Premier League UCL&UEL

ဂန်းနားဘုရင်ကြီးရဲ့ စံချိန်ကို ရိုက်ချိုးနိုင်လိုက်တဲ့ ဆာလား

မိုဟာမက် ဆာလားရဲ့ တူးလူးစ်နဲ့ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် ၂၀၀၆ ခုနှစ်တုန်းက အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီ ရေးထိုးထားတဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။

လီဗာပူးလ်ဟာ ကြာသပတေးနေ့ည အန်းဖီးမှာ ဂျိုတာ၊ အန်ဒို၊ နူးညက်ဇ်၊ ဂရာဗင်ဘာ့ချ်၊ ဆာလားတို့ရဲ့ သွင်းဂိုးတွေကြောင့် တူးလူးစ်ကို ၅-၁ နဲ့ အပြတ်အသတ် အနိုင်ရရှိခဲ့တာဖြစ်ပြီး အီဂျစ်တိုက်စစ်မှူးဟာ ပွဲကစားချိန်မိနစ် ၂၀ သာ ကျန်တော့ချိန်မှာ လူစားဝင်လာပြီးနောက် ၉၃ မိနစ်မှာ အလွန်ကောင်းမွန်တဲ့ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီသွင်းဂိုးဟာ လီဗာပူးလ်အတွက် ဥရောပအဓိကပြိုင်ပွဲတွေမှာ ၄၃ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး အင်္ဂလိပ်ကလပ်အသင်းအတွက် သွင်းယူခဲ့တဲ့ ဘယ်လိုကစားသမားမျိုးထက်မဆို ပိုမိုများပြားတဲ့ သွင်းဂိုးပမာဏဖြစ်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလားဟာ အဲဒီ သွင်းဂိုးတွေထဲက ၄၁ ဂိုး ဂိုး ချန်ပီယံလိဂ်မှာ သွင်းယူပေးခဲ့တာဖြစ်ပြီး ကျန်တဲ့ ၂ ဂိုးကိုတော့ ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် အာဆင်နယ်အတွက် ချန်ပီယံလိဂ်မှာ ၃၅ ဂိုး၊ ယူအီးအက်ဖ်အေဖလားပြိုင်ပွဲမှာ ၇ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ပြင်သစ်ဂန္တဝင်တိုက်စစ်မှူး သီယာရီ အွန်နရီရဲ့ ၄၂ ဂိုး စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး မိုဟာမက် ဆာလားအနေနဲ့ နောက်ထပ် မယုံနိုင်စရာ စံချိန်တွေကိုလည်း ရိုက်ချိုးနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

အဲဒီစံချိန်တွေကတော့ အင်္ဂလိပ်ကလပ်အတွက် ချန်ပီယံလိဂ်သွင်းဂိုးအများဆုံးသွင်းယူပေးတဲ့ကစားသမား၊ ယူအီးအက်ဖ်အေကလပ်ပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အာဖရိက ကစားသမား၊ ပရီးမီးယားလိဂ်နဲ့ ဥရောပမှာ လီဗာပူးလ်ရဲ့ တသက်တာ ထိပ်တန်းဂိုးသွင်းရှင် စတဲ့ စံချိန်တွေဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မိုဟာမက္ ဆာလားရဲ႕ တူးလူးစ္နဲ႔ပြဲစဥ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ ၂၀၀၆ ခုႏွစ္တုန္းက အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီ ေရးထိုးထားတဲ့ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

လီဗာပူးလ္ဟာ ၾကာသပေတးေန႔ည အန္းဖီးမွာ ဂ်ိဳတာ၊ အန္ဒို၊ ႏူးညက္ဇ္၊ ဂရာဗင္ဘာ့ခ်္၊ ဆာလားတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ တူးလူးစ္ကို ၅-၁ နဲ႔ အျပတ္အသတ္ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အီဂ်စ္တိုက္စစ္မႉးဟာ ပြဲကစားခ်ိန္မိနစ္ ၂၀ သာ က်န္ေတာ့ခ်ိန္မွာ လူစားဝင္လာၿပီးေနာက္ ၉၃ မိနစ္မွာ အလြန္ေကာင္းမြန္တဲ့ကန္ခ်က္နဲ႔ ဂိုးသြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဒီသြင္းဂိုးဟာ လီဗာပူးလ္အတြက္ ဥေရာပအဓိကၿပိဳင္ပြဲေတြမွာ ၄၃ ဂိုးေျမာက္ သြင္းဂိုးျဖစ္ခဲ့ၿပီး အဂၤလိပ္ကလပ္အသင္းအတြက္ သြင္းယူခဲ့တဲ့ ဘယ္လိုကစားသမားမ်ိဳးထက္မဆို ပိုမိုမ်ားျပားတဲ့ သြင္းဂိုးပမာဏျဖစ္လာခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္တိုက္စစ္မႉး မိုဟာမက္ ဆာလားဟာ အဲဒီ သြင္းဂိုးေတြထဲက ၄၁ ဂိုး ဂိုး ခ်န္ပီယံလိဂ္မွာ သြင္းယူေပးခဲ့တာျဖစ္ၿပီး က်န္တဲ့ ၂ ဂိုးကိုေတာ့ ယခုရာသီ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒါေၾကာင့္ အာဆင္နယ္အတြက္ ခ်န္ပီယံလိဂ္မွာ ၃၅ ဂိုး၊ ယူအီးအက္ဖ္ေအဖလားၿပိဳင္ပြဲမွာ ၇ ဂိုးသြင္းယူေပးႏိုင္ခဲ့တဲ့ ျပင္သစ္ဂႏၲဝင္တိုက္စစ္မႉး သီယာရီ အြန္နရီရဲ႕ ၄၂ ဂိုး စံခ်ိန္ကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ၿပီး မိုဟာမက္ ဆာလားအေနနဲ႔ ေနာက္ထပ္ မယုံႏိုင္စရာ စံခ်ိန္ေတြကိုလည္း ႐ိုက္ခ်ိဳးႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

အဲဒီစံခ်ိန္ေတြကေတာ့ အဂၤလိပ္ကလပ္အတြက္ ခ်န္ပီယံလိဂ္သြင္းဂိုးအမ်ားဆုံးသြင္းယူေပးတဲ့ကစားသမား၊ ယူအီးအက္ဖ္ေအကလပ္ၿပိဳင္ပြဲမွာ ဂိုးအမ်ားဆုံးသြင္းယူႏိုင္တဲ့ အာဖရိက ကစားသမား၊ ပရီးမီးယားလိဂ္နဲ႔ ဥေရာပမွာ လီဗာပူးလ္ရဲ႕ တသက္တာ ထိပ္တန္းဂိုးသြင္းရွင္ စတဲ့ စံခ်ိန္ေတြျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.