Premier League

အသင်းဟောင်းကို စီးတီးနဲ့ ပွဲမှာ အနိုင်ရနိုင်မယ့် နည်းလမ်းကောင်းကို ပေးလိုက်တဲ့ ဂယ်ရီ နဗီး

မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ဂယ်ရီ နဗီးက အသင်းဟောင်းအနေနဲ့ တနင်္ဂနွေနေ့ မန်ချက်စတာဒါဘီမှာ မန်စီးတီးကို အနိုင်ယူနိုင်ဖို့ ပိတ်ကစားဖို့ လိုအပ်တယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာနှစ်သင်းဟာ ယခုအပတ် တနင်္ဂနွေနေ့ အိုးထရက်ဖို့ဒ်မှာ ယခုရာသီ ပထမဆုံး မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားမှာဖြစ်ပြီး မန်ယူနိုက်တက်နဲ့ မန်စီးတီးတို့ဟာ ရပ်တည်မှုအပိုင်းမှာ ကွာဟနေတာ ဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ရာသီအစ ၉ ပွဲကနေ ၅ ပွဲအနိုင်ရခဲ့ပြီးနောက် ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေပြီး မန်ချက်စတာစီးတီးကတော့ အမှတ်ပေးဇယားဦးဆောင်သူ စပါးစ်ထက် ၁ ပွဲလျော့ ၅ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဂလာတာဆာရေးကို ချန်ပီယံလိဂ်မှာ ၃-၂ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၃ ပွဲစလုံးကို အနိုင်ရရှိခဲ့ပြီး ပုံမှန်ခြေစွမ်း ပြန်လည်ရရှိနေတာဖြစ်ပါတယ်။

ယခုအပတ် မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဂယ်ရီ နဗီးက “ကျွန်တော် အင်္ဂါနေ့ည ကိုပင်ဟေဂင်ပွဲကို သွားကြည့်ခဲ့တယ်။ ယူနိုက်တက်က ပထမပိုင်းမှာ ဆိုးရွားနေခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပိုကောင်းခဲ့တယ်။ ခြေစွမ်းပိုင်းက မကောင်းပါဘူး။ သူတို့တွေ ကောင်းကောင်း မကစားနိုင်ခဲ့ဘူး။ အဲဒီတော့ ကျွန်တော်တို့ ဒါက ဒါဘီပွဲပဲ။ သူတို့တွေ ဒီအတွက် အသင့်ဖြစ်နေလိမ့်မယ်လို့ပဲ ပြောရမှာပဲ။ ယူနိုက်တက်အတွက် တနင်္ဂနွေနေ့မှာ မိနစ် ၂၀ လောက် ကောင်းကောင်း ကစားနိုင်ရင်ကို သူတို့မှာ စစ်မှန်တဲ့ အခွင့်အရေးရှိတယ်လို့ ကျွန်တော် အမြဲတမ်း ပြောမှာပါ။ ဘာလို့လဲဆိုတော့ ပရိသတ်အုပ်နဲ့ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ရှိနေမယ့်ခံစားချက်တွေကြောင့်ပါ။ ဒါက မနှစ်က ဖြစ်ပျက်ခဲ့ပြီးပါပြီ။ သူတို့တွေ ၁-၀ နဲ့ ရှုံးနိမ့်နေရာကနေ ၂-၁ နဲ့ အနိုင်ရသွားခဲ့တယ်။ မန်ချက်စတာယူနိုက်တက်က တနင်္ဂနွေနေ့မှာ စီးတီးကို ဘောလုံးပိုင်းအရ အသာရပြီး အနိုင်ရသွားစရာအကြောင်းမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က အဲဒီအဆင့်အတန်းမှာ ရှိမနေလို့ပါ။ ဒါပေမယ့် စီးတီးကလည်း အခု ခြေနည်းနည်းကျနေပါတယ်။ အဲဒီတော့ စိတ်ဝင်စားစရာကောင်းလာမှာပါ။ ယူနိုက်တက်က အိုးထရက်ဖို့ဒ်မှာ သူတို့ကစားတဲ့ပုံစံနဲ့အတူ မန်စီးတီးရဲ့ အကောင်းဆုံးပုံစံကို ပြန်ပြီးလည်း ယူဆောင်ပေးနိုင်ပါတယ်။ ပြီးခဲ့တဲ့ရာသီကတော့ နောက်ဆုံး ၁၅ မိနစ်မှာ အံ့အားသင့်စရာဖြစ်ခဲ့တယ်။ ကျွန်တော် မျှော်မှန်းထားတာထက် ပိုပြီး မျှော်လင့်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ဂယ္ရီ နဗီးက အသင္းေဟာင္းအေနနဲ႔ တနဂၤေႏြေန႔ မန္ခ်က္စတာဒါဘီမွာ မန္စီးတီးကို အႏိုင္ယူႏိုင္ဖို႔ ပိတ္ကစားဖို႔ လိုအပ္တယ္လို႔ ယုံၾကည္ေနပါတယ္။

မန္ခ်က္စတာႏွစ္သင္းဟာ ယခုအပတ္ တနဂၤေႏြေန႔ အိုးထရက္ဖို႔ဒ္မွာ ယခုရာသီ ပထမဆုံး မန္ခ်က္စတာဒါဘီပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး မန္ယူႏိုက္တက္နဲ႔ မန္စီးတီးတို႔ဟာ ရပ္တည္မႈအပိုင္းမွာ ကြာဟေနတာ ျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ရာသီအစ ၉ ပြဲကေန ၅ ပြဲအႏိုင္ရခဲ့ၿပီးေနာက္ ရမွတ္ ၁၅ မွတ္နဲ႔ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနၿပီး မန္ခ်က္စတာစီးတီးကေတာ့ အမွတ္ေပးဇယားဦးေဆာင္သူ စပါးစ္ထက္ ၁ ပြဲေလ်ာ့ ၅ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ဂလာတာဆာေရးကို ခ်န္ပီယံလိဂ္မွာ ၃-၂ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ေနာက္ဆုံးကစားခဲ့တဲ့ ၿပိဳင္ပြဲစုံ ၃ ပြဲစလုံးကို အႏိုင္ရရွိခဲ့ၿပီး ပုံမွန္ေျခစြမ္း ျပန္လည္ရရွိေနတာျဖစ္ပါတယ္။

ယခုအပတ္ မန္စီးတီးနဲ႔ ပြဲမတိုင္ခင္ ဂယ္ရီ နဗီးက “ကြၽန္ေတာ္ အဂၤါေန႔ည ကိုပင္ေဟဂင္ပြဲကို သြားၾကည့္ခဲ့တယ္။ ယူႏိုက္တက္က ပထမပိုင္းမွာ ဆိုး႐ြားေနခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ပိုေကာင္းခဲ့တယ္။ ေျခစြမ္းပိုင္းက မေကာင္းပါဘူး။ သူတို႔ေတြ ေကာင္းေကာင္း မကစားႏိုင္ခဲ့ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ ဒါက ဒါဘီပြဲပဲ။ သူတို႔ေတြ ဒီအတြက္ အသင့္ျဖစ္ေနလိမ့္မယ္လို႔ပဲ ေျပာရမွာပဲ။ ယူႏိုက္တက္အတြက္ တနဂၤေႏြေန႔မွာ မိနစ္ ၂၀ ေလာက္ ေကာင္းေကာင္း ကစားႏိုင္ရင္ကို သူတို႔မွာ စစ္မွန္တဲ့ အခြင့္အေရးရွိတယ္လို႔ ကြၽန္ေတာ္ အၿမဲတမ္း ေျပာမွာပါ။ ဘာလို႔လဲဆိုေတာ့ ပရိသတ္အုပ္နဲ႔ အိုးထရက္ဖို႔ဒ္ကြင္းထဲမွာ ရွိေနမယ့္ခံစားခ်က္ေတြေၾကာင့္ပါ။ ဒါက မႏွစ္က ျဖစ္ပ်က္ခဲ့ၿပီးပါၿပီ။ သူတို႔ေတြ ၁-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ၂-၁ နဲ႔ အႏိုင္ရသြားခဲ့တယ္။ မန္ခ်က္စတာယူႏိုက္တက္က တနဂၤေႏြေန႔မွာ စီးတီးကို ေဘာလုံးပိုင္းအရ အသာရၿပီး အႏိုင္ရသြားစရာအေၾကာင္းမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ သူတို႔က အဲဒီအဆင့္အတန္းမွာ ရွိမေနလို႔ပါ။ ဒါေပမယ့္ စီးတီးကလည္း အခု ေျခနည္းနည္းက်ေနပါတယ္။ အဲဒီေတာ့ စိတ္ဝင္စားစရာေကာင္းလာမွာပါ။ ယူႏိုက္တက္က အိုးထရက္ဖို႔ဒ္မွာ သူတို႔ကစားတဲ့ပုံစံနဲ႔အတူ မန္စီးတီးရဲ႕ အေကာင္းဆုံးပုံစံကို ျပန္ၿပီးလည္း ယူေဆာင္ေပးႏိုင္ပါတယ္။ ၿပီးခဲ့တဲ့ရာသီကေတာ့ ေနာက္ဆုံး ၁၅ မိနစ္မွာ အံ့အားသင့္စရာျဖစ္ခဲ့တယ္။ ကြၽန္ေတာ္ ေမွ်ာ္မွန္းထားတာထက္ ပိုၿပီး ေမွ်ာ္လင့္မိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.