Other Leagues Premier League Transfer News

ျပည္တြင္းအေျပာင္းအေရႊ႕ Deadline Day အေျပာင္းအေရႊ႕မ်ား စုစည္းမွဳ

– လီဗာပူးလ္အသင္းက ေခၚယူမယ့္ ဂိုးသမားသစ္အျဖစ္ နာမည္ထြက္ေနတဲ့ စတုတ္စီးတီးရဲ႕ ဂ်က္ခ္ ဘတ္လန္းကေတာ့ ေက်ာ္ေတာ့ ေလွသူႀကီး၊ ညားေတာ့ ေလွထိုးသားဆုိသလို လန္ဒန္ကလပ္ ခရစၥတယ္လ္ပဲေလ့စ္ ေပါင္ ၁ သန္းနဲ႔ ေျပာင္းေရႊ႕သြားခဲ့။

– ေဆးက်တယ္လို႔ သတင္းထြက္ခဲ့တဲ့ ဘရန္႔ဖို႔ဒ္ရဲ႕ ဆာအိဒ္ ဘင္ရာမာကို ဒါေၾကာင့္ပဲ အငွားနဲ႔ ေခၚယူလုိက္တာ ျဖစ္ႏုိင္ၿပီး တစ္ႏွစ္ အငွားေၾကး ေပါင္ ၅ သန္း၊ ေႏြရာသီမွာ အၿပီးသတ္ စာခ်ဳပ္ခ်ဳပ္ခြင့္ ၂၅ သန္းနဲ႔ ဝက္စ္ဟမ္း ေခၚယူ။

– လီဗာပူးလ္အသင္းရဲ႕ လူငယ္တုိက္စစ္မွဴး ဟာဗီ အီးလီးေယာ့ကိုေတာ့ ဒီရာသီမွာ ပုိမုိကစားခြင့္ ရရွိဖို႔ အသင္းတာဝန္ရွိသူေတြက အငွားခ်လုိက္ၿပီျဖစ္ၿပီး ခ်န္ပီယံရွစ္ကလပ္ ဘလက္ဘန္း ႐ိုဗာစ္ကို တစ္ရာသီအငွားနဲ႔ ေရာက္ရွိ။

– စပါးစ္အသင္းကေတာ့ ပရီးမီးယားလိဂ္ ေနာက္ခံလူေတြကို မေခၚယူႏုိင္ခဲ့ခ်ိန္မွာ ေဝးလ္လက္ေရြးစင္နည္းျပ ႐ိုင္ယန္ဂစ္ရဲ႕ မွတ္ခ်က္ေကာင္းေတြ ရရွိထားခဲ့တဲ့ ဆြမ္းဆီးေနာက္ခံလူ ဂ်ဳိး႐ိုဒန္ကို ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၁၁ သန္း+ခံစားခြင့္ ၄ သန္း၊ ငါးႏွစ္စာခ်ဳပ္နဲ႔ ေက်ာနံပါတ္ ၁၄ ကို ေပးအပ္။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ အကယ္ဒမီထြက္ အဂၤလန္လူငယ္ေနာက္ခံလူ ဂ်ဳိယယ္လ္ လာတီဘိုဒီေယးနဲ႔ ဝုလ္ဗ္စ္ေနာက္ခံလူ ႐ိုင္ယန္ ဘန္းနက္တို႔ကို ဆြမ္းဆီးအသင္းက သုံးႏွစ္စာခ်ဳပ္စီ အသီးသီးခ်ဳပ္ဆုိ ေခၚယူသြားခဲ့။

– အသင္းရဲ႕ ေျပာင္းေရႊ႕ေၾကးေတာင္းဆုိမွဳကို ေခၚယူလိုတဲ့သူေတြက မေပးႏုိင္တာေၾကာင့္ ေရာင္းမထြက္ႏုိင္တဲ့ ေတာင္ပံကစားသမား ဟာရီ ဝီလ္ဆန္ကို ကာဒစ္ဖ္စီးတီးအသင္းဆီ လီဗာပူးလ္အသင္းက တစ္ရာသီ အငွားခ်။

– ဟတ္ဒါစ္ဖီးလ္ေတာင္းအသင္းရဲ႕ ေနာက္ခံလူ တဲရင့္စ္ ကြန္ဂိုလိုအတြက္ ဖူလ္ဟမ္အသင္း ေခၚယူခဲ့ၿပီး ေျပာင္းေရႊ႕ေၾကး ေပါင္ ၄ သန္းနဲ႔ ခံစားခြင့္ေတြ ေပးေခ်ခဲ့ရသလို ၂၀၂၄ အထိ အသင္းမွာ ရွိေနေစမယ့္ စာခ်ဳပ္ကို ခ်ဳပ္ဆုိသြား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– လီဗာပူးလ်အသင်းက ခေါ်ယူမယ့် ဂိုးသမားသစ်အဖြစ် နာမည်ထွက်နေတဲ့ စတုတ်စီးတီးရဲ့ ဂျက်ခ် ဘတ်လန်းကတော့ ကျော်တော့ လှေသူကြီး၊ ညားတော့ လှေထိုးသားဆိုသလို လန်ဒန်ကလပ် ခရစ္စတယ်လ်ပဲလေ့စ် ပေါင် ၁ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့။

– ဆေးကျတယ်လို့ သတင်းထွက်ခဲ့တဲ့ ဘရန့်ဖို့ဒ်ရဲ့ ဆာအိဒ် ဘင်ရာမာကို ဒါကြောင့်ပဲ အငှားနဲ့ ခေါ်ယူလိုက်တာ ဖြစ်နိုင်ပြီး တစ်နှစ် အငှားကြေး ပေါင် ၅ သန်း၊ နွေရာသီမှာ အပြီးသတ် စာချုပ်ချုပ်ခွင့် ၂၅ သန်းနဲ့ ဝက်စ်ဟမ်း ခေါ်ယူ။

– လီဗာပူးလ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟာဗီ အီးလီးယော့ကိုတော့ ဒီရာသီမှာ ပိုမိုကစားခွင့် ရရှိဖို့ အသင်းတာဝန်ရှိသူတွေက အငှားချလိုက်ပြီဖြစ်ပြီး ချန်ပီယံရှစ်ကလပ် ဘလက်ဘန်း ရိုဗာစ်ကို တစ်ရာသီအငှားနဲ့ ရောက်ရှိ။

– စပါးစ်အသင်းကတော့ ပရီးမီးယားလိဂ် နောက်ခံလူတွေကို မခေါ်ယူနိုင်ခဲ့ချိန်မှာ ဝေးလ်လက်ရွေးစင်နည်းပြ ရိုင်ယန်ဂစ်ရဲ့ မှတ်ချက်ကောင်းတွေ ရရှိထားခဲ့တဲ့ ဆွမ်းဆီးနောက်ခံလူ ဂျိုးရိုဒန်ကို ကနဦးပြောင်းရွှေ့ကြေး ပေါင် ၁၁ သန်း+ခံစားခွင့် ၄ သန်း၊ ငါးနှစ်စာချုပ်နဲ့ ကျောနံပါတ် ၁၄ ကို ပေးအပ်။

– မန်ချက်စတာစီးတီးအသင်းရဲ့ အကယ်ဒမီထွက် အင်္ဂလန်လူငယ်နောက်ခံလူ ဂျိုယယ်လ် လာတီဘိုဒီယေးနဲ့ ဝုလ်ဗ်စ်နောက်ခံလူ ရိုင်ယန် ဘန်းနက်တို့ကို ဆွမ်းဆီးအသင်းက သုံးနှစ်စာချုပ်စီ အသီးသီးချုပ်ဆို ခေါ်ယူသွားခဲ့။

– အသင်းရဲ့ ပြောင်းရွှေ့ကြေးတောင်းဆိုမှုကို ခေါ်ယူလိုတဲ့သူတွေက မပေးနိုင်တာကြောင့် ရောင်းမထွက်နိုင်တဲ့ တောင်ပံကစားသမား ဟာရီ ဝီလ်ဆန်ကို ကာဒစ်ဖ်စီးတီးအသင်းဆီ လီဗာပူးလ်အသင်းက တစ်ရာသီ အငှားချ။

– ဟတ်ဒါစ်ဖီးလ်တောင်းအသင်းရဲ့ နောက်ခံလူ တဲရင့်စ် ကွန်ဂိုလိုအတွက် ဖူလ်ဟမ်အသင်း ခေါ်ယူခဲ့ပြီး ပြောင်းရွှေ့ကြေး ပေါင် ၄ သန်းနဲ့ ခံစားခွင့်တွေ ပေးချေခဲ့ရသလို ၂၀၂၄ အထိ အသင်းမှာ ရှိနေစေမယ့် စာချုပ်ကို ချုပ်ဆိုသွား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.