Match Report Premier League

ကတုံးချင်း တူပေမယ့် IQ ချင်း မတူကြောင်းနဲ့ ရှုံးမဲအသင်းကို ဗုံးကြဲခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ဝေါ်လ်ကာ၊ ရူဘင် ဒီယက်စ်နဲ့ ဂွါဒီယောလ်တို့ကို အသုံးပြုခဲ့ကြပြီး ကွင်းလယ်မှာတော့ ဂျွန်စတုန်းစ်၊ ရိုဒရီ၊ ဘာနာဒို ဆေးလ်ဗား၊ ဖိုဒန်၊ ဂရီးလစ်ရှ်နဲ့ အယ်လ်ဗာရက်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်းကိုပဲ တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် မန်ချက်စတာယူနိုက်တက်တို့ကတော့ ဂိုးသမား အိုနာနာ၊ ခံစစ်မှာ မက်ဂွိုင်းယား၊ အီဗန်စ်၊ ဒါလော့နဲ့ လင်ဒီလော့ဖ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ အဲရစ်ဆန်၊ အမ်မရာဘတ်နဲ့ မက်တော်မီနေးတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာပါ။

မန်ယူတို့ရဲ့ ခံစစ်ကြီးက ခေါင်းကြီးနဲ့ အဘိုးကြီး တွဲကစားပြီး ဘယ်ခြမ်းမှာလည်း လင်ဒီလော့ဖ် ခြုံရင် တစ်ကိုယ်လုံး လုံတယ်ဆိုတဲ့ အားရစရာ ခံစစ်အတွေးအခေါ်ကြီး ဖြစ်နေခဲ့တော့ မန်စီးတီးနဲ့ ယှဉ်ကစားဖို့က ဒါမျိုးကြီးလားဟယ်လို့ မေးစရာဖြစ်ခဲ့သလို ကွင်းလယ်မှာလည်း ဘယ်သူက အဖျက်မှန်း မသိဘဲ ဝေဝေဝါးဝါး ကစားနေခဲ့ချိန်မှာ ဘရူနို ဖာနန်ဒက်စ်က ညာခြမ်းလိုလို အလယ်လိုလိုနဲ့ အဖြစ်က တော်တော်လေးဆိုးခဲ့တာပါ။

တန်ဟတ်အနေနဲ့ ဂွါဒီယိုလာနဲ့တူတာ ကတုံးချင်းပဲရှိပြီး အတွေးအခေါ်၊ ပွဲကို ချဉ်းကပ်ပုံနဲ့ IQ ပိုင်းမှာတော့ ချန်ပီယံရှစ်အဆင့်သာ ရှိနေခဲ့လို့ မန်စီးတီးတို့ကို ဗျူဟာပိုင်းရော ပွဲကို စိုးမိုးမှုအပိုင်းမှာပါ အရှုံးပေးခဲ့ရပြီး စကတည်းက တဒိုင်းဒိုင်း အကန်ခံနေရမှုနဲ့ အောက်က လိုက်ကစားခဲ့ရသလို တိုက်စစ်က ကိုယ့်အရှိန် ကိုယ်မထိန်းနိုင်ဘဲ ပြေးနေတဲ့ ဟွိုင်လန်းနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း အမိမဲ့သား ရေနည်းငါးလေးတွေလို ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၆ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တစ်မိနစ်ကျော်ကြာမှ ပြန်ကြည့်တဲ့ VAR မှာ ရိုဒရီကို ဟွိုင်လန်းက ဧရိယာထဲမှာ ဆွဲလှဲကြောင်း မြင်ခဲ့ရလို့ ဒိုင်လူကြီး ပေါလ် တီယာနီက ပင်နယ်တီ သတ်မှတ်ပေးခဲ့သလို ဟားလန်းက ကန်သွင်းရာမှာ အိုနာနာတစ်ယောက် အဝါအထိခံ အနှောင့်အယှက်ပေးပြီးမှ မကာကွယ်နိုင်ဘဲ ဖြစ်ခဲ့ရတာပါ။

ပွဲချိန် ၃၁ မိနစ်မှာ ဖိုဒန် နောက်ပြန်အပေးမှားတာကနေ ဟွိုင်းလန်းက ဖြတ်ယူပြေးပြီး ဂိုးသွင်းဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ့်အရှိန် ကိုယ်မနိုင်ခဲ့လို့ ဘာမှ ဖြစ်မလာဘဲ အလဟဿဖြစ်ခဲ့ရသလို ပထမပိုင်းတစ်ပိုင်းလုံး အိုနာနာသာ ဒုက္ခများနေခဲ့ပြီး နာကျင်အချိန်ပိုမှာတော့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားတဲ့ မက်တော်မီနေးရဲ့ ကန်ချက်ကလည်း အီဒါဆန်တည့်တည့်ပဲဖြစ်နေခဲ့လို့ မန်စီးတီးတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပါတယ်။

ဒုတိယပိုင်းအစမှာတော့ အဝါထိထားတဲ့ အမ်မရာဘတ်အစား မေဆန်မောင့်ကို ထည့်ပြီး ညာခြမ်းမှာ ထားကစားခဲ့သလို မက်တော်မီနေးကို နောက်ပို့ပြီး ဘရူနို ဖာနန်ဒက်စ်က ကွင်းလယ်တိုက်စစ်ကို ပြန်ဝင်တဲ့ အကွက်နဲ့ ပြောင်းလဲသွားခဲ့ပေမယ့် တန်ဟတ်ရဲ့ ဗျူဟာက ဖားတစ်ပိုင်း ငါးတစ်ပိုင်းနဲ့ အောက်ကလိအာတွေပဲ ဖြစ်နေခဲ့တာကြောင့် ဘာမှ ထူးမလာဘဲ ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၄၉ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂရီးလစ်ရှ် ပေးတာကို ဂိုးစည်းနားအထိ ပြေးပြီး ဖြတ်တင်ပေးတဲ့ ဘာနာဒို ဆေးလ်ဗားရဲ့ ပေးပို့မှုကို အဝေးတိုင်ဘက်မှာ တစ်ယောက်တည်း လွတ်နေတဲ့ ဟားလန်းက အပိုင်ခေါင်းတိုက်သွင်းယူခဲ့ပြီး ဒီဂိုးမှာတော့ ဘယ်နောက်ခံကစားတဲ့ လင်ဒီလော့ဖ်နဲ့ အီဗန်စ်တို့ရဲ့ နေရာယူပုံ ညံ့ဖျင်းမှုတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။

နှစ်ဂိုးရှုံးနေခဲ့တာတောင် တန်ဟတ်မှာတော့ အဖြေမရှိခဲ့ဘဲ အပြောင်းအလဲမလုပ်ရဲခဲ့သလို မိနစ် ၇၀ ကျော်မှ လူလဲမယ်ဆိုတဲ့ သင်တန်းကို အာဆင်ဝင်းဂါးဆီ သွားတက်ထားသလား မှတ်ရပြီး ဂါနာချို၊ အန်တိုနီတို့ကို ပွဲအဖြေပြောင်းနိုင်ဖို့ စောစောစီးစီး ထည့်ရမယ့်အစား ဒီတိုင်းပဲ ဆက်ကစားနေတာကြောင့် အိုနာနာတစ်ယောက် မပဋာမြေလူးဖြစ်နေခဲ့ရတာပါ။

ပွဲချိန် ၇၃ မိနစ်ကျမှ ဘာအကြောင်းကြောင့် ဘယ်နောက်ခံ ကစားခိုင်းထားမှန်း မသိတဲ့ လင်ဒီလော့ဖ်နဲ့ ဟွိုင်လန်းတို့အစား ရက်ဂီလွန်နဲ့ ဂါနာချိုတို့ကို ထည့်ခဲ့ပေမယ့် စိတ်ဓာတ်ပိုင်းရော ကစားအားပါ ကျဆင်းနေပြီဖြစ်လို့ မိုးလွန်မှ ထွန်ချသလိုပဲဖြစ်ခဲ့ရသလို Chief Creator ဘရူနို ဖာနန်ဒက်စ်နဲ့ ဘယ်ကစားသမားကမှ ဖန်တီးမှုတွေကိုလည်း မလုပ်ဆောင်နိုင်တော့လို့ မန်စီးတီးတို့ နဘယံ ဘေးမရှိပဲဖြစ်နေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၀ မှာတော့ မန်စီးတီးတို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားခဲ့ပြန်ပြီး Pressing ညံ့တဲ့ မန်ယူကွင်းလယ်ကြားက ထီမထင်ဟန်နဲ့ ဆွဲယူကန်သွင်းခဲ့တဲ့ ရိုဒရီရဲ့ ကန်ချက်ကို အိုနာနာ အသည်းအသန် ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ဟားလန်းက ဧရိယာထဲမှာ ရယူပြီး မကန်ဘဲ ဂိုးရှေ့ ဖြတ်ချိုးပေးရာမှာ ဖိုဒန်က ဂိုးစည်းနားက ပိတ်သွင်းပြီး ဂိတ်ကို မီးရှို့သွားခဲ့တာပါ။

ဒီနောက်မှာတော့ ပရိသတ်တွေ ထပြန်သွားခဲ့ချိန်မှာမှ တန်ဟတ်အနေနဲ့ အဲရစ်ဆန်၊ ရက်ရှ်ဖို့ဒ်တို့အစား အန်တိုနီနဲ့ မာစီယယ်လ်တို့ကို ထည့်ခဲ့ပြီး ဒါက သွေးရူးသွေးတန်းလုပ်ရပ်သာဖြစ်နေခဲ့သလို အကျိုးသက်ရောက်မှု မရှိတော့ဘဲ သူတို့ရဲ့ တစ်သင်းလုံးပေါင်း သွင်းဂိုးက ဟားလန်းတစ်ယောက်တည်း သွင်းယူတဲ့ ဂိုးတွေနဲ့ ၁၁ ဂိုးချင်း တူညီသွားခဲ့တဲ့ အဖြစ်ဆိုးနဲ့သာ ကြုံတွေ့ခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ အိုးလ်ထရက်ဖို့ဒ်က မန်ချက်စတာဒါဘီမှာ စီးတီးတို့က ယူနိုက်တက်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အ‌ဝေးကွင်းနိုင်ပွဲ ဆင်နွှဲခဲ့သလို အာဆင်နယ်တို့နဲ့ အမှတ်တူ ဂိုးကွာခြားချက်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်သွားခဲ့ကြပြီး မန်ယူတို့ကတော့ သူတို့အောက်က ရှုံးနိမ့်ခဲ့တဲ့ ဝက်စ်ဟမ်းကြောင့် အဆင့် ၈ နေရာကို ဆက်လက်ပိုင်ဆိုင်နိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ေဝၚလ္ကာ၊ ႐ူဘင္ ဒီယက္စ္နဲ႔ ဂြါဒီေယာလ္တို႔ကို အသုံးျပဳခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဂြၽန္စတုန္းစ္၊ ႐ိုဒရီ၊ ဘာနာဒို ေဆးလ္ဗား၊ ဖိုဒန္၊ ဂရီးလစ္ရွ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္းကိုပဲ တင္ကစားလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား အိုနာနာ၊ ခံစစ္မွာ မက္ဂြိဳင္းယား၊ အီဗန္စ္၊ ဒါေလာ့နဲ႔ လင္ဒီေလာ့ဖ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ အဲရစ္ဆန္၊ အမ္မရာဘတ္နဲ႔ မက္ေတာ္မီေနးတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာပါ။

မန္ယူတို႔ရဲ႕ ခံစစ္ႀကီးက ေခါင္းႀကီးနဲ႔ အဘိုးႀကီး တြဲကစားၿပီး ဘယ္ျခမ္းမွာလည္း လင္ဒီေလာ့ဖ္ ၿခဳံရင္ တစ္ကိုယ္လုံး လုံတယ္ဆိုတဲ့ အားရစရာ ခံစစ္အေတြးအေခၚႀကီး ျဖစ္ေနခဲ့ေတာ့ မန္စီးတီးနဲ႔ ယွဥ္ကစားဖို႔က ဒါမ်ိဳးႀကီးလားဟယ္လို႔ ေမးစရာျဖစ္ခဲ့သလို ကြင္းလယ္မွာလည္း ဘယ္သူက အဖ်က္မွန္း မသိဘဲ ေဝေဝဝါးဝါး ကစားေနခဲ့ခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္က ညာျခမ္းလိုလို အလယ္လိုလိုနဲ႔ အျဖစ္က ေတာ္ေတာ္ေလးဆိုးခဲ့တာပါ။

တန္ဟတ္အေနနဲ႔ ဂြါဒီယိုလာနဲ႔တူတာ ကတုံးခ်င္းပဲရွိၿပီး အေတြးအေခၚ၊ ပြဲကို ခ်ဥ္းကပ္ပုံနဲ႔ IQ ပိုင္းမွာေတာ့ ခ်န္ပီယံရွစ္အဆင့္သာ ရွိေနခဲ့လို႔ မန္စီးတီးတို႔ကို ဗ်ဴဟာပိုင္းေရာ ပြဲကို စိုးမိုးမႈအပိုင္းမွာပါ အရႈံးေပးခဲ့ရၿပီး စကတည္းက တဒိုင္းဒိုင္း အကန္ခံေနရမႈနဲ႔ ေအာက္က လိုက္ကစားခဲ့ရသလို တိုက္စစ္က ကိုယ့္အရွိန္ ကိုယ္မထိန္းႏိုင္ဘဲ ေျပးေနတဲ့ ဟြိဳင္လန္းနဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကလည္း အမိမဲ့သား ေရနည္းငါးေလးေတြလို ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၆ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တစ္မိနစ္ေက်ာ္ၾကာမွ ျပန္ၾကည့္တဲ့ VAR မွာ ႐ိုဒရီကို ဟြိဳင္လန္းက ဧရိယာထဲမွာ ဆြဲလွဲေၾကာင္း ျမင္ခဲ့ရလို႔ ဒိုင္လူႀကီး ေပါလ္ တီယာနီက ပင္နယ္တီ သတ္မွတ္ေပးခဲ့သလို ဟားလန္းက ကန္သြင္းရာမွာ အိုနာနာတစ္ေယာက္ အဝါအထိခံ အေႏွာင့္အယွက္ေပးၿပီးမွ မကာကြယ္ႏိုင္ဘဲ ျဖစ္ခဲ့ရတာပါ။

ပြဲခ်ိန္ ၃၁ မိနစ္မွာ ဖိုဒန္ ေနာက္ျပန္အေပးမွားတာကေန ဟြိဳင္းလန္းက ျဖတ္ယူေျပးၿပီး ဂိုးသြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကိုယ့္အရွိန္ ကိုယ္မႏိုင္ခဲ့လို႔ ဘာမွ ျဖစ္မလာဘဲ အလဟႆျဖစ္ခဲ့ရသလို ပထမပိုင္းတစ္ပိုင္းလုံး အိုနာနာသာ ဒုကၡမ်ားေနခဲ့ၿပီး နာက်င္အခ်ိန္ပိုမွာေတာ့ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားတဲ့ မက္ေတာ္မီေနးရဲ႕ ကန္ခ်က္ကလည္း အီဒါဆန္တည့္တည့္ပဲျဖစ္ေနခဲ့လို႔ မန္စီးတီးတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ အဝါထိထားတဲ့ အမ္မရာဘတ္အစား ေမဆန္ေမာင့္ကို ထည့္ၿပီး ညာျခမ္းမွာ ထားကစားခဲ့သလို မက္ေတာ္မီေနးကို ေနာက္ပို႔ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ကြင္းလယ္တိုက္စစ္ကို ျပန္ဝင္တဲ့ အကြက္နဲ႔ ေျပာင္းလဲသြားခဲ့ေပမယ့္ တန္ဟတ္ရဲ႕ ဗ်ဴဟာက ဖားတစ္ပိုင္း ငါးတစ္ပိုင္းနဲ႔ ေအာက္ကလိအာေတြပဲ ျဖစ္ေနခဲ့တာေၾကာင့္ ဘာမွ ထူးမလာဘဲ ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၄၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဂရီးလစ္ရွ္ ေပးတာကို ဂိုးစည္းနားအထိ ေျပးၿပီး ျဖတ္တင္ေပးတဲ့ ဘာနာဒို ေဆးလ္ဗားရဲ႕ ေပးပို႔မႈကို အေဝးတိုင္ဘက္မွာ တစ္ေယာက္တည္း လြတ္ေနတဲ့ ဟားလန္းက အပိုင္ေခါင္းတိုက္သြင္းယူခဲ့ၿပီး ဒီဂိုးမွာေတာ့ ဘယ္ေနာက္ခံကစားတဲ့ လင္ဒီေလာ့ဖ္နဲ႔ အီဗန္စ္တို႔ရဲ႕ ေနရာယူပုံ ညံ့ဖ်င္းမႈေတြကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။

ႏွစ္ဂိုးရႈံးေနခဲ့တာေတာင္ တန္ဟတ္မွာေတာ့ အေျဖမရွိခဲ့ဘဲ အေျပာင္းအလဲမလုပ္ရဲခဲ့သလို မိနစ္ ၇၀ ေက်ာ္မွ လူလဲမယ္ဆိုတဲ့ သင္တန္းကို အာဆင္ဝင္းဂါးဆီ သြားတက္ထားသလား မွတ္ရၿပီး ဂါနာခ်ိဳ၊ အန္တိုနီတို႔ကို ပြဲအေျဖေျပာင္းႏိုင္ဖို႔ ေစာေစာစီးစီး ထည့္ရမယ့္အစား ဒီတိုင္းပဲ ဆက္ကစားေနတာေၾကာင့္ အိုနာနာတစ္ေယာက္ မပဋာေျမလူးျဖစ္ေနခဲ့ရတာပါ။

ပြဲခ်ိန္ ၇၃ မိနစ္က်မွ ဘာအေၾကာင္းေၾကာင့္ ဘယ္ေနာက္ခံ ကစားခိုင္းထားမွန္း မသိတဲ့ လင္ဒီေလာ့ဖ္နဲ႔ ဟြိဳင္လန္းတို႔အစား ရက္ဂီလြန္နဲ႔ ဂါနာခ်ိဳတို႔ကို ထည့္ခဲ့ေပမယ့္ စိတ္ဓာတ္ပိုင္းေရာ ကစားအားပါ က်ဆင္းေနၿပီျဖစ္လို႔ မိုးလြန္မွ ထြန္ခ်သလိုပဲျဖစ္ခဲ့ရသလို Chief Creator ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဘယ္ကစားသမားကမွ ဖန္တီးမႈေတြကိုလည္း မလုပ္ေဆာင္ႏိုင္ေတာ့လို႔ မန္စီးတီးတို႔ နဘယံ ေဘးမရွိပဲျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၈၀ မွာေတာ့ မန္စီးတီးတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို သြင္းယူသြားခဲ့ျပန္ၿပီး Pressing ညံ့တဲ့ မန္ယူကြင္းလယ္ၾကားက ထီမထင္ဟန္နဲ႔ ဆြဲယူကန္သြင္းခဲ့တဲ့ ႐ိုဒရီရဲ႕ ကန္ခ်က္ကို အိုနာနာ အသည္းအသန္ ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ဟားလန္းက ဧရိယာထဲမွာ ရယူၿပီး မကန္ဘဲ ဂိုးေရွ႕ ျဖတ္ခ်ိဳးေပးရာမွာ ဖိုဒန္က ဂိုးစည္းနားက ပိတ္သြင္းၿပီး ဂိတ္ကို မီးရႈိ႕သြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ ပရိသတ္ေတြ ထျပန္သြားခဲ့ခ်ိန္မွာမွ တန္ဟတ္အေနနဲ႔ အဲရစ္ဆန္၊ ရက္ရွ္ဖို႔ဒ္တို႔အစား အန္တိုနီနဲ႔ မာစီယယ္လ္တို႔ကို ထည့္ခဲ့ၿပီး ဒါက ေသြး႐ူးေသြးတန္းလုပ္ရပ္သာျဖစ္ေနခဲ့သလို အက်ိဳးသက္ေရာက္မႈ မရွိေတာ့ဘဲ သူတို႔ရဲ႕ တစ္သင္းလုံးေပါင္း သြင္းဂိုးက ဟားလန္းတစ္ေယာက္တည္း သြင္းယူတဲ့ ဂိုးေတြနဲ႔ ၁၁ ဂိုးခ်င္း တူညီသြားခဲ့တဲ့ အျဖစ္ဆိုးနဲ႔သာ ႀကဳံေတြ႕ခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အိုးလ္ထရက္ဖို႔ဒ္က မန္ခ်က္စတာဒါဘီမွာ စီးတီးတို႔က ယူႏိုက္တက္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အ‌ေဝးကြင္းႏိုင္ပြဲ ဆင္ႏႊဲခဲ့သလို အာဆင္နယ္တို႔နဲ႔ အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္သြားခဲ့ၾကၿပီး မန္ယူတို႔ကေတာ့ သူတို႔ေအာက္က ရႈံးနိမ့္ခဲ့တဲ့ ဝက္စ္ဟမ္းေၾကာင့္ အဆင့္ ၈ ေနရာကို ဆက္လက္ပိုင္ဆိုင္ႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.