Premier League

ဖာနန္ဒက္စ္ကို ေပါလ္ စခုိးလ္နဲ႔ ႏွဳိင္းယွဥ္ခ်ီးက်ဴးလိုက္တဲ့ စတမ္း

မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူေဟာင္း ယာ့ပ္ စတမ္းက အသစ္ေခၚယူထားတဲ့ ကြင္းလယ္လူ ဘရူႏို ဖာနန္ဒက္စ္ကို အသင္းအတြက္ ေအာင္ျမင္မွဳမ်ားစြာ ရယူႏုိင္ခဲ့တဲ့ Class of 92 ရဲ႕ ဂႏၳ၀င္ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ ေပါလ္ စခိုးလ္နဲ႔ ႏွဳိင္းယွဥ္ခ်ီးက်ဴးလိုက္ပါတယ္။

အသက္(၂၅)ႏွစ္အရြယ္ရိွၿပီျဖစ္တဲ့ ေပၚတူဂီကြင္းလယ္လူဟာ ဇန္န၀ါရီလတုန္းက မန္ခ်က္စတာယူႏိုက္တက္နဲ႔ (၅)ႏွစ္ခြဲစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သူျဖစ္ၿပီး သူ႔အတြက္ စပို႔တင္းလစၥဘြန္းအသင္းဆီကို ေျပာင္းေရႊ႕ေၾကး ေပါင္(၆၈)သန္းအထိ ေပးေခ်ခဲ့ရတာလည္း ျဖစ္ပါတယ္။

ဖာနန္ဒက္စ္အေနနဲ႔ ၀ုလ္ဗာဟမ့္ပ္တန္ဝမ္းဒါးရားစ္နဲ႔ ပြဲဦးထြက္မွာ ေျခစြမ္းမျပႏိုင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးကို (၂)ဂိုးျပတ္နဲ႔ ႏိုင္ခဲ့တဲ့ပြဲတုန္းကေတာ့ ကြင္းလယ္မွာ ေကာင္းေကာင္းထိန္းခ်ဳပ္ၿပီး ဦးေဆာင္သြားႏိုင္ခဲ့ပါတယ္။ ယူႏိုက္တက္နဲ႔အတူ ကစားသမားဘ၀အစကို ျဖတ္သန္းခါစပဲ ရွိေသးေပမယ့္ စတမ္းကေတာ့ သူ႕ကုိ ပရီးမီးယားလိဂ္ခ်န္ပီယံဆု (၁၁)ႀကိမ္အထိ ရယူခဲ့တဲ့ ေပါလ္စခိုးလ္နဲ႔ ႏႈိင္းယွဥ္လိုက္ပါတယ္။

၁၉၉၉ခုႏွစ္က ဖလား(၃)လံုးခ်န္ပီယံျဖစ္ခဲ့ရာမွာ အဓိကေနာက္ခံလူတစ္ေယာက္ျဖစ္ခဲ့တဲ့ ယာ့ပ္ စတမ္းက “ဖာနန္ဒက္စ္က စခုိးလ္စ္နဲ႔ ေတာ္ေတာ္တူတယ္လို႔ ကၽြန္ေတာ္ထင္ပါတယ္။ သူက အၿမဲတမ္း တုိက္စစ္ဆင္ဖို႔ကိုပဲ ႀကိဳးစားေနတာျဖစ္ၿပီး ဂိုးသြင္းႏိုင္တဲ့ အရည္အခ်င္းေကာင္းလည္း ရွိပါတယ္။ ေဘာလံုးေပးပို႔မွဳ ေကာင္းမြန္ၿပီး ကိုယ္သြားခ်င္တဲ့ ေနရာကို ေဘာလံုးနဲ႔တကြ ဆြဲ၀င္သြားႏိုင္တဲ့ ကစားသမားလည္းျဖစ္ပါတယ္။ ေဘာလုံးဆုံး႐ွဳံးတာနဲ႔ ခပ္ၾကမ္းၾကမ္း လိုက္လုတဲ့ ပုံစံမ်ဳိး မရွိေပမယ့္ ကြင္းလယ္ကို ေကာင္းေကာင္းဦးေဆာင္ႏိုင္တဲ့ အရည္အခ်င္းနဲ႔ ေဘာလံုးဦးေႏွာက္ကေတာ့ ေပါလ္ စခိုးလ္စ္အတိုင္းပါပဲ”လို႔ေျပာပါတယ္။

စတမ္းက မန္ခ်က္စတာယူႏိုက္တက္မွာ ရုန္းကန္ေနရတဲ့ တျခားကြင္းလယ္လူတစ္ဦးျဖစ္သူ ေပါလ္ ေပါ့ဘာနဲ႔ ပတ္သက္လို႔ကေတာ့ သူ႔ေအးဂ်င့္ မီႏို ႐ိုင္ယိုလာကိုပဲ အျပစ္တင္သြားခဲ့ၿပီး ေအးဂ်င့္ေတြဟာ သူတုိ႔ရဲ႕ ကစားသမားေတြအတြက္ အသင္းကို လိုတာထက္ပုိၿပီး ဖိအားေပးလြန္းတယ္လို႔ ေဝဖန္သြားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်နောက်ခံလူဟောင်း ယာ့ပ် စတမ်းက အသစ်ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို အသင်းအတွက် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့တဲ့ Class of 92 ရဲ့ ဂန္ထဝင်ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါလ် စခိုးလ်နဲ့ နှိုင်းယှဉ်ချီးကျူးလိုက်ပါတယ်။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီကွင်းလယ်လူဟာ ဇန်နဝါရီလတုန်းက မန်ချက်စတာယူနိုက်တက်နဲ့ (၅)နှစ်ခွဲစာချုပ် ချုပ်ဆိုခဲ့သူဖြစ်ပြီး သူ့အတွက် စပို့တင်းလစ္စဘွန်းအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၆၈)သန်းအထိ ပေးချေခဲ့ရတာလည်း ဖြစ်ပါတယ်။

ဖာနန်ဒက်စ်အနေနဲ့ ဝုလ်ဗာဟမ့်ပ်တန်ဝမ်းဒါးရားစ်နဲ့ ပွဲဦးထွက်မှာ ခြေစွမ်းမပြနိုင်ခဲ့ပေမယ့် ချဲလ်ဆီးကို (၂)ဂိုးပြတ်နဲ့ နိုင်ခဲ့တဲ့ပွဲတုန်းကတော့ ကွင်းလယ်မှာ ကောင်းကောင်းထိန်းချုပ်ပြီး ဦးဆောင်သွားနိုင်ခဲ့ပါတယ်။ ယူနိုက်တက်နဲ့အတူ ကစားသမားဘဝအစကို ဖြတ်သန်းခါစပဲ ရှိသေးပေမယ့် စတမ်းကတော့ သူ့ကို ပရီးမီးယားလိဂ်ချန်ပီယံဆု (၁၁)ကြိမ်အထိ ရယူခဲ့တဲ့ ပေါလ်စခိုးလ်နဲ့ နှိုင်းယှဉ်လိုက်ပါတယ်။

၁၉၉၉ခုနှစ်က ဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့ရာမှာ အဓိကနောက်ခံလူတစ်ယောက်ဖြစ်ခဲ့တဲ့ ယာ့ပ် စတမ်းက “ဖာနန်ဒက်စ်က စခိုးလ်စ်နဲ့ တော်တော်တူတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက အမြဲတမ်း တိုက်စစ်ဆင်ဖို့ကိုပဲ ကြိုးစားနေတာဖြစ်ပြီး ဂိုးသွင်းနိုင်တဲ့ အရည်အချင်းကောင်းလည်း ရှိပါတယ်။ ဘောလုံးပေးပို့မှု ကောင်းမွန်ပြီး ကိုယ်သွားချင်တဲ့ နေရာကို ဘောလုံးနဲ့တကွ ဆွဲဝင်သွားနိုင်တဲ့ ကစားသမားလည်းဖြစ်ပါတယ်။ ဘောလုံးဆုံးရှုံးတာနဲ့ ခပ်ကြမ်းကြမ်း လိုက်လုတဲ့ ပုံစံမျိုး မရှိပေမယ့် ကွင်းလယ်ကို ကောင်းကောင်းဦးဆောင်နိုင်တဲ့ အရည်အချင်းနဲ့ ဘောလုံးဦးနှောက်ကတော့ ပေါလ် စခိုးလ်စ်အတိုင်းပါပဲ”လို့ပြောပါတယ်။

စတမ်းက မန်ချက်စတာယူနိုက်တက်မှာ ရုန်းကန်နေရတဲ့ တခြားကွင်းလယ်လူတစ်ဦးဖြစ်သူ ပေါလ် ပေါ့ဘာနဲ့ ပတ်သက်လို့ကတော့ သူ့အေးဂျင့် မီနို ရိုင်ယိုလာကိုပဲ အပြစ်တင်သွားခဲ့ပြီး အေးဂျင့်တွေဟာ သူတို့ရဲ့ ကစားသမားတွေအတွက် အသင်းကို လိုတာထက်ပိုပြီး ဖိအားပေးလွန်းတယ်လို့ ဝေဖန်သွားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.