Bundesliga Match Report Premier League UCL&UEL

စိတ်ပျက်စရာ ခံစစ်လူထုတ်ပုံနဲ့ ဒေါ့မွန်ကို အရှုံးပေးခဲ့ရတဲ့ နယူးကာဆယ်လ်

နယူးကာဆယ်လ်တို့အနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ လာဆယ်လက်စ်၊ ရှားနဲ့ ဒန်ဘန်းတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ လောင်းစတပ်ဖ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်မီရွန်၊ ဂေါ်ဒန်နဲ့ အီဆက်ခ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဒေါ့မွန်တို့ကတော့ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်မှာ ဟမ်းမဲလ်၊ ရှလော့တာဘက်ခ်၊ ဝုလ်ဖ်နဲ့ ဘင်ဆီဘိုင်နီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ အမ်မရီချန်၊ ဆာဘစ်ဇာနဲ့ ဘိုးတော် မာကို ရွိုက်စ်တို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ နမီချာ၊ မာလန်နဲ့ ဖူးလ်ခရပ်တို့ကို တွဲဖက်ပေးခဲ့တာပါ။

နည်းပြ အက်ဒီဟောင်းအနေနဲ့ ဒီနေ့မှာ မှားယွင်းတဲ့ ခံစစ်ကစားပုံကို အသုံးပြုခဲ့ပြီး ဘယ်အတွင်းလူ ဘော့တ်မန် မကစားနိုင်ချိန်မှာ ရှားကို ဒန်ဘန်းနဲ့ ပြန်တွဲပြီး ဘယ်နောက်ခံလူတစ်ယောက် ထပ်ထည့်ရမယ့်အစား ပြီးခဲ့တဲ့ ရာသီမှာ ၂၁၄ မိနစ်သာ ကစားခွင့်ရထားတဲ့ အရန်ခုံက ကလပ်ကပ္ပတိန် လာဆယ်လက်စ်ကို ထည့်သွင်းခဲ့ရာမှာ ခံစစ်ပိုင်းက ရိုးအလွန်းနေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ အီဆက်ခ် နာသွားခဲ့လို့ ဝီလ်ဆန်နဲ့ စောစောစီးစီး လူစားလဲခဲ့ရပြီး တိုနာလီ မပါတဲ့ ကွင်းလယ်ကလည်း ဖန်တီးမှုတွေ သိပ်ပြီး မလုပ်နိုင်ခဲ့တာကြောင့် အလွဲလွဲအချော်ချော်တွေ များနေခဲ့ချိန်မှာ ပုံမှန် မဟုတ်တဲ့ ရှားက ဘယ်ဘက် ပြောင်းကစားတဲ့ ခံစစ်ကလည်း တော်တော်လေး စုတ်ပြတ်နေခဲ့လို့ နစ်ခ် ပုပ်သာ မကယ်ရင် စောစောစီးစီး သုံးဂိုးလောက် အနည်းဆုံး ပေးရနိုင်ခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဒေါ့မွန်တို့ အဖွင့်ဂိုးကို စတင်သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဆူပါမန်းအထာနဲ့ ဘယ်တောင်ပံကနေ ညာတောင်ပံကို ဖြတ်ဆွဲပေးဖို့ ကြိုးစားတဲ့ ဂေါ်ဒန်ဆီကနေ ရှလော့တာဘက်ခ်က ကွင်းလယ်မှာ ဖြတ်တားပြီး မာကို ရွိုက်စ်နဲ့ ဝမ်းတူးရိုက်ပြီးမှ တောင်ပံကို အတွင်းကို ချိုးအပေးမှာ နမီချာက ဧရိယာထိပ်ကနေ ပိတ်သွင်းနိုင်ခဲ့လို့ ကံကောင်းနေတဲ့ ငှက်ကျားတွေ ဒီတစ်ကြိမ်မှာ ရိုက်ချက်စားခံခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းကို ဒေါ့မွန်တို့က တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြသလို ဒုတိယပိုင်းမှာတော့ နယူးကာဆယ်လ်တို့ ဖွင့်တိုက်ခဲ့ပေမယ့် အပိုင်ကန်ခွင့် ရရှိခဲ့တဲ့ ဝီလ်ဆန်က ဂိုးသမားတည့်တည့်ပဲ ကန်ခဲ့ပြီး ခေါင်းတိုက်ချက်တစ်ကြိမ်ကလည်း ဘားမှန်ခဲ့ကြောင့် တိုနာလီ၊ ဝီလော့ခ်၊ တားဂက်နဲ့ မာဖီတို့ ဝင်လာခဲ့ပေမယ့်လည်း မကယ်နိုင်တော့ဘဲ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရတာပါ။

ပွဲအပြီးမှာတော့ ဒေါ့မွန်တို့ကို တစ်လုံးတည်းသော ဂိုးနဲ့ အရှုံးပေးလိုက်ရတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ တီးပြီး ရယူထားနိုင်ခဲ့တဲ့ အုပ်စုတွင်း အားသာချက်ကို လွှင့်ပစ်လိုက်ရပြီဖြစ်သလို အုပ်စု(F)ကိုတော့ တစ်ဖက်မှာ အေစီမီလန်ကို သုံးဂိုးပြတ် အနိုင်ယူခဲ့တဲ့ ပါရီသားတွေက ပြန်လည်ဦးဆောင်သွားခဲ့ချိန်မှာ ငှက်ကျားတွေကတော့ အဆင့် ၃ ကို ဆင်းပေးလိုက်ရပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: နယူးကာဆယ္လ္တို႔အေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ထရစ္ပီယာ၊ လာဆယ္လက္စ္၊ ရွားနဲ႔ ဒန္ဘန္းတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္နဲ႔ ေလာင္းစတပ္ဖ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္မီ႐ြန္၊ ေဂၚဒန္နဲ႔ အီဆက္ခ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေဒါ့မြန္တို႔ကေတာ့ ဂိုးသမား ကိုဘယ္လ္၊ ခံစစ္မွာ ဟမ္းမဲလ္၊ ရွေလာ့တာဘက္ခ္၊ ဝုလ္ဖ္နဲ႔ ဘင္ဆီဘိုင္နီတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ အမ္မရီခ်န္၊ ဆာဘစ္ဇာနဲ႔ ဘိုးေတာ္ မာကို ႐ြိဳက္စ္တို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ နမီခ်ာ၊ မာလန္နဲ႔ ဖူးလ္ခရပ္တို႔ကို တြဲဖက္ေပးခဲ့တာပါ။

နည္းျပ အက္ဒီေဟာင္းအေနနဲ႔ ဒီေန႔မွာ မွားယြင္းတဲ့ ခံစစ္ကစားပုံကို အသုံးျပဳခဲ့ၿပီး ဘယ္အတြင္းလူ ေဘာ့တ္မန္ မကစားႏိုင္ခ်ိန္မွာ ရွားကို ဒန္ဘန္းနဲ႔ ျပန္တြဲၿပီး ဘယ္ေနာက္ခံလူတစ္ေယာက္ ထပ္ထည့္ရမယ့္အစား ၿပီးခဲ့တဲ့ ရာသီမွာ ၂၁၄ မိနစ္သာ ကစားခြင့္ရထားတဲ့ အရန္ခုံက ကလပ္ကပၸတိန္ လာဆယ္လက္စ္ကို ထည့္သြင္းခဲ့ရာမွာ ခံစစ္ပိုင္းက ႐ိုးအလြန္းေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၅ မိနစ္မွာ အီဆက္ခ္ နာသြားခဲ့လို႔ ဝီလ္ဆန္နဲ႔ ေစာေစာစီးစီး လူစားလဲခဲ့ရၿပီး တိုနာလီ မပါတဲ့ ကြင္းလယ္ကလည္း ဖန္တီးမႈေတြ သိပ္ၿပီး မလုပ္ႏိုင္ခဲ့တာေၾကာင့္ အလြဲလြဲအေခ်ာ္ေခ်ာ္ေတြ မ်ားေနခဲ့ခ်ိန္မွာ ပုံမွန္ မဟုတ္တဲ့ ရွားက ဘယ္ဘက္ ေျပာင္းကစားတဲ့ ခံစစ္ကလည္း ေတာ္ေတာ္ေလး စုတ္ျပတ္ေနခဲ့လို႔ နစ္ခ္ ပုပ္သာ မကယ္ရင္ ေစာေစာစီးစီး သုံးဂိုးေလာက္ အနည္းဆုံး ေပးရႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ေဒါ့မြန္တို႔ အဖြင့္ဂိုးကို စတင္သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆူပါမန္းအထာနဲ႔ ဘယ္ေတာင္ပံကေန ညာေတာင္ပံကို ျဖတ္ဆြဲေပးဖို႔ ႀကိဳးစားတဲ့ ေဂၚဒန္ဆီကေန ရွေလာ့တာဘက္ခ္က ကြင္းလယ္မွာ ျဖတ္တားၿပီး မာကို ႐ြိဳက္စ္နဲ႔ ဝမ္းတူး႐ိုက္ၿပီးမွ ေတာင္ပံကို အတြင္းကို ခ်ိဳးအေပးမွာ နမီခ်ာက ဧရိယာထိပ္ကေန ပိတ္သြင္းႏိုင္ခဲ့လို႔ ကံေကာင္းေနတဲ့ ငွက္က်ားေတြ ဒီတစ္ႀကိမ္မွာ ႐ိုက္ခ်က္စားခံခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းကို ေဒါ့မြန္တို႔က တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၾကသလို ဒုတိယပိုင္းမွာေတာ့ နယူးကာဆယ္လ္တို႔ ဖြင့္တိုက္ခဲ့ေပမယ့္ အပိုင္ကန္ခြင့္ ရရွိခဲ့တဲ့ ဝီလ္ဆန္က ဂိုးသမားတည့္တည့္ပဲ ကန္ခဲ့ၿပီး ေခါင္းတိုက္ခ်က္တစ္ႀကိမ္ကလည္း ဘားမွန္ခဲ့ေၾကာင့္ တိုနာလီ၊ ဝီေလာ့ခ္၊ တားဂက္နဲ႔ မာဖီတို႔ ဝင္လာခဲ့ေပမယ့္လည္း မကယ္ႏိုင္ေတာ့ဘဲ အိမ္ကြင္းမွာ ရႈံးနိမ့္ခဲ့ရတာပါ။

ပြဲအၿပီးမွာေတာ့ ေဒါ့မြန္တို႔ကို တစ္လုံးတည္းေသာ ဂိုးနဲ႔ အရႈံးေပးလိုက္ရတဲ့ နယူးကာဆယ္လ္တို႔အေနနဲ႔ ပီအက္စ္ဂ်ီကို အိမ္ကြင္းမွာ တီးၿပီး ရယူထားႏိုင္ခဲ့တဲ့ အုပ္စုတြင္း အားသာခ်က္ကို လႊင့္ပစ္လိုက္ရၿပီျဖစ္သလို အုပ္စု(F)ကိုေတာ့ တစ္ဖက္မွာ ေအစီမီလန္ကို သုံးဂိုးျပတ္ အႏိုင္ယူခဲ့တဲ့ ပါရီသားေတြက ျပန္လည္ဦးေဆာင္သြားခဲ့ခ်ိန္မွာ ငွက္က်ားေတြကေတာ့ အဆင့္ ၃ ကို ဆင္းေပးလိုက္ရပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.