Saudi League

နူနို ဆန်းတို့စ်ကို ပြုတ်အောင်ဖြုတ်ပြီးမှ ဟက်ထရစ်သွင်းပြလိုက်တဲ့ ဘန်ဇီးမား

ကာရင် ဘန်ဇီးမားဟာ သောကြာနေ့ည ဂျေဒါမှာ အက်ဘ်ဟာကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ အယ်လ်အစ်တီဟတ်အတွက် ပထမဆုံးသော ဆော်ဒီပရိုလိဂ် ဟက်ထရစ်ကို သွင်းယူနိုင်ခဲ့ပါတယ်။

ဘန်ဇီးမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ရီးရဲလ်မက်ဒရစ်ကို စွန့်ခွာပြီးနောက် ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး မင်းသား အက်ဗ်ဒူလာ အယ်လ်-ဖိုက်ဆဲလ်ကွင်းမှာ ၃၈ မိနစ်မှာ ရခဲ့တဲ့ ပင်နယ်တီကနေ အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အက်ဘ်ဟာအတွက် တိုကို အီကမ်ဘီက ချေပဂိုး သွင်းယူပေးခဲ့ပြီးနောက် အယ်လ်အစ်တီဟတ်အတွက် ဦးဆောင်ခွင့် ပြန်လည်ရရှိအောင် အီဂေါ် ကိုရိုနာဒိုအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ ဒုတိယပိုင်းပွဲကစားချိန် ၆၇ မိနစ်နဲ့ ၆၉ မိနစ်မှာ အယ်လ်အစ်တီဟတ်အတွက် အနိုင် ၃ မှတ် သေချာစေမယ့် ဦးဆောင်ဂိုးတွေကို ထပ်မံသွင်းယူပေးခဲ့ပြီး ဟက်ထရစ်ရရှိခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားရဲ့ သွင်းဂိုး ၂ ဂိုးစလုံးဟာ ဂိုးသမားနဲ့ တစ်ဦးချင်း ရင်ဆိုင်ပြီး အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပြီး ဖာဟတ်ဒ် ဘင် ဂျူမာရာက အက်ဘ်ဟာအတွက် နှစ်သိမ့်ချေပဂိုးကို ၈၅ မိနစ်မှာ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘန်ဇီးမားအတွက် အက်ဘ်ဟာနဲ့ပွဲစဉ်က ဟက်ထရစ်ဟာ ကစားသမားဘဝတလျှောက် ၁၄ ကြိမ်မြောက် ဟက်ထရစ်ဖြစ်လာခဲ့ပြီး ထူးခြားချက်အနေနဲ့ အယ်လ်အစ်တီဟတ်က နည်းပြ နူနို ဆန်းတို့စ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာ အသင်းကလည်း ဂိုးပြတ်အနိုင်ရသလို ပြင်သစ်တိုက်စစ်မှူးကလည်း ဟက်ထရစ်ပါ သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘန်ဇီမာဟာ ယခုနွေရာသီမှာ ရောက်လာကတည်းက နူနိုဆန်းတို့စ်နဲ့ အဆင်မပြေဖြစ်နေခဲ့တာဖြစ်ပြီး အခြေအနေတွေ ဆိုးရွားလာပြီးနောက် ပေါ်တူဂီလူမျိုးနည်းပြလည်း အယ်လ်အစ်တီဟတ်နည်းပြရာထူးကနေ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ကာရင္ ဘန္ဇီးမားဟာ ေသာၾကာေန႔ည ေဂ်ဒါမွာ အက္ဘ္ဟာကို ၄-၂ နဲ႔ အႏိုင္ရခဲ့တဲ့ အိမ္ကြင္းပြဲစဥ္မွာ အယ္လ္အစ္တီဟတ္အတြက္ ပထမဆုံးေသာ ေဆာ္ဒီပ႐ိုလိဂ္ ဟက္ထရစ္ကို သြင္းယူႏိုင္ခဲ့ပါတယ္။

ဘန္ဇီးမားဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ရီးရဲလ္မက္ဒရစ္ကို စြန႔္ခြာၿပီးေနာက္ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး မင္းသား အက္ဗ္ဒူလာ အယ္လ္-ဖိုက္ဆဲလ္ကြင္းမွာ ၃၈ မိနစ္မွာ ရခဲ့တဲ့ ပင္နယ္တီကေန အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

အသက္ ၃၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ အက္ဘ္ဟာအတြက္ တိုကို အီကမ္ဘီက ေခ်ပဂိုး သြင္းယူေပးခဲ့ၿပီးေနာက္ အယ္လ္အစ္တီဟတ္အတြက္ ဦးေဆာင္ခြင့္ ျပန္လည္ရရွိေအာင္ အီေဂၚ ကို႐ိုနာဒိုအတြက္ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးခဲ့ပါတယ္။ ျပင္သစ္ဝါရင့္တိုက္စစ္မႉးဟာ ဒုတိယပိုင္းပြဲကစားခ်ိန္ ၆၇ မိနစ္နဲ႔ ၆၉ မိနစ္မွာ အယ္လ္အစ္တီဟတ္အတြက္ အႏိုင္ ၃ မွတ္ ေသခ်ာေစမယ့္ ဦးေဆာင္ဂိုးေတြကို ထပ္မံသြင္းယူေပးခဲ့ၿပီး ဟက္ထရစ္ရရွိခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားရဲ႕ သြင္းဂိုး ၂ ဂိုးစလုံးဟာ ဂိုးသမားနဲ႔ တစ္ဦးခ်င္း ရင္ဆိုင္ၿပီး အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔ သြင္းယူသြားခဲ့တာျဖစ္ၿပီး ဖာဟတ္ဒ္ ဘင္ ဂ်ဴမာရာက အက္ဘ္ဟာအတြက္ ႏွစ္သိမ့္ေခ်ပဂိုးကို ၈၅ မိနစ္မွာ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဘန္ဇီးမားအတြက္ အက္ဘ္ဟာနဲ႔ပြဲစဥ္က ဟက္ထရစ္ဟာ ကစားသမားဘဝတေလွ်ာက္ ၁၄ ႀကိမ္ေျမာက္ ဟက္ထရစ္ျဖစ္လာခဲ့ၿပီး ထူးျခားခ်က္အေနနဲ႔ အယ္လ္အစ္တီဟတ္က နည္းျပ ႏူႏို ဆန္းတို႔စ္ကို ရာထူးကေန ထုတ္ပယ္ခဲ့ၿပီးေနာက္ ပထမဆုံးကစားခဲ့တဲ့ပြဲမွာ အသင္းကလည္း ဂိုးျပတ္အႏိုင္ရသလို ျပင္သစ္တိုက္စစ္မႉးကလည္း ဟက္ထရစ္ပါ သြင္းယူခဲ့တာျဖစ္ပါတယ္။

ဘန္ဇီမာဟာ ယခုေႏြရာသီမွာ ေရာက္လာကတည္းက ႏူႏိုဆန္းတို႔စ္နဲ႔ အဆင္မေျပျဖစ္ေနခဲ့တာျဖစ္ၿပီး အေျခအေနေတြ ဆိုး႐ြားလာၿပီးေနာက္ ေပၚတူဂီလူမ်ိဳးနည္းျပလည္း အယ္လ္အစ္တီဟတ္နည္းျပရာထူးကေန အထုတ္ခံခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.