Premier League

အိုးထရက်ဖို့ဒ်ကို ပြန်လာမယ်လို့ သဲလွန်စပေးလိုက်တဲ့ ပရိသတ်အချစ်တော် ဒဟေးယား

ဒေးဗစ် ဒဟေးယားက ယခုဆောင်းရာသီမှာ မန်ချက်စတာယူနိုက်တက်ကို ပြန်လာနိုင်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ နောက်ထပ်သဲလွန်စပေးခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် ဂိုးသမားဟာ ပြီးခဲ့တဲ့ဇူလိုင်လမှာ မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်က ၁၂ နှစ်ကြာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီး လက်ရှိအချိန်အထိ အသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

အသင်းကနေ ထွက်ခွာကြောင်း ဝမ်းနည်းကြေကွဲဖွယ် ထုတ်ပြန်ကြေညာချက်ထဲမှာတော့ ဒဟေးယားက စိန်ခေါ်မှုအသစ်တွေကို ပတ်ဝန်းကျင်အသစ်မှာ ရှာဖွေသွားချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်က ယခုနွေရာသီမှာ အင်တာမီလန်ကနေ ခေါ်ယူခဲ့တဲ့ အန်ဒရီ အိုနာနာဟာ ဒီဆောင်းရာသီ အာဖရိကဖလားပြိုင်ပွဲ ကစားရဖို့ ရှိနေတာကြောင့် စပိန်ဂိုးသမားဟာ အသင်းကို ကာလတိုစာချုပ်နဲ့ အံ့အားသင့်ဖွယ် ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ကင်မရွန်းအသင်းသာ အာဖရိကဖလားပြိုင်ပွဲ နောက်ပိုင်း အဆင့်တွေအထိ ယှဉ်ပြိုင်နိုင်မယ်ဆိုရင် ၈ ပွဲအထိ လွဲချော်နိုင်ပြီး ဒဟေးယားကို မကြာသေးမီက မန်ချက်စတာမှာ မြင်တွေ့ခဲ့ရပြီး ဘရူနို ဖာနန်ဒက်စ်နဲ့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို တင်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ကို ပြန်လည်ပြောင်းရွှေ့နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ကြာသပတေးနေ့မှာ ဒဟေးယားက အဲဒီ ကောလာဟလတွေကို X မှာ စဉ်းစားနေတဲ့ မျက်နှာပုံစံ အီမိုဂျီကို တင်ခဲ့ပြီးနောက် မီးလောင်ရာလေပင့်လုပ်ခဲ့တာဖြစ်ပြီး စပန်ဂိုးသမားဟာ ၎င်းရဲ့ လူမှုကွန်ရက်ပေါ်မှာ နောက်ထပ်ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပြီး အခွင့်အရေးရလာရင် ကစားဖို့အတွက် ကိုယ့်ကိုကိုယ် ထက်မြက်နေအောင် လုပ်နေတယ်ဆိုတာ အသိပေးခဲ့တာဖြစ်ပါတယ်။

ယမန်နေ့ အင်စတာဂရမ်မှာ တင်ခဲ့တဲ့ စတိုရီထဲမှာ ဒဟေးယားက ဂိုးဖမ်းလက်အိတ်တစ်စုံ၊ ဘောလုံးကန်ဖိနပ်၊ ဘောလုံးတစ်လုံးနဲ့အတူ ကောင်းမွန်နေတယ်လို့ ခံစားရတယ်ဆိုတဲ့ ကပ်ရှင်နဲ့အတူ တင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေဒးဗစ္ ဒေဟးယားက ယခုေဆာင္းရာသီမွာ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လာႏိုင္တယ္လို႔ လူမႈကြန္ရက္ေပၚမွာ ေနာက္ထပ္သဲလြန္စေပးခဲ့ပါတယ္။

အသက္ ၃၂ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ၿပီးခဲ့တဲ့ဇူလိုင္လမွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္က ၁၂ ႏွစ္ၾကာ ကစားသမားဘဝကို အဆုံးသတ္ခဲ့ၿပီး လက္ရွိအခ်ိန္အထိ အသင္းလက္မဲ့ျဖစ္ေနတာျဖစ္ပါတယ္။

အသင္းကေန ထြက္ခြာေၾကာင္း ဝမ္းနည္းေၾကကြဲဖြယ္ ထုတ္ျပန္ေၾကညာခ်က္ထဲမွာေတာ့ ဒေဟးယားက စိန္ေခၚမႈအသစ္ေတြကို ပတ္ဝန္းက်င္အသစ္မွာ ရွာေဖြသြားခ်င္တဲ့ ဆႏၵကို ထုတ္ေဖာ္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္က ယခုေႏြရာသီမွာ အင္တာမီလန္ကေန ေခၚယူခဲ့တဲ့ အန္ဒရီ အိုနာနာဟာ ဒီေဆာင္းရာသီ အာဖရိကဖလားၿပိဳင္ပြဲ ကစားရဖို႔ ရွိေနတာေၾကာင့္ စပိန္ဂိုးသမားဟာ အသင္းကို ကာလတိုစာခ်ဳပ္နဲ႔ အံ့အားသင့္ဖြယ္ ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ဂိုးသမားဟာ ကင္မ႐ြန္းအသင္းသာ အာဖရိကဖလားၿပိဳင္ပြဲ ေနာက္ပိုင္း အဆင့္ေတြအထိ ယွဥ္ၿပိဳင္ႏိုင္မယ္ဆိုရင္ ၈ ပြဲအထိ လြဲေခ်ာ္ႏိုင္ၿပီး ဒေဟးယားကို မၾကာေသးမီက မန္ခ်က္စတာမွာ ျမင္ေတြ႕ခဲ့ရၿပီး ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔အတူ ႐ိုက္ကူးထားတဲ့ ဓာတ္ပုံကို တင္ခဲ့ၿပီးေနာက္ အိုးထရက္ဖို႔ဒ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ႏိုင္တယ္လို႔ သတင္းေတြ ထြက္ေပၚခဲ့တာ ျဖစ္ပါတယ္။

ၾကာသပေတးေန႔မွာ ဒေဟးယားက အဲဒီ ေကာလာဟလေတြကို X မွာ စဥ္းစားေနတဲ့ မ်က္ႏွာပုံစံ အီမိုဂ်ီကို တင္ခဲ့ၿပီးေနာက္ မီးေလာင္ရာေလပင့္လုပ္ခဲ့တာျဖစ္ၿပီး စပန္ဂိုးသမားဟာ ၎ရဲ႕ လူမႈကြန္ရက္ေပၚမွာ ေနာက္ထပ္ဓာတ္ပုံတစ္ပုံကို တင္ခဲ့ၿပီး အခြင့္အေရးရလာရင္ ကစားဖို႔အတြက္ ကိုယ့္ကိုကိုယ္ ထက္ျမက္ေနေအာင္ လုပ္ေနတယ္ဆိုတာ အသိေပးခဲ့တာျဖစ္ပါတယ္။

ယမန္ေန႔ အင္စတာဂရမ္မွာ တင္ခဲ့တဲ့ စတိုရီထဲမွာ ဒေဟးယားက ဂိုးဖမ္းလက္အိတ္တစ္စုံ၊ ေဘာလုံးကန္ဖိနပ္၊ ေဘာလုံးတစ္လုံးနဲ႔အတူ ေကာင္းမြန္ေနတယ္လို႔ ခံစားရတယ္ဆိုတဲ့ ကပ္ရွင္နဲ႔အတူ တင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.