Premier League

Fantasy Premier League ပြဲစဥ္(၅)အတြက္ ေပါေခ်ာင္ေကာင္း ကစားသမားေလးမ်ား

ဒီတစ္ပတ္ ဖန္တက္ဆီ ပရီးမီးယားလိဂ္ရဲ႕ ကစားေနက်သူေတြ မ်က္စိလွ်မ္းသြားႏုိင္ၿပီး အသင္းကို အက်ဳိးျပဳသြားႏုိင္မွာျဖစ္တဲ့ ေဈးေပါေပါနဲ႔ အမွတ္ေကာင္းေကာင္းရႏုိင္တဲ့ ကစားသမားေတြကို ဖန္တက္ဆီဆရာႀကီး မာခ့္ မက္ဂက္တီဂန္က ေရြးခ်ယ္ေဖာ္ျပထားၿပီး ဒီထဲမွာေတာ့ ဗီလာ ကစားသမားေတြကို ျမင္ေတြ႕ရႏုိင္ပါတယ္။

လက္စတာနဲ႔ ဒီတစ္ပတ္ရင္ဆုိင္မယ့္ ဗီလာမွာ ကြင္းလယ္က အသင္းေခါင္းေဆာင္ ဂ်က္ခ္ ဂရီးလစ္ရွ္(၇.၁ မွတ္)ဟာ ၿပီးခဲ့တဲ့ႏွစ္ကထက္ ေကာင္းလာတဲ့ အသင္းေဖာ္ေတြေၾကာင့္ လြတ္လြတ္လပ္လပ္ ေျခစြမ္းျပႏုိင္ဖို႔ရွိေနၿပီး ခံစစ္သမားေတြ ဒဏ္ရာရေနတဲ့ လက္စတာကိုေတာ့ တစ္နည္းတစ္လမ္းနဲ႔ သြင္းဂိုး၊ ဖန္တီးမွဳေတြ ျပဳလုပ္သြားမယ္လုိ႔ ယူဆရပါတယ္။

ဂရီးလစ္ရွ္အျပင္ သူ႕ရဲ႕ ပုံမွန္ပြဲထြက္ အသင္းေဖာ္ေတြျဖစ္ၾကတဲ့ ဂၽြန္မက္ဂင္း(၅.၅)နဲ႔ ေရာ့စ္ ဘာကလီ(၅.၉)တုိ႔ဟာလည္း ဗီလာကြင္းလယ္မွာ အမွတ္ရွာေဖြႏုိင္မယ့္ ကစားသမားေတြအျဖစ္ ရွဳျမင္ထားၿပီး တိုက္စစ္မွဴး အိုလီ ဝပ္ကင္းစ္(၅.၉)တုိ႔ကိုလည္း ဒီတစ္ပတ္အတြက္ လက္စတာကို ဒုကၡေပးသြားႏုိင္မယ္လုိ႔ ယုံၾကည္ထားပါတယ္။

ခံစစ္မွာေတာ့ လိဒ္စ္ယူႏုိက္တက္ရဲ႕ စတူးဝပ္ ဒဲလတ္စ္(၄.၅)ကို လူေတြ သိပ္မေရြးခ်ယ္ျဖစ္ၾကဘူးလို႔ သိရၿပီး လိဒ္စ္ရဲ႕ သာမန္ကစားသမားေတြနဲ႔ စုဖြဲ႕ထားတဲ့ ခံစစ္က Clean Sheet ရဖို႔ အနည္းငယ္ခက္ေပမယ့္ သူ႕ရဲ႕တုိက္စစ္လုိက္ပါမွဳနဲ႔ ဂိုးကန္သြင္းမွဳေတြကေတာ့ ဖန္တက္ဆီမန္ေနဂ်ာေတြ မက္ေလာက္စရာျဖစ္သလို သူ႕အျပင္ အသင္းေဖာ္ေတြျဖစ္တဲ့ ကူးပါး(၄.၄)နဲ႔ ေအးလင္း(၄.၅)တုိ႔ကိုလည္း အရန္အစီအစဥ္အျဖစ္ စဥ္းစားႏုိင္ပါတယ္။

ဘ႐ိုက္တန္ရဲ႕ ထေရာ့ဆတ္(၆)ကေတာ့ ေတာင္ပံကစားသမားေတြၾကားမွာ ဂိုးကန္သြင္းမွဳမ်ားျပားတဲ့ ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ေနၿပီး ၄ ပြဲ ကစားၿပီးခ်ိန္မွာ သူ႕ရဲ႕ ၁၂ ႀကိမ္ ကန္သြင္းမွဳထက္ ဆာလား၊ မာေနးနဲ႔ ဟာဗီ ဘန္းစ္တုိ႔ပဲ ရွိပါတယ္။ သူ႕အျပင္ လူအေျပာင္းအလဲ ေတြေၾကာင့္ ကစားခြင့္ကို ယုံလုိ႔ မရေပမယ့္ တုိက္စစ္လုိက္ပါၿပီး ဂိုးကန္သြင္းမွဳမ်ားသူ အသင္းေဖာ္တစ္ဦးျဖစ္တဲ့ ေဆာ္လီ မာ့ခ်္(၅.၉)ကိုလည္း စဥ္းစားႏုိင္မွာပါ။

တျခားေတာင္ပံတုိက္စစ္ေတြအျဖစ္ေတာ့ ဝုလ္ဗ္စ္ရဲ႕ ပက္ဒ႐ို နီတို (၅.၅)နဲ႔ ဒန္နီယယ္လ္ ပိုဒင့္စ္ (၅.၆)တုိ႔ ရွိေနသလို ႏူႏို ဆန္တိုရဲ႕ ကစားကြက္မွာ သူတုိ႔ဟာ ထရာအုိေရးထက္ ပိုမိုအက်ဳိးျပဳႏုိင္ခြင့္ကို ရရွိေနလို႔ ဒီတစ္ပတ္အတြက္ေတာ့ စဥ္းစားႏုိင္တဲ့သူေတြျဖစ္ပါတယ္။

စပါးစ္ကို အေဝးကြင္းမွာ ကစားရမယ့္ ဝက္စ္ဟမ္းတုိက္စစ္မွဴး မီေခးလ္ အန္တိုနီယို(၆.၃)ကိုလည္း ဒီတစ္ပတ္အတြက္ ဟာရီကိန္းနဲ႔အတူ ထည့္သြင္းစဥ္းစားႏုိင္ၿပီး သူ႕ရဲ႕ ေနာက္ဆုံး ၄ ပြဲမွာ ၁၅ ႀကိမ္ ကန္သြင္းမွဳနဲ႔ ဖန္တီးႏုိင္စြမ္းက ေရြးခ်ယ္ကံစမ္းႏုိင္သလို ပရီးမီးယားလိဂ္မွာ တတိယ ကန္သြင္းမွဳအမ်ားဆုံး ဝက္စ္ဟမ္း(၅၈ ႀကိမ္)ေၾကာင့္လည္း ပြဲထြက္ကစားသမားျဖစ္တဲ့ သူ႕ရဲ႕ ေဈးက တန္တယ္လုိ႔ သတ္မွတ္ထားႏုိင္ေၾကာင္း စုစည္းေဖာ္ျပလုိက္ရပါတယ္။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီတစ်ပတ် ဖန်တက်ဆီ ပရီးမီးယားလိဂ်ရဲ့ ကစားနေကျသူတွေ မျက်စိလျှမ်းသွားနိုင်ပြီး အသင်းကို အကျိုးပြုသွားနိုင်မှာဖြစ်တဲ့ ဈေးပေါပေါနဲ့ အမှတ်ကောင်းကောင်းရနိုင်တဲ့ ကစားသမားတွေကို ဖန်တက်ဆီဆရာကြီး မာခ့် မက်ဂက်တီဂန်က ရွေးချယ်ဖော်ပြထားပြီး ဒီထဲမှာတော့ ဗီလာ ကစားသမားတွေကို မြင်တွေ့ရနိုင်ပါတယ်။

လက်စတာနဲ့ ဒီတစ်ပတ်ရင်ဆိုင်မယ့် ဗီလာမှာ ကွင်းလယ်က အသင်းခေါင်းဆောင် ဂျက်ခ် ဂရီးလစ်ရှ်(၇.၁ မှတ်)ဟာ ပြီးခဲ့တဲ့နှစ်ကထက် ကောင်းလာတဲ့ အသင်းဖော်တွေကြောင့် လွတ်လွတ်လပ်လပ် ခြေစွမ်းပြနိုင်ဖို့ရှိနေပြီး ခံစစ်သမားတွေ ဒဏ်ရာရနေတဲ့ လက်စတာကိုတော့ တစ်နည်းတစ်လမ်းနဲ့ သွင်းဂိုး၊ ဖန်တီးမှုတွေ ပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။

ဂရီးလစ်ရှ်အပြင် သူ့ရဲ့ ပုံမှန်ပွဲထွက် အသင်းဖော်တွေဖြစ်ကြတဲ့ ဂျွန်မက်ဂင်း(၅.၅)နဲ့ ရော့စ် ဘာကလီ(၅.၉)တို့ဟာလည်း ဗီလာကွင်းလယ်မှာ အမှတ်ရှာဖွေနိုင်မယ့် ကစားသမားတွေအဖြစ် ရှုမြင်ထားပြီး တိုက်စစ်မှူး အိုလီ ဝပ်ကင်းစ်(၅.၉)တို့ကိုလည်း ဒီတစ်ပတ်အတွက် လက်စတာကို ဒုက္ခပေးသွားနိုင်မယ်လို့ ယုံကြည်ထားပါတယ်။

ခံစစ်မှာတော့ လိဒ်စ်ယူနိုက်တက်ရဲ့ စတူးဝပ် ဒဲလတ်စ်(၄.၅)ကို လူတွေ သိပ်မရွေးချယ်ဖြစ်ကြဘူးလို့ သိရပြီး လိဒ်စ်ရဲ့ သာမန်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ခံစစ်က Clean Sheet ရဖို့ အနည်းငယ်ခက်ပေမယ့် သူ့ရဲ့တိုက်စစ်လိုက်ပါမှုနဲ့ ဂိုးကန်သွင်းမှုတွေကတော့ ဖန်တက်ဆီမန်နေဂျာတွေ မက်လောက်စရာဖြစ်သလို သူ့အပြင် အသင်းဖော်တွေဖြစ်တဲ့ ကူးပါး(၄.၄)နဲ့ အေးလင်း(၄.၅)တို့ကိုလည်း အရန်အစီအစဉ်အဖြစ် စဉ်းစားနိုင်ပါတယ်။

ဘရိုက်တန်ရဲ့ ထရော့ဆတ်(၆)ကတော့ တောင်ပံကစားသမားတွေကြားမှာ ဂိုးကန်သွင်းမှုများပြားတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး ၄ ပွဲ ကစားပြီးချိန်မှာ သူ့ရဲ့ ၁၂ ကြိမ် ကန်သွင်းမှုထက် ဆာလား၊ မာနေးနဲ့ ဟာဗီ ဘန်းစ်တို့ပဲ ရှိပါတယ်။ သူ့အပြင် လူအပြောင်းအလဲ တွေကြောင့် ကစားခွင့်ကို ယုံလို့ မရပေမယ့် တိုက်စစ်လိုက်ပါပြီး ဂိုးကန်သွင်းမှုများသူ အသင်းဖော်တစ်ဦးဖြစ်တဲ့ ဆော်လီ မာ့ချ်(၅.၉)ကိုလည်း စဉ်းစားနိုင်မှာပါ။

တခြားတောင်ပံတိုက်စစ်တွေအဖြစ်တော့ ဝုလ်ဗ်စ်ရဲ့ ပက်ဒရို နီတို(၅.၅)နဲ့ ဒန်နီယယ်လ် ပိုဒင့်စ်(၅.၆)တို့ ရှိနေသလို နူနို ဆန်တိုရဲ့ ကစားကွက်မှာ သူတို့ဟာ ထရာအိုရေးထက် ပိုမိုအကျိုးပြုနိုင်ခွင့်ကို ရရှိနေလို့ ဒီတစ်ပတ်အတွက်တော့ စဉ်းစားနိုင်တဲ့သူတွေဖြစ်ပါတယ်။

စပါးစ်ကို အဝေးကွင်းမှာ ကစားရမယ့် ဝက်စ်ဟမ်းတိုက်စစ်မှူး မီခေးလ် အန်တိုနီယို(၆.၃)ကိုလည်း ဒီတစ်ပတ်အတွက် ဟာရီကိန်းနဲ့အတူ ထည့်သွင်းစဉ်းစားနိုင်ပြီး သူ့ရဲ့ နောက်ဆုံး ၄ ပွဲမှာ ၁၅ ကြိမ် ကန်သွင်းမှုနဲ့ ဖန်တီးနိုင်စွမ်းက ရွေးချယ်ကံစမ်းနိုင်သလို ပရီးမီးယားလိဂ်မှာ တတိယ ကန်သွင်းမှုအများဆုံး ဝက်စ်ဟမ်း(၅၈ ကြိမ်)ကြောင့်လည်း ပွဲထွက်ကစားသမားဖြစ်တဲ့ သူ့ရဲ့ ဈေးက တန်တယ်လို့ သတ်မှတ်ထားနိုင်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.