UCL&UEL

ဥက္ကဌကြီးရဲ့ ချန်ပီယံလိဂ်စံချိန်ကို ရိုက်ချိုးပြလိုက်တဲ့ ဟာလန်း

အာလင်း ဟာလန်းဟာ ယန်းဘွိုင်းစ်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးပေါက်ပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်မှာ သွင်းဂိုး ၃၇ ဂိုးအထိ ပြည့်မြောက်တဲ့ အသက်အငယ်ဆုံး ဂိုးသွင်းရှင်ဖြစ်လာခဲ့ပြီဖြစ်ပြီး ခီလီယန် အမ်ဘာပေရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

မန်ချက်စတာစီးတီးတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ဂွါဒီယိုလာရဲ့အသင်းကို သမိုင်းဝင် ဆုဖလား ၃ လုံးတပြိုင်နက် ရရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နော်ဝေတိုက်စစ်မှူးဟာ ဗုဒ္ဓဟူးနေ့ညနေမှာ ယန်းဘွိုင်းစ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၅ ပွဲမှာ ပထမဆုံးသွင်းဂိုးကို ပင်နယ်တီကနေ သွင်းယူခဲ့တာဖြစ်ပြီး မန်စီးတီးက ဆွစ်ဇာလန်မှာ ၃-၁ နဲ့ နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

ဟာလန်းရဲ့ ဒုတိယမြောက် သွင်းဂိုးက ဧည့်သည်တွေကို အုပ်စု G ထိပ်ဆုံးက နေရာကို ဆက်လက် ထိန်းသိမ်းနိုင်စေခဲ့သလို နောက်ထပ်တစ်ကြိမ် သမိုင်းစာအုပ်ထဲမှာ ၎င်းရဲ့ နာမည်ကို ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၃ နှစ် ၉၆ ရက်အရွယ်ရှိပြီဖြစ်တဲ့ အာလင်း ဟာလန်းက ပီအက်စ်ဂျီကြယ်ပွင့်ရဲ့ စံချိန်ကို ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေက အသက် ၂၃ နှစ်နဲ့ ၂၉၅ ရက်နဲ့ အသက်အငယ်ဆုံး ချန်ပီယံလိဂ် ၃၇ ဂိုးပြည့်မြောက်တဲ့ ကစားသမားအဖြစ် စံချိန်တင်ခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ အာလင်း ဟာလန်းဟာ ချန်ပီယံလိဂ်သွင်းဂိုး ၃၀ ပြည့်မြောက်တဲ့အသက်အငယ်ဆုံး တိုက်စစ်မှူး ဖြစ်လာခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးအရေအတွက်ကို အလျင်မြန်ဆုံး ပြည့်မြောက်တဲ့ကစားသမားလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဟာလန်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဒီသွင်းဂိုးပမာဏကို ရောက်ရှိဖို့ ၂၅ ပွဲသာ အချိန်ယူခဲ့ရတာဖြစ်ပြီး မတ်လက လိုက်ပ်ဇစ်ကို အစ်တီဟတ်မှာ ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အတွင်း စံချိန်ရိုက်ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲစဉ်အတွင်းမှာ အာလင်း ဟာလန်းဟာ ချန်ပီယံလိဂ်သမိုင်းမှာ တစ်ပွဲတည်းမှာ ၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ကစားသမားဖြစ်လာခဲ့တာဖြစ်ပြီး မန်စီးတီးကြယ်ပွင့်မတိုင်ခင် ဘာစီလိုနာဂန္တဝင် လီယွန်နယ် မက်ဆီနဲ့ ရှက်တာဒိုးနတ်တိုက်စစ်မှူးဟောင်း လူးဝစ်ဇ် အက်ဒရီယာနိုတို့က စံချိန်ရေးထိုးခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာလင္း ဟာလန္းဟာ ယန္းဘြိဳင္းစ္ကို ၃-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ ဂိုးေပါက္ေပ်ာက္ဆုံးမႈကို အဆုံးသတ္ႏိုင္ခဲ့ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ သြင္းဂိုး ၃၇ ဂိုးအထိ ျပည့္ေျမာက္တဲ့ အသက္အငယ္ဆုံး ဂိုးသြင္းရွင္ျဖစ္လာခဲ့ၿပီျဖစ္ၿပီး ခီလီယန္ အမ္ဘာေပရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

မန္ခ်က္စတာစီးတီးတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီကုန္မွာ ဂြါဒီယိုလာရဲ႕အသင္းကို သမိုင္းဝင္ ဆုဖလား ၃ လုံးတၿပိဳင္နက္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ ဂိုးေပါက္ေပ်ာက္ဆုံးေနခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာ္ေဝတိုက္စစ္မႉးဟာ ဗုဒၶဟူးေန႔ညေနမွာ ယန္းဘြိဳင္းစ္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၅ ပြဲမွာ ပထမဆုံးသြင္းဂိုးကို ပင္နယ္တီကေန သြင္းယူခဲ့တာျဖစ္ၿပီး မန္စီးတီးက ဆြစ္ဇာလန္မွာ ၃-၁ နဲ႔ ႏိုင္ပြဲရရွိခဲ့တာျဖစ္ပါတယ္။

ဟာလန္းရဲ႕ ဒုတိယေျမာက္ သြင္းဂိုးက ဧည့္သည္ေတြကို အုပ္စု G ထိပ္ဆုံးက ေနရာကို ဆက္လက္ ထိန္းသိမ္းႏိုင္ေစခဲ့သလို ေနာက္ထပ္တစ္ႀကိမ္ သမိုင္းစာအုပ္ထဲမွာ ၎ရဲ႕ နာမည္ကို ေရးထိုးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၃ ႏွစ္ ၉၆ ရက္အ႐ြယ္ရွိၿပီျဖစ္တဲ့ အာလင္း ဟာလန္းက ပီအက္စ္ဂ်ီၾကယ္ပြင့္ရဲ႕ စံခ်ိန္ကို ႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပက အသက္ ၂၃ ႏွစ္နဲ႔ ၂၉၅ ရက္နဲ႔ အသက္အငယ္ဆုံး ခ်န္ပီယံလိဂ္ ၃၇ ဂိုးျပည့္ေျမာက္တဲ့ ကစားသမားအျဖစ္ စံခ်ိန္တင္ခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီမွာ အာလင္း ဟာလန္းဟာ ခ်န္ပီယံလိဂ္သြင္းဂိုး ၃၀ ျပည့္ေျမာက္တဲ့အသက္အငယ္ဆုံး တိုက္စစ္မႉး ျဖစ္လာခဲ့တာျဖစ္ၿပီး ဒီသြင္းဂိုးအေရအတြက္ကို အလ်င္ျမန္ဆုံး ျပည့္ေျမာက္တဲ့ကစားသမားလည္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဟာလန္းဟာ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဒီသြင္းဂိုးပမာဏကို ေရာက္ရွိဖို႔ ၂၅ ပြဲသာ အခ်ိန္ယူခဲ့ရတာျဖစ္ၿပီး မတ္လက လိုက္ပ္ဇစ္ကို အစ္တီဟတ္မွာ ၇-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္အတြင္း စံခ်ိန္႐ိုက္ခ်ိဳးႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီပြဲစဥ္အတြင္းမွာ အာလင္း ဟာလန္းဟာ ခ်န္ပီယံလိဂ္သမိုင္းမွာ တစ္ပြဲတည္းမွာ ၅ ဂိုးအထိ သြင္းယူႏိုင္ခဲ့တဲ့ တတိယေျမာက္ ကစားသမားျဖစ္လာခဲ့တာျဖစ္ၿပီး မန္စီးတီးၾကယ္ပြင့္မတိုင္ခင္ ဘာစီလိုနာဂႏၲဝင္ လီယြန္နယ္ မက္ဆီနဲ႔ ရွက္တာဒိုးနတ္တိုက္စစ္မႉးေဟာင္း လူးဝစ္ဇ္ အက္ဒရီယာႏိုတို႔က စံခ်ိန္ေရးထိုးခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.