Premier League

အာဆင်နယ်နဲ့ပွဲက ဖြစ်စဉ်ကြောင့် လူစာရင်းကနေ ချန်လှပ်ခံရမယ်လို့ အပြောခံခဲ့ရတဲ့ ပါလ်မာ

ချဲလ်ဆီးနည်းပြ မူရီဆီယို ပိုချက်တီနိုက ၎င်းကို ရေဗူးနဲ့ ပေါက်ခဲ့တဲ့ ကိုး ပါလ်မာကို အရမ်းဒေါသထွက်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး လူစာရင်းကနေ ချန်လှပ်ခံရလိမ့်မယ်လို့ ဟာသဖောက်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့အပတ် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ချဲလ်ဆီးက အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ၂-၀ နဲ့ ဦးဆောင်ထားနိုင်မှုကို မထိန်းချုပ်ထားနိုင်ဘဲ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

ယခုနွေရာသီမှာ မန်ချက်စတာစီးတီးကနေ ပေါင် ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကိုး ပါလ်မာက အထင်ကြီးဖွယ် ခြေစွမ်းနဲ့ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း ၈၄ မိနစ်မှာ အာဆင်နယ်အတွက် ထရော့ဆာ့ဒ်သွင်းယူခဲ့တဲ့ ချေပဂိုးက အိမ်ကွင်းပရိသတ်တွေအားလုံးကို တိတ်ဆိတ်စေခဲ့တာဖြစ်ပြီး ချဲလ်ဆီးကြယ်ပွင့်လည်း ဒေါသပေါက်ွကွဲခဲ့တာဖြစ်ပါတယ်။

ပါလ်မာဟာ ရေဗူးကို သောက်နေရင်း အရန်ခုံတန်းဘက်ကို လွှင့်ပစ်ခဲ့ရာမှာ နည်းပြ ပိုချက်တီနိုကို ထိမှန်သွားခဲ့တာဖြစ်ပြီး အသက် ၂၁ နှစ်အရွယ် ကစားသမားက ၎င်းရဲ့ ရည်ရွယ်ချက်မရှိတဲ့ အမှားကြောင့် လူစာရင်းကနေ ချန်လှပ်မခံရဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

စနေနေ့ ဘရန့်တ်ဖို့ဒ်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပိုချက်တီနိုက အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စိတ်ထဲမှာမထားဘဲ ကိုး ပါလ်မာကို လူစာရင်းကနေ ချန်လှပ်ပစ်မယ်လို့ ဟာသဖောက်ခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အရမ်းဒေါသထွက်သွားတာ(ရယ်လျက်)။ ဘာလို့လဲဆိုတော့ ရေဗူးဝင်လာတာကို ကျွန်တော် မမျှော်လင့်ထားသလို မြင်လည်း မမြင်လိုက်ရလို့ပါ။ ကျွန်တော် လှည့်ကြည့်လိုက်တဲ့အချိန်မှာ သူက ဆောရီးပါဆိုပြီး လှမ်းပြောတယ်။ အဲဒါက နည်းနည်း ကံဆိုးသွားတာပါ။ ကောင်းတာကတော့ အဲဒါက ကျွန်တော့်ကို ဘာမှ ထိခိုက်ဒဏ်ရာမရစေခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကိုး ပါလ်မာ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အင်္ဂါနေ့က ရှင်းပြခဲ့ရာမှာ “သူတို့တွေ(အာဆင်နယ်)ဒုတိယဂိုးသွင်းလိုက်တဲ့အချိန်မှာ ကျွန်တော် ရေသောက်နေတာပါ။ ကျွန်တော် ရေဗူးကို အဝေးကို လွှင့်ပစ်လိုက်တယ်။ ဒါပေမယ့် ဘယ်ရောက်သွားလဲဆိုတာ မကြည့်မိဘူး။ ရေဗူးက လည်ကာလည်ကာနဲ့ နည်းပြကို သွားမှန်တာ ကျွန်တော် မြင်ခဲ့ရတယ်။ ကျွန်တော် သူ့ကို ဆောရီးလို့ ပြောခဲ့ပြီး ပွဲအပြီးမှာ သေသေချာချာ တောင်းပန်ခဲ့ပါတယ်။ သူ ကျွန်တော့်ကို အဲဒီကိစ္စအတွက် လူစာရင်းကနေ မချန်လှပ်ခဲ့ဖို့ မျှော်လင့်မိပါတယ်။ ကျွန်တော် သူ့ကို လေ့ကျင့်ရေးမှာ ကျွန်တော် ဘာလုပ်နိုင်လဲဆိုတာကို နေ့တိုင်း ပြသဖို့ ကြိုးစားနေပြီး သူ့ကို ပြန်ပေးဆပ်ဖို့ ကြိုးစားနေတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့ကို အများကြီး ယုံကြည်မှုတွေ ပေးထားလို့ပါ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပ မူရီဆီယို ပိုခ်က္တီႏိုက ၎ကို ေရဗူးနဲ႔ ေပါက္ခဲ့တဲ့ ကိုး ပါလ္မာကို အရမ္းေဒါသထြက္ခဲ့တယ္လို႔ ေျပာၾကားခဲ့ၿပီး လူစာရင္းကေန ခ်န္လွပ္ခံရလိမ့္မယ္လို႔ ဟာသေဖာက္ခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့အပတ္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးက အာဆင္နယ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္မွာ ၂-၀ နဲ႔ ဦးေဆာင္ထားႏိုင္မႈကို မထိန္းခ်ဳပ္ထားႏိုင္ဘဲ လက္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္။

ယခုေႏြရာသီမွာ မန္ခ်က္စတာစီးတီးကေန ေပါင္ ၄၂.၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့တဲ့ ကိုး ပါလ္မာက အထင္ႀကီးဖြယ္ ေျခစြမ္းနဲ႔ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ေပမယ့္လည္း ၈၄ မိနစ္မွာ အာဆင္နယ္အတြက္ ထေရာ့ဆာ့ဒ္သြင္းယူခဲ့တဲ့ ေခ်ပဂိုးက အိမ္ကြင္းပရိသတ္ေတြအားလုံးကို တိတ္ဆိတ္ေစခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးၾကယ္ပြင့္လည္း ေဒါသေပါက္ြကြဲခဲ့တာျဖစ္ပါတယ္။

ပါလ္မာဟာ ေရဗူးကို ေသာက္ေနရင္း အရန္ခုံတန္းဘက္ကို လႊင့္ပစ္ခဲ့ရာမွာ နည္းျပ ပိုခ်က္တီႏိုကို ထိမွန္သြားခဲ့တာျဖစ္ၿပီး အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားက ၎ရဲ႕ ရည္႐ြယ္ခ်က္မရွိတဲ့ အမွားေၾကာင့္ လူစာရင္းကေန ခ်န္လွပ္မခံရဖို႔ ေမွ်ာ္လင့္ေနတာ ျဖစ္ပါတယ္။

စေနေန႔ ဘရန႔္တ္ဖို႔ဒ္နဲ႔ ရင္ဆိုင္ရမယ့္ပြဲစဥ္မတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပိုခ်က္တီႏိုက အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး စိတ္ထဲမွာမထားဘဲ ကိုး ပါလ္မာကို လူစာရင္းကေန ခ်န္လွပ္ပစ္မယ္လို႔ ဟာသေဖာက္ခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ အရမ္းေဒါသထြက္သြားတာ(ရယ္လ်က္)။ ဘာလို႔လဲဆိုေတာ့ ေရဗူးဝင္လာတာကို ကြၽန္ေတာ္ မေမွ်ာ္လင့္ထားသလို ျမင္လည္း မျမင္လိုက္ရလို႔ပါ။ ကြၽန္ေတာ္ လွည့္ၾကည့္လိုက္တဲ့အခ်ိန္မွာ သူက ေဆာရီးပါဆိုၿပီး လွမ္းေျပာတယ္။ အဲဒါက နည္းနည္း ကံဆိုးသြားတာပါ။ ေကာင္းတာကေတာ့ အဲဒါက ကြၽန္ေတာ့္ကို ဘာမွ ထိခိုက္ဒဏ္ရာမရေစခဲ့ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ကိုး ပါလ္မာ အဲဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အဂၤါေန႔က ရွင္းျပခဲ့ရာမွာ “သူတို႔ေတြ(အာဆင္နယ္)ဒုတိယဂိုးသြင္းလိုက္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ ေရေသာက္ေနတာပါ။ ကြၽန္ေတာ္ ေရဗူးကို အေဝးကို လႊင့္ပစ္လိုက္တယ္။ ဒါေပမယ့္ ဘယ္ေရာက္သြားလဲဆိုတာ မၾကည့္မိဘူး။ ေရဗူးက လည္ကာလည္ကာနဲ႔ နည္းျပကို သြားမွန္တာ ကြၽန္ေတာ္ ျမင္ခဲ့ရတယ္။ ကြၽန္ေတာ္ သူ႔ကို ေဆာရီးလို႔ ေျပာခဲ့ၿပီး ပြဲအၿပီးမွာ ေသေသခ်ာခ်ာ ေတာင္းပန္ခဲ့ပါတယ္။ သူ ကြၽန္ေတာ့္ကို အဲဒီကိစၥအတြက္ လူစာရင္းကေန မခ်န္လွပ္ခဲ့ဖို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္ သူ႔ကို ေလ့က်င့္ေရးမွာ ကြၽန္ေတာ္ ဘာလုပ္ႏိုင္လဲဆိုတာကို ေန႔တိုင္း ျပသဖို႔ ႀကိဳးစားေနၿပီး သူ႔ကို ျပန္ေပးဆပ္ဖို႔ ႀကိဳးစားေနတယ္။ ဘာလို႔လဲဆိုေတာ့ သူက ကြၽန္ေတာ္တို႔ကို အမ်ားႀကီး ယုံၾကည္မႈေတြ ေပးထားလို႔ပါ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.