Match Report Premier League

အာဆင်နယ်ထက် ပိုကောင်းတဲ့ အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်သွားခဲ့တဲ့ ချဲလ်ဆီး

ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရောဘတ် ဆန်ချက်ဇ်၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ကောလ်ဝီလ်၊ ဒီဆာဆီနဲ့ ကူကူရဲလားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဂို၊ ဂါလာဂါနဲ့ ပါးလ်မားတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မာဒူးကီ၊ စတာလင်နဲ့ ဂျက်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရန့်ဖိုဒ်တို့ကတော့ ဂိုးသမား ဖလက်ကင်၊ ခံစစ်မှာ ပင်းနော့ခ်၊ အာယေးနဲ့ ကောလင်းစ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရိုအာဆလက်ဗ်၊ ဟစ်ကီ၊ ယန်နဲ့လ်၊ နော်ဂါ့ဒ်နဲ့ ယန်ဆန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဝစ်ဆာနဲ့ အမ်ဘူးမိုတို့ကိုပဲ တွဲဖက်ပေးခဲ့တာပါ။

ပွဲကတော့ ထင်ထားတဲ့အတိုင်းပဲ ဒီအဆင်နဲ့ ဒီအဆင်ဆိုပြီး ဘရန့်ဖို့ဒ်တို့ ပိတ်ကစားဖို့ပဲ ကြိုးစားလာခဲ့သလို ချဲလ်ဆီးတို့ကတော့ အိမ်ကွင်းအားနဲ့ ဖိကစားခဲ့ပေမယ့် ဖန်တီးမှု မရှိတဲ့ ကွင်းလယ်ကြောင့် အလွယ်တကူ ခန့်မှန်းနိုင်တဲ့ ပုံစံပဲဖြစ်နေခဲ့တဲ့ တိုက်စစ်နဲ့ ကန်သာကန် ဂိုးပေါက်မတည့်ဘဲ ဖြစ်နေခဲ့ပြီး ကူကူရဲလားကတော့ အနီးကပ် အပိုင်ကန်ခွင့်ကို ဂိုးသမားလက်ထဲပဲ ထည့်ပေးခဲ့တာဖြစ်ပါတယ်။

ဂျက်ဆန်နဲ့ လက်ရှိတိုက်စစ်သမားတွေကတော့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့သလို အာဆင်နယ်နဲ့ပွဲမှာသာ မြောက်လန်ဒန်ပရိသတ်တွေ ဒေါသထွက်ရအောင် သူတို့အသင်းနဲ့ နည်းပြ အာတီတာတို့ ညံ့နေခဲ့လို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေရခဲ့တာဆိုတာက သိသာသွားခဲ့ပြီး နောက်ဆုံး လန်ဒန် ဒါဘီ ၁၂ ကြိမ်မှာ ရှုံးပွဲမရှိခဲ့တဲ့ ဘရန့်ဖို့ဒ်တို့အနေနဲ့ ချဲလ်ဆီးကွင်းမှာ နောက်ဆုံးနှစ်ကြိမ်အနိုင်ကို သုံးကြိမ်အထိ တိုးမြှင့်ဖို့ ဆန္ဒရှိနေခဲ့ကြတာပါ။

ပထမပိုင်းမှာ ဟင်ဟာတောက်ကျွတ်တွေနဲ့ ဂိုးမရှိသရေကျနေခဲ့ကြပေမယ့် ဘရန့်ဖို့ဒ်တို့ရဲ့ အဆုံးသတ်ပိုင်းကတောင် ချဲလ်ဆီးတို့ထက် ပိုမို သာလွန်နေခဲ့ပြီး ဒုတိယပိုင်းမှာတော့ ဂိုးမပေးရသေးတဲ့ ဧည့်သည်တွေက ယုံကြည်မှု ပိုရလာခဲ့သလို တိုက်စစ်ကို အနည်းငယ်ပိုလိုက်လာတဲ့အတွက် အိမ်ရှင်ဂိုးသမား ဆန်းချက်ဇ်ပါ ပိုမိုကာကွယ်နေခဲ့ရပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့က အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ လက်ပစ်ဘောကနေ ယန်ဆန် ခင်းပေးခဲ့တာကို အမ်ဘူးမိုက ပြေးလိုက်ပြီး ဂိုးစည်းနားကနေ လှမ်းမ,ပေးတဲ့ ဘောလုံးကို အဝေးတိုင်ဘက်ကနေ ပြေးဝင်လာခဲ့တဲ့ Snoop Dogg ရုပ်နဲ့ နောက်ခံလူ ပင်းနော့ခ်က အပိုင်ခေါင်းတိုက်ပြီး ခပ်ညံ့ညံ့ ဒီဆာဆီနဲ့ ဂိုးသမား ဆန်းချက်ဇ်တို့ကို ကြေကွဲစေခဲ့တာပါ။

ဒီနောက်မှာတော့ တစ်ဂိုးရသွားတဲ့ ဘရန့်ဖို့ဒ်တို့က ပွဲအရှိန်ကို လိုသလို ဆက်ထိန်းထားနိုင်ဖို့ ယန်ဆန်၊ ယန်နဲ့လ်၊ ဟစ်ကီနဲ့ ဝစ်ဆာတို့အစား အွန်ယီကာ၊ ယာမိုလျုခ်၊ ဂေါ့ဒို့စ်နဲ့ မော်ပေတို့ကို လဲကစားသွားခဲ့ပြီး ချဲလ်ဆီးတို့ကတော့ တိုက်စစ်မြှင့်ဖို့ ဒီဆာဆီ၊ မာဒူးကီ၊ ကိုင်စီဒိုနဲ့ ကူကူရဲလားတို့အစား ရီးစ်ဂျိမ်းစ်၊ မတ်ဆန်၊ အူဂိုချူးဝူးနဲ့ ဒေးဗစ် ဝါရှင်တန်တို့ကိုတောင် ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကံကြမ္မာက ချဲလ်ဆီးတို့ဘက်မှာ ရှိမနေခဲ့ဘဲ စတာလင်ကိုသာ မှီခိုနေရပြီး ဘာဖန်တီးမှုမှ ကောင်းကောင်းမလုပ်နိုင်ခဲ့ဘဲ တိုက်စစ်ကို ဖိကစားရင်း လွဲချော်နေခဲ့ချိန်မှာ ခံစစ်ကနေပါ ဘရန့်ဖို့ဒ်တို့ကို ကောင်တာကနေ အခွင့်အရေးတွေ ပြန်ပေးခဲ့ရသလို ပွဲချိန် မိနစ် ၉၀ ပြည့်တဲ့အထိ တစ်ဂိုး-ဂိုးမရှိပဲဖြစ်နေခဲ့လို့ အိမ်ရှင်တွေ အပူလုံးကြွနေခဲ့ကြတာပါ။

နာကျင်အချိန်ပို နောက်ဆုံးမိနစ်ဖြစ်တဲ့ ၉၆ မိနစ်မှာတော့ ဘရန့်ဖို့ဒ်တို့ပဲ အနိုင်ပြတ်သားစေမယ့် ဒုတိယဂိုးကို ရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ နောက်ဆုံး ထောင့်ကန်ဘောကို ခေါင်းတက်တိုက်ဖို့ ကြိုးစားပြီး ဘာမှ မဖြစ်ခဲ့တဲ့ ဂိုးသမား ဆန်းချက်ဇ်ကြောင့် ရှင်းထုတ်ခံရတဲ့ ဘောလုံးကို မော်ပေက ဆွဲပြေးပြီး ဂိုးရှေ့အရောက်မှာ မကန်ဘဲ ဖန်တီးပေးခဲ့တာကို တစ်ယောက်တည်း လွတ်နေခဲ့တဲ့ အမ်ဘူးမိုက အသာအယာ ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘရန့်ဖို့ဒ်တို့က ချဲလ်ဆီးတို့ကို နှစ်ဂိုး-ဂိုးမရှိရလဒ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နောက်ဆုံး ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အနိုင်ရရှိသွားခဲ့ကြသလို အဆင့် ၁၀ နေရာအတွက် ချဲလ်ဆီးကို နင်းတက်ပြီး ၁၁ မီးငြိမ်းအောင် ဖန်တီးပေးသွားနိုင်ခဲ့တာကြောင့် လန်ဒန်ဆိုတာ အနည်းဆုံးတော့ အပြာရောင်တွေ မဟုတ်ဘူးဆိုတာ သိခွင့်ရရှိသွားခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေရာဘတ္ ဆန္ခ်က္ဇ္၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ေကာလ္ဝီလ္၊ ဒီဆာဆီနဲ႔ ကူကူရဲလားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဂို၊ ဂါလာဂါနဲ႔ ပါးလ္မားတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ မာဒူးကီ၊ စတာလင္နဲ႔ ဂ်က္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘရန႔္ဖိုဒ္တို႔ကေတာ့ ဂိုးသမား ဖလက္ကင္၊ ခံစစ္မွာ ပင္းေနာ့ခ္၊ အာေယးနဲ႔ ေကာလင္းစ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုအာဆလက္ဗ္၊ ဟစ္ကီ၊ ယန္နဲ႔လ္၊ ေနာ္ဂါ့ဒ္နဲ႔ ယန္ဆန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဝစ္ဆာနဲ႔ အမ္ဘူးမိုတို႔ကိုပဲ တြဲဖက္ေပးခဲ့တာပါ။

ပြဲကေတာ့ ထင္ထားတဲ့အတိုင္းပဲ ဒီအဆင္နဲ႔ ဒီအဆင္ဆိုၿပီး ဘရန႔္ဖို႔ဒ္တို႔ ပိတ္ကစားဖို႔ပဲ ႀကိဳးစားလာခဲ့သလို ခ်ဲလ္ဆီးတို႔ကေတာ့ အိမ္ကြင္းအားနဲ႔ ဖိကစားခဲ့ေပမယ့္ ဖန္တီးမႈ မရွိတဲ့ ကြင္းလယ္ေၾကာင့္ အလြယ္တကူ ခန႔္မွန္းႏိုင္တဲ့ ပုံစံပဲျဖစ္ေနခဲ့တဲ့ တိုက္စစ္နဲ႔ ကန္သာကန္ ဂိုးေပါက္မတည့္ဘဲ ျဖစ္ေနခဲ့ၿပီး ကူကူရဲလားကေတာ့ အနီးကပ္ အပိုင္ကန္ခြင့္ကို ဂိုးသမားလက္ထဲပဲ ထည့္ေပးခဲ့တာျဖစ္ပါတယ္။

ဂ်က္ဆန္နဲ႔ လက္ရွိတိုက္စစ္သမားေတြကေတာ့ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့သလို အာဆင္နယ္နဲ႔ပြဲမွာသာ ေျမာက္လန္ဒန္ပရိသတ္ေတြ ေဒါသထြက္ရေအာင္ သူတို႔အသင္းနဲ႔ နည္းျပ အာတီတာတို႔ ညံ့ေနခဲ့လို႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ သေရရခဲ့တာဆိုတာက သိသာသြားခဲ့ၿပီး ေနာက္ဆုံး လန္ဒန္ ဒါဘီ ၁၂ ႀကိမ္မွာ ရႈံးပြဲမရွိခဲ့တဲ့ ဘရန႔္ဖို႔ဒ္တို႔အေနနဲ႔ ခ်ဲလ္ဆီးကြင္းမွာ ေနာက္ဆုံးႏွစ္ႀကိမ္အႏိုင္ကို သုံးႀကိမ္အထိ တိုးျမႇင့္ဖို႔ ဆႏၵရွိေနခဲ့ၾကတာပါ။

ပထမပိုင္းမွာ ဟင္ဟာေတာက္ကြၽတ္ေတြနဲ႔ ဂိုးမရွိသေရက်ေနခဲ့ၾကေပမယ့္ ဘရန႔္ဖို႔ဒ္တို႔ရဲ႕ အဆုံးသတ္ပိုင္းကေတာင္ ခ်ဲလ္ဆီးတို႔ထက္ ပိုမို သာလြန္ေနခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ဂိုးမေပးရေသးတဲ့ ဧည့္သည္ေတြက ယုံၾကည္မႈ ပိုရလာခဲ့သလို တိုက္စစ္ကို အနည္းငယ္ပိုလိုက္လာတဲ့အတြက္ အိမ္ရွင္ဂိုးသမား ဆန္းခ်က္ဇ္ပါ ပိုမိုကာကြယ္ေနခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔က အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရတဲ့ လက္ပစ္ေဘာကေန ယန္ဆန္ ခင္းေပးခဲ့တာကို အမ္ဘူးမိုက ေျပးလိုက္ၿပီး ဂိုးစည္းနားကေန လွမ္းမ,ေပးတဲ့ ေဘာလုံးကို အေဝးတိုင္ဘက္ကေန ေျပးဝင္လာခဲ့တဲ့ Snoop Dogg ႐ုပ္နဲ႔ ေနာက္ခံလူ ပင္းေနာ့ခ္က အပိုင္ေခါင္းတိုက္ၿပီး ခပ္ညံ့ညံ့ ဒီဆာဆီနဲ႔ ဂိုးသမား ဆန္းခ်က္ဇ္တို႔ကို ေၾကကြဲေစခဲ့တာပါ။

ဒီေနာက္မွာေတာ့ တစ္ဂိုးရသြားတဲ့ ဘရန႔္ဖို႔ဒ္တို႔က ပြဲအရွိန္ကို လိုသလို ဆက္ထိန္းထားႏိုင္ဖို႔ ယန္ဆန္၊ ယန္နဲ႔လ္၊ ဟစ္ကီနဲ႔ ဝစ္ဆာတို႔အစား အြန္ယီကာ၊ ယာမိုလ်ဳခ္၊ ေဂါ့ဒို႔စ္နဲ႔ ေမာ္ေပတို႔ကို လဲကစားသြားခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ တိုက္စစ္ျမႇင့္ဖို႔ ဒီဆာဆီ၊ မာဒူးကီ၊ ကိုင္စီဒိုနဲ႔ ကူကူရဲလားတို႔အစား ရီးစ္ဂ်ိမ္းစ္၊ မတ္ဆန္၊ အူဂိုခ်ဴးဝူးနဲ႔ ေဒးဗစ္ ဝါရွင္တန္တို႔ကိုေတာင္ ထည့္သြင္းလာခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ ကံၾကမၼာက ခ်ဲလ္ဆီးတို႔ဘက္မွာ ရွိမေနခဲ့ဘဲ စတာလင္ကိုသာ မွီခိုေနရၿပီး ဘာဖန္တီးမႈမွ ေကာင္းေကာင္းမလုပ္ႏိုင္ခဲ့ဘဲ တိုက္စစ္ကို ဖိကစားရင္း လြဲေခ်ာ္ေနခဲ့ခ်ိန္မွာ ခံစစ္ကေနပါ ဘရန႔္ဖို႔ဒ္တို႔ကို ေကာင္တာကေန အခြင့္အေရးေတြ ျပန္ေပးခဲ့ရသလို ပြဲခ်ိန္ မိနစ္ ၉၀ ျပည့္တဲ့အထိ တစ္ဂိုး-ဂိုးမရွိပဲျဖစ္ေနခဲ့လို႔ အိမ္ရွင္ေတြ အပူလုံးႂကြေနခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပို ေနာက္ဆုံးမိနစ္ျဖစ္တဲ့ ၉၆ မိနစ္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔ပဲ အႏိုင္ျပတ္သားေစမယ့္ ဒုတိယဂိုးကို ရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေနာက္ဆုံး ေထာင့္ကန္ေဘာကို ေခါင္းတက္တိုက္ဖို႔ ႀကိဳးစားၿပီး ဘာမွ မျဖစ္ခဲ့တဲ့ ဂိုးသမား ဆန္းခ်က္ဇ္ေၾကာင့္ ရွင္းထုတ္ခံရတဲ့ ေဘာလုံးကို ေမာ္ေပက ဆြဲေျပးၿပီး ဂိုးေရွ႕အေရာက္မွာ မကန္ဘဲ ဖန္တီးေပးခဲ့တာကို တစ္ေယာက္တည္း လြတ္ေနခဲ့တဲ့ အမ္ဘူးမိုက အသာအယာ ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘရန႔္ဖို႔ဒ္တို႔က ခ်ဲလ္ဆီးတို႔ကို ႏွစ္ဂိုး-ဂိုးမရွိရလဒ္နဲ႔ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ေနာက္ဆုံး ပရီးမီးယားလိဂ္ သုံးပြဲဆက္တိုက္ အႏိုင္ရရွိသြားခဲ့ၾကသလို အဆင့္ ၁၀ ေနရာအတြက္ ခ်ဲလ္ဆီးကို နင္းတက္ၿပီး ၁၁ မီးၿငိမ္းေအာင္ ဖန္တီးေပးသြားႏိုင္ခဲ့တာေၾကာင့္ လန္ဒန္ဆိုတာ အနည္းဆုံးေတာ့ အျပာေရာင္ေတြ မဟုတ္ဘူးဆိုတာ သိခြင့္ရရွိသြားခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.