La Liga Match Report

မင်းတို့မှာ ဘယ်လင်ဂမ်ရှိလားလို့ မေးပြီး ဘာဆာကို နောက်ကနေ ကြိတ်တဲ့ ရီးရဲလ်

တစ်ချိန်တုန်းကလို မဟုတ်တော့တဲ့ စပိန်ဘောလုံးလောကရဲ့ အကြီးကျယ်ဆုံး အယ်လ်လာစီကို ပွဲစဉ်ကတော့ အသင်းကို ခိုင်မာတဲ့ ပလန်နဲ့ မျက်ခြေမပြတ် တည်ဆောက်ထားနိုင်တဲ့ ရီးရဲလ်မက်ဒရစ်တို့ စားဖို့ဖြစ်သွားခဲ့ပြီး မက်ဆီ စော်ကား ငရဲလားခဲ့တဲ့ ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် ဘာစီလိုနာတို့ရဲ့ နူးကမ့်မှာ အရှက်ကွဲပွဲလည်း ဖြစ်ခဲ့ရပါတယ်။

ဘာစီလိုနာအသင်းအနေနဲ့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ခရစ္စတင်ဆန်၊ အာရူဟိုနဲ့ အီညီဂို မာတီနက်ဇ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ဂါဗီ၊ ကန်ဆယ်လိုနဲ့ အဲလက်စ် ဘာလ်ဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဖာမင် လိုပက်ဇ်၊ ဖယ်ရန် တောရက်စ်နဲ့ ဂျာအို ဖဲလစ္စတို့ကို ခံစစ်အားကိုး ၃-၄-၃ ပုံစံနဲ့ ပွဲထုတ်လာခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်တို့ကတော့ ဂိုးသမား ကီပါ၊ ခံစစ်မှာ ရူဒီဂါ၊ အလာဘာ၊ ကာဗာဟယ်လ်နဲ့ ဖယ်လွန် မန်ဒီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ချွာမင်နီ၊ တိုနီ ခရူးစ်၊ ဗယ်လ်ဗာဒီနဲ့ ဘင်လင်ဂမ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ရိုဒရီဂိုနဲ့ ဗီနီးရှပ်စ် ဂျူနီယာတို့ကို ကစားနေကျအတိုင်းပဲ တွဲဖက်ပေးခဲ့တာပါ။

ဒီနှစ်သင်းရဲ့ လူအင်အားကို ကြည့်ကတည်းက ဘယ်အသင်းက ဆုဖလားတွေအတွက် ရင်းနှီးမြှုပ်နှံထားပြီး ဘယ်အသင်းက ပရိသတ်တွေကို ဂျင်းထည့်နေတဲ့ အသင်းလဲဆိုတာ သိသာခဲ့သလို ရိုမီယူလို တန်းမဝင်တဲ့ ကစားသမားနဲ့ ဂွန်ဒိုးဝမ်လို လူအိုခြေကျက ဘယ်လင်ဂမ်နဲ့ ယှဉ်ရင် ခပ်ဝေးဝေးမှာ ရှိနေခဲ့တာကြောင့် ဒီနေ့ပွဲက ရီးရဲလ်တို့အတွက်ပဲ ဖြစ်သွားခဲ့ပါတယ်။

ပွဲချိန် ၆ မိနစ်မှာ ဘာစီလိုနာတို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂွန်ဒိုးဝမ်နဲ့ ဖယ်ရန် တောရက်စ်တို့ ဘောလုံးတွဲဖို့ ကြိုးစားတာကို ဖျက်ထုတ်တဲ့ ချွာမင်နီနဲ့ အလာဘာတို့ သေချာမဖျက်နိုင်ဘဲ ဆက်တိုက်မှားခဲ့ရာမှာ ဧရိယာထဲ ဘောလုံးပြန်ရသွားတဲ့ ဂွန်ဒိုးဝမ်က သူ့ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက်ဟောင်း ကီပါကို အနိုင်ယူကန်သွင်းသွားနိုင်ခဲ့တာပါ။

မိုဒရစ်ချ် မပါတဲ့ ကွင်းလယ်မှာ တိုနီ ခရူးစ်ကို ထိပ်တန်းအဆင့်မှာ မရှိတော့ဘဲ သုံးစွဲနေရတာက ရီးရဲလ်ကွင်းလယ်ကို တည်ဖို့ ခက်စေခဲ့သလို နည်းပြ အန်ချယ်လော့တီအနေနဲ့ လူငယ်တွေကို ဇာဗီလို မဟုတ်ဘဲ နေရာပေးဖို့ တွန့်ဆုတ်နေတာက ပြဿနာတစ်ခုဖြစ်နေပြီး အီတာလျံအဘိုးကြီးအနေနဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တာလည်းဖြစ်ပါတယ်။

ပထမပိုင်းမှာ အိမ်ကွင်းအားနဲ့ ညစ်ဖို့ ကြိုးစားတဲ့ ဘာစီလိုနာတို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ရီးရဲလ်တို့အနေနဲ့ မန်ဒီအစား ကာမာဗင်ဂါ၊ ရိုဒရီဂိုအစား ဟိုဆေးလူးတို့ကို ထည့်သွင်းခဲ့တဲ့အတွက် ကစားအား ပိုတက်လာပြီး ဘာစီလိုနာတို့ကတော့ ဂိုးရခွင့်တွေ လွဲချော်နေခဲ့လို့ ပထမပိုင်းမှာ ဗီနီးရှပ်စ်နဲ့ နပမ်းလုံးပြီး အဝါထိထားတဲ့ ဖယ်ရန် တောရက်စ်အစား လီဗန်ဒေါ့ဗ်စကီးကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၆၈ မိနစ်မှာတော့ ရီးရဲလ်မက်ဒရစ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ဗီနီးရှပ်စ်က ဘယ်ခြမ်းကနေ ဂိုးရှေ့ ဖြတ်တင်ပေးတာကို ဂါဗီ ခေါင်းတိုက်ရှင်းထုတ်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဘယ်လင်ဂမ်က ဧရိယာထိပ်ကနေ အပြင်းကန်သွင်းယူခဲ့ရာမှာ ဂိုးညာဘက် အပေါ်ထောင့်ကို ဝင်သွားခဲ့လို့ စောစောကလေးကပဲ ချွာမင်နီရဲ့ ကန်ချက်ကို ကာကွယ်ထားတဲ့ တာစတီဂန် မဖမ်းနိုင်ဘဲ အရှုံးပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာ ဧရိယာထဲ ဆွဲဝင်လာတဲ့ ကာမာဗင်ဂါကို အာရူဟိုက ဖက်ပြီးလှဲခဲ့ပေမယ့် ဒိုင်က ပြူးပြဲကြည့်ပြီးမှ ပင်နယ်တီ မပေးဘဲ ကူသွားခဲ့ပြီး ဘာစီလိုနာတို့ဖက် လိုက်သွားခဲ့သလို အိမ်ရှင်တွေအနေနဲ့ ရူဒီဂါနဲ့ အလာဘာတို့ ကီးမကိုက်ဘဲ အိုးနင်းခွက်နင်းဖြစ်နေတဲ့ ရီးရဲလ်ခံစစ်ကို ထိုးဖောက်နိုင်ခဲ့ပေမယ့် အဆုံးသတ်တွေကတော့ ချူချာလွန်းနေခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဂိုးစီသရေဖြစ်နေခဲ့တာပါ။

နာကျင်အချိန်ပို ၂ မိနစ်မှာတော့ ရီးရဲလ်တို့ အနိုင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ကာဗာဟယ်လ် ဖြတ်တင်ပေးတာကို မိုဒရစ်ချ်က ဖမ်းတားရာမှာ မသေသပ်ခဲ့လို့ ပြန်ထွက်သွားခဲ့တဲ့ ဘောလုံးကို ဂိုးရှေ့ကို ကျလာရာမှာ အလိုက်သင့် ပြေးဝင်နိုင်ခဲ့တဲ့ ဘယ်လင်ဂမ်ကပဲ ဂိုးသမား တာစတီဂန်နဲ့ အနီးကပ် ကန်သွင်းနိုင်ခဲ့တာကြောင့် နူးကမ့်ပရိသတ်တွေ ငြိမ်သက်သွားခဲ့ရပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပိန်နိုင်ငံရဲ့ ကလပ်စစ် အယ်လ်ကလာစီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဘာစီလိုနာတို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ယူခဲ့ပြီး ဇီဒန်းရဲ့ နံပါတ် ၅ နဲ့ ဇီဒန်းထက်တောင် ပိုကောင်းနေသလားလို့ မေးရတော့မယ့် အသက် ၂၀ အရွယ် ဘယ်လင်ဂမ်ရဲ့ သွင်းဂိုးတွေနဲ့ အစဉ်အလာပြိုင်ဘက်ကို တောက်ချနိုင်ခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တစ္ခ်ိန္တုန္းကလို မဟုတ္ေတာ့တဲ့ စပိန္ေဘာလုံးေလာကရဲ႕ အႀကီးက်ယ္ဆုံး အယ္လ္လာစီကို ပြဲစဥ္ကေတာ့ အသင္းကို ခိုင္မာတဲ့ ပလန္နဲ႔ မ်က္ေျခမျပတ္ တည္ေဆာက္ထားႏိုင္တဲ့ ရီးရဲလ္မက္ဒရစ္တို႔ စားဖို႔ျဖစ္သြားခဲ့ၿပီး မက္ဆီ ေစာ္ကား ငရဲလားခဲ့တဲ့ ေ႐ႊေက်ာင္းေျပာင္ေျပာင္ ဝမ္းေခါင္ေခါင္ ဘာစီလိုနာတို႔ရဲ႕ ႏူးကမ့္မွာ အရွက္ကြဲပြဲလည္း ျဖစ္ခဲ့ရပါတယ္။

ဘာစီလိုနာအသင္းအေနနဲ႔ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ခရစၥတင္ဆန္၊ အာ႐ူဟိုနဲ႔ အီညီဂို မာတီနက္ဇ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ဂါဗီ၊ ကန္ဆယ္လိုနဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဖာမင္ လိုပက္ဇ္၊ ဖယ္ရန္ ေတာရက္စ္နဲ႔ ဂ်ာအို ဖဲလစၥတို႔ကို ခံစစ္အားကိုး ၃-၄-၃ ပုံစံနဲ႔ ပြဲထုတ္လာခဲ့တာပါ။

ရီးရဲလ္မက္ဒရစ္တို႔ကေတာ့ ဂိုးသမား ကီပါ၊ ခံစစ္မွာ ႐ူဒီဂါ၊ အလာဘာ၊ ကာဗာဟယ္လ္နဲ႔ ဖယ္လြန္ မန္ဒီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ခြၽာမင္နီ၊ တိုနီ ခ႐ူးစ္၊ ဗယ္လ္ဗာဒီနဲ႔ ဘင္လင္ဂမ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ႐ိုဒရီဂိုနဲ႔ ဗီနီးရွပ္စ္ ဂ်ဴနီယာတို႔ကို ကစားေနက်အတိုင္းပဲ တြဲဖက္ေပးခဲ့တာပါ။

ဒီႏွစ္သင္းရဲ႕ လူအင္အားကို ၾကည့္ကတည္းက ဘယ္အသင္းက ဆုဖလားေတြအတြက္ ရင္းႏွီးျမႇဳပ္ႏွံထားၿပီး ဘယ္အသင္းက ပရိသတ္ေတြကို ဂ်င္းထည့္ေနတဲ့ အသင္းလဲဆိုတာ သိသာခဲ့သလို ႐ိုမီယူလို တန္းမဝင္တဲ့ ကစားသမားနဲ႔ ဂြန္ဒိုးဝမ္လို လူအိုေျခက်က ဘယ္လင္ဂမ္နဲ႔ ယွဥ္ရင္ ခပ္ေဝးေဝးမွာ ရွိေနခဲ့တာေၾကာင့္ ဒီေန႔ပြဲက ရီးရဲလ္တို႔အတြက္ပဲ ျဖစ္သြားခဲ့ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာ ဘာစီလိုနာတို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂြန္ဒိုးဝမ္နဲ႔ ဖယ္ရန္ ေတာရက္စ္တို႔ ေဘာလုံးတြဲဖို႔ ႀကိဳးစားတာကို ဖ်က္ထုတ္တဲ့ ခြၽာမင္နီနဲ႔ အလာဘာတို႔ ေသခ်ာမဖ်က္ႏိုင္ဘဲ ဆက္တိုက္မွားခဲ့ရာမွာ ဧရိယာထဲ ေဘာလုံးျပန္ရသြားတဲ့ ဂြန္ဒိုးဝမ္က သူ႔ရဲ႕ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေဟာင္း ကီပါကို အႏိုင္ယူကန္သြင္းသြားႏိုင္ခဲ့တာပါ။

မိုဒရစ္ခ်္ မပါတဲ့ ကြင္းလယ္မွာ တိုနီ ခ႐ူးစ္ကို ထိပ္တန္းအဆင့္မွာ မရွိေတာ့ဘဲ သုံးစြဲေနရတာက ရီးရဲလ္ကြင္းလယ္ကို တည္ဖို႔ ခက္ေစခဲ့သလို နည္းျပ အန္ခ်ယ္ေလာ့တီအေနနဲ႔ လူငယ္ေတြကို ဇာဗီလို မဟုတ္ဘဲ ေနရာေပးဖို႔ တြန႔္ဆုတ္ေနတာက ျပႆနာတစ္ခုျဖစ္ေနၿပီး အီတာလ်ံအဘိုးႀကီးအေနနဲ႔ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့တာလည္းျဖစ္ပါတယ္။

ပထမပိုင္းမွာ အိမ္ကြင္းအားနဲ႔ ညစ္ဖို႔ ႀကိဳးစားတဲ့ ဘာစီလိုနာတို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ရီးရဲလ္တို႔အေနနဲ႔ မန္ဒီအစား ကာမာဗင္ဂါ၊ ႐ိုဒရီဂိုအစား ဟိုေဆးလူးတို႔ကို ထည့္သြင္းခဲ့တဲ့အတြက္ ကစားအား ပိုတက္လာၿပီး ဘာစီလိုနာတို႔ကေတာ့ ဂိုးရခြင့္ေတြ လြဲေခ်ာ္ေနခဲ့လို႔ ပထမပိုင္းမွာ ဗီနီးရွပ္စ္နဲ႔ နပမ္းလုံးၿပီး အဝါထိထားတဲ့ ဖယ္ရန္ ေတာရက္စ္အစား လီဗန္ေဒါ့ဗ္စကီးကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၆၈ မိနစ္မွာေတာ့ ရီးရဲလ္မက္ဒရစ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဗီနီးရွပ္စ္က ဘယ္ျခမ္းကေန ဂိုးေရွ႕ ျဖတ္တင္ေပးတာကို ဂါဗီ ေခါင္းတိုက္ရွင္းထုတ္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဘယ္လင္ဂမ္က ဧရိယာထိပ္ကေန အျပင္းကန္သြင္းယူခဲ့ရာမွာ ဂိုးညာဘက္ အေပၚေထာင့္ကို ဝင္သြားခဲ့လို႔ ေစာေစာကေလးကပဲ ခြၽာမင္နီရဲ႕ ကန္ခ်က္ကို ကာကြယ္ထားတဲ့ တာစတီဂန္ မဖမ္းႏိုင္ဘဲ အရႈံးေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာ ဧရိယာထဲ ဆြဲဝင္လာတဲ့ ကာမာဗင္ဂါကို အာ႐ူဟိုက ဖက္ၿပီးလွဲခဲ့ေပမယ့္ ဒိုင္က ျပဴးၿပဲၾကည့္ၿပီးမွ ပင္နယ္တီ မေပးဘဲ ကူသြားခဲ့ၿပီး ဘာစီလိုနာတို႔ဖက္ လိုက္သြားခဲ့သလို အိမ္ရွင္ေတြအေနနဲ႔ ႐ူဒီဂါနဲ႔ အလာဘာတို႔ ကီးမကိုက္ဘဲ အိုးနင္းခြက္နင္းျဖစ္ေနတဲ့ ရီးရဲလ္ခံစစ္ကို ထိုးေဖာက္ႏိုင္ခဲ့ေပမယ့္ အဆုံးသတ္ေတြကေတာ့ ခ်ဴခ်ာလြန္းေနခဲ့လို႔ မိနစ္ ၉၀ ျပည့္တဲ့အထိ တစ္ဂိုးစီသေရျဖစ္ေနခဲ့တာပါ။

နာက်င္အခ်ိန္ပို ၂ မိနစ္မွာေတာ့ ရီးရဲလ္တို႔ အႏိုင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ကာဗာဟယ္လ္ ျဖတ္တင္ေပးတာကို မိုဒရစ္ခ်္က ဖမ္းတားရာမွာ မေသသပ္ခဲ့လို႔ ျပန္ထြက္သြားခဲ့တဲ့ ေဘာလုံးကို ဂိုးေရွ႕ကို က်လာရာမွာ အလိုက္သင့္ ေျပးဝင္ႏိုင္ခဲ့တဲ့ ဘယ္လင္ဂမ္ကပဲ ဂိုးသမား တာစတီဂန္နဲ႔ အနီးကပ္ ကန္သြင္းႏိုင္ခဲ့တာေၾကာင့္ ႏူးကမ့္ပရိသတ္ေတြ ၿငိမ္သက္သြားခဲ့ရပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စပိန္ႏိုင္ငံရဲ႕ ကလပ္စစ္ အယ္လ္ကလာစီကိုပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္က ဘာစီလိုနာတို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူခဲ့ၿပီး ဇီဒန္းရဲ႕ နံပါတ္ ၅ နဲ႔ ဇီဒန္းထက္ေတာင္ ပိုေကာင္းေနသလားလို႔ ေမးရေတာ့မယ့္ အသက္ ၂၀ အ႐ြယ္ ဘယ္လင္ဂမ္ရဲ႕ သြင္းဂိုးေတြနဲ႔ အစဥ္အလာၿပိဳင္ဘက္ကို ေတာက္ခ်ႏိုင္ခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.