Premier League

မန်စီးတီးနဲ့ပွဲက မန်ယူနိုက်တက်ရဲ့ကြီးမားတဲ့အမှား ၂ ခုကို ထောက်ပြခဲ့တဲ့ အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်ရဲ့ စည်းလုံးညီညွတ်မှုနဲ့ယုံကြည်မှုကင်းမဲ့နေမှုက တနင်္ဂနွေနေ့ မန်စီးတီးကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့မှုရဲ့ နောက်ကွယ်က ကြီးမားတဲ့ အချက် ၂ ချက်ဖြစ်ခဲ့တယ်လို့ ယုံကြည်နေပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာ သက်တောင့်သက်သာနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာလင်း ဟာလန်းရဲ့ သွင်းဂိုး ၂ ဂိုး၊ ဖီးလ် ဖိုဒန်က ပွဲကစားချိန် ၁၀ မိနစ်သာ ကျန်တော့တဲ့အချိန်မှာ အနီးကပ်ကန်သွင်းချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ မန်ချက်စတာစီးတီးကို ယှဉ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် ဒုတိယပိုင်းမှာ တော်တော်လေး ဆိုးရွားခဲ့ပြီးနောက် တန်ဟက်ရဲ့အသင်းဟာ ယခုရာသီ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက မန်ချက်စတာယူနိုက်တက်ရဲ့ ခံစစ်ကနေ တိုက်စစ် စတင်နိုင်စွမ်းမရှိမှုက ကစားသမားတွေရဲ့ ယုံကြည်ချက်ကို မှေးမှိန်စေပြီး တိုက်စစ်နဲ့ ခံစစ်ကစားသမားတွေကြား အချိတ်အဆက်မမိမှုက မန်စီးတီးကို နေရာလွတ်တွေ အများကြီး ရရှိစေခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“နှစ်သင်းကြားက ကွာဟချက်က ပွဲကြာလေလေ ကြီးလာလေလေ ဖြစ်ခဲ့တယ်လို့ ကျွန်တော် ပြောရပါလိမ့်မယ်။ အဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်လို ကြီးမားတဲ့အသင်းအတွက် ခင်ဗျား စိတ်မကောင်းဖြစ်ခဲ့မိမှာပါ။ ဘာလို့လဲဆိုတော့ အသင်းမှာ ဘာမှ မျှော်လင့်စရာမရှိနေလို့ပါ။ သူတို့တွေ ဘယ်နေရာမှာ တိုးတက်အောင် လုပ်နိုင်မလဲဆိုတာ ကျွန်တော် မမြင်ပါဘူး။ ဒီအသင်းက ယုံကြည်ချက်၊ အရည်အသွေးနဲ့ ဒီနေ့မှာဆိုရင် စိတ်ဝိဉာဉ်တောင် ပျောက်ဆုံးနေခဲ့တယ်။ အဲဒါက မန်ယူနိုက်တက်ဆီကနေ အရမ်းကောင်းတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်မဟုတ်ခဲ့ဘူးလို့ ကျွန်တော် ပြောရပါလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်က အများကြီး ခံစားခဲ့ရတယ်လို့ ကျွန်တော် ယုံတယ်။ ပထမဆုံးအနေနဲ့ အရည်အသွေးပိုင်းနဲ့ ကစားသမားတွေ တစ်ဦးချင်းစီရဲ့အရည်အသွေးပိုင်းမှာပေါ့။ ဒီနေ့မှာ သူတို့တွေ ခံစစ်ကနေ တိုက်စစ်ကို စတင်ရာမှာ အရမ်းကို ဆိုးရွားခဲ့တယ်လို့ ကျွန်တော် ခံစားခဲ့ရပါတယ်။ သူတို့တွေ တိုက်စစ်ကို ပေးပြီး ကစားနိုင်ခြေရှိတဲ့အချိန်မှာတောင် ဂိုးသမားကို အကြိမ်ပေါင်းများစွာ ဘောလုံးပြန်ပေးခဲ့တယ်။ ကျွန်တော်ကတော့ အဲဒီကနေ စလွဲနေတာလို့ပဲ ပြောရမှာပဲ။ ပြီးတော့ ခင်ဗျား ကြောက်ရွံ့မှုကို နောက်ကွယ်မှာ ခံစားနေရတဲ့အခါမှာ ဘောလုံးမလိုချင်တာကြောင့် တစ်သင်းလုံးက မရေမရာနဲ့ ယုံကြည်မှု ပျောက်ဆုံးခဲ့တယ်။ သူတို့ရဲ့ ဒီနေ့ အကြီးမားဆုံးပြဿနာရဲ့ ဒုတိယပိုင်းက တိုက်စစ်မှူးနဲ့ ခံစစ်ကစားသမားတွေကြား အကွာအဝေးက ကြီးမားနေခဲ့တာလို့ ပြောရပါလိမ့်မယ်။ တိုက်စစ်မှူးတွေက ပြိုင်ဘက်ကစားသမားတွေကို ပိတ်ဆို့ပြီး ဖိအားပေးဖို့ လုပ်နေတဲ့အခြေအနေမှာ ခံစစ်ကစားသမားတွေက ကွင်းလယ်စည်းရဲ့အနောက် မီတာ ၂၀ မှာရှိနေခဲ့ပါတယ်။ခင်ဗျား ဒီလို အကွာအဝေးက ကြီးမားနေတဲ့အခါမှာ မန်စီးတီးလိုအသင်းဆီကနေ ဘောလုံးပြန်ရဖို့က မဖြစ်နိုင်ပါဘူး။ တစ်ဦးချင်းအရည်အသွေး ကွာခြားခဲ့ပြီးနောက် အသင်းက လုံလောက်တဲ့ ကျစ်လစ်မှုမရှိခဲ့ပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္ဝင္းဂါးက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ စည္းလုံးညီၫြတ္မႈနဲ႔ယုံၾကည္မႈကင္းမဲ့ေနမႈက တနဂၤေႏြေန႔ မန္စီးတီးကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့မႈရဲ႕ ေနာက္ကြယ္က ႀကီးမားတဲ့ အခ်က္ ၂ ခ်က္ျဖစ္ခဲ့တယ္လို႔ ယုံၾကည္ေနပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီမွာ သက္ေတာင့္သက္သာနဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အာလင္း ဟာလန္းရဲ႕ သြင္းဂိုး ၂ ဂိုး၊ ဖီးလ္ ဖိုဒန္က ပြဲကစားခ်ိန္ ၁၀ မိနစ္သာ က်န္ေတာ့တဲ့အခ်ိန္မွာ အနီးကပ္ကန္သြင္းခ်က္နဲ႔ သြင္းယူခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ မန္ခ်က္စတာစီးတီးကို ယွဥ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး အထူးသျဖင့္ ဒုတိယပိုင္းမွာ ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့ၿပီးေနာက္ တန္ဟက္ရဲ႕အသင္းဟာ ယခုရာသီ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၅ ပြဲအထိ ရႈံးနိမ့္ခဲ့ၿပီျဖစ္ပါတယ္။

အာဆင္နယ္နည္းျပေဟာင္းႀကီး အာဆင္ဝင္းဂါးက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ခံစစ္ကေန တိုက္စစ္ စတင္ႏိုင္စြမ္းမရွိမႈက ကစားသမားေတြရဲ႕ ယုံၾကည္ခ်က္ကို ေမွးမွိန္ေစၿပီး တိုက္စစ္နဲ႔ ခံစစ္ကစားသမားေတြၾကား အခ်ိတ္အဆက္မမိမႈက မန္စီးတီးကို ေနရာလြတ္ေတြ အမ်ားႀကီး ရရွိေစခဲ့တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“ႏွစ္သင္းၾကားက ကြာဟခ်က္က ပြဲၾကာေလေလ ႀကီးလာေလေလ ျဖစ္ခဲ့တယ္လို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ အဆုံးမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္လို ႀကီးမားတဲ့အသင္းအတြက္ ခင္ဗ်ား စိတ္မေကာင္းျဖစ္ခဲ့မိမွာပါ။ ဘာလို႔လဲဆိုေတာ့ အသင္းမွာ ဘာမွ ေမွ်ာ္လင့္စရာမရွိေနလို႔ပါ။ သူတို႔ေတြ ဘယ္ေနရာမွာ တိုးတက္ေအာင္ လုပ္ႏိုင္မလဲဆိုတာ ကြၽန္ေတာ္ မျမင္ပါဘူး။ ဒီအသင္းက ယုံၾကည္ခ်က္၊ အရည္အေသြးနဲ႔ ဒီေန႔မွာဆိုရင္ စိတ္ဝိဉာဥ္ေတာင္ ေပ်ာက္ဆုံးေနခဲ့တယ္။ အဲဒါက မန္ယူႏိုက္တက္ဆီကေန အရမ္းေကာင္းတဲ့ တိုက္ပြဲဝင္စိတ္ဓာတ္မဟုတ္ခဲ့ဘူးလို႔ ကြၽန္ေတာ္ ေျပာရပါလိမ့္မယ္။ မန္ခ်က္စတာယူႏိုက္တက္က အမ်ားႀကီး ခံစားခဲ့ရတယ္လို႔ ကြၽန္ေတာ္ ယုံတယ္။ ပထမဆုံးအေနနဲ႔ အရည္အေသြးပိုင္းနဲ႔ ကစားသမားေတြ တစ္ဦးခ်င္းစီရဲ႕အရည္အေသြးပိုင္းမွာေပါ့။ ဒီေန႔မွာ သူတို႔ေတြ ခံစစ္ကေန တိုက္စစ္ကို စတင္ရာမွာ အရမ္းကို ဆိုး႐ြားခဲ့တယ္လို႔ ကြၽန္ေတာ္ ခံစားခဲ့ရပါတယ္။ သူတို႔ေတြ တိုက္စစ္ကို ေပးၿပီး ကစားႏိုင္ေျခရွိတဲ့အခ်ိန္မွာေတာင္ ဂိုးသမားကို အႀကိမ္ေပါင္းမ်ားစြာ ေဘာလုံးျပန္ေပးခဲ့တယ္။ ကြၽန္ေတာ္ကေတာ့ အဲဒီကေန စလြဲေနတာလို႔ပဲ ေျပာရမွာပဲ။ ၿပီးေတာ့ ခင္ဗ်ား ေၾကာက္႐ြံ႕မႈကို ေနာက္ကြယ္မွာ ခံစားေနရတဲ့အခါမွာ ေဘာလုံးမလိုခ်င္တာေၾကာင့္ တစ္သင္းလုံးက မေရမရာနဲ႔ ယုံၾကည္မႈ ေပ်ာက္ဆုံးခဲ့တယ္။ သူတို႔ရဲ႕ ဒီေန႔ အႀကီးမားဆုံးျပႆနာရဲ႕ ဒုတိယပိုင္းက တိုက္စစ္မႉးနဲ႔ ခံစစ္ကစားသမားေတြၾကား အကြာအေဝးက ႀကီးမားေနခဲ့တာလို႔ ေျပာရပါလိမ့္မယ္။ တိုက္စစ္မႉးေတြက ၿပိဳင္ဘက္ကစားသမားေတြကို ပိတ္ဆို႔ၿပီး ဖိအားေပးဖို႔ လုပ္ေနတဲ့အေျခအေနမွာ ခံစစ္ကစားသမားေတြက ကြင္းလယ္စည္းရဲ႕အေနာက္ မီတာ ၂၀ မွာရွိေနခဲ့ပါတယ္။ခင္ဗ်ား ဒီလို အကြာအေဝးက ႀကီးမားေနတဲ့အခါမွာ မန္စီးတီးလိုအသင္းဆီကေန ေဘာလုံးျပန္ရဖို႔က မျဖစ္ႏိုင္ပါဘူး။ တစ္ဦးခ်င္းအရည္အေသြး ကြာျခားခဲ့ၿပီးေနာက္ အသင္းက လုံေလာက္တဲ့ က်စ္လစ္မႈမရွိခဲ့ပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.