Match Report Premier League UCL&UEL

ဥရောပအတွေ့အကြုံကို ပြသနေတဲ့ အမ်မရီနဲ့ အဝေးကွင်းနိုင်ပွဲ ဆင်နွှဲတဲ့ ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီမီ မာတီနက်ဇ်၊ ခံစစ်မှာ ဒီယေဂို ကားလို့စ်၊ လွန်ဂလေ၊ မက်တီကတ်ရှ်နဲ့ ဒီညာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာရာ၊ မက်ဂင်း၊ တီးလီးမန်းစ်နဲ့ ဒေါက်ဂလပ် လူးဝစ်ဇ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဝပ်ကင်းစ်နဲ့ ဘေလီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အေဇက် အယ်လ်ကမာတို့ကတော့ ဂိုးသမား ရိုင်ယန်၊ ခံစစ်မှာ ဘာဇိုးရ်၊ ပင်နက်ထရာ၊ ဆူဂါဝါရာနဲ့ မိုလာ ဝုလ်ဖ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ကလာစီ၊ ဒဗစ်နဲ့ မိုင်နန်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆာဒစ်ခ်၊ ဗန်ဘရီဒါရုတ်ဒ်နဲ့ ပါဗလီဒစ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

ပွဲချိန် ၁၃ မိနစ်မှာ အက်စ်တန်ဗီလာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ လက်ပစ်ဘောကနေ ဘောလုံးပြန်ရလာခဲ့တဲ့ ကာမာရာက ညာတောင်ပံကို ခင်းပေးလိုက်တဲ့ ဘောလုံးက အေဇက်နောက်ခံလူနဲ့ ထိပြီး ပြန်ကျလာတဲ့ ဘောလုံးကို ဘေလီက တစ်ချက်ထိန်းပြီး အနိမ့်ဘော ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၃ မိနစ်မှာတော့ ဗီလာတို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အေဇက်ကစားသမား မိုင်နန်စ် လူပေးမှားတာကနေ မက်ဂင်းက ရယူခဲ့ပြီး ညာတောင်ပံကို ခင်းပေးလိုက်ရာမှာ ဧရိယာထဲမှာ ဘောလုံးလက်ခံယူနိုင်ခဲ့တဲ့ တီးလီးမန်းစ်က ဂိုးသမား ရိုင်ယန်ရဲ့ ပေါင်ကြားကနေ သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာ တစ်ခါကန် တစ်ဂိုးရသလိုဖြစ်နေတဲ့ ဗီလာတို့က ဖန်တီးမှု ညံ့ဖျင်းပြီး ဂိုးမသွင်းတတ်တဲ့ အေဇက်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပြီး ဒုတိယပိုင်းအစမှာတော့ အိမ်ရှင်တွေဘက်က အမှားတွေ များနေခဲ့တဲ့ နောက်ခံလူ ပင်နက်ထရာနဲ့ ကွင်းလယ်က မိုင်နန်စ်တို့အစား မာတင်စ် အင်ဒီနဲ့ တီယာဂို ဒန်တတ်စ်တို့ကို ထည့်သွင်းလာခဲ့တာပါ။

ပွဲချိန် ၅၁ မိနစ်မှာ ဗီလာတို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ခံစစ်ကနေ အပေးအယူလုပ်လာပြီး ဘောလုံးပြန်ရတဲ့ ကွင်းလယ်က တီးလီးမန်းစ်က ခင်းပေးခဲ့တာကို လိမ်ခေါက်ကန်သွင်းတဲ့ ဘေလီရဲ့ ဧရိယာထဲက ကန်ချက်ကို ဂိုးသမား ပုတ်ထုတ်ခဲ့ပေမယ့် နောက်က ပါလာတဲ့ ဝပ်ကင်းက ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၆ မိနစ်မှာ စတုတ္ထဂိုးကို ဗီလာတို့ ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ တီးလီးမန်းစ် ဖြတ်ယူပေးတဲ့ ဘောလုံးကို ကာမာရာက ညာတောင်ပံကို ခင်းပေးခဲ့ရာမှာ ဘေလီက ဆွဲပေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ပေးခဲ့တာကို မက်ဂင်းက အနီးတိုင်ဘက်ကနေ လျှောထိုးပိတ်သွင်းခဲ့လို့ လေးဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ အေဇက်တို့ အရှက်ပြေ ချေပဂိုးတစ်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ မာတင်စ် အင်ဒီက ဗီလာခံစစ်ပေါ် ကျော်ပြီး ကန်တင်ပေးခဲ့ရာမှာ လူကျွံအနေအထားမှာ ရှိနေတဲ့ ဘယ်နဲ့ အလယ်က တိုက်စစ်သမားနှစ်ယောက်ကြောင့် စိတ်အေးနေခဲ့တဲ့ ဧည့်သည်တွေကို မျက်လှည့်ပြသွားခဲ့တဲ့ ညာတောင်ပံက ဆာဒစ်ခ်က တောက်လျှောက်ရယူပြီး အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ပုံစံကောင်းရနေတဲ့ ဗီလာတို့က ရလဒ်ကို ထိန်းသိမ်းပြီး အေဇက်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ယူသွားခဲ့သလို ဒီနေ့ပွဲမှာ ဂိုးပေါက်ကန်ချက် ၅ ကြိမ်မှာ ရာနှုန်းပြည့်တိကျခဲ့ပြီး ၄ ဂိုးရခဲ့တဲ့ ၉၀ ရာခိုင်နှုန်း Conversion Rate ကတော့ နည်းပြ အမ်မရီရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အထင်ကြီးစရာလည်းဖြစ်ခဲ့ရပြီး အုပ်စုဗိုလ်နေရာကို လီဂီယာတို့ဆီက လူယူနိုင်ဖို့ အခြေအနေ ကောင်းလာခဲ့ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီမီ မာတီနက္ဇ္၊ ခံစစ္မွာ ဒီေယဂို ကားလို႔စ္၊ လြန္ဂေလ၊ မက္တီကတ္ရွ္နဲ႔ ဒီညာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာရာ၊ မက္ဂင္း၊ တီးလီးမန္းစ္နဲ႔ ေဒါက္ဂလပ္ လူးဝစ္ဇ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဝပ္ကင္းစ္နဲ႔ ေဘလီတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ေအဇက္ အယ္လ္ကမာတို႔ကေတာ့ ဂိုးသမား ႐ိုင္ယန္၊ ခံစစ္မွာ ဘာဇိုးရ္၊ ပင္နက္ထရာ၊ ဆူဂါဝါရာနဲ႔ မိုလာ ဝုလ္ဖ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကလာစီ၊ ဒဗစ္နဲ႔ မိုင္နန္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆာဒစ္ခ္၊ ဗန္ဘရီဒါ႐ုတ္ဒ္နဲ႔ ပါဗလီဒစ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

ပြဲခ်ိန္ ၁၃ မိနစ္မွာ အက္စ္တန္ဗီလာတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ လက္ပစ္ေဘာကေန ေဘာလုံးျပန္ရလာခဲ့တဲ့ ကာမာရာက ညာေတာင္ပံကို ခင္းေပးလိုက္တဲ့ ေဘာလုံးက ေအဇက္ေနာက္ခံလူနဲ႔ ထိၿပီး ျပန္က်လာတဲ့ ေဘာလုံးကို ေဘလီက တစ္ခ်က္ထိန္းၿပီး အနိမ့္ေဘာ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၃ မိနစ္မွာေတာ့ ဗီလာတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေအဇက္ကစားသမား မိုင္နန္စ္ လူေပးမွားတာကေန မက္ဂင္းက ရယူခဲ့ၿပီး ညာေတာင္ပံကို ခင္းေပးလိုက္ရာမွာ ဧရိယာထဲမွာ ေဘာလုံးလက္ခံယူႏိုင္ခဲ့တဲ့ တီးလီးမန္းစ္က ဂိုးသမား ႐ိုင္ယန္ရဲ႕ ေပါင္ၾကားကေန သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းမွာ တစ္ခါကန္ တစ္ဂိုးရသလိုျဖစ္ေနတဲ့ ဗီလာတို႔က ဖန္တီးမႈ ညံ့ဖ်င္းၿပီး ဂိုးမသြင္းတတ္တဲ့ ေအဇက္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကၿပီး ဒုတိယပိုင္းအစမွာေတာ့ အိမ္ရွင္ေတြဘက္က အမွားေတြ မ်ားေနခဲ့တဲ့ ေနာက္ခံလူ ပင္နက္ထရာနဲ႔ ကြင္းလယ္က မိုင္နန္စ္တို႔အစား မာတင္စ္ အင္ဒီနဲ႔ တီယာဂို ဒန္တတ္စ္တို႔ကို ထည့္သြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၅၁ မိနစ္မွာ ဗီလာတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ခံစစ္ကေန အေပးအယူလုပ္လာၿပီး ေဘာလုံးျပန္ရတဲ့ ကြင္းလယ္က တီးလီးမန္းစ္က ခင္းေပးခဲ့တာကို လိမ္ေခါက္ကန္သြင္းတဲ့ ေဘလီရဲ႕ ဧရိယာထဲက ကန္ခ်က္ကို ဂိုးသမား ပုတ္ထုတ္ခဲ့ေပမယ့္ ေနာက္က ပါလာတဲ့ ဝပ္ကင္းက ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၆ မိနစ္မွာ စတုတၳဂိုးကို ဗီလာတို႔ ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန တီးလီးမန္းစ္ ျဖတ္ယူေပးတဲ့ ေဘာလုံးကို ကာမာရာက ညာေတာင္ပံကို ခင္းေပးခဲ့ရာမွာ ေဘလီက ဆြဲေပးၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ပို႔ေပးခဲ့တာကို မက္ဂင္းက အနီးတိုင္ဘက္ကေန ေလွ်ာထိုးပိတ္သြင္းခဲ့လို႔ ေလးဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ေအဇက္တို႔ အရွက္ေျပ ေခ်ပဂိုးတစ္ဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ မာတင္စ္ အင္ဒီက ဗီလာခံစစ္ေပၚ ေက်ာ္ၿပီး ကန္တင္ေပးခဲ့ရာမွာ လူကြၽံအေနအထားမွာ ရွိေနတဲ့ ဘယ္နဲ႔ အလယ္က တိုက္စစ္သမားႏွစ္ေယာက္ေၾကာင့္ စိတ္ေအးေနခဲ့တဲ့ ဧည့္သည္ေတြကို မ်က္လွည့္ျပသြားခဲ့တဲ့ ညာေတာင္ပံက ဆာဒစ္ခ္က ေတာက္ေလွ်ာက္ရယူၿပီး အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ပုံစံေကာင္းရေနတဲ့ ဗီလာတို႔က ရလဒ္ကို ထိန္းသိမ္းၿပီး ေအဇက္တို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ယူသြားခဲ့သလို ဒီေန႔ပြဲမွာ ဂိုးေပါက္ကန္ခ်က္ ၅ ႀကိမ္မွာ ရာႏႈန္းျပည့္တိက်ခဲ့ၿပီး ၄ ဂိုးရခဲ့တဲ့ ၉၀ ရာခိုင္ႏႈန္း Conversion Rate ကေတာ့ နည္းျပ အမ္မရီရဲ႕ ျပဳျပင္ေျပာင္းလဲမႈေတြကို အထင္ႀကီးစရာလည္းျဖစ္ခဲ့ရၿပီး အုပ္စုဗိုလ္ေနရာကို လီဂီယာတို႔ဆီက လူယူႏိုင္ဖို႔ အေျခအေန ေကာင္းလာခဲ့ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.