Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၁၇.၁၀.၂၀၂၀

– နည္းျပ ဖရန႔္လမ္းပတ္က ခ်ဲလ္ဆီးအသင္းမွာရွိတဲ့ ကစားသမားေဟာင္းေတြေရာ အသစ္ေခၚယူထားတဲ့ ကစားသမားေတြ အားလုံးမွာပါ ပြဲထြက္ကစားခြင့္နဲ႔ ပတ္သက္ၿပီး တူညီတဲ့ အခြင့္ေရးရွိေၾကာင္း ေျပာၾကား။

– ခ်ဲလ္ဆီးနည္းျပ လမ္းပတ္က ဒီရာသီ အေျပာင္းအေ႐ႊ႕မွာ ေငြေၾကးမ်ားစြာ သုံးစြဲၿပီး အသင္းကို ျပဳျပင္ခဲ့တာဟာ အဓိက ကစားသမား အီဒင္ ဟာဇက္ရဲ႕ ကြက္လပ္ကို ျပန္လည္အစားထိုးႏုိင္ဖို႔ လုပ္ေဆာင္ခဲ့တာလို႔ဆုိ။

– ျပင္သစ္အသင္းနဲ႔ သြားေရာက္ကစားၿပီး ဒဏ္ရာရေနခဲ့တဲ့ အသင္းရဲ႕ကြင္းလယ္ကစားသမား အန္ဂိုလို ကြန္ေတအေနနဲ႔ ေဆာက္သမ္တန္နဲ႔ပြဲမတိုင္ခင္ ပြဲႀကဳိေလ့က်င့္ခန္းအစီအစဥ္မွာ အခ်ိန္မီ ျပန္လည္ပါဝင္လာ။

– ဆီနီေဂါနဲ႔ လက္ေရြးစင္ပြဲသြားကစားရင္း ေပါင္ၾကြက္သားဒဏ္ရာရရွိသြားခဲ့တဲ့ ဂိုးသမား မန္ဒီဟာ ယေန႔ ေဆာက္သမ္တန္နဲ႔ ပြဲအတြက္ ႀကံခိုင္မွဳ မျပည့္ဝတာေၾကာင့္ ပါဝင္ႏုိင္ဖို႔ မရွိဘူးလို႔ ခ်ဲလ္ဆီး ေၾကျငာ။

– ေအစီမီလန္အသင္းနဲ႔ စာခ်ဳပ္သစ္ မခ်ဳပ္ရေသးဘဲ အနာဂတ္ မေသခ်ာေသးတဲ့ ဂိုးသမား ဂ်န္လြီဂီ ဒြန္နာရမ္မာကို ခ်ဲလ္ဆီးအသင္းအေနနဲ႔ လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ရရွိႏုိင္ဖို႔ ႀကဳိးစားေန။

– အံ့ၾသစရာ သတင္းတစ္ရပ္အျဖစ္ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေရႊ႕ကာလကတုန္းက ဘာစီလိုနာအသင္းကေန ထြက္ခြာဖို႔ လုပ္ေဆာင္ေနခဲ့တဲ့ တုိက္စစ္မွဴး လီယြန္နယ္ မက္ဆီအတြက္ ခ်ဲလ္ဆီးအသင္းက တစ္ပတ္လုပ္ခ ေပါင္ ၆ သိန္းေပးေခ်ဖို႔ အဆင္သင့္ရွိခဲ့တယ္လို႔ သတင္းဌာနအခ်ဳိ႕ေရးသား။

– RB လုိက္ပ္ဇစ္အသင္းမွာ လက္တြဲခဲ့ဖူးတဲ့ ေဆာက္သမ္တန္နည္းျပ ရာ့လ္ဖ္ ေဟဆန္ဟြတ္တယ္လ္က တီမို ဗာနာအေနနဲ႔ အသင္းသစ္မွာ ေအာင္ျမင္လိမ့္မယ္လို႔ ယုံၾကည္ေၾကာင္းနဲ႔ သူ႔ရဲ႕အရည္အေသြးဟာ အလြန္အံ့အားသင့္စရာေကာင္းေၾကာင္း သူ႔တပည့္ေဟာင္းအေပၚ ခ်ီးက်ဳးသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နည်းပြ ဖရန့်လမ်းပတ်က ချဲလ်ဆီးအသင်းမှာရှိတဲ့ ကစားသမားဟောင်းတွေရော အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေ အားလုံးမှာပါ ပွဲထွက်ကစားခွင့်နဲ့ ပတ်သက်ပြီး တူညီတဲ့ အခွင့်ရေးရှိကြောင်း ပြောကြား။

– ချဲလ်ဆီးနည်းပြ လမ်းပတ်က ဒီရာသီ အပြောင်းအရွှေ့မှာ ငွေကြေးများစွာသုံးစွဲပြီး အသင်းကို ပြုပြင်ခဲ့တာဟာ အဓိက ကစားသမား အီဒင် ဟာဇက်ရဲ့ ကွက်လပ်ကို ပြန်လည်အစားထိုးနိုင်ဖို့ လုပ်ဆောင်ခဲ့တာလို့ဆို။

– ပြင်သစ်အသင်းနဲ့ သွားရောက်ကစားပြီး ဒဏ်ရာရနေခဲ့တဲ့ အသင်းရဲ့ကွင်းလယ်ကစားသမား အန်ဂိုလို ကွန်တေအနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမတိုင်ခင် ပွဲကြိုလေ့ကျင့်ခန်းအစီအစဉ်မှာ အချိန်မီ ပြန်လည်ပါဝင်လာ။

– ဆီနီဂေါနဲ့ လက်ရွေးစင်ပွဲသွားကစားရင်း ပေါင်ကြွက်သားဒဏ်ရာရရှိသွားခဲ့တဲ့ ဂိုးသမား မန်ဒီဟာ ယနေ့ ဆောက်သမ်တန်နဲ့ ပွဲအတွက် ကြံခိုင်မှု မပြည့်ဝတာကြောင့် ပါဝင်နိုင်ဖို့ မရှိဘူးလို့ ချဲလ်ဆီး ကြေငြာ။

– အေစီမီလန်အသင်းနဲ့ စာချုပ်သစ် မချုပ်ရသေးဘဲ အနာဂတ် မသေချာသေးတဲ့ ဂိုးသမား ဂျန်လွီဂီ ဒွန်နာရမ်မာကို ချဲလ်ဆီးအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိနိုင်ဖို့ ကြိုးစားနေ။

– အံ့သြစရာ သတင်းတစ်ရပ်အဖြစ် ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကာလကတုန်းက ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေခဲ့တဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီအတွက် ချဲလ်ဆီးအသင်းက တစ်ပတ်လုပ်ခ ပေါင် ၆ သိန်းပေးချေဖို့ အဆင်သင့်ရှိခဲ့တယ်လို့ သတင်းဌာနအချို့ရေးသား။

– RB လိုက်ပ်ဇစ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ဆောက်သမ်တန်နည်းပြ ရာ့လ်ဖ် ဟေဆန်ဟွတ်တယ်လ်က တီမို ဗာနာအနေနဲ့ အသင်းသစ်မှာ အောင်မြင်လိမ့်မယ်လို့ ယုံကြည်ကြောင်းနဲ့ သူ့ရဲ့အရည်အသွေးဟာ အလွန်အံ့အားသင့်စရာကောင်းကြောင်း သူ့တပည့်ဟောင်းအပေါ် ချီးကျုးသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.