MLS Messi

ဘလွန်ဒေါဆု ရရှိခဲ့ပြီးနောက် အီဘိုင်ကို ကျိန်ဆဲခဲ့တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ တနင်္လာနေ့ညက ပဲရစ်မှာ ဘလွန်ဒေါဆုကို ၈ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ဘောလုံးကို အများကြီး ဆက်ကစားဦးမလား၊ နည်းနည်းပဲ ဆက်ကစားတော့မလားဆိုတာ မသိပေမယ့် ဆက်ပြီးတော့ ပျော်ရွှင်ခံစားဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။

ပွဲအပြီးမှာ စပိန် Streamer ဖြစ်တဲ့ အီဘိုင် ယာနော့စ်က Twitch ချန်နယ်ကနေတဆင့် မက်ဆီကို အင်တာဗျူးခဲ့ပြီး အာဂျင်တီးနားကြယ်ပွင့်က စစချင်းမှာပဲ ဒေါသထွက်တဲ့အကြောင်းကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ငါ မင်းကို စိတ်ဆိုးနေတယ်နော်။ မင်း ဟိုနေ့က လုပ်ခဲ့တာကို ငါ မကျေနပ်ဘူး။ ငါ မင်းကို မက်ဆေ့ချ်ပို့တာကို မင်းက လူသိရှင်ကြားဖြစ်အောင် လုပ်ခဲ့တယ်။”လို့ မက်ဆီက ပြောကြားခဲ့ရာမှာ ယာနော့စ်က “ဒါပေမယ့် လီယို ငါ အဲဒါကို ဝါးထားခဲ့တယ်။ မမြင်ရပါဘူး။ ငါ အဲဒါကို ဖျက်ခဲ့ပါတယ်။ ငါ ဖျက်ခဲ့ပါတယ်”လို့ ပြန်အော်ပြောခဲ့တာဖြစ်ပါတယ်။

“ငါ မင်းမေးတာတွေ ဖြေတော့မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းက ပြောသမျှအားလုံး အကုန်သိအောင် လုပ်နေတာ။ မင်းမှာ Privacy မရှိဘူး။ မင်းကို ငါ ကောင်းကောင်းဖြေခဲ့တယ်။ ငါပြောခဲ့တာကို မင်း ပြောခဲ့တယ်။ အဲဒါကို မကြိုက်ဘူး။ နောက်တစ်ခါကျရင် မင်း စာပို့ရင် မဖြေတော့ဘူး။ ဖတ်ပြီး ဒီတိုင်းပဲ ထားလိုက်တော့မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အီဘိုင်က ဘလွန်ဒေါဆုက အာဂျင်တီးနားကြယ်ပွင့်အတွက် ဘယ်လိုအဓိပ္ပာယ်ရှိလဲလို့ မေးမြန်းခဲ့ပြီး မက်ဆီက အဖြေပြန်မပေးခင် “သူ အကြောင်းအရာကို ပြောင်းပစ်လိုက်ပြီ။ ခွေးမသား။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ တနလၤာေန႔ညက ပဲရစ္မွာ ဘလြန္ေဒါဆုကို ၈ ႀကိမ္ေျမာက္ ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ေဘာလုံးကို အမ်ားႀကီး ဆက္ကစားဦးမလား၊ နည္းနည္းပဲ ဆက္ကစားေတာ့မလားဆိုတာ မသိေပမယ့္ ဆက္ၿပီးေတာ့ ေပ်ာ္႐ႊင္ခံစားဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ပြဲအၿပီးမွာ စပိန္ Streamer ျဖစ္တဲ့ အီဘိုင္ ယာေနာ့စ္က Twitch ခ်န္နယ္ကေနတဆင့္ မက္ဆီကို အင္တာဗ်ဴးခဲ့ၿပီး အာဂ်င္တီးနားၾကယ္ပြင့္က စစခ်င္းမွာပဲ ေဒါသထြက္တဲ့အေၾကာင္းကို ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“ငါ မင္းကို စိတ္ဆိုးေနတယ္ေနာ္။ မင္း ဟိုေန႔က လုပ္ခဲ့တာကို ငါ မေက်နပ္ဘူး။ ငါ မင္းကို မက္ေဆ့ခ်္ပို႔တာကို မင္းက လူသိရွင္ၾကားျဖစ္ေအာင္ လုပ္ခဲ့တယ္။”လို႔ မက္ဆီက ေျပာၾကားခဲ့ရာမွာ ယာေနာ့စ္က “ဒါေပမယ့္ လီယို ငါ အဲဒါကို ဝါးထားခဲ့တယ္။ မျမင္ရပါဘူး။ ငါ အဲဒါကို ဖ်က္ခဲ့ပါတယ္။ ငါ ဖ်က္ခဲ့ပါတယ္”လို႔ ျပန္ေအာ္ေျပာခဲ့တာျဖစ္ပါတယ္။

“ငါ မင္းေမးတာေတြ ေျဖေတာ့မွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ မင္းက ေျပာသမွ်အားလုံး အကုန္သိေအာင္ လုပ္ေနတာ။ မင္းမွာ Privacy မရွိဘူး။ မင္းကို ငါ ေကာင္းေကာင္းေျဖခဲ့တယ္။ ငါေျပာခဲ့တာကို မင္း ေျပာခဲ့တယ္။ အဲဒါကို မႀကိဳက္ဘူး။ ေနာက္တစ္ခါက်ရင္ မင္း စာပို႔ရင္ မေျဖေတာ့ဘူး။ ဖတ္ၿပီး ဒီတိုင္းပဲ ထားလိုက္ေတာ့မယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အီဘိုင္က ဘလြန္ေဒါဆုက အာဂ်င္တီးနားၾကယ္ပြင့္အတြက္ ဘယ္လိုအဓိပၸာယ္ရွိလဲလို႔ ေမးျမန္းခဲ့ၿပီး မက္ဆီက အေျဖျပန္မေပးခင္ “သူ အေၾကာင္းအရာကို ေျပာင္းပစ္လိုက္ၿပီ။ ေခြးမသား။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.