Match Report Premier League

ပဲလေ့စ်ရဲ့ ခံစစ်ပိတ်မှုကို ချိုးဖျက်ပြီး နိုင်ပွဲနဲ့ ထိပ်ဆုံးက ၅ မှတ်ဖြတ်လိုက်တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဗန်ဒဗင်၊ ပေါ်ရိုနဲ့ ဘင်ဒေးဗီးစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ်နဲ့ မက်ဒီဆန်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာ‌တော့ ကူလူရှက်ဗ်စကီး၊ ရစ်ချာလစ်ဆန်နဲ့ ဆွန်ဟောင်မင်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ခရစ္စတယ်လ်ပဲလေ့စ်အသင်းကတော့ ဂိုးသမား ဂျွန်စတုန်း၊ ခံစစ်မှာ အန်ဒါဆန်၊ ဂေးဟီ၊ ဂျိုးလ် ဝါ့ဒ်နဲ့ မစ်ချဲလ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ရှိတ်ခ် ဒူကူရေး၊ လားမား၊ ဝေလ် ဟယူးချ်၊ ရှလု(ပ်)နဲ့ အာယူးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ အေဒူယာတစ်ဦးတည်းကို အထောင်ထားလာခဲ့တာပါ။

ဆဲလ်ဟာ့စ်ပါ့ခ်မှာ စပါးစ်တို့ကို ၇၅ ရာခိုင်နှုန်းအထက်အထိ ဘောလုံးပေးကိုင်ပြီး ပိတ်ကစားခဲ့တဲ့ ပဲလေ့စ်တို့ကြောင့် အထောင်တိုက်စစ်မှူး လောက်လောက်လားလား မရှိတဲ့ ဧည့်သည်တွေ ရုန်းကန်ခဲ့ကြရပြီး ဘယ်လိုကန်ကန် ဂိုးပေါက်မတည့်အောင် ဖိအားပေးသွားနိုင်ခဲ့ကြလို့ ပထမပိုင်းမှာ ဂိုးမရှိသရေဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်းအစမှာတော့ စပါးစ်တို့ဘက်က ဘန်ဒေးဗီးစ်အစား အီမာဆန် ရိုယဲလ်ကို ထည့်သွင်းပြီး အပြောင်းအလဲလုပ်လာခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာတော့ ဂိုးစတင်ရရှိသွားခဲ့ပြီး မက်ဒီဆန်ရဲ့ ထောင့်ကျဉ်းအနေအထားကနေ အနိမ့်ဘောဖြတ်ချိုးမှုက ပဲလေ့စ်နောက်ခံလူ ဂျိုးလ် ဝါ့ဒ်ကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ရွိုင်းဟော့ဆန်ရဲ့ ခံစစ်ဗျူဟာကြီး ကြေကွဲခဲ့ရတာပါ။

နည်းပြ ပိုစတီကိုဂလူးလက်ထက် စပါးစ်တို့ရဲ့ ကစားကွက်မှာ ညာတောင်ပံက ကူလူရှက်ဗ်စကီးကတော့ ခြေစွမ်းနိမ့်ပါးနေခဲ့တာကိုလည်း တွေ့ရပြီး ရစ်ချာလစ်ဆန်နဲ့ နင်လားငါလားဖြစ်နေတာကြောင့် တိုက်စစ်မှာ မက်ဒီဆန်နဲ့ ဆွန်ဟောင်မင်တို့ကိုပဲ မှီခိုနေခဲ့ရပြီး သူတို့နှစ်ဦးကိုတော့ တားဆီးဖို့ မတတ်နိုင်ခဲ့ကြတဲ့အတွက် မြောက်လန်ဒန်က အဖြူရောင်တွေ ပြေးမြဲပြေးနေခဲ့ကြတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၆ မိနစ်မှာတော့ စပါးစ်တို့ပဲ ပထမဆုံးအကြိမ် ဂိုးပေါက်တည့်မှုကနေ ဒုတိယဂိုး ရရှိသွားခဲ့ကြပြန်ပြီး ဒီဂိုးကိုတော့ ဘယ်တောင်ပံကနေ ဘောလုံးရသွားခဲ့တဲ့ လူစားဝင်ကစားသမား ဘရင်နန် ဂျွန်ဆန်က မက်ဒီဆန်နဲ့ ဝမ်းတူးရိုက်ပြီး ဂိုးရှေ့ကို ချိုးပေးရာမှာ ဆွန်ဟောင်မင်က အနီးတိုင်နားက အပိုင်ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ စပါးစ်တို့ လူစားလဲမှုတွေနဲ့ ပွဲကို ထိန်းကစားနေခဲ့လို့ မိနစ် ၉၀ ပြည့်တဲ့အထိ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပေမယ့် နာကျင်အချိန်ပို ၄ မိနစ်မှာတော့ လက်ပစ်ဘောကနေ အန်ဒါဆန်က ဂိုးရှေ့ဖြတ်တင်ပေးခဲ့ရာမှာ ဝတ်ကျေတန်းကျေ ဖျက်ဖို့ ကြိုးစားပြီး လွတ်သွားခဲ့တဲ့ ပေါ်ရိုကြောင့် ဘောလုံးရသွားခဲ့တဲ့ အာယူးက ဧရိယာအစပ်ကနေ ကျုံးကန်သွားခဲ့တာကြောင့် ဗီကာရီယို ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ စပါးစ်တို့က ပဲလေ့စ်တို့ကို နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး အစောပွဲကန်ခဲ့တဲ့ ပိုစတီကိုဂလူးရဲ့ လူတွေအနေနဲ့ စနေနေ့မှ ကစားကြမယ့် မန်စီးတီးတို့အဖွဲ့တွေကို ၅ မှတ်အထိဖြတ်ပြီး ဦးဆောင်လိုက်နိုင်ကြောင်းနဲ့ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဗန္ဒဗင္၊ ေပၚ႐ိုနဲ႔ ဘင္ေဒးဗီးစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘီဆူးမား၊ ပါပီ မာတာ ဆားရ္နဲ႔ မက္ဒီဆန္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာ‌ေတာ့ ကူလူရွက္ဗ္စကီး၊ ရစ္ခ်ာလစ္ဆန္နဲ႔ ဆြန္ေဟာင္မင္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ခရစၥတယ္လ္ပဲေလ့စ္အသင္းကေတာ့ ဂိုးသမား ဂြၽန္စတုန္း၊ ခံစစ္မွာ အန္ဒါဆန္၊ ေဂးဟီ၊ ဂ်ိဳးလ္ ဝါ့ဒ္နဲ႔ မစ္ခ်ဲလ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရွိတ္ခ္ ဒူကူေရး၊ လားမား၊ ေဝလ္ ဟယူးခ်္၊ ရွလု(ပ္)နဲ႔ အာယူးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေအဒူယာတစ္ဦးတည္းကို အေထာင္ထားလာခဲ့တာပါ။

ဆဲလ္ဟာ့စ္ပါ့ခ္မွာ စပါးစ္တို႔ကို ၇၅ ရာခိုင္ႏႈန္းအထက္အထိ ေဘာလုံးေပးကိုင္ၿပီး ပိတ္ကစားခဲ့တဲ့ ပဲေလ့စ္တို႔ေၾကာင့္ အေထာင္တိုက္စစ္မႉး ေလာက္ေလာက္လားလား မရွိတဲ့ ဧည့္သည္ေတြ ႐ုန္းကန္ခဲ့ၾကရၿပီး ဘယ္လိုကန္ကန္ ဂိုးေပါက္မတည့္ေအာင္ ဖိအားေပးသြားႏိုင္ခဲ့ၾကလို႔ ပထမပိုင္းမွာ ဂိုးမရွိသေရျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္းအစမွာေတာ့ စပါးစ္တို႔ဘက္က ဘန္ေဒးဗီးစ္အစား အီမာဆန္ ႐ိုယဲလ္ကို ထည့္သြင္းၿပီး အေျပာင္းအလဲလုပ္လာခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဂိုးစတင္ရရွိသြားခဲ့ၿပီး မက္ဒီဆန္ရဲ႕ ေထာင့္က်ဥ္းအေနအထားကေန အနိမ့္ေဘာျဖတ္ခ်ိဳးမႈက ပဲေလ့စ္ေနာက္ခံလူ ဂ်ိဳးလ္ ဝါ့ဒ္ကို မွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ႐ြိဳင္းေဟာ့ဆန္ရဲ႕ ခံစစ္ဗ်ဴဟာႀကီး ေၾကကြဲခဲ့ရတာပါ။

နည္းျပ ပိုစတီကိုဂလူးလက္ထက္ စပါးစ္တို႔ရဲ႕ ကစားကြက္မွာ ညာေတာင္ပံက ကူလူရွက္ဗ္စကီးကေတာ့ ေျခစြမ္းနိမ့္ပါးေနခဲ့တာကိုလည္း ေတြ႕ရၿပီး ရစ္ခ်ာလစ္ဆန္နဲ႔ နင္လားငါလားျဖစ္ေနတာေၾကာင့္ တိုက္စစ္မွာ မက္ဒီဆန္နဲ႔ ဆြန္ေဟာင္မင္တို႔ကိုပဲ မွီခိုေနခဲ့ရၿပီး သူတို႔ႏွစ္ဦးကိုေတာ့ တားဆီးဖို႔ မတတ္ႏိုင္ခဲ့ၾကတဲ့အတြက္ ေျမာက္လန္ဒန္က အျဖဴေရာင္ေတြ ေျပးၿမဲေျပးေနခဲ့ၾကတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၆ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ ပထမဆုံးအႀကိမ္ ဂိုးေပါက္တည့္မႈကေန ဒုတိယဂိုး ရရွိသြားခဲ့ၾကျပန္ၿပီး ဒီဂိုးကိုေတာ့ ဘယ္ေတာင္ပံကေန ေဘာလုံးရသြားခဲ့တဲ့ လူစားဝင္ကစားသမား ဘရင္နန္ ဂြၽန္ဆန္က မက္ဒီဆန္နဲ႔ ဝမ္းတူး႐ိုက္ၿပီး ဂိုးေရွ႕ကို ခ်ိဳးေပးရာမွာ ဆြန္ေဟာင္မင္က အနီးတိုင္နားက အပိုင္ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ဒီေနာက္မွာေတာ့ စပါးစ္တို႔ လူစားလဲမႈေတြနဲ႔ ပြဲကို ထိန္းကစားေနခဲ့လို႔ မိနစ္ ၉၀ ျပည့္တဲ့အထိ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ေပမယ့္ နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ လက္ပစ္ေဘာကေန အန္ဒါဆန္က ဂိုးေရွ႕ျဖတ္တင္ေပးခဲ့ရာမွာ ဝတ္ေက်တန္းေက် ဖ်က္ဖို႔ ႀကိဳးစားၿပီး လြတ္သြားခဲ့တဲ့ ေပၚ႐ိုေၾကာင့္ ေဘာလုံးရသြားခဲ့တဲ့ အာယူးက ဧရိယာအစပ္ကေန က်ဳံးကန္သြားခဲ့တာေၾကာင့္ ဗီကာရီယို ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ စပါးစ္တို႔က ပဲေလ့စ္တို႔ကို ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး အေစာပြဲကန္ခဲ့တဲ့ ပိုစတီကိုဂလူးရဲ႕ လူေတြအေနနဲ႔ စေနေန႔မွ ကစားၾကမယ့္ မန္စီးတီးတို႔အဖြဲ႕ေတြကို ၅ မွတ္အထိျဖတ္ၿပီး ဦးေဆာင္လိုက္ႏိုင္ေၾကာင္းနဲ႔ ပုံစံေကာင္းကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.