Premier League

ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်ရာထူးက ဖြုတ်ဖို့ တောင်းဆိုလိုက်တဲ့ သရဲနီဂန္တဝင်

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရွိုင် ကီးန်က အဲရစ် တန်ဟက်အနေနဲ့ ဘရူနို ဖာနန်ဒက်စ်ကို အသင်းခေါင်းဆောင်ရာထူးကနေ ဖြုတ်ပစ်ပြီး အမှားကို ပြန်ပြင်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဟာရီ မက်ဂွိုင်းယားဆီကနေ အသင်းခေါင်းဆောင်လက်ပတ်ကို လွှဲပြောင်းပေးအပ်ခြင်းခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ အင်္ဂလန်နောက်ခံလူက ပုံမှန်ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ကစားပေးခွင့်မရခဲ့တဲ့အချိန်မှာ အသင်းကို ဦးဆောင်ပေးခဲ့ပြီးနောက် တာဝန်ပေးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ရာသီ အန်းဖီးမှာ လီဗာပူးလ်ကို ၇-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း စည်းကြပ်ဒိုင်ကို တွန်းခဲ့တဲ့အချိန်မှာ ပြစ်တင်ဝေဖန်မှုတွေအများအပြား ခံခဲ့ရတာဖြစ်ပြီး ဂယ်ရီ နဗီးက မန်စီးတီးကို ၃-၀ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဘယ်သူ့ကိုမှ ဆွဲဆောင်နိုင်ခဲ့ခြင်းမရှိဘူးလို့ ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ရွိုင် ကီးန်က အဲဒီထက်ပိုမိုပြင်းထန်တဲ့ ပြစ်တင်ကြိမ်းမောင်းမှုတွေ ပြုလုပ်ခဲ့ပြီး တန်ဟက်အနေနဲ့ ဘရူနို ဖာနန်ဒက်စ်ဆီကနေ အသင်းခေါင်းဆောင်လက်ပတ်ကို ပြန်လည်သိမ်းယူသင့်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် လုပ်မယ့် ပထမဆုံးအရာက အသင်းခေါင်းဆောင်ကို ပြောင်းလဲပစ်မှာပါ။ ဘရူနို ဖာနန်ဒက်စ်က အသင်းခေါင်းဆောင်အရည်အချင်းမျိုးရှိတဲ့သူမဟုတ်ပါဘူး။ သူက တစ်ချိန်လုံး ရေရွတ်ညည်းတွားနေတာပါ။ သူက ကျွန်တော့်အတွက်တော့ အသင်းခေါင်းဆောင်တစ်ယောက်ရှိသင့်တဲ့အရာတွေနဲ့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ။ ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ႐ြိဳင္ ကီးန္က အဲရစ္ တန္ဟက္အေနနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ကို အသင္းေခါင္းေဆာင္ရာထူးကေန ျဖဳတ္ပစ္ၿပီး အမွားကို ျပန္ျပင္သင့္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဟာရီ မက္ဂြိဳင္းယားဆီကေန အသင္းေခါင္းေဆာင္လက္ပတ္ကို လႊဲေျပာင္းေပးအပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီမွာ အဂၤလန္ေနာက္ခံလူက ပုံမွန္ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ကစားေပးခြင့္မရခဲ့တဲ့အခ်ိန္မွာ အသင္းကို ဦးေဆာင္ေပးခဲ့ၿပီးေနာက္ တာဝန္ေပးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ရာသီ အန္းဖီးမွာ လီဗာပူးလ္ကို ၇-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း စည္းၾကပ္ဒိုင္ကို တြန္းခဲ့တဲ့အခ်ိန္မွာ ျပစ္တင္ေဝဖန္မႈေတြအမ်ားအျပား ခံခဲ့ရတာျဖစ္ၿပီး ဂယ္ရီ နဗီးက မန္စီးတီးကို ၃-၀ နဲ႔ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ဘယ္သူ႔ကိုမွ ဆြဲေဆာင္ႏိုင္ခဲ့ျခင္းမရွိဘူးလို႔ ေဝဖန္ျပစ္တင္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ႐ြိဳင္ ကီးန္က အဲဒီထက္ပိုမိုျပင္းထန္တဲ့ ျပစ္တင္ႀကိမ္းေမာင္းမႈေတြ ျပဳလုပ္ခဲ့ၿပီး တန္ဟက္အေနနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္ဆီကေန အသင္းေခါင္းေဆာင္လက္ပတ္ကို ျပန္လည္သိမ္းယူသင့္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ လုပ္မယ့္ ပထမဆုံးအရာက အသင္းေခါင္းေဆာင္ကို ေျပာင္းလဲပစ္မွာပါ။ ဘ႐ူႏို ဖာနန္ဒက္စ္က အသင္းေခါင္းေဆာင္အရည္အခ်င္းမ်ိဳးရွိတဲ့သူမဟုတ္ပါဘူး။ သူက တစ္ခ်ိန္လုံး ေရ႐ြတ္ညည္းတြားေနတာပါ။ သူက ကြၽန္ေတာ့္အတြက္ေတာ့ အသင္းေခါင္းေဆာင္တစ္ေယာက္ရွိသင့္တဲ့အရာေတြနဲ႔ လုံးဝကို ဆန႔္က်င္ဘက္ပါပဲ။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.