International Premier League

ကစားသမားဘဝ ဖျက်ဆီးဖို့လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့တဲ့ ဟွိုင်လွန်းကို လှောင်ခဲ့တဲ့ ဆန်မာရီနိုကစားသမား

ရာ့စ်မွတ် ဟွိုင်လွန်းဟာ ကြောက်မက်ဖွယ် ဖျက်ထုတ်ခံရမှုအတွက် စောဒကတက်ခဲ့ပြီးနောက် ဆန်မာရီနို ကစားသမားရဲ့ စိတ်ပျက်စရာကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ အင်္ဂါနေ့ညက ဆန်မာရီနိုကို ဒိန်းမတ်က ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး နောက်ပိုင်းမှာ ကြောက်မက်ဖွယ် ဖျက်ထုတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဒိန်းမတ်အသင်းခေါင်းဆောင် ဆီမွန် ကယာက အဲဒီဖျက်ထုတ်မှုကို ၂၀၁၄ ကမ္ဘာ့ဖလားတုန်းက နေမာ ခါးရိုးကျိုး ဒဏ်ရာရရှိခဲ့တဲ့ဖြစ်စဉ်နဲ့ နှိုင်းယှဉ်ခဲ့ပြီး ပြိုင်ဘက်ကစားသမားတွေက ဟွိုင်လွန်းကို ချိုးဖို့ စီစဉ်နေကြတာကိုလည်း ကြားခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

ဟွိုင်လွန်းကိုယ်တိုင်ကလည်းပွဲစဉ်တစ်လျှောက်လုံး ဆန်မာရီနိုကစားသမားတွေရဲ့ လေးစားမှုမရှိတဲ့ အပြုအမူကြောင့် ဒေါသထွက်ခဲ့ပြီး “သူတို့တွေ ကျွန်တော့်ကစားသမားဘဝကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော် အီတလီစကားနားလည်တယ်။ သူတို့တွေထဲက အချို့က ကျွန်တော့် နားမှာ ပြေးလွှားပြီး မကောင်းတဲ့အရာတွေ ကျွန်တော့်ကို ပြောနေတာကို ကြားခဲ့တယ်။ သူတို့တွေ တွန်းထိုးပြီး ကျွန်တော့်ကို ကြမ်းကြမ်းတမ်းတမ်းကို ဆွဲလားရမ်းလားလုပ်ခဲ့ကြတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ အသက် ၂၀ အရွယ် ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဆန်မာရီနို ကစားသမား ရောဘတ်တို ဒီ မိုင်အိုက ဖြစ်စဉ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပြီး ဟွိုင်လွန်းကို လှောင်ပြောင်ခဲ့ပါတယ်။

“ဒီနေ့ ကျွန်တော် မစ္စတာ ပေါင်သန်း ၈၀ တန်ကြီးက စောဒကတက်နေတာကို ဖတ်မိပါတယ်။ ဘာလို့လဲဆိုတော့ မနေ့က သူ ဆန်မာရီနိုနောက်ခံလူတွေဆီကနေ အရမ်းကောင်းတဲ့ ဆက်ဆံမှုမျိုး မရခဲ့လို့ပါ။ ကောင်းပါပြီဗျာ။ ဒီနေ့ဘောလုံးလိုမျိုး ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေ ပျောက်ကွယ်သွားတဲ့ပြိုင်ပွဲမှာ ငါတို့လို သေးငယ်တဲ့ ပြိုင်ဘက်တွေကို ရုပ်ဆိုးတဲ့ အမူအရာတွေ ထပ်ဖန်တလဲလဲ လုပ်ပြီး မင်းကိုယ်မင်း ပျော်ရွှင်ခွင့်ပေးနိုင်ပါတယ်။ ဒါမှမဟုတ် အခွင့်အရေးရတိုင်း VAR ကို ပင်နယ်တီပေးမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဟန်ဆောင်ပေါ့။ ငါကတော့ မင်းကို တကယ့်ယောကျာ်းတွေ ဘောလုံးကစားခဲ့တဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်တုန်းက ကစားတာကို မြင်စေချင်တယ်။ မင်းက စိတ်ပျက်စရာပဲ ဟွိုင်လွန်း။ ကံကောင်းပါစေကွာ”လို့ အင်စတာဂရမ် စတိုရီမှာ ရေးသားခဲ့တာဖြစ်ပါတယ်။

ဟွိုင်လွန်းဟာ ယခုနွေရာသီမှာ အတ္တလန္တာကနေ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး နောက်ကျောဒဏ်ရာပြဿနာပါ တပါတည်း ပါလာတာကြောင့် နည်းပြ တန်ဟက်အတွက် ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စေခဲ့တာဖြစ်ပါတယ်။

ဒိန်းမတ်ကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံး ၆ ပွဲမှာ ၃ ဂိုးသွင်းယူထားပြီး ယခုရာသီ သရဲနီတွေရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပေမယ့်လည်း အသင်းရဲ့ ဆိုးရွားတဲ့ စွမ်းဆောင်ရည်ကိုတော့ မကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ရာ့စ္မြတ္ ဟြိဳင္လြန္းဟာ ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္ခံရမႈအတြက္ ေစာဒကတက္ခဲ့ၿပီးေနာက္ ဆန္မာရီႏို ကစားသမားရဲ႕ စိတ္ပ်က္စရာကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးဟာ အဂၤါေန႔ညက ဆန္မာရီႏိုကို ဒိန္းမတ္က ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ အဖြင့္ဂိုးကို သြင္းယူေပးခဲ့သူျဖစ္ၿပီး ေနာက္ပိုင္းမွာ ေၾကာက္မက္ဖြယ္ ဖ်က္ထုတ္မႈနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဒိန္းမတ္အသင္းေခါင္းေဆာင္ ဆီမြန္ ကယာက အဲဒီဖ်က္ထုတ္မႈကို ၂၀၁၄ ကမာၻ႔ဖလားတုန္းက ေနမာ ခါး႐ိုးက်ိဳး ဒဏ္ရာရရွိခဲ့တဲ့ျဖစ္စဥ္နဲ႔ ႏႈိင္းယွဥ္ခဲ့ၿပီး ၿပိဳင္ဘက္ကစားသမားေတြက ဟြိဳင္လြန္းကို ခ်ိဳးဖို႔ စီစဥ္ေနၾကတာကိုလည္း ၾကားခဲ့ရတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟြိဳင္လြန္းကိုယ္တိုင္ကလည္းပြဲစဥ္တစ္ေလွ်ာက္လုံး ဆန္မာရီႏိုကစားသမားေတြရဲ႕ ေလးစားမႈမရွိတဲ့ အျပဳအမူေၾကာင့္ ေဒါသထြက္ခဲ့ၿပီး “သူတို႔ေတြ ကြၽန္ေတာ့္ကစားသမားဘဝကို ဖ်က္ဆီးဖို႔ ႀကိဳးစားခဲ့ၾကတယ္။ ကြၽန္ေတာ္ အီတလီစကားနားလည္တယ္။ သူတို႔ေတြထဲက အခ်ိဳ႕က ကြၽန္ေတာ့္ နားမွာ ေျပးလႊားၿပီး မေကာင္းတဲ့အရာေတြ ကြၽန္ေတာ့္ကို ေျပာေနတာကို ၾကားခဲ့တယ္။ သူတို႔ေတြ တြန္းထိုးၿပီး ကြၽန္ေတာ့္ကို ၾကမ္းၾကမ္းတမ္းတမ္းကို ဆြဲလားရမ္းလားလုပ္ခဲ့ၾကတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

လက္ရွိမွာေတာ့ အသက္ ၂၀ အ႐ြယ္ ကစားသမားကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ ဆန္မာရီႏို ကစားသမား ေရာဘတ္တို ဒီ မိုင္အိုက ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး ဟြိဳင္လြန္းကို ေလွာင္ေျပာင္ခဲ့ပါတယ္။

“ဒီေန႔ ကြၽန္ေတာ္ မစၥတာ ေပါင္သန္း ၈၀ တန္ႀကီးက ေစာဒကတက္ေနတာကို ဖတ္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ မေန႔က သူ ဆန္မာရီႏိုေနာက္ခံလူေတြဆီကေန အရမ္းေကာင္းတဲ့ ဆက္ဆံမႈမ်ိဳး မရခဲ့လို႔ပါ။ ေကာင္းပါၿပီဗ်ာ။ ဒီေန႔ေဘာလုံးလိုမ်ိဳး ႐ုပ္ပိုင္းဆိုင္ရာထိေတြ႕မႈေတြ ေပ်ာက္ကြယ္သြားတဲ့ၿပိဳင္ပြဲမွာ ငါတို႔လို ေသးငယ္တဲ့ ၿပိဳင္ဘက္ေတြကို ႐ုပ္ဆိုးတဲ့ အမူအရာေတြ ထပ္ဖန္တလဲလဲ လုပ္ၿပီး မင္းကိုယ္မင္း ေပ်ာ္႐ႊင္ခြင့္ေပးႏိုင္ပါတယ္။ ဒါမွမဟုတ္ အခြင့္အေရးရတိုင္း VAR ကို ပင္နယ္တီေပးမလားဆိုတဲ့ေမွ်ာ္လင့္ခ်က္နဲ႔ ဟန္ေဆာင္ေပါ့။ ငါကေတာ့ မင္းကို တကယ့္ေယာက်ာ္းေတြ ေဘာလုံးကစားခဲ့တဲ့ လြန္ခဲ့တဲ့ ၁၅ ႏွစ္ေလာက္တုန္းက ကစားတာကို ျမင္ေစခ်င္တယ္။ မင္းက စိတ္ပ်က္စရာပဲ ဟြိဳင္လြန္း။ ကံေကာင္းပါေစကြာ”လို႔ အင္စတာဂရမ္ စတိုရီမွာ ေရးသားခဲ့တာျဖစ္ပါတယ္။

ဟြိဳင္လြန္းဟာ ယခုေႏြရာသီမွာ အတၱလႏၲာကေန မန္ခ်က္စတာယူႏိုက္တက္ကို ေပါင္ ၇၂ သန္းနဲ႔ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ေနာက္ေက်ာဒဏ္ရာျပႆနာပါ တပါတည္း ပါလာတာေၾကာင့္ နည္းျပ တန္ဟက္အတြက္ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး စိုးရိမ္ေစခဲ့တာျဖစ္ပါတယ္။

ဒိန္းမတ္ၾကယ္ပြင့္ဟာ မန္ခ်က္စတာယူႏိုက္တက္အတြက္ ပထမဆုံး ၆ ပြဲမွာ ၃ ဂိုးသြင္းယူထားၿပီး ယခုရာသီ သရဲနီေတြရဲ႕ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ေပမယ့္လည္း အသင္းရဲ႕ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ကိုေတာ့ မကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.