Premier League

ရှက်ဖီးနဲ့ပွဲအတွက် မယုံနိုင်စရာကစားသမားကို ပြန်လည်ခေါ်ယူမယ့် အာတီတာ

အာဆင်နယ်ဟာ ယနေ့ည အမ်းမရိတ်စ်မှာ ရှက်ဖီးယူနိုက်တက်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီပွဲကိုသာ အနိုင်ရရှိခဲ့မယ်ဆိုရင် ဂန်းနားတွေဟာ အမှတ်ပေးဇယားဒုတိယနေရာကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာအတွက် ဒီပွဲမတိုင်ခင် လုပ်ဆောင်ရမယ့် ဒဏ်ရာပြဿနာ ၂ ခု ရှိနေပြီး ဂါဘရီယဲလ် ဂျေးဇုနဲ့ သောမတ်စ် ပါတေးတို့ ၂ ဦးစလုံး ရှက်ဖီးယူနိုက်တက်နဲ့ပွဲကို လွဲချော်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာအနေနဲ့ ပြီးခဲ့တဲ့ရက်သတ္တပတ်အလယ်က ချန်ပီယံလိဂ်ပွဲစဉ်က လူစာရင်းကို နည်းဗျူဟာပိုင်း အပြောင်းအလဲတွေ ပြုလုပ်သွားဖွယ်ရှိပြီး အင်္ဂါနေ့တုန်းက တိုမိယဆုက ဘယ်နောက်ခံနေရာမှာ အထင်ကြီးဖွယ်ပုံစံနဲ့ ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

ဇင်ချန်ကိုဟာ ဆီဗီလာနဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပေမယ့်လည်း အာတီတာက ယနေ့ညပွဲစဉ်အတွက် ယူကရိန်းနောက်ခံလူကို ပြန်လည်ခေါ်ယူသွားမှာဖြစ်ပြီး ဂန်းနားတွေဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူ ကစားချင်တာကြောင့် စီးတီးကြယ်ပွင့်ဟောင်းက ပိုမိုကောင်းမွန်တဲ့ ရွေးချယ်စရာအဖြစ်ရှိနေတာဖြစ်ပါတယ်။

တိုမိယဆုနဲ့ဆိုရင် ဂန်းနားတွေဟာ ခံစစ်ပိုင်း ပိုမို ကျစ်လစ်ပေမယ့်လည်း မယုံနိုင်စရာကောင်းတဲ့ ဇင်ချန်ကို ကွင်းထဲမှာ ရှိနေတဲ့အချိန်မှာတော့ အာဆင်နယ်ရဲ့ ကစားကွက်စီးဆင်းမှုက ယေဘုယျအားဖြင့် ပိုမိုကောင်းမွန်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ခံစစ်အထိ ဆင်းပိတ်ကစားတတ်တဲ့ ရှက်ဖီးလို Low Block အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲဖြစ်တာကြောင့် ဇင်ချန်ကို ကိုမှ ဒီပွဲမှာ ထုတ်မသုံးရင် သုံးရမယ့်သူ မရှိတော့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

အာတီတာ နောက်ထပ် အပြောင်းအလဲ ပြုလုပ်နိုင်ခြေရှိတဲ့နေရာက ကွင်းလယ်ဖြစ်ပြီး ဂန်းနားတွေဟာ ကွင်းလယ်ကို စိုးမိုးထားနိုင်ဖို့ မျှော်မှန်းထားတာကြောင့် ဂျော်ဂျင်ညိုကို အနားပေးသွားမှာဖြစ်ပါတယ်။

အာတီတာအနေနဲ့ ဂျော်ဂျင်ညိုရော ရိုက်ကိုပါ သုံးရလောက်တဲ့အထိ ရှက်ဖီးရဲ့ တိုက်စစ်က ထက်မြက်မနေတာကြောင့် ကိုင် ဟာဗတ်ဇ် ဒီပွဲမှာ ပွဲထွက်လူစာရင်းထဲ ပြန်ပါလာနိုင်ပြီး စာရွက်ပေါ်မှာတော့ အာဆင်နယ်လူစာရင်းက အပြတ်အသတ် သာနေပေမယ့် ပြိုင်ဘက်တွေကို စိတ်ပျက်အောင် လုပ်ဖို့ ကြိုးစားမယ့်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် အကောင်းဆုံးပုံစံမှာ ရှိနေဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ဟာ ယေန႔ည အမ္းမရိတ္စ္မွာ ရွက္ဖီးယူႏိုက္တက္ကို လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဒီပြဲကိုသာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ ဂန္းနားေတြဟာ အမွတ္ေပးဇယားဒုတိယေနရာကို တက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။

အာဆင္နယ္နည္းျပ အာတီတာအတြက္ ဒီပြဲမတိုင္ခင္ လုပ္ေဆာင္ရမယ့္ ဒဏ္ရာျပႆနာ ၂ ခု ရွိေနၿပီး ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ ေသာမတ္စ္ ပါေတးတို႔ ၂ ဦးစလုံး ရွက္ဖီးယူႏိုက္တက္နဲ႔ပြဲကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာအေနနဲ႔ ၿပီးခဲ့တဲ့ရက္သတၱပတ္အလယ္က ခ်န္ပီယံလိဂ္ပြဲစဥ္က လူစာရင္းကို နည္းဗ်ဴဟာပိုင္း အေျပာင္းအလဲေတြ ျပဳလုပ္သြားဖြယ္ရွိၿပီး အဂၤါေန႔တုန္းက တိုမိယဆုက ဘယ္ေနာက္ခံေနရာမွာ အထင္ႀကီးဖြယ္ပုံစံနဲ႔ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

ဇင္ခ်န္ကိုဟာ ဆီဗီလာနဲ႔ပြဲမွာ အရန္ခုံထိုင္ခဲ့ရေပမယ့္လည္း အာတီတာက ယေန႔ညပြဲစဥ္အတြက္ ယူကရိန္းေနာက္ခံလူကို ျပန္လည္ေခၚယူသြားမွာျဖစ္ၿပီး ဂန္းနားေတြဟာ ဒီပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရယူ ကစားခ်င္တာေၾကာင့္ စီးတီးၾကယ္ပြင့္ေဟာင္းက ပိုမိုေကာင္းမြန္တဲ့ ေ႐ြးခ်ယ္စရာအျဖစ္ရွိေနတာျဖစ္ပါတယ္။

တိုမိယဆုနဲ႔ဆိုရင္ ဂန္းနားေတြဟာ ခံစစ္ပိုင္း ပိုမို က်စ္လစ္ေပမယ့္လည္း မယုံႏိုင္စရာေကာင္းတဲ့ ဇင္ခ်န္ကို ကြင္းထဲမွာ ရွိေနတဲ့အခ်ိန္မွာေတာ့ အာဆင္နယ္ရဲ႕ ကစားကြက္စီးဆင္းမႈက ေယဘုယ်အားျဖင့္ ပိုမိုေကာင္းမြန္ေနတာျဖစ္ပါတယ္။ ဒါ့အျပင္ ခံစစ္အထိ ဆင္းပိတ္ကစားတတ္တဲ့ ရွက္ဖီးလို Low Block အသင္းနဲ႔ ရင္ဆိုင္ရမယ့္ပြဲျဖစ္တာေၾကာင့္ ဇင္ခ်န္ကို ကိုမွ ဒီပြဲမွာ ထုတ္မသုံးရင္ သုံးရမယ့္သူ မရွိေတာ့ဘူးလို႔ ဆိုရမွာျဖစ္ပါတယ္။

အာတီတာ ေနာက္ထပ္ အေျပာင္းအလဲ ျပဳလုပ္ႏိုင္ေျခရွိတဲ့ေနရာက ကြင္းလယ္ျဖစ္ၿပီး ဂန္းနားေတြဟာ ကြင္းလယ္ကို စိုးမိုးထားႏိုင္ဖို႔ ေမွ်ာ္မွန္းထားတာေၾကာင့္ ေဂ်ာ္ဂ်င္ညိဳကို အနားေပးသြားမွာျဖစ္ပါတယ္။

အာတီတာအေနနဲ႔ ေဂ်ာ္ဂ်င္ညိဳေရာ ႐ိုက္ကိုပါ သုံးရေလာက္တဲ့အထိ ရွက္ဖီးရဲ႕ တိုက္စစ္က ထက္ျမက္မေနတာေၾကာင့္ ကိုင္ ဟာဗတ္ဇ္ ဒီပြဲမွာ ပြဲထြက္လူစာရင္းထဲ ျပန္ပါလာႏိုင္ၿပီး စာ႐ြက္ေပၚမွာေတာ့ အာဆင္နယ္လူစာရင္းက အျပတ္အသတ္ သာေနေပမယ့္ ၿပိဳင္ဘက္ေတြကို စိတ္ပ်က္ေအာင္ လုပ္ဖို႔ ႀကိဳးစားမယ့္အသင္းနဲ႔ ရင္ဆိုင္ရမွာျဖစ္တာေၾကာင့္ အေကာင္းဆုံးပုံစံမွာ ရွိေနဖို႔ေတာ့ လိုအပ္မွာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.