La Liga

အယ်လ်ကလက်စီကို အနိုင်ဂိုးသွင်းရှင် ဘယ်လင်ဟမ်ရဲ့အားနည်းချက်ကို ဖွင့်ဟခဲ့တဲ့ အရင်းနှီးဆုံးသူ

ဂျုဒ် ဘယ်လင်ဂမ်ဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကမှာ အကောင်းဆုံးကစားသမားဆိုတာ ငြင်းလို့မရနိုင်ဘဲ ဘက်ပေါင်းစုံမှာ ထူးချွန်နေပေမယ့်လည်း လူသားဖြစ်တဲ့အတွက် အားနည်းချက်ကတော့ ရှိမှာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်မှာ စိတ်လှုပ်ရှားဖွယ် ကစားသမားဘဝ စတင်မှုကို ဆက်လက် ပိုင်ဆိုင်နေပြီး စနေနေ့ညက အယ်လ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရရှိစေမယ့် သွင်းဂိုး ၂ ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ ၆၈ မိနစ်မှာ ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အဝေးကန်ချက်နဲ့ ဂန်ဒိုဝမ်ရဲ့ အဖွင့်ဂိုးကို ချေပနိုင်ခဲ့တာဖြစ်ပြီး နောက်ထပ် ဦးဆောင်ဂိုးက ပိုမိုကောင်းမွန်တဲ့ သွင်းဂိုးဖြစ်ခဲ့တာ ဖြစ်ပါတယ်။

၉၂ မိနစ်မှာ အင်္ဂလန်ကြယ်ပွင့်ဟာ ရီးရဲလ်မက်ဒရစ်အတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီး အိုလံပစ် လူးဝစ္စ ကမ်ပနီကွင်းထဲက ဘာစီလိုနာပရိသတ်တွေကို တိတ်ဆိတ်စေခဲ့ပြီးနောက် ၎င်းရဲ့ အမှတ်အသားဖြစ်တဲ့ အောင်ပွဲခံဟန်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ပွဲစဉ်က သွင်းဂိုးဟာ ရီးရဲလ်မက်ဒရစ်အတွက် ၁၃ ပွဲမှာ သွင်းဂိုး ၁၃ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး အဲဒီသွင်းဂိုးပမာဏဟာ ရီးရဲလ်မက်ဒရစ်ဂန္တဝင် ဇီဒန်းရဲ့ အကောင်းဆုံးသွင်းဂိုးအရေအတွက်ထက်ကို ကျော်လွန်နေခဲ့ပြီး ဖြစ်ပါတယ်။

ဘယ်လင်ဂမ်ဟာ အရည်အသွေးတွေအများအပြားနဲ့ ပြီးပြည့်စုံတဲ့ ဘောလုံးသမားတစ်ဦးအဖြစ် တိုးတက်လာခဲ့သူဖြစ်ပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်ရဲ့ လူသိနည်းတဲ့ အားနည်းချက်ကို ကျောင်းအတူတူ တက်ခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းဖြစ်သူ အိုဒင် ဘိုင်လီက ဖွင့်ဟခဲ့ပါတယ်။

“ဘယ်လင်ဂမ် ဘယ်နေရာမှာ အညံ့ဆုံးလဲဆိုတာရင် ဂေါ့ဖ်ရိုက်တဲ့နေရာမှာပါ။ သူက ဂေါ့ဖ်ရိုက်တာမှာ တော်တော်လေးဆိုးရွားတယ်။ ကျွန်တော် သူ့ကို ဂေါ့ဖ်ကစားဖို့ စည်းရုံးခဲ့ပေမယ့်လည်း သူ ဘယ်လိုမှ မကစားတတ်ဘူး။ သူ အရာအားလုံးမှာတော့ မကောင်းနိုင်ဘူး။ ဟုတ်တယ်မလား”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂ်ဳဒ္ ဘယ္လင္ဂမ္ဟာ လက္ရွိ ကမာၻ႔ေဘာလုံးေလာကမွာ အေကာင္းဆုံးကစားသမားဆိုတာ ျငင္းလို႔မရႏိုင္ဘဲ ဘက္ေပါင္းစုံမွာ ထူးခြၽန္ေနေပမယ့္လည္း လူသားျဖစ္တဲ့အတြက္ အားနည္းခ်က္ကေတာ့ ရွိမွာ ျဖစ္ပါတယ္။

အသက္ ၂၀ အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ရီးရဲလ္မက္ဒရစ္မွာ စိတ္လႈပ္ရွားဖြယ္ ကစားသမားဘဝ စတင္မႈကို ဆက္လက္ ပိုင္ဆိုင္ေနၿပီး စေနေန႔ညက အယ္လ္ကလက္စီကိုပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္ကို အႏိုင္ရရွိေစမယ့္ သြင္းဂိုး ၂ ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

ဘယ္လင္ဂမ္ဟာ ၆၈ မိနစ္မွာ ရင္သပ္ရႈေမာဖြယ္ေကာင္းတဲ့ အေဝးကန္ခ်က္နဲ႔ ဂန္ဒိုဝမ္ရဲ႕ အဖြင့္ဂိုးကို ေခ်ပႏိုင္ခဲ့တာျဖစ္ၿပီး ေနာက္ထပ္ ဦးေဆာင္ဂိုးက ပိုမိုေကာင္းမြန္တဲ့ သြင္းဂိုးျဖစ္ခဲ့တာ ျဖစ္ပါတယ္။

၉၂ မိနစ္မွာ အဂၤလန္ၾကယ္ပြင့္ဟာ ရီးရဲလ္မက္ဒရစ္အတြက္ အႏိုင္ဂိုးကို သြင္းယူေပးခဲ့ၿပီး အိုလံပစ္ လူးဝစၥ ကမ္ပနီကြင္းထဲက ဘာစီလိုနာပရိသတ္ေတြကို တိတ္ဆိတ္ေစခဲ့ၿပီးေနာက္ ၎ရဲ႕ အမွတ္အသားျဖစ္တဲ့ ေအာင္ပြဲခံဟန္ကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာနဲ႔ပြဲစဥ္က သြင္းဂိုးဟာ ရီးရဲလ္မက္ဒရစ္အတြက္ ၁၃ ပြဲမွာ သြင္းဂိုး ၁၃ ဂိုးေျမာက္ သြင္းဂိုးျဖစ္ခဲ့ၿပီး အဲဒီသြင္းဂိုးပမာဏဟာ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ ဇီဒန္းရဲ႕ အေကာင္းဆုံးသြင္းဂိုးအေရအတြက္ထက္ကို ေက်ာ္လြန္ေနခဲ့ၿပီး ျဖစ္ပါတယ္။

ဘယ္လင္ဂမ္ဟာ အရည္အေသြးေတြအမ်ားအျပားနဲ႔ ၿပီးျပည့္စုံတဲ့ ေဘာလုံးသမားတစ္ဦးအျဖစ္ တိုးတက္လာခဲ့သူျဖစ္ေပမယ့္လည္း အဂၤလန္ၾကယ္ပြင့္ရဲ႕ လူသိနည္းတဲ့ အားနည္းခ်က္ကို ေက်ာင္းအတူတူ တက္ခဲ့တဲ့ အရင္းႏွီးဆုံး သူငယ္ခ်င္းျဖစ္သူ အိုဒင္ ဘိုင္လီက ဖြင့္ဟခဲ့ပါတယ္။

“ဘယ္လင္ဂမ္ ဘယ္ေနရာမွာ အညံ့ဆုံးလဲဆိုတာရင္ ေဂါ့ဖ္႐ိုက္တဲ့ေနရာမွာပါ။ သူက ေဂါ့ဖ္႐ိုက္တာမွာ ေတာ္ေတာ္ေလးဆိုး႐ြားတယ္။ ကြၽန္ေတာ္ သူ႔ကို ေဂါ့ဖ္ကစားဖို႔ စည္း႐ုံးခဲ့ေပမယ့္လည္း သူ ဘယ္လိုမွ မကစားတတ္ဘူး။ သူ အရာအားလုံးမွာေတာ့ မေကာင္းႏိုင္ဘူး။ ဟုတ္တယ္မလား”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.