Ligue1 Match Report Premier League UCL&UEL

အန်းဖီးလ်မှာ တူးလူးစ်ကို ဖမ်းတီးပြီး အုပ်စုကို ဆက်လက်ဦးဆောင်တဲ့ လီဗာပူးလ်

လီဗာပူးလ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကယ်လေဟာ၊ ခံစစ်မှာ မာတစ်ပ်၊ ဂျိုးဂိုမက်ဇ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ လုခ် ချိမ်းဘားစ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒို၊ ကားတစ်ဂျုံးစ်နဲ့ ဂရာဗင်ဘာ့ချ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဲလီးယော့၊ ဂျိုတာနဲ့ ဒါဝင် နူးညက်ဇ်တို့ကို တွဲဖက်ပေးခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ပြင်သစ်ကလပ် တူးလူးစ်တို့ကတော့ ဂိုးသမား ရက်စ်တေးစ်၊ ခံစစ်မှာ နီကိုလိုင်ဆန်၊ ကော့စတာ၊ ဒီယာရာ၊ ဒက်ဆလာနဲ့ ဆွာဇိုတို့ကို ခင်းကျင်းလာခဲ့ကြပြီး ကွင်းလယ်မှာတော့ ဆီယဲရိုး၊ ရှမစ်ဒ်နဲ့ ကက်ဆာရေးစ် ဂျူနီယာတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဒွန်းနမ်းနဲ့ ဒယ်လင်ဂါတို့ကို ကစားစေခဲ့တာပါ။

ပွဲချိန် ၉ မိနစ်မှာကတည်းက လီဗာပူးလ်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဂျိုးဂိုမက်ဇ် ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ကွင်းလယ်မှာ ပြန်ရခဲ့တဲ့ ဂျိုတာက တူးလူးစ်ကွင်းလယ်နဲ့ ခံစစ်သမားတွေကြားက တစ်ကိုယ်တော် ဆွဲပြေးပြီး လိုက်ဖျက်နေကြတဲ့ကြားက ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဘယ်ဘက်ကို ချိုးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၆ မိနစ်မှာတော့ တူးလူးစ်တို့ ပြန်လည်ချေပသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဒွန်းနမ်း ပြန်ရလာပြီး လူကျွံဘောဖမ်းပုံ မသေသပ်တဲ့ လီဗာပူးလ်ခံစစ်ကြားကနေ ခင်းပေးခဲ့တာကို ညာတောင်ပံက ပြေးထွက်လာခဲ့တဲ့ ဒယ်လင်ဂါက ဂိုးသမား ကယ်လာဟာရဲ့ တည့်တည့်ကို ကန်သွင်းခဲ့ရာမှာ ကာကွယ်ပုံညံ့ဖျင်းလို့ အောက်ကနေ ဝင်သွားခဲ့တာပါ။

ပွဲချိန် မိနစ် ၃၀ မှာ လီဗာပူးလ်တို့က ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ကားတစ်ဂျုံးစ်က နောက်ပြန်ပေးရာမှာ အလက်ဇန်းဒါး-အာနိုးလ်ဒ်က ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဘောလုံးကို တူးလူးစ်နောက်ခံလူတွေကြားနေ ဂျပန်သား အန်ဒိုက ခေါင်းတိုက်ပြီး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၄ မိနစ်မှာ လီဗာပူးလ်တို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဂရာဗင်ဘာ့ချ် တောက်လျှောက် ဆွဲပြေးပြီး ဧရိယာထိပ်ရောက်မှ ညာဘက်ကို ပြန်ချိုးပေးရာမှာ ကားတစ်ဂျုံးစ်က ဘီးကုပ်ထိပ်ကနေ ကန်သွင်းခဲ့ပေမယ့် လူထိပြီး ဘယ်ခြမ်းကို ကျလာတဲ့ ဘောလုံးကို ဒါဝင် နူးညက်ဇ်က ဂိုးခေါင်မိုးထဲကို အပြင်းကန်သွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ သုံးဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စစချင်းမှာ ဂိုးသမား ကယ်လေဟာရဲ့ လဒူကျလွန်းတဲ့ ပေးပို့မှုက တူးလူးစ်ရှေ့တန်းနဲ့ ထိပြီး ပြန်ရသွားခဲ့တာကို ဒယ်လင်ဂါက မကန်ဘဲ ဘယ်ဘက်ကို ခင်းပေးရာမှာ ဘယ်နောက်ခံလူ ဆွာဇိုက ပြေးပြီး အနိမ့်ဘော ကန်သွင်းခဲ့ပေမယ့် ခပ်တုံးတုံး ကန်ချက်က ဂိုးစည်းပေါ်မှာ အလယ်တည့်တည်တောင် မဟုတ်ဘဲ ကံစွပ်ကံငြား နေရာယူထားတဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ်ကို သွားမှန်ခဲ့လို့ အိမ်ရှင်တွေ သက်သာခဲ့ရပါတယ်။

ပွဲချိန် ၆၅ မိနစ်မှာတော့ အိမ်ရှင်တွေပဲ စတုတ္ထဂိုးကို ထပ်မံရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဂျိုတာ ခင်းပေးခဲ့တာကို ဒါဝင် နူးညက်ဇ်က ဂိုးသမားကိုပါ ကျော်ဖြတ်ပြီး ကန်သွင်းခဲ့ပေမယ့် ခြေမှန်ပြန်ပေါ်ပြီး တိုင်ထိခဲ့လို့ ပြန်ထွက်လာခဲ့တဲ့ ဘောလုံးကို နောက်က ပါလာခဲ့တဲ့ ဂရာဗင်ဘာ့ချ်က ထပ်ရပြီး ဂိုးသမားကို လိမ်ခေါက်ကန်သွင်းသွားနိုင်ခဲ့တာပါ။

ဒီနောက်မှာတော့ လီဗာပူးလ်တို့ဘက်က ဒါဝင် နူးညက်ဇ်၊ ချိမ်းဘားစ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်၊ ဂရာဗင်ဘာ့ချ်နဲ့ ကားတစ်ဂျုံးစ်တို့အစား စကန်လွန်၊ ကွမ်ဆား၊ ဂက်ခ်ပို၊ ဆာလားနဲ့ မက်ကွန်းနဲလ်တို့ကို ထည့်သွင်းသွားခဲ့ကြပြီး အနားပေးမှုနဲ့ အပြောင်းအလဲတွေကို နည်းပြ ကလော့ပ်က လုပ်ဆောင်လာခဲ့ပါတယ်။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ လီဗာပူးလ်တို့အတွက် အချိုပေါ် သကာလောင်းစေမယ့် ပဉ္စမဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်က ဂျိုတာ ရယူပြီး ဧရိယာထဲကို ချိုးပေးတာကို ဂက်ခ်ပိုက ခေါက်ဖို့ လုပ်ပေမယ့် လူထိပြီး ကျန်ခဲ့တဲ့ ဘောလုံးကို ဆာလားက ဘယ်ခြေနဲ့ အယောင်ပြပြီးမှ ညာခြေနဲ့ ကျုံးထည့်လိုက်လို့ ဂိုးဖြစ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ ဆာလားရဲ့ ဥရောပဂိုး ၄၃ ဂိုးမြောက်နဲ့ အင်္ဂလန်အခြေစိုက် ကလပ်အသင်းတွေထဲမှာ အများဆုံး စံချိန်သစ်တင်နိုင်ခဲ့တဲ့ ဂိုးနဲ့အတူ လီဗာပူးလ်တို့က တူးလူးစ်တို့ကို ငါးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး ယူရိုပါလိဂ်မှာ အုပ်စုတက်ဖို့ သုံးပွဲဆက်နိုင်ပွဲနဲ့ အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကယ္ေလဟာ၊ ခံစစ္မွာ မာတစ္ပ္၊ ဂ်ိဳးဂိုမက္ဇ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ လုခ္ ခ်ိမ္းဘားစ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒို၊ ကားတစ္ဂ်ဳံးစ္နဲ႔ ဂရာဗင္ဘာ့ခ်္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အဲလီးေယာ့၊ ဂ်ိဳတာနဲ႔ ဒါဝင္ ႏူးညက္ဇ္တို႔ကို တြဲဖက္ေပးခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ျပင္သစ္ကလပ္ တူးလူးစ္တို႔ကေတာ့ ဂိုးသမား ရက္စ္ေတးစ္၊ ခံစစ္မွာ နီကိုလိုင္ဆန္၊ ေကာ့စတာ၊ ဒီယာရာ၊ ဒက္ဆလာနဲ႔ ဆြာဇိုတို႔ကို ခင္းက်င္းလာခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဆီယဲ႐ိုး၊ ရွမစ္ဒ္နဲ႔ ကက္ဆာေရးစ္ ဂ်ဴနီယာတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဒြန္းနမ္းနဲ႔ ဒယ္လင္ဂါတို႔ကို ကစားေစခဲ့တာပါ။

ပြဲခ်ိန္ ၉ မိနစ္မွာကတည္းက လီဗာပူးလ္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ဂ်ိဳးဂိုမက္ဇ္ ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ကြင္းလယ္မွာ ျပန္ရခဲ့တဲ့ ဂ်ိဳတာက တူးလူးစ္ကြင္းလယ္နဲ႔ ခံစစ္သမားေတြၾကားက တစ္ကိုယ္ေတာ္ ဆြဲေျပးၿပီး လိုက္ဖ်က္ေနၾကတဲ့ၾကားက ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ဘယ္ဘက္ကို ခ်ိဳးကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၆ မိနစ္မွာေတာ့ တူးလူးစ္တို႔ ျပန္လည္ေခ်ပသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဒြန္းနမ္း ျပန္ရလာၿပီး လူကြၽံေဘာဖမ္းပုံ မေသသပ္တဲ့ လီဗာပူးလ္ခံစစ္ၾကားကေန ခင္းေပးခဲ့တာကို ညာေတာင္ပံက ေျပးထြက္လာခဲ့တဲ့ ဒယ္လင္ဂါက ဂိုးသမား ကယ္လာဟာရဲ႕ တည့္တည့္ကို ကန္သြင္းခဲ့ရာမွာ ကာကြယ္ပုံညံ့ဖ်င္းလို႔ ေအာက္ကေန ဝင္သြားခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၃၀ မွာ လီဗာပူးလ္တို႔က ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ကားတစ္ဂ်ဳံးစ္က ေနာက္ျပန္ေပးရာမွာ အလက္ဇန္းဒါး-အာႏိုးလ္ဒ္က ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တဲ့ ေဘာလုံးကို တူးလူးစ္ေနာက္ခံလူေတြၾကားေန ဂ်ပန္သား အန္ဒိုက ေခါင္းတိုက္ၿပီး သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၄ မိနစ္မွာ လီဗာပူးလ္တို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဂရာဗင္ဘာ့ခ်္ ေတာက္ေလွ်ာက္ ဆြဲေျပးၿပီး ဧရိယာထိပ္ေရာက္မွ ညာဘက္ကို ျပန္ခ်ိဳးေပးရာမွာ ကားတစ္ဂ်ဳံးစ္က ဘီးကုပ္ထိပ္ကေန ကန္သြင္းခဲ့ေပမယ့္ လူထိၿပီး ဘယ္ျခမ္းကို က်လာတဲ့ ေဘာလုံးကို ဒါဝင္ ႏူးညက္ဇ္က ဂိုးေခါင္မိုးထဲကို အျပင္းကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ သုံးဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စစခ်င္းမွာ ဂိုးသမား ကယ္ေလဟာရဲ႕ လဒူက်လြန္းတဲ့ ေပးပို႔မႈက တူးလူးစ္ေရွ႕တန္းနဲ႔ ထိၿပီး ျပန္ရသြားခဲ့တာကို ဒယ္လင္ဂါက မကန္ဘဲ ဘယ္ဘက္ကို ခင္းေပးရာမွာ ဘယ္ေနာက္ခံလူ ဆြာဇိုက ေျပးၿပီး အနိမ့္ေဘာ ကန္သြင္းခဲ့ေပမယ့္ ခပ္တုံးတုံး ကန္ခ်က္က ဂိုးစည္းေပၚမွာ အလယ္တည့္တည္ေတာင္ မဟုတ္ဘဲ ကံစြပ္ကံျငား ေနရာယူထားတဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ကို သြားမွန္ခဲ့လို႔ အိမ္ရွင္ေတြ သက္သာခဲ့ရပါတယ္။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ အိမ္ရွင္ေတြပဲ စတုတၳဂိုးကို ထပ္မံရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဂ်ိဳတာ ခင္းေပးခဲ့တာကို ဒါဝင္ ႏူးညက္ဇ္က ဂိုးသမားကိုပါ ေက်ာ္ျဖတ္ၿပီး ကန္သြင္းခဲ့ေပမယ့္ ေျခမွန္ျပန္ေပၚၿပီး တိုင္ထိခဲ့လို႔ ျပန္ထြက္လာခဲ့တဲ့ ေဘာလုံးကို ေနာက္က ပါလာခဲ့တဲ့ ဂရာဗင္ဘာ့ခ်္က ထပ္ရၿပီး ဂိုးသမားကို လိမ္ေခါက္ကန္သြင္းသြားႏိုင္ခဲ့တာပါ။

ဒီေနာက္မွာေတာ့ လီဗာပူးလ္တို႔ဘက္က ဒါဝင္ ႏူးညက္ဇ္၊ ခ်ိမ္းဘားစ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္၊ ဂရာဗင္ဘာ့ခ်္နဲ႔ ကားတစ္ဂ်ဳံးစ္တို႔အစား စကန္လြန္၊ ကြမ္ဆား၊ ဂက္ခ္ပို၊ ဆာလားနဲ႔ မက္ကြန္းနဲလ္တို႔ကို ထည့္သြင္းသြားခဲ့ၾကၿပီး အနားေပးမႈနဲ႔ အေျပာင္းအလဲေတြကို နည္းျပ ကေလာ့ပ္က လုပ္ေဆာင္လာခဲ့ပါတယ္။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ လီဗာပူးလ္တို႔အတြက္ အခ်ိဳေပၚ သကာေလာင္းေစမယ့္ ပၪၥမဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္က ဂ်ိဳတာ ရယူၿပီး ဧရိယာထဲကို ခ်ိဳးေပးတာကို ဂက္ခ္ပိုက ေခါက္ဖို႔ လုပ္ေပမယ့္ လူထိၿပီး က်န္ခဲ့တဲ့ ေဘာလုံးကို ဆာလားက ဘယ္ေျခနဲ႔ အေယာင္ျပၿပီးမွ ညာေျခနဲ႔ က်ဳံးထည့္လိုက္လို႔ ဂိုးျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ဆာလားရဲ႕ ဥေရာပဂိုး ၄၃ ဂိုးေျမာက္နဲ႔ အဂၤလန္အေျခစိုက္ ကလပ္အသင္းေတြထဲမွာ အမ်ားဆုံး စံခ်ိန္သစ္တင္ႏိုင္ခဲ့တဲ့ ဂိုးနဲ႔အတူ လီဗာပူးလ္တို႔က တူးလူးစ္တို႔ကို ငါးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး ယူ႐ိုပါလိဂ္မွာ အုပ္စုတက္ဖို႔ သုံးပြဲဆက္ႏိုင္ပြဲနဲ႔ အေျခအေန ေကာင္းသြားခဲ့ၿပီ ျဖစ္ေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.