Premier League

မန်ချက်စတာဒါဘီမတိုင်ခင် စီးတီးကို နှိမ်လိုက်တဲ့ ပယ်လီစထရီ

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား ဖာကွန်ဒို ပယ်လီစထရီက ယခုအပတ် မန်ချက်စတာဒါဘီမတိုင်ခင် မန်စီးတီးနဲ့ မန်စီးတီးပရိသတ်တွေကို ရက်ရက်စက်စက် နှိမ်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ဟာ တနင်္ဂနွေနေ့ညနေ အိုးထရက်ဖို့ဓ်မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲရစ် တန်ဟက်ရဲ့အသင်းဟာ ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်နေမှုကို ဆက်လက် ထိန်းသိမ်းသွားချင်နေမှာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ အနိုင်ရရှိခဲ့ပြီး မန်ချက်စတာစီးတီးကတော့ ရှားရှားပါးပါး နိုင်ငံတကာပွဲစဉ်နားရက်မတိုင်ခင် ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးပွဲဆက်ခဲ့ပေမယ့်လည်း ဘရိုက်တန်၊ ယန်းဘွိုင်းစ်တို့ကို သက်တောင့်သက်သာနိုင်ပွဲ ပြန်လည်ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ယခုအပတ် မန်ချက်စတာယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်ကို ၆ မှတ်အသာနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးကို ယာယီတက်လှမ်းခွင့်ရရှိမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာဒါဘီမတိုင်ခင် ပယ်လီစထရီက မန်ချက်စတာစီးတီးနဲ့ မန်ချက်စတာစီးတီးပရိသတ်တွေကို ယမ်းပုံမီးကျဖြစ်စေမယ့် မှတ်ချက်ကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

“မန်ချက်စတာက ယူနိုက်တက်ပါ။ ခင်ဗျား စီးတီးဂျာစီ ဒါမှမဟုတ် အလံတွေကို မမြင်ရပါဘူး။ တစ်ခါတလေ ကျွန်တော့် ကောင်မလေးနဲ့ အပြင်ထွက်ပြီး စီးတီး အလံတွေများတွေ့မလား လိုက်ရှာရင် ဘာတစ်ခုမှ မတွေ့ဘူး။ ဘယ်နေရာ ခင်ဗျားသွားသွား မန်ချက်စတာယူနိုက်တက်ဂျာစီတွေပဲ တွေ့လိမ့်မယ်။ စီးတီးဂျာစီ များများစားစားမရှိတာ ကျွန်တော် တွေ့ခဲ့တယ်။”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၁ နှစ်အရွယ်ကစားသမားအနေနဲ့ အိုးထရက်ဖို့ဒ်က မန်ချက်စတာဒါဘီမှာ ပါဝင်ကစားပေးနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ပထမအသင်းထဲမှာ ပိုမို ပါဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပေမယ့်လည်း နောက်ဆုံးကစားခဲ့တဲ့ ရှက်ဖီး၊ ကိုပင်ဟေဂင်တို့နဲ့ပွဲမှာတော့ လူစားဝင်ခွင့်မရတဲ့ အရန်ကစားသမားအဖြစ် အရန်ခုံမှာပဲ ထိုင်နေခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံကစားသမား ဖာကြန္ဒို ပယ္လီစထရီက ယခုအပတ္ မန္ခ်က္စတာဒါဘီမတိုင္ခင္ မန္စီးတီးနဲ႔ မန္စီးတီးပရိသတ္ေတြကို ရက္ရက္စက္စက္ ႏွိမ္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ တနဂၤေႏြေန႔ညေန အိုးထရက္ဖို႔ဓ္မွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ၿပိဳင္ပြဲစုံမွာ ႏိုင္ပြဲဆက္ေနမႈကို ဆက္လက္ ထိန္းသိမ္းသြားခ်င္ေနမွာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲေတြမွာ အႏိုင္ရရွိခဲ့ၿပီး မန္ခ်က္စတာစီးတီးကေတာ့ ရွားရွားပါးပါး ႏိုင္ငံတကာပြဲစဥ္နားရက္မတိုင္ခင္ ၄ ပြဲမွာ ၃ ပြဲအထိ ရႈံးပြဲဆက္ခဲ့ေပမယ့္လည္း ဘ႐ိုက္တန္၊ ယန္းဘြိဳင္းစ္တို႔ကို သက္ေတာင့္သက္သာႏိုင္ပြဲ ျပန္လည္ရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ယခုအပတ္ မန္ခ်က္စတာယူႏိုက္တက္အိမ္ကြင္း အိုးထရက္ဖို႔ဒ္ကို ၆ မွတ္အသာနဲ႔ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒီပြဲမွာသာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးကို ယာယီတက္လွမ္းခြင့္ရရွိမွာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာဒါဘီမတိုင္ခင္ ပယ္လီစထရီက မန္ခ်က္စတာစီးတီးနဲ႔ မန္ခ်က္စတာစီးတီးပရိသတ္ေတြကို ယမ္းပုံမီးက်ျဖစ္ေစမယ့္ မွတ္ခ်က္ကို ေျပာဆိုလိုက္တာ ျဖစ္ပါတယ္။

“မန္ခ်က္စတာက ယူႏိုက္တက္ပါ။ ခင္ဗ်ား စီးတီးဂ်ာစီ ဒါမွမဟုတ္ အလံေတြကို မျမင္ရပါဘူး။ တစ္ခါတေလ ကြၽန္ေတာ့္ ေကာင္မေလးနဲ႔ အျပင္ထြက္ၿပီး စီးတီး အလံေတြမ်ားေတြ႕မလား လိုက္ရွာရင္ ဘာတစ္ခုမွ မေတြ႕ဘူး။ ဘယ္ေနရာ ခင္ဗ်ားသြားသြား မန္ခ်က္စတာယူႏိုက္တက္ဂ်ာစီေတြပဲ ေတြ႕လိမ့္မယ္။ စီးတီးဂ်ာစီ မ်ားမ်ားစားစားမရွိတာ ကြၽန္ေတာ္ ေတြ႕ခဲ့တယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ကစားသမားအေနနဲ႔ အိုးထရက္ဖို႔ဒ္က မန္ခ်က္စတာဒါဘီမွာ ပါဝင္ကစားေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ပထမအသင္းထဲမွာ ပိုမို ပါဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ေပမယ့္လည္း ေနာက္ဆုံးကစားခဲ့တဲ့ ရွက္ဖီး၊ ကိုပင္ေဟဂင္တို႔နဲ႔ပြဲမွာေတာ့ လူစားဝင္ခြင့္မရတဲ့ အရန္ကစားသမားအျဖစ္ အရန္ခုံမွာပဲ ထိုင္ေနခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.