Premier League

ကလော့ပ်ရဲ့အဓိကကျတဲ့အပြောင်းအလဲအပြီး ဖလားပြိုင်ဘက်တွေကို သတိပေးလိုက်တဲ့ ဂျိုတာ

ဒီအိုဂို ဂျိုတာက လီဗာပူးလ်အသင်းဟာ ၎င်းတို့ရဲ့ အညှာအတာကင်းမဲ့တဲ့ နိုင်ပွဲဆက်ခြေစွမ်းမျိုး ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်တယ်လို့ ပရီးမီးယားလိဂ်ပြိုင်ဘက်တွေကို သတိပေးခဲ့ပါတယ်။

ကလော့ပ်ရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ခြေစွမ်းပိုင်းမတည်မငြိမ်ဖြစ်မှုကြောင့် ယူရိုပါလိဂ်ကို ဆင်းကစားရတဲ့အထိ အခြေအနေဆိုးခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ အကောင်းဆုံးအခြေအနေကို ပြန်လည်ရရှိနေပုံပေါ်ပါတယ်။ လီဗာပူးလ်ဟာ ယနေ့ည နော်တင်ဟမ်ဖောရက်စ်က အန်းဖီးကို လာရောက်ယှဉ်ပြိုင်မယ့် ပွဲအပြီးမှာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ဘုန်းမောက်၊ လူတန်၊ ဘရန့်တ်ဖို့ဒ်တို့နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ဂျိုတာဟာ စတိဗ်ကူးပါးရဲ့အသင်းကို ဧပြီလက ၃-၂ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ၂ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်က ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက လီဗာပူးလ်ကို အိမ်ကွင်း စီးတီးဂရောင်းမှာ ၁-၀ နဲ့ အံ့အားသင့်ဖွယ် နိုင်ပွဲရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျိုတာက လီဗာပူးလ်မှာ ဖြစ်နေတဲ့ ပြဿနာကို ကလော့ပ်က ဖြေရှင်းနိုင်ခဲ့ပြီလို့ ခံစားနေရပြီး “ကျွန်တော်တို့ အသင်းအဖွဲ့အနေနဲ့ အများကြီး တိုးတက်လာခဲ့ပြီလို့ ထင်တယ်။ ကျွန်တော်တို့ အဲဒီအပေါ်မှာ အခု အာရုံစိုက်နေခဲ့တယ်။ အကြံအစည်သစ်တွေလို့ပဲ ဆိုပါတော့။ ကွင်းလယ်က အခုဆိုရင် အများကြီး ကွဲပြားခြားနားနေပြီဆိုတာ သိသာပါတယ်။ ကျွန်တော်တို့ ခံစစ်ပိတ်ဆော့တဲ့အသင်းတွေနဲ့ ရင်ဆိုင်ကစားတဲ့အခါမှာ သင့်တော်မယ့် မတူညီတဲ့ ကစားပုံမျိုးရှိနေပါပြီ။ အဲဒါက ပိုပြီး ကောင်းမွန်လာပါတယ်။ ရလဒ်တွေက အရေးအကြီးဆုံးအရာဖြစ်ပြီး ကျွန်တော်တို့ အခုအချိန်အထိ အရာအားလုံးကို မှန်ကန်အောင်လုပ်ဖို့ ကြိုးစားခဲ့ပြီး ဒီအတိုင်းပဲ ဆက်ပြီး လုပ်သွားချင်ပါတယ်။ လူတွေက ကျွန်တော်တို့ကို တစ်ချိန်လုံးအနိုင်ရဖို့ မျှော်လင့်နေကြတာ သိသာပါတယ်။ အထူးသဖြင့် ဒီလိုမျိုး ပွဲစဉ်တွေမှာပေ့ါ။ ကျွန်တော်တို့ကလည်း ပရော်ဖက်ရှင်နယ်တွေအနေနဲ့ ကွင်းထဲမှာ အဲဒါကို သက်သေပြသရမှာပါ။ ဒါက လီဗာပူးလ်လိုမျိုး အသင်းမှာ ကစားရတဲ့ တာဝန်ယူမှု တာဝန်ခံမှုပါပဲ။ ဒါပေမယ့် အန်းဖီးမှာဆိုရင် ကျွန်တော်တို့ နိုင်ပွဲရယူနိုင်တယ်လို့ ယုံကြည်ပါတယ်။”

လီဗာပူးလ်ဟာ ကြာသပတေးနေ့ညက ယူရိုပါလိဂ်မှာ တူးလူးစ်ကို ၅-၁ နဲ့ အနိုင်ယူခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၃ ပွဲမှာ ၁ ပွဲသာ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ မိုဟာမက် ဆာလားဟာ သွင်းဂိုး ၉ ဂိုးနဲ့ လီဗာပူးလ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် နောက်ထပ်တစ်ကြိမ် ဦးဆောင်နေပြီး ဂျိုတာ၊ နူးညက်ဇ်တို့ကလည်း ၅ ဂိုးစီ သွင်းယူထားကြသလို ကစားသမားသစ်တွေဖြစ်တဲ့ ဆဘော့ဇ်ဆလိုင်းနဲ့ ဂရာဗင်ဘာ့ချ်တို့အပါအဝင် လီဗာပူးလ်ကစားသမား ၉ ဦးထက်မနည်း ဂိုးသွင်းယူထားနိုင်ကြတာဖြစ်ပါတယ်။

“ဂိုးသွင်းနိုင်တဲ့လူတွေ ရှိနေတာက အကူအညီဖြစ်စေပါတယ်။ ဘာလို့လဲဆိုတော့ ဒါက ပွဲရဲ့ ပစ်မှတ်ဖြစ်နေလို့ပါ။ အထူးသဖြင့် ဒီရာသီမှာပေါ့။ ကျွန်တော်တို့မှာ ဂိုးသွင်းယူနေတဲ့ ကွင်းလယ်ကစားသမားတွေရှိနေပြီး ဒါက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အဲဒါက ကျွန်တော်တို့ကို ကွင်းရဲ့ အစိတ်အပိုင်းတိုင်းကနေ ဂိုးသွင်းယူနိုင်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်စေတာကြောင့်ပါ။ ကျွန်တော် ဒီကို ရောက်လာတုန်းက အားလုံးက လီဗာပူးလ်မှာ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ် ၃ ဦးအတွဲရှိတယ်လို့ ပြောခဲ့ကြတယ်။ အဲဒီတော့ ဒီတိုက်စစ်က ပိုကောင်းမွန်လာလားဆိုတာ ကျွန်တော် မသေချာပေမယ့် အားလုံးက မတူညီတော့ပါဘူး။ ကျွန်တော်တို့မှာ မတူညီမှုတွေ အများကြီးရှိပါတယ်။ အသင်းက ကောင်းကောင်း တိုးတက်နေတယ်လို့ ကျွန်တော်ထင်တယ်။ ပိုကောင်းအောင်လုပ်ရမယ့်အရာအချို့လည်း ရှိနေသေးပေမယ့်လည်းပေါ့။ ကျွန်တော်တို့ အဲဒါတွေကိုလည်း တိုးတက်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီအိုဂို ဂ်ိဳတာက လီဗာပူးလ္အသင္းဟာ ၎တို႔ရဲ႕ အညႇာအတာကင္းမဲ့တဲ့ ႏိုင္ပြဲဆက္ေျခစြမ္းမ်ိဳး ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီျဖစ္တယ္လို႔ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြကို သတိေပးခဲ့ပါတယ္။

ကေလာ့ပ္ရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ရာသီမွာ ေျခစြမ္းပိုင္းမတည္မၿငိမ္ျဖစ္မႈေၾကာင့္ ယူ႐ိုပါလိဂ္ကို ဆင္းကစားရတဲ့အထိ အေျခအေနဆိုးခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာေတာ့ အေကာင္းဆုံးအေျခအေနကို ျပန္လည္ရရွိေနပုံေပၚပါတယ္။ လီဗာပူးလ္ဟာ ယေန႔ည ေနာ္တင္ဟမ္ေဖာရက္စ္က အန္းဖီးကို လာေရာက္ယွဥ္ၿပိဳင္မယ့္ ပြဲအၿပီးမွာ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္မတိုင္ခင္ ဘုန္းေမာက္၊ လူတန္၊ ဘရန႔္တ္ဖို႔ဒ္တို႔နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ဂ်ိဳတာဟာ စတိဗ္ကူးပါးရဲ႕အသင္းကို ဧၿပီလက ၃-၂ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ၂ ဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္က ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းက လီဗာပူးလ္ကို အိမ္ကြင္း စီးတီးဂေရာင္းမွာ ၁-၀ နဲ႔ အံ့အားသင့္ဖြယ္ ႏိုင္ပြဲရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂ်ိဳတာက လီဗာပူးလ္မွာ ျဖစ္ေနတဲ့ ျပႆနာကို ကေလာ့ပ္က ေျဖရွင္းႏိုင္ခဲ့ၿပီလို႔ ခံစားေနရၿပီး “ကြၽန္ေတာ္တို႔ အသင္းအဖြဲ႕အေနနဲ႔ အမ်ားႀကီး တိုးတက္လာခဲ့ၿပီလို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ အဲဒီအေပၚမွာ အခု အာ႐ုံစိုက္ေနခဲ့တယ္။ အႀကံအစည္သစ္ေတြလို႔ပဲ ဆိုပါေတာ့။ ကြင္းလယ္က အခုဆိုရင္ အမ်ားႀကီး ကြဲျပားျခားနားေနၿပီဆိုတာ သိသာပါတယ္။ ကြၽန္ေတာ္တို႔ ခံစစ္ပိတ္ေဆာ့တဲ့အသင္းေတြနဲ႔ ရင္ဆိုင္ကစားတဲ့အခါမွာ သင့္ေတာ္မယ့္ မတူညီတဲ့ ကစားပုံမ်ိဳးရွိေနပါၿပီ။ အဲဒါက ပိုၿပီး ေကာင္းမြန္လာပါတယ္။ ရလဒ္ေတြက အေရးအႀကီးဆုံးအရာျဖစ္ၿပီး ကြၽန္ေတာ္တို႔ အခုအခ်ိန္အထိ အရာအားလုံးကို မွန္ကန္ေအာင္လုပ္ဖို႔ ႀကိဳးစားခဲ့ၿပီး ဒီအတိုင္းပဲ ဆက္ၿပီး လုပ္သြားခ်င္ပါတယ္။ လူေတြက ကြၽန္ေတာ္တို႔ကို တစ္ခ်ိန္လုံးအႏိုင္ရဖို႔ ေမွ်ာ္လင့္ေနၾကတာ သိသာပါတယ္။ အထူးသျဖင့္ ဒီလိုမ်ိဳး ပြဲစဥ္ေတြမွာေပ့ါ။ ကြၽန္ေတာ္တို႔ကလည္း ပေရာ္ဖက္ရွင္နယ္ေတြအေနနဲ႔ ကြင္းထဲမွာ အဲဒါကို သက္ေသျပသရမွာပါ။ ဒါက လီဗာပူးလ္လိုမ်ိဳး အသင္းမွာ ကစားရတဲ့ တာဝန္ယူမႈ တာဝန္ခံမႈပါပဲ။ ဒါေပမယ့္ အန္းဖီးမွာဆိုရင္ ကြၽန္ေတာ္တို႔ ႏိုင္ပြဲရယူႏိုင္တယ္လို႔ ယုံၾကည္ပါတယ္။”

လီဗာပူးလ္ဟာ ၾကာသပေတးေန႔ညက ယူ႐ိုပါလိဂ္မွာ တူးလူးစ္ကို ၅-၁ နဲ႔ အႏိုင္ယူခဲ့ၿပီး ၿပိဳင္ပြဲစုံ ေနာက္ဆုံး ၁၃ ပြဲမွာ ၁ ပြဲသာ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။ မိုဟာမက္ ဆာလားဟာ သြင္းဂိုး ၉ ဂိုးနဲ႔ လီဗာပူးလ္ရဲ႕ ထိပ္တန္းဂိုးသြင္းရွင္အျဖစ္ ေနာက္ထပ္တစ္ႀကိမ္ ဦးေဆာင္ေနၿပီး ဂ်ိဳတာ၊ ႏူးညက္ဇ္တို႔ကလည္း ၅ ဂိုးစီ သြင္းယူထားၾကသလို ကစားသမားသစ္ေတြျဖစ္တဲ့ ဆေဘာ့ဇ္ဆလိုင္းနဲ႔ ဂရာဗင္ဘာ့ခ်္တို႔အပါအဝင္ လီဗာပူးလ္ကစားသမား ၉ ဦးထက္မနည္း ဂိုးသြင္းယူထားႏိုင္ၾကတာျဖစ္ပါတယ္။

“ဂိုးသြင္းႏိုင္တဲ့လူေတြ ရွိေနတာက အကူအညီျဖစ္ေစပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒါက ပြဲရဲ႕ ပစ္မွတ္ျဖစ္ေနလို႔ပါ။ အထူးသျဖင့္ ဒီရာသီမွာေပါ့။ ကြၽန္ေတာ္တို႔မွာ ဂိုးသြင္းယူေနတဲ့ ကြင္းလယ္ကစားသမားေတြရွိေနၿပီး ဒါက အေရးႀကီးပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒါက ကြၽန္ေတာ္တို႔ကို ကြင္းရဲ႕ အစိတ္အပိုင္းတိုင္းကေန ဂိုးသြင္းယူႏိုင္ၿပီး အခြင့္အေရးေတြ ဖန္တီးႏိုင္ေစတာေၾကာင့္ပါ။ ကြၽန္ေတာ္ ဒီကို ေရာက္လာတုန္းက အားလုံးက လီဗာပူးလ္မွာ ကမာၻေပၚက အေကာင္းဆုံးတိုက္စစ္ ၃ ဦးအတြဲရွိတယ္လို႔ ေျပာခဲ့ၾကတယ္။ အဲဒီေတာ့ ဒီတိုက္စစ္က ပိုေကာင္းမြန္လာလားဆိုတာ ကြၽန္ေတာ္ မေသခ်ာေပမယ့္ အားလုံးက မတူညီေတာ့ပါဘူး။ ကြၽန္ေတာ္တို႔မွာ မတူညီမႈေတြ အမ်ားႀကီးရွိပါတယ္။ အသင္းက ေကာင္းေကာင္း တိုးတက္ေနတယ္လို႔ ကြၽန္ေတာ္ထင္တယ္။ ပိုေကာင္းေအာင္လုပ္ရမယ့္အရာအခ်ိဳ႕လည္း ရွိေနေသးေပမယ့္လည္းေပါ့။ ကြၽန္ေတာ္တို႔ အဲဒါေတြကိုလည္း တိုးတက္ေအာင္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.