Saudi League

ကြောက်မက်ဖွယ် အလွတ်တည်ကန်ဘောသွင်းဂိုးကို သွင်းပြခဲ့တဲ့ ရော်နယ်လ်ဒို

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဒါးမက်နဲ့ ကစားခဲ့တဲ့ စနေနေ့ညနေပွဲစဉ်မှာ အယ်လ်နာဆာအတွက် ထူးခြားကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောကနေ အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပေါ်တူဂီ ဝါရင့်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့အပတ် နိုင်ငံတကာပွဲစဉ် အားလပ်ရက်က ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ပြသခဲ့တဲ့ အရှိန်အဟုန်အတိုင်း ဆက်လက်သယ်ဆောင်နိုင်ခဲ့ပုံပေါ်ပြီး အံ့အားသင့်ဖွယ် အလွတ်တည်ကန်ဘော သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုရဲ့ ၂၅ ကိုက်အကွာက ဖရီးကစ်က ဘယ်လောက်ကောင်းလဲဆိုရင် ဂိုးသမား လက်တောင်မမြှောက်လိုက်ရသလို လိုက်ဖမ်းချိန်လည်း မရလိုက်တာဖြစ်ပြီး ပေါ်တူဂီဂန္တဝင်ရဲ့ ကန်ချက်က ဂိုးသမားဘယ်ဘက်အပေါ်ထောင့်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ၁-၀ နဲ့ အယ်လ်နာဆာတို့ အရေးနိမ့်နေတာဖြစ်ပြီး တာလစ္စကာက ချေပဂိုး၊ ရော်နယ်ဒိုက အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝ သွင်းဂိုး ၈၆၀ ပြည့်သွင်းဂိုးကို ရော်နယ်လ်ဒိုက အလွတ်တည်ကန်ဘောကနေ ကန်သွင်းယူနိုင်ခဲ့တာဖြစ်သလို ဖရီးကစ်သွင်းဂိုး ၆၁ ဂိုးမြောက် ဂိုးလည်း ဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ဒါးမက္နဲ႔ ကစားခဲ့တဲ့ စေနေန႔ညေနပြဲစဥ္မွာ အယ္လ္နာဆာအတြက္ ထူးျခားေကာင္းမြန္တဲ့ အလြတ္တည္ကန္ေဘာကေန အႏိုင္ဂိုးကို သြင္းယူေပးခဲ့ပါတယ္။

ေပၚတူဂီ ဝါရင့္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့အပတ္ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္က ေပၚတူဂီလက္ေ႐ြးစင္အသင္းအတြက္ ျပသခဲ့တဲ့ အရွိန္အဟုန္အတိုင္း ဆက္လက္သယ္ေဆာင္ႏိုင္ခဲ့ပုံေပၚၿပီး အံ့အားသင့္ဖြယ္ အလြတ္တည္ကန္ေဘာ သြင္းဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုရဲ႕ ၂၅ ကိုက္အကြာက ဖရီးကစ္က ဘယ္ေလာက္ေကာင္းလဲဆိုရင္ ဂိုးသမား လက္ေတာင္မေျမႇာက္လိုက္ရသလို လိုက္ဖမ္းခ်ိန္လည္း မရလိုက္တာျဖစ္ၿပီး ေပၚတူဂီဂႏၲဝင္ရဲ႕ ကန္ခ်က္က ဂိုးသမားဘယ္ဘက္အေပၚေထာင့္ကို အရွိန္အဟုန္ျပင္းျပင္းနဲ႔ ဝင္သြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ ၁-၀ နဲ႔ အယ္လ္နာဆာတို႔ အေရးနိမ့္ေနတာျဖစ္ၿပီး တာလစၥကာက ေခ်ပဂိုး၊ ေရာ္နယ္ဒိုက အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ကစားသမားဘဝ သြင္းဂိုး ၈၆၀ ျပည့္သြင္းဂိုးကို ေရာ္နယ္လ္ဒိုက အလြတ္တည္ကန္ေဘာကေန ကန္သြင္းယူႏိုင္ခဲ့တာျဖစ္သလို ဖရီးကစ္သြင္းဂိုး ၆၁ ဂိုးေျမာက္ ဂိုးလည္း ျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.