MLS Messi

ဘလွန်ဒေါဆုကြီးကို ပိုင်ရှင်လက်ထဲမအပ်မီ စောင့်ရှောက်ပေးနေတဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက ၂၀၂၃ ခုနှစ်အတွက် ဘလွန်ဒေါဆုရှင်ကို မကြေညာမီ ပိုင်ရှင်လက်ထဲမအပ်မီ ဂုဏ်သိက္ခာကြီးမားတဲ့ဆုကြီးကို မက်ဆီအတွက် လုံခြုံအောင်ထားထားတယ်လို့ X မှာ ရေးသားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ အာဂျင်တီးနားကို ၂၀၂၂ ကမ္ဘာ့ဖလား အောင်ပွဲရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် ၈ ကြိမ်မြောက် ဘလွန်ဒေါဆုကို ရရှိဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေတာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့်တိုက်စစ်မှူး အာလင်း ဟာလန်းက ဂွါဒီယိုလာရဲ့အသင်းအတွက် ကြောက်မက်ဖွယ်ဂိုးသွင်းစွမ်းရည်နဲ့ ဆုဖလား ၃ လုံးရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အာဂျင်တီးနားကြယ်ပွင့်နဲ့အပြိုင် ဘလွန်ဒေါဆုအတွက် ရေပန်းစားနေတာဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့ တနင်္လာနေ့ည ပဲရစ်မှာ ဆုရရှိသူကို ကြေညာသွားတော့မှာဖြစ်ပြီး ဆန်ခါစာရင် ၃၀ ဦးစာရင်း ကြေညာထားပေမယ့်လည်း လီယွန်နယ် မက်ဆီကသာ ဘလွန်ဒေါဆုကို ရရှိသွားမှာဖြစ်တယ်လို့ အားလုံးက ကြိုတင်သိရှိနေကြတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီကလည်း လီယွန်နယ် မက်ဆီက အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားရယူပေးခဲ့တဲ့ပုံစံကို ကြည့်လိုက်မယ်ဆိုရင် ဘလွန်ဒေါဆုနဲ့ မထိုက်တန်ဘူးလို့ ပြောလို့မရကြောင်းနဲ့ အာဂျင်တီးနားဂန္တဝင်ပဲ ဆုရသွားမှာဖြစ်တယ်လို့ ထောက်ခံခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ၂၀၂၃ ခုႏွစ္အတြက္ ဘလြန္ေဒါဆုရွင္ကို မေၾကညာမီ ပိုင္ရွင္လက္ထဲမအပ္မီ ဂုဏ္သိကၡာႀကီးမားတဲ့ဆုႀကီးကို မက္ဆီအတြက္ လုံၿခဳံေအာင္ထားထားတယ္လို႔ X မွာ ေရးသားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ အာဂ်င္တီးနားကို ၂၀၂၂ ကမာၻ႔ဖလား ေအာင္ပြဲရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ ၈ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို ရရွိဖို႔အတြက္ ေရပန္းအစားဆုံးျဖစ္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးၾကယ္ပြင့္တိုက္စစ္မႉး အာလင္း ဟာလန္းက ဂြါဒီယိုလာရဲ႕အသင္းအတြက္ ေၾကာက္မက္ဖြယ္ဂိုးသြင္းစြမ္းရည္နဲ႔ ဆုဖလား ၃ လုံးရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ အာဂ်င္တီးနားၾကယ္ပြင့္နဲ႔အၿပိဳင္ ဘလြန္ေဒါဆုအတြက္ ေရပန္းစားေနတာျဖစ္ပါတယ္။

ေအာက္တိုဘာ ၃၀ ရက္ေန႔ တနလၤာေန႔ည ပဲရစ္မွာ ဆုရရွိသူကို ေၾကညာသြားေတာ့မွာျဖစ္ၿပီး ဆန္ခါစာရင္ ၃၀ ဦးစာရင္း ေၾကညာထားေပမယ့္လည္း လီယြန္နယ္ မက္ဆီကသာ ဘလြန္ေဒါဆုကို ရရွိသြားမွာျဖစ္တယ္လို႔ အားလုံးက ႀကိဳတင္သိရွိေနၾကတာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီကလည္း လီယြန္နယ္ မက္ဆီက အာဂ်င္တီးနားအတြက္ ကမာၻ႔ဖလားရယူေပးခဲ့တဲ့ပုံစံကို ၾကည့္လိုက္မယ္ဆိုရင္ ဘလြန္ေဒါဆုနဲ႔ မထိုက္တန္ဘူးလို႔ ေျပာလို႔မရေၾကာင္းနဲ႔ အာဂ်င္တီးနားဂႏၲဝင္ပဲ ဆုရသြားမွာျဖစ္တယ္လို႔ ေထာက္ခံခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.