါက အသင္းအတြက္ မေကာင္းဘူး။ အန္တိုနီ ဝင္လာၿပီး ဒီလိုမ်ိဳး ဒိုကုကို ကန္ေက်ာက္တာကို ၾကည့္ခဲ့ရတယ္။ ဒါေပမယ့္ အဲဒါက အသင္းေခါင္းေဆာင္ရဲ႕ စံနမူေတြလည္း ပါတယ္။ အသင္းေခါင္းေဆာင္ကိုယ္တိုင္က လုပ္ေနတဲ့အရာေတြပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.