Match Report Premier League

သခင်ကြီးရဲ့ ဟက်ထရစ်နဲ့ အိမ်ကွင်းမှာ ရှက်ဖီးလ်ဒ်ကို ငါးခါဖြဲခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ အသင်းကို အတော်လေး အပြောင်းအလဲလုပ်ခဲ့သလို ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ကီဗီယာနဲ့ ဇင်ချန်ကိုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ဟာဗတ်ဇ်နဲ့ စမစ်ရိုးတို့ကို အသုံးပြုခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

နည်းပြ ပြုတ်စော်နံနေတဲ့ ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကတော့ ဂိုးသမား ဖိုဒါရင်ဂမ်၊ ခံစစ်မှာ ထရပ်စ်တီ၊ ရော်ဘင်ဆန်၊ ဘိုဂယ်လ်နဲ့ သောမတ်စ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဗီနီးရှပ်စ် ဆူဇာ၊ နော်ဝုဒ်၊ မက္ကာတီးနဲ့ ဆလီမာနီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟေမာနဲ့ ဘရူးစတားတို့ကို တွဲဖက်ပေးခဲ့တာပါ။

အာဆင်နယ်တို့ ပွဲစတာနဲ့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ရှက်ဖီးလ်ဒ်ရဲ့ ခံစစ်မှာပဲ အနေများခဲ့တဲ့ ဗျူဟာနဲ့ သူတို့ကိုယ်တိုင်ရဲ့ တိုက်စစ်ကို အလျင်စလို မသွားဘဲ စိတ်ရှည်သည်းခံလွန်းတဲ့ ချဉ်းကပ်ပုံတွေကြောင့် ပွဲအစ ၂၅ မိနစ်လောက်က ကြည့်မကောင်းခဲ့ဘဲ နည်းပြ အာတီတာကိုယ်တိုင် ဒေါသထွက်ပြီး အော်ဟစ်ခဲ့ရတဲ့အထိလည်း ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၂၈ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဆာကာက အတွင်းကို ပြန်ထည့်ပေးလိုက်တဲ့ ဘောလုံးကို ရိုက်စ်က ဧရိယာထဲကို အနိမ့်ဘော လှမ်းချိုးပေးရာမှာ ရှက်ဖီးလ်ဒ်နောက်ခံလူ ထရပ်စ်တီ မတားနိုင်လိုက်တာကြောင့် လက်ခံရရှိသွားခဲ့တဲ့ နကီးတီးယားက ဂိုးသမားနဲ့ တစ်ဦးချင်း အနေအထားမှာ အပိုင်ကန်သွင်းသွားခဲ့တာပါ။

ဒီနောက်မှာ ရှက်ဖီးလ်ဒ်တိုက်စစ်တွေကို ဆာလီဘာ ဦးဆောင်တဲ့ နောက်တန်းက ဖြတ်တောက်တားဆီးသွားနိုင်ခဲ့လို့ အာဆင်နယ်တို့ ကွင်းလယ်မှာ စိတ်ကြိုက် ကစားခွင့် ရခဲ့ပေမယ့် မာတီနယ်လီရဲ့ အခွင့်အရေးကို ဂိုးသမား ပုတ်ထုတ်သွားခဲ့သလို စမစ်ရိုးကလည်း ညံ့ဖျင်းနေခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိနဲ့သာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် မိနစ် ၅၀ မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ထောင့်ကန်ဘောကို ဆာကာ ကန်တင်ပေးရာမှာ ကာထားခဲ့တဲ့ ဘန်ဝှိုက်ကြောင့် သေချာ မပုတ်နိုင်ခဲ့တဲ့ ဂိုးသမား ဖိုဒါရင်ဂမ်ရဲ့ အားနည်းမှုကနေ ကျလာတဲ့ ဘောလုံးကို နကီးတီးယားကပဲ အနီးကပ် ကန်သွင်းယူနိုင်ခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ နကီးတီးယားကပဲ သူ့အတွက် ဟက်ထရစ် ရစေမယ့် တတိယဂိုးကို အာဆင်နယ်တို့အတွက် သွင်းယူပေးခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ မာတီနယ်လီဆီက ဘောလုံးကို စမစ်ရိုးက ရှေ့ကို ပေးခဲ့ရာမှာ နကီးတီးယားက ဂိုးကို ကျောပေးထားတဲ့ အနေအထားကနေ တစ်ပတ်လှည့်ပြီး ဘယ်ဘက်အပေါ်ထောင့်ကို အပြင်းကန်သွင်းနိုင်ခဲ့တာကြောင့် ၂၀၁၅ ခုနှစ်က ဝဲလ်ကော့နောက်ပိုင်း အင်္ဂလန်သားတစ်ဦးရဲ့ ပထမဆုံး ဟက်ထရစ်လည်း ဖြစ်လာခဲ့ပါတယ်။

ဒီနောက်မှာတော့ အာဆင်နယ်တို့ဘက်က မာတီနယ်လီ၊ ဘန်ဝှိုက်၊ ဆာကာ၊ စမစ်ရိုးနဲ့ ရိုက်စ်တို့အစား ထရော့ဆတ်၊ တိုမီယာစု၊ နယ်လ်ဆန်၊ ဖာဘီယို ဗီယာရာနဲ့ အယ်လ်နန်နီတို့ကို ထည့်သွင်းကစားခဲ့ကြပြီး ရှက်ဖီးလ်ဒ်တို့ကတော့ ဘရူးစတား၊ ဆလီမာနီ၊ ဘိုဂယ်လ်၊ မက္ကာတီးနဲ့ ဟေမာတို့အစား အာချာ၊ အော့စ်ဘွန်း၊ ဘောလ်ဒေါ့ခ်၊ ဖလက်ခ်နဲ့ အွန်နေးတို့ကို ပြောင်းလဲသွားခဲ့တာပါ။

ပွဲချိန် ၈၈ မိနစ်မှာတော့ အာဆင်နယ်တို့ စတုတ္ထအနိုင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရှက်ဖီးလ်ဒ်တို့ လူပေးမှားရာကနေ ဖြတ်ယူပြီး ဧရိယာထဲကို ပြေးဝင်ခဲ့တဲ့ ဖာဘီယို ဗီယာရာကို နော်ဝုဒ်က နောက်ကနေ ခြေချိတ်ခဲ့တာကြောင့် VAR အကြိမ်ကြိမ် ပြန်ကြည့်ပြီး မပေးချင် ပေးချင် ပေးခဲ့ရတဲ့ ပင်နယ်တီကို ပေါ်တူဂီသားက သူကိုယ်တိုင်ပဲ အောင်အောင်မြင်မြင် လှည့်စားကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁၀ မိနစ်အထိ ပေးခဲ့တဲ့ ပွဲရဲ့ ပွဲချိန် ၉၆ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ပဉ္စမမြောက်ဂိုးကို ရရှိခဲ့ပြီး နကီးတီးယားကြောင့် ရတဲ့ ညာထောင့်ကန်ဘောကို ဖာဘီယို ဗီယာရာ ကန်တင်ပေးခဲ့ရာမှာ အယ်လ်နန်နီက နောက်ကို ခေါင်းရှပ်တိုက်ပြီး ချပေးခဲ့တဲ့ ဘောလုံးကို ဂိုးရှေ့မှာ ရှုပ်ယှက်ခတ်နေတုန်း တိုမီယာစုက ခြေထောက်ဦးပြီး ကန်သွင်းနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့က ရှက်ဖီးလ်ဒ်ယူနိုက်တက်တို့ကို ငါးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ရမှတ် ၂၄ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၂ နေရာကို တက်လှမ်းလာနိုင်ခဲ့ကြချိန်မှာ ပြုတ်စော်နံနေတဲ့ နည်းပြ ဟက်ကင်းဘော့တွမ်ရဲ့ ဘလိတ်ဓားတွေကတော့ ရမှတ် ၁ မှတ်နဲ့ ဇယား အောက်ဆုံးမှာ ကျောက်ချနေခဲ့ကြပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ အသင္းကို အေတာ္ေလး အေျပာင္းအလဲလုပ္ခဲ့သလို ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ကီဗီယာနဲ႔ ဇင္ခ်န္ကိုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ဟာဗတ္ဇ္နဲ႔ စမစ္႐ိုးတို႔ကို အသုံးျပဳခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

နည္းျပ ျပဳတ္ေစာ္နံေနတဲ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ဖိုဒါရင္ဂမ္၊ ခံစစ္မွာ ထရပ္စ္တီ၊ ေရာ္ဘင္ဆန္၊ ဘိုဂယ္လ္နဲ႔ ေသာမတ္စ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဗီနီးရွပ္စ္ ဆူဇာ၊ ေနာ္ဝုဒ္၊ မကၠာတီးနဲ႔ ဆလီမာနီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေဟမာနဲ႔ ဘ႐ူးစတားတို႔ကို တြဲဖက္ေပးခဲ့တာပါ။

အာဆင္နယ္တို႔ ပြဲစတာနဲ႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ရွက္ဖီးလ္ဒ္ရဲ႕ ခံစစ္မွာပဲ အေနမ်ားခဲ့တဲ့ ဗ်ဴဟာနဲ႔ သူတို႔ကိုယ္တိုင္ရဲ႕ တိုက္စစ္ကို အလ်င္စလို မသြားဘဲ စိတ္ရွည္သည္းခံလြန္းတဲ့ ခ်ဥ္းကပ္ပုံေတြေၾကာင့္ ပြဲအစ ၂၅ မိနစ္ေလာက္က ၾကည့္မေကာင္းခဲ့ဘဲ နည္းျပ အာတီတာကိုယ္တိုင္ ေဒါသထြက္ၿပီး ေအာ္ဟစ္ခဲ့ရတဲ့အထိလည္း ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၂၈ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ဆာကာက အတြင္းကို ျပန္ထည့္ေပးလိုက္တဲ့ ေဘာလုံးကို ႐ိုက္စ္က ဧရိယာထဲကို အနိမ့္ေဘာ လွမ္းခ်ိဳးေပးရာမွာ ရွက္ဖီးလ္ဒ္ေနာက္ခံလူ ထရပ္စ္တီ မတားႏိုင္လိုက္တာေၾကာင့္ လက္ခံရရွိသြားခဲ့တဲ့ နကီးတီးယားက ဂိုးသမားနဲ႔ တစ္ဦးခ်င္း အေနအထားမွာ အပိုင္ကန္သြင္းသြားခဲ့တာပါ။

ဒီေနာက္မွာ ရွက္ဖီးလ္ဒ္တိုက္စစ္ေတြကို ဆာလီဘာ ဦးေဆာင္တဲ့ ေနာက္တန္းက ျဖတ္ေတာက္တားဆီးသြားႏိုင္ခဲ့လို႔ အာဆင္နယ္တို႔ ကြင္းလယ္မွာ စိတ္ႀကိဳက္ ကစားခြင့္ ရခဲ့ေပမယ့္ မာတီနယ္လီရဲ႕ အခြင့္အေရးကို ဂိုးသမား ပုတ္ထုတ္သြားခဲ့သလို စမစ္႐ိုးကလည္း ညံ့ဖ်င္းေနခဲ့တာေၾကာင့္ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိနဲ႔သာ ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းက ေထာင့္ကန္ေဘာကို ဆာကာ ကန္တင္ေပးရာမွာ ကာထားခဲ့တဲ့ ဘန္ဝႈိက္ေၾကာင့္ ေသခ်ာ မပုတ္ႏိုင္ခဲ့တဲ့ ဂိုးသမား ဖိုဒါရင္ဂမ္ရဲ႕ အားနည္းမႈကေန က်လာတဲ့ ေဘာလုံးကို နကီးတီးယားကပဲ အနီးကပ္ ကန္သြင္းယူႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ နကီးတီးယားကပဲ သူ႔အတြက္ ဟက္ထရစ္ ရေစမယ့္ တတိယဂိုးကို အာဆင္နယ္တို႔အတြက္ သြင္းယူေပးခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန မာတီနယ္လီဆီက ေဘာလုံးကို စမစ္႐ိုးက ေရွ႕ကို ေပးခဲ့ရာမွာ နကီးတီးယားက ဂိုးကို ေက်ာေပးထားတဲ့ အေနအထားကေန တစ္ပတ္လွည့္ၿပီး ဘယ္ဘက္အေပၚေထာင့္ကို အျပင္းကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ၂၀၁၅ ခုႏွစ္က ဝဲလ္ေကာ့ေနာက္ပိုင္း အဂၤလန္သားတစ္ဦးရဲ႕ ပထမဆုံး ဟက္ထရစ္လည္း ျဖစ္လာခဲ့ပါတယ္။

ဒီေနာက္မွာေတာ့ အာဆင္နယ္တို႔ဘက္က မာတီနယ္လီ၊ ဘန္ဝႈိက္၊ ဆာကာ၊ စမစ္႐ိုးနဲ႔ ႐ိုက္စ္တို႔အစား ထေရာ့ဆတ္၊ တိုမီယာစု၊ နယ္လ္ဆန္၊ ဖာဘီယို ဗီယာရာနဲ႔ အယ္လ္နန္နီတို႔ကို ထည့္သြင္းကစားခဲ့ၾကၿပီး ရွက္ဖီးလ္ဒ္တို႔ကေတာ့ ဘ႐ူးစတား၊ ဆလီမာနီ၊ ဘိုဂယ္လ္၊ မကၠာတီးနဲ႔ ေဟမာတို႔အစား အာခ်ာ၊ ေအာ့စ္ဘြန္း၊ ေဘာလ္ေဒါ့ခ္၊ ဖလက္ခ္နဲ႔ အြန္ေနးတို႔ကို ေျပာင္းလဲသြားခဲ့တာပါ။

ပြဲခ်ိန္ ၈၈ မိနစ္မွာေတာ့ အာဆင္နယ္တို႔ စတုတၳအႏိုင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ရွက္ဖီးလ္ဒ္တို႔ လူေပးမွားရာကေန ျဖတ္ယူၿပီး ဧရိယာထဲကို ေျပးဝင္ခဲ့တဲ့ ဖာဘီယို ဗီယာရာကို ေနာ္ဝုဒ္က ေနာက္ကေန ေျခခ်ိတ္ခဲ့တာေၾကာင့္ VAR အႀကိမ္ႀကိမ္ ျပန္ၾကည့္ၿပီး မေပးခ်င္ ေပးခ်င္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေပၚတူဂီသားက သူကိုယ္တိုင္ပဲ ေအာင္ေအာင္ျမင္ျမင္ လွည့္စားကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁၀ မိနစ္အထိ ေပးခဲ့တဲ့ ပြဲရဲ႕ ပြဲခ်ိန္ ၉၆ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ပၪၥမေျမာက္ဂိုးကို ရရွိခဲ့ၿပီး နကီးတီးယားေၾကာင့္ ရတဲ့ ညာေထာင့္ကန္ေဘာကို ဖာဘီယို ဗီယာရာ ကန္တင္ေပးခဲ့ရာမွာ အယ္လ္နန္နီက ေနာက္ကို ေခါင္းရွပ္တိုက္ၿပီး ခ်ေပးခဲ့တဲ့ ေဘာလုံးကို ဂိုးေရွ႕မွာ ရႈပ္ယွက္ခတ္ေနတုန္း တိုမီယာစုက ေျခေထာက္ဦးၿပီး ကန္သြင္းႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔က ရွက္ဖီးလ္ဒ္ယူႏိုက္တက္တို႔ကို ငါးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ရမွတ္ ၂၄ မွတ္နဲ႔ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၂ ေနရာကို တက္လွမ္းလာႏိုင္ခဲ့ၾကခ်ိန္မွာ ျပဳတ္ေစာ္နံေနတဲ့ နည္းျပ ဟက္ကင္းေဘာ့တြမ္ရဲ႕ ဘလိတ္ဓားေတြကေတာ့ ရမွတ္ ၁ မွတ္နဲ႔ ဇယား ေအာက္ဆုံးမွာ ေက်ာက္ခ်ေနခဲ့ၾကပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.