MLS Messi

ဘလွန်ဒေါ ၈ ကြိမ်မြောက် ဆွတ်ခူးပြီး သမိုင်းမှတ်တမ်းသစ်ရေးထိုးလိုက်တဲ့ မက်ဆီ

လီယွန်နယ် မက်ဆီဟာ ကစားသမားဘဝ ၈ ကြိမ်မြောက်အဖြစ် ဘလွန်ဒေါဆုကို စံချိန်တင် ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ်ကစားသမားဟာ ကာတာမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို အောင်မြင်မှု ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ဒီဇင်ဘာလမှာ ကစားသမားဘဝမှာ လိုအပ်နေတဲ့ နောက်ဆုံးအပိုင်းအစတစ်ခုကို ရရှိခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ဥရောပအပြင်ဘက်မှာ ထွက်ကစားနေရင်း ဘလွန်ဒေါဆုကို ရရှိခဲ့တဲ့ ပထမဆုံးကစားသမားလည်း ဖြစ်လာခဲ့ပြီဖြစ်ပြီး ထူးထူးခြားခြားပဲ ပြီးခဲ့တဲ့နှစ်မှာ အာဂျင်တီးနားဂန္တဝင်ဟာ ဘလွန်ဒေါ ဆန်ခါတင်စာရင်းထဲမှာ ပါဝင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ဘာစီလိုနာနဲ့ စပိန်ကွင်းလယ်လူ အိုင်တာနာ ဘွန်မာတီက အမျိုးသမီး ဘလွန်ဒေါဆုကို အနိုင်ရရှိခဲ့တာဖြစ်ပြီး ဘာစီလိုနာအမျိုးသမီးအသင်းကြယ်ပွင့်ဟာ ပြီးခဲ့တဲ့နွေရာသီ စပိန်အမျိုးသမီးအသင်းရဲ့ ကမ္ဘာ့ဖလားအောင်မြင်မှုမှာ တစိတ်တပိုင်းပါဝင်ခဲ့တာဖြစ်ပါတယ်။

အာလင်း ဟာလန်းက မန်ချက်စတာစီးတီးအတွက် ပွဲဦးထွက်ရာသီမှာ ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ဂတ်မူလာဆုကို အနိုင်ရရှိခဲ့ပြီး နော်ဝေကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၃၅ ပွဲမှာ ၃၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

အကောင်းဆုံးဂိုးသမားဆုဖြစ်တဲ့ ယာချင်ဆုကို အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အကောင်းဆုံးလက်စွမ်းပြခဲ့တဲ့ အီမီလီယာနို မာတီနက်ဇ်က ရရှိသွားခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆုဖြစ်တဲ့ ကိုပါဆုကို ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဆွတ်ခူးခဲ့ပါတယ်။

တစ်ရာသီတာအကောင်းဆုံးအသင်းဆုကိုတော့ ပြီးခဲ့တဲ့ရာသီ ဆုဖလား ၃ လုံးတပြိုင်နက် ဆွတ်ခူးနိုင်ခဲ့တဲ့ ဂွါဒီယိုလာရဲ့ မန်ချက်စတာစီးတီးက ဆွတ်ခူးနိုင်ခဲ့ပြီး ဆိုကရေးတီးဆုကို ဗင်နီးရှပ်စ် ဂျူနီယာက ဆွတ်ခူးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီယြန္နယ္ မက္ဆီဟာ ကစားသမားဘဝ ၈ ႀကိမ္ေျမာက္အျဖစ္ ဘလြန္ေဒါဆုကို စံခ်ိန္တင္ ဆြတ္ခူးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ကစားသမားဟာ ကာတာမွာ က်င္းပခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားကို ေအာင္ျမင္မႈ ရရွိေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာေၾကာင့္ ဒီဇင္ဘာလမွာ ကစားသမားဘဝမွာ လိုအပ္ေနတဲ့ ေနာက္ဆုံးအပိုင္းအစတစ္ခုကို ရရွိခဲ့တာျဖစ္ပါတယ္။

မက္ဆီဟာ ဥေရာပအျပင္ဘက္မွာ ထြက္ကစားေနရင္း ဘလြန္ေဒါဆုကို ရရွိခဲ့တဲ့ ပထမဆုံးကစားသမားလည္း ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ထူးထူးျခားျခားပဲ ၿပီးခဲ့တဲ့ႏွစ္မွာ အာဂ်င္တီးနားဂႏၲဝင္ဟာ ဘလြန္ေဒါ ဆန္ခါတင္စာရင္းထဲမွာ ပါဝင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ဘာစီလိုနာနဲ႔ စပိန္ကြင္းလယ္လူ အိုင္တာနာ ဘြန္မာတီက အမ်ိဳးသမီး ဘလြန္ေဒါဆုကို အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ဘာစီလိုနာအမ်ိဳးသမီးအသင္းၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ေႏြရာသီ စပိန္အမ်ိဳးသမီးအသင္းရဲ႕ ကမာၻ႔ဖလားေအာင္ျမင္မႈမွာ တစိတ္တပိုင္းပါဝင္ခဲ့တာျဖစ္ပါတယ္။

အာလင္း ဟာလန္းက မန္ခ်က္စတာစီးတီးအတြက္ ပြဲဦးထြက္ရာသီမွာ ၅၂ ဂိုးအထိ သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဂတ္မူလာဆုကို အႏိုင္ရရွိခဲ့ၿပီး ေနာ္ေဝၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ ၃၅ ပြဲမွာ ၃၆ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အေကာင္းဆုံးဂိုးသမားဆုျဖစ္တဲ့ ယာခ်င္ဆုကို အာဂ်င္တီးနားအတြက္ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ အေကာင္းဆုံးလက္စြမ္းျပခဲ့တဲ့ အီမီလီယာႏို မာတီနက္ဇ္က ရရွိသြားခဲ့ၿပီး အေကာင္းဆုံးလူငယ္ကစားသမားဆုျဖစ္တဲ့ ကိုပါဆုကို ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဘယ္လင္ဟမ္က ဆြတ္ခူးခဲ့ပါတယ္။

တစ္ရာသီတာအေကာင္းဆုံးအသင္းဆုကိုေတာ့ ၿပီးခဲ့တဲ့ရာသီ ဆုဖလား ၃ လုံးတၿပိဳင္နက္ ဆြတ္ခူးႏိုင္ခဲ့တဲ့ ဂြါဒီယိုလာရဲ႕ မန္ခ်က္စတာစီးတီးက ဆြတ္ခူးႏိုင္ခဲ့ၿပီး ဆိုကေရးတီးဆုကို ဗင္နီးရွပ္စ္ ဂ်ဴနီယာက ဆြတ္ခူးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.