La Liga

ရီးရဲလ်မက်ဒရစ်ရဲ့ နိုင်ပွဲကို လက်မခံဘဲ ဝေဖန်လိုက်တဲ့ လီဗန်ဒေါ့ဗ်စကီး

ဘာစီလိုနာတိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ရီးရဲလ်မက်ဒရစ်ဟာ အယ်လ်ကလက်စီကို နိုင်ပွဲနဲ့ မထိုက်တန်ခဲ့ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အီကေး ဂန်ဒိုဝမ်ရဲ့ အဖွင့်ဂိုးကို ၆ မိနစ်ကတည်းက ခွင့်ပြုခဲ့ရတာဖြစ်ပြီး ၆၈ မိနစ်မှာ ဘယ်လင်ဂမ်က အလွန်ကောင်းမွန်တဲ့ အဝေးကန်ချက်နဲ့ ချေပဂိုး ပြန်လည်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အတွက် အရေးကြီးတဲ့ အနိုင် ၃ မှတ်ရရှိစေမယ့် အနိုင်ဂိုးကို ဘယ်လင်ဂမ်က ၉၀+၂ မိနစ်မှာ သွင်းယူသွားခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ ဘာစီလိုနာကြယ်ပွင့် တိုက်စစ်မှူးက အယ်လ်ကလက်စီကိုရှုံးပွဲအပေါ် ဒေါသတကြီး မှတ်ချက်ပေးခဲ့တာဖြစ်ပါတယ်။

“ရီးရဲလ်မက်ဒရစ်အတွက် မထိုက်တန်တဲ့ နိုင်ပွဲပဲ။ ဟုတ်တာပေ့ါ။ သူတို့တွေ ၃ မှတ်ရခဲ့တယ်။ ဒါပေမယ့် လိဂ်က အရှည်ကြီးပါ။ ကျွန်တော်တို့ အရှုံးပေးသွားမှာမဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လီဗန်ဒေါ့ဗ်စကီးရဲ့အသင်းဖော် ဂါဗီကလည်း အလားတူသဘောမျိုးပဲ ပြောဆိုခဲ့ပြီး “လာလီဂါက အရမ်းရှည်လျားတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရမှာပါ။ ခင်ဗျား အနိုင်မရခဲ့ဘူးဆိုရင် ကောင်းကောင်းကစားရတာလည်း မတန်ပါဘူး။ ပွဲစဉ်ကို အသေးစိတ် အမှတ်အသားလုပ်ခဲ့တယ်။ ပထမဂိုးက ကွဲပြားခြားနားမှုတွေ ပြုလုပ်ခဲ့တယ်။ ကျွန်တော်တို့ ဒီလိုအခြေအနေမျိုးမှာ အိပ်မောကျနေလို့မရပါဘူး။ အဲဒီဂိုးပေးပြီးနောက်မှာ ကျွန်တော်တို့ ကစားပုံက ဆိုးရွားခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဘာစီလိုနာတိုက္စစ္မႉး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ရီးရဲလ္မက္ဒရစ္ဟာ အယ္လ္ကလက္စီကို ႏိုင္ပြဲနဲ႔ မထိုက္တန္ခဲ့ဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ အီေကး ဂန္ဒိုဝမ္ရဲ႕ အဖြင့္ဂိုးကို ၆ မိနစ္ကတည္းက ခြင့္ျပဳခဲ့ရတာျဖစ္ၿပီး ၆၈ မိနစ္မွာ ဘယ္လင္ဂမ္က အလြန္ေကာင္းမြန္တဲ့ အေဝးကန္ခ်က္နဲ႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အတြက္ အေရးႀကီးတဲ့ အႏိုင္ ၃ မွတ္ရရွိေစမယ့္ အႏိုင္ဂိုးကို ဘယ္လင္ဂမ္က ၉၀+၂ မိနစ္မွာ သြင္းယူသြားခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ ဘာစီလိုနာၾကယ္ပြင့္ တိုက္စစ္မႉးက အယ္လ္ကလက္စီကိုရႈံးပြဲအေပၚ ေဒါသတႀကီး မွတ္ခ်က္ေပးခဲ့တာျဖစ္ပါတယ္။

“ရီးရဲလ္မက္ဒရစ္အတြက္ မထိုက္တန္တဲ့ ႏိုင္ပြဲပဲ။ ဟုတ္တာေပ့ါ။ သူတို႔ေတြ ၃ မွတ္ရခဲ့တယ္။ ဒါေပမယ့္ လိဂ္က အရွည္ႀကီးပါ။ ကြၽန္ေတာ္တို႔ အရႈံးေပးသြားမွာမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

လီဗန္ေဒါ့ဗ္စကီးရဲ႕အသင္းေဖာ္ ဂါဗီကလည္း အလားတူသေဘာမ်ိဳးပဲ ေျပာဆိုခဲ့ၿပီး “လာလီဂါက အရမ္းရွည္လ်ားတယ္။ ကြၽန္ေတာ္တို႔ ေရွ႕ဆက္သြားရမွာပါ။ ခင္ဗ်ား အႏိုင္မရခဲ့ဘူးဆိုရင္ ေကာင္းေကာင္းကစားရတာလည္း မတန္ပါဘူး။ ပြဲစဥ္ကို အေသးစိတ္ အမွတ္အသားလုပ္ခဲ့တယ္။ ပထမဂိုးက ကြဲျပားျခားနားမႈေတြ ျပဳလုပ္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ဒီလိုအေျခအေနမ်ိဳးမွာ အိပ္ေမာက်ေနလို႔မရပါဘူး။ အဲဒီဂိုးေပးၿပီးေနာက္မွာ ကြၽန္ေတာ္တို႔ ကစားပုံက ဆိုး႐ြားခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.