Premier League
ဇောင်းကြွနေတဲ့ အန်တိုနီကို ပွဲအပြီးမှာ ခပ်ဆတ်ဆတ်လေး ထပ်ဗျင်းလိုက်တဲ့ ဒိုကု
ဂျယ်ရမီး ဒိုကုဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အန်တိုနီနဲ့ ပြဿနာတက်ခဲ့ပြီးနောက် ပွဲအပြီး လူမှုကွန်ရက်ပေါ်မှာ ထပ်မံ လှောင်ပြောင်ခဲ့ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့တာဖြစ်ပြီး အာလင်း ဟာလန်းနဲ့ ဖိုဒန်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပရီးမီးယားလိဂ်ချန်ပီယံတွေက အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အန်တိုနီက မန်စီးတီးနဲ့ပွဲစဉ်မှာ ၃-၀ နဲ့ နောက်ကနေ လိုက်ကစားနေရချိန်မှာ နောက်ကျ လူစားဝင်ကစားသမားအဖြစ် ခေါ်ယူခြင်းခံခဲ့ရတာဖြစ်ပြီး ဘရာဇီးလ်တောင်ပံကစားသမားဟာ စိတ်မထိန်းနိုင်ဘဲ ညာတောင်ပံမှာ ဒိုကုကို ကန်ကျောက်ခဲ့တာ ဖြစ်ပါတယ်။
ဒိုကုက အန်တိုနီကို လက်ညှိုးငေါက်ငေါက်ထိုး ရန်တွေ့ခဲ့ပြီး မတ်တီအို ကိုဗာချစ်က အခြေအနေကို တည်ငြိမ်သွားအောင် ကြားဝင်ထိန်းသိမ်းပေးခဲ့ပြီးနောက် မန်ယူနိုက်တက်တောင်ပံကစားသမားဟာ ပေါလ် တီယာနီရဲ့ အဝါကတ်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။
ပွဲအပြီးမှာတော့ ဒိုကုက အန်တိုနီနဲ့ ပြဿနာတက်နေတဲ့ပုံနဲ့အတူ “စိတ်အေးအေးထားပါ။ မန်ချက်စတာက အပြာရောင်ပဲ”လို့ လှောင်ပြောင်ရေးသားခဲ့တာဖြစ်ပြီး တစ်ဆက်တည်းမှာပဲ မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂယ်ရီ နဗီးက အန်တိုနီရဲ့ ဒိုကုအပေါ် ပြုမူခဲ့တဲ့ လုပ်ဆောင်မှုက အရှက်ရစရာဖြစ်တယ်လို့ ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။
“ဒိုကုရဲ့ တုံ့ပြန်မှုက လုံးဝ မှန်တယ်။ အန်တိုနီက သူ့ကို ကန်ခဲ့တာပါ။ လုံးဝ မှန်တယ် ဒိုကု။ ယူနိုက်တက်က စည်းကမ်းမဲ့ခဲ့တယ်။ ဒါက လုံးဝကို ရယ်စရာကောင်းတယ်။ ကျွန်တော်သာဆိုရင် သူ့ကို ထုတ်ပစ်မယ်။ အန်တိုနီဆီကနေ လုံးဝကို ရယ်စရာကောင်းတဲ့လုပ်ရပ်ပဲ။ အဲဒါက အရှက်ရစရာကောင်းတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI: ဂျယ်ရမီး ဒိုကုဟာ တနင်္ဂနွေနေ့မှာ မန်ချက်စတာယူနိုက်တက်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း အန်တိုနီနဲ့ ပြဿနာတက်ခဲ့ပြီးနောက် ပွဲအပြီး လူမှုကွန်ရက်ပေါ်မှာ ထပ်မံ လှောင်ပြောင်ခဲ့ပါတယ်။
REF: INTERNET SOURCES
SPORTS A2Z.