Saudi League

အသုံးမကျတဲ့ ဒိုင်လူကြီးကို လူစားလဲပေးဖို့ တောင်းဆိုခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အယ်လ် အတ်တီဖတ်နဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်အတွင်း ဒိုင်လူကြီးကို လူစားလဲပေးဖို့ တောင်းဆိုခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အယ်လ်နာဆာဟာ ဘုရင့်ဖလားချန်ပီယံ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် စတီဗင် ဂျရတ်ရဲ့အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဆာဒီယို မာနေးရဲ့ အချိန်ပိုသွင်းဂိုးကြောင့် ၁-ဝ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အန်ဒါဆန် တာလစ္စကာဟာ ပထမပိုင်း ပြီးဆုံးခါနီးမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း VAR က လူကျွံဘောအဖြစ် သတ်မှတ်ပြီး ခွင့်မပြုခဲ့ဘဲ သိပ်မကြာခင်မှာပဲ အယ်လ်နာဆာတိုက်စစ်မှူးဟာ အငြင်းပွားဖွယ် အနီကတ်ပြ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဒေါသပေါက်ကွဲခဲ့ပြီး ကင်မရာတွေက ပေါ်တူဂီကြယ်ပွင့်ရဲ့ ဒိုင်လူကြီးကို တုံ့ပြန်မှုကို အမိအရ ရိုက်ကူးနိုင်ခဲ့တာဖြစ်ပြီး အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူးဟာ ကွင်းလယ်ဒိုင်ကို ညွှန်ပြရင်း လူစားလဲတဲ့ အမူအရာလုပ်ပြခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ တနင်္လာနေ့ညမှာ ဘလွန်ဒေါဆု ရရှိသွားခဲ့တဲ့ လီယွန်နယ် မက်ဆီရဲ့ နာမည်ကို ပြိုင်ဘက် ပရိသတ်တွေရဲ့ အော်ဟစ်ပြီး တိုက်ခိုက်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်က နှုတ်ခမ်းပေါ်လက်တင်ပြီး ပါးစပ်ပိတ်ထားလို့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၂၃ ဘလွန်ဒေါအဆင့်သတ်မှတ်ချက်မှာ နောက်ဆုံး ၃၀ ဦးထဲမှာတောင် ပါဝင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး ၎င်းကို ချန်လှပ်ထားခဲ့မှုကို တိုက်ရိုက်တုံ့ပြန်ခဲ့တာမျိုးမရှိပေမယ့်လည်း စပိန်ဂျာနယ်လစ် ရွန်ဆေရိုက မက်ဆီ ဘလွန်ဒေါဆုရရှိသွားတဲ့အပေါ် ဝေဖန်ခဲ့တဲ့ မှတ်ချက်ကို Liked ပေးပြီး ရယ်မောနေတဲ့ အီမိုဂျီပါ မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အယ္လ္ အတ္တီဖတ္နဲ႔ ကစားခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္အတြင္း ဒိုင္လူႀကီးကို လူစားလဲေပးဖို႔ ေတာင္းဆိုခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

အယ္လ္နာဆာဟာ ဘုရင့္ဖလားခ်န္ပီယံ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္အျဖစ္ စတီဗင္ ဂ်ရတ္ရဲ႕အသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တာျဖစ္ၿပီး လီဗာပူးလ္ၾကယ္ပြင့္ေဟာင္း ဆာဒီယို မာေနးရဲ႕ အခ်ိန္ပိုသြင္းဂိုးေၾကာင့္ ၁-ဝ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

အန္ဒါဆန္ တာလစၥကာဟာ ပထမပိုင္း ၿပီးဆုံးခါနီးမွာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း VAR က လူကြၽံေဘာအျဖစ္ သတ္မွတ္ၿပီး ခြင့္မျပဳခဲ့ဘဲ သိပ္မၾကာခင္မွာပဲ အယ္လ္နာဆာတိုက္စစ္မႉးဟာ အျငင္းပြားဖြယ္ အနီကတ္ျပ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ကြင္းလယ္ဒိုင္ရဲ႕ ဆုံးျဖတ္ခ်က္ကို ေဒါသေပါက္ကြဲခဲ့ၿပီး ကင္မရာေတြက ေပၚတူဂီၾကယ္ပြင့္ရဲ႕ ဒိုင္လူႀကီးကို တုံ႔ျပန္မႈကို အမိအရ ႐ိုက္ကူးႏိုင္ခဲ့တာျဖစ္ၿပီး အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ကြင္းလယ္ဒိုင္ကို ၫႊန္ျပရင္း လူစားလဲတဲ့ အမူအရာလုပ္ျပခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ တနလၤာေန႔ညမွာ ဘလြန္ေဒါဆု ရရွိသြားခဲ့တဲ့ လီယြန္နယ္ မက္ဆီရဲ႕ နာမည္ကို ၿပိဳင္ဘက္ ပရိသတ္ေတြရဲ႕ ေအာ္ဟစ္ၿပီး တိုက္ခိုက္ျခင္းကို ခံခဲ့ရတာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္က ႏႈတ္ခမ္းေပၚလက္တင္ၿပီး ပါးစပ္ပိတ္ထားလို႔ ျပန္လည္တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၂၀၂၃ ဘလြန္ေဒါအဆင့္သတ္မွတ္ခ်က္မွာ ေနာက္ဆုံး ၃၀ ဦးထဲမွာေတာင္ ပါဝင္ႏိုင္ျခင္းမရွိခဲ့တာျဖစ္ၿပီး ၎ကို ခ်န္လွပ္ထားခဲ့မႈကို တိုက္႐ိုက္တုံ႔ျပန္ခဲ့တာမ်ိဳးမရွိေပမယ့္လည္း စပိန္ဂ်ာနယ္လစ္ ႐ြန္ေဆ႐ိုက မက္ဆီ ဘလြန္ေဒါဆုရရွိသြားတဲ့အေပၚ ေဝဖန္ခဲ့တဲ့ မွတ္ခ်က္ကို Liked ေပးၿပီး ရယ္ေမာေနတဲ့ အီမိုဂ်ီပါ မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.