MLS Messi Premier League

ဟာလန်းကို ငြင်းပယ်ပြီး မက်ဆီကိုပဲ ဘလွန်ဒေါအတွက် ရွေးခဲ့တဲ့ မန်စီးတီးကြယ်ပွင့်

မန်ချက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ရိုဒရီက အသင်းဖော် အာလင်း ဟာလန်းအစား လီယွန်နယ် မက်ဆီက ယခုနှစ် ဘလွန်ဒေါဆုကို ရရှိလိမ့်မယ်လို့ တစ်ကြိုပေးခဲ့ပါတယ်။

ဟာလန်းဟာ မန်ချက်စတာစီးတီးအတွက် ပွဲဦးထွက် ရာသီမှာပဲ သွင်းဂိုး ၅၂ ဂိုးအထိ အံ့အားသင့်ဖွယ် သွင်းယူပေးခဲ့ပြီး ဂွါဒီယိုလာရဲ့အသင်းကို သမိုင်းဝင် ဖလား ၃ လုံး တပြိုင်နက် ရရှိအောင် ကူညီပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဒေါ့မွန်ကနေ ပြောင်းရွှေ့လာပြီးကတည်းက စံချိန်မှတ်တမ်းတွေ တစ်ခုပြီးတစ်ခု ရိုက်ချိုးနေခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်၊ အက်ဖ်အေ၊ ချန်ပီယံလိဂ် ချန်ပီယံအဖြစ် ရာသီကို အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။

ရိုဒရီဟာ မန်ချက်စတာစီးတီးကို အစ္စတန်ဘူလ်မှာ အင်တာမီလန်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပထမဆုံး ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရရှိပြီး ပထမဆုံးသော ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်စေမယ့် ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့်ဟောင်းဟာ အံ့အားသင့်ဖွယ် ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဘလွန်ဒေါဆုအတွက် ထိပ်ဆုံး ၁၀ ဦးထဲမှာ ပါဝင်နေဖွယ်ရှိမေပယ့်လည်း ဟာလန်းက ဆုရမှာမဟုတ်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဘလွန်ဒေါဆုကို ဘယ်သူ အနိုင်ရသွားမလဲ။ ကျွန်တော့်အတွက်ကတော့ လီယွန်နယ် မက်ဆီပဲ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ”လို့ ပြောကြားခဲ့တာဖြစ်ပြီး စပိန်သတင်းဌာန SPORT ကလည်း အင်တာ မိုင်ယာမီကြယ်ပွင့်ဟာ အာဂျင်တီးနားနဲ့ နောက်ဆုံးမှာ ကမ္ဘာ့ဖလားကို အနိုင်ရရှိခဲ့ပြီးနောက် ၈ ကြိမ်မြောက် ဘလွန်ဒေါဆုကို ရရှိသွားလိမ့်မယ်လို့ ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဘလွန်ဒေါဆုရှင်ကို လာမယ့် အောက်တိုဘာ ၃၀ ရက်နေ့ည ပဲရစ်မြို့က Theatre du Chatelet မှာ ကြေညာသွားမှာဖြစ်ပြီး ချဲလ်ဆီးဂန္တဝင် ဒီဒီယာ ဒရော့ဂ်ဘာက စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ မက်ဆီဟာ ယခုနွေရာသီမှာ ပီအက်စ်ဂျီကနေ အင်တာမိုင်ယာမီကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဘလွန်ဒေါဆုကို ဥရောပအပြင်ဘက်ကနေ ရရှိတဲ့ ပထမဆုံးကစားသမားအဖြစ် သမိုင်းမှတ်တမ်းသစ် ရေးထိုးသွားဖွယ်ရှိနေပါတယ်။

အသက် ၃၆ နှစ်အရွယ် ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောက်ပတဲ့ ခြေစွမ်းနဲ့ သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ရွှေဘောလုံးဆုကိုလည်း အနိုင်ရရှိခဲ့ပြီးနောက် ဘလွန်ဒေါဆုအတွက် ရေပန်းအစားဆုံးကစားသမားဖြစ်နေခဲ့တာဖြစ်ပါတယ်။ အာလင်း ဟာလန်းဟာ ကောင်းမွန်တဲ့နှစ်တစ်နှစ်ကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း ၎င်းရဲ့ နော်ဝေလက်ရွေးစင်နည်းပြ ဆိုဘက်ကင်းကတောင် ဘလွန်ဒေါဆု ရလိမ့်မယ်လို့ ထောက်ခံခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

“ခင်ဗျားသာ ကျွန်တော့်ကို ဘလွန်ဒေါဆု ဘယ်သူရမလဲ မေးရင် ကျွန်တော်ကတော့ ကမ္ဘာ့ဖလားအောင်ပွဲရခဲ့တဲ့ မက်ဆီပဲ အနိုင်ရလိမ့်မယ်လို့ ပြောရမှာပါ။ အဲဒါက အကျိုးသက်ရောက်မှု ရှိနေပါသေးတယ်”လို့ စက်တင်ဘာလတုန်းက ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ႐ိုဒရီက အသင္းေဖာ္ အာလင္း ဟာလန္းအစား လီယြန္နယ္ မက္ဆီက ယခုႏွစ္ ဘလြန္ေဒါဆုကို ရရွိလိမ့္မယ္လို႔ တစ္ႀကိဳေပးခဲ့ပါတယ္။

ဟာလန္းဟာ မန္ခ်က္စတာစီးတီးအတြက္ ပြဲဦးထြက္ ရာသီမွာပဲ သြင္းဂိုး ၅၂ ဂိုးအထိ အံ့အားသင့္ဖြယ္ သြင္းယူေပးခဲ့ၿပီး ဂြါဒီယိုလာရဲ႕အသင္းကို သမိုင္းဝင္ ဖလား ၃ လုံး တၿပိဳင္နက္ ရရွိေအာင္ ကူညီေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေနာ္ေဝတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေဒါ့မြန္ကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက စံခ်ိန္မွတ္တမ္းေတြ တစ္ခုၿပီးတစ္ခု ႐ိုက္ခ်ိဳးေနခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္၊ အက္ဖ္ေအ၊ ခ်န္ပီယံလိဂ္ ခ်န္ပီယံအျဖစ္ ရာသီကို အဆုံးသတ္ခဲ့တာျဖစ္ပါတယ္။

႐ိုဒရီဟာ မန္ခ်က္စတာစီးတီးကို အစၥတန္ဘူလ္မွာ အင္တာမီလန္နဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ပထမဆုံး ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အႏိုင္ရရွိၿပီး ပထမဆုံးေသာ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ေစမယ့္ ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီး အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ေဟာင္းဟာ အံ့အားသင့္ဖြယ္ ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုအတြက္ ထိပ္ဆုံး ၁၀ ဦးထဲမွာ ပါဝင္ေနဖြယ္ရွိေမပယ့္လည္း ဟာလန္းက ဆုရမွာမဟုတ္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဘလြန္ေဒါဆုကို ဘယ္သူ အႏိုင္ရသြားမလဲ။ ကြၽန္ေတာ့္အတြက္ကေတာ့ လီယြန္နယ္ မက္ဆီပဲ အႏိုင္ရသြားမယ္လို႔ ထင္ပါတယ္။ ”လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး စပိန္သတင္းဌာန SPORT ကလည္း အင္တာ မိုင္ယာမီၾကယ္ပြင့္ဟာ အာဂ်င္တီးနားနဲ႔ ေနာက္ဆုံးမွာ ကမာၻ႔ဖလားကို အႏိုင္ရရွိခဲ့ၿပီးေနာက္ ၈ ႀကိမ္ေျမာက္ ဘလြန္ေဒါဆုကို ရရွိသြားလိမ့္မယ္လို႔ ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

ဘလြန္ေဒါဆုရွင္ကို လာမယ့္ ေအာက္တိုဘာ ၃၀ ရက္ေန႔ည ပဲရစ္ၿမိဳ႕က Theatre du Chatelet မွာ ေၾကညာသြားမွာျဖစ္ၿပီး ခ်ဲလ္ဆီးဂႏၲဝင္ ဒီဒီယာ ဒေရာ့ဂ္ဘာက စီစဥ္တင္ဆက္သူအျဖစ္ ေဆာင္႐ြက္ေပးသြားမွာ ျဖစ္ပါတယ္။ မက္ဆီဟာ ယခုေႏြရာသီမွာ ပီအက္စ္ဂ်ီကေန အင္တာမိုင္ယာမီကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုကို ဥေရာပအျပင္ဘက္ကေန ရရွိတဲ့ ပထမဆုံးကစားသမားအျဖစ္ သမိုင္းမွတ္တမ္းသစ္ ေရးထိုးသြားဖြယ္ရွိေနပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ကစားသမားဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတာက္ပတဲ့ ေျခစြမ္းနဲ႔ သြင္းဂိုး ၇ ဂိုး သြင္းယူႏိုင္ခဲ့ၿပီး ေ႐ႊေဘာလုံးဆုကိုလည္း အႏိုင္ရရွိခဲ့ၿပီးေနာက္ ဘလြန္ေဒါဆုအတြက္ ေရပန္းအစားဆုံးကစားသမားျဖစ္ေနခဲ့တာျဖစ္ပါတယ္။ အာလင္း ဟာလန္းဟာ ေကာင္းမြန္တဲ့ႏွစ္တစ္ႏွစ္ကို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း ၎ရဲ႕ ေနာ္ေဝလက္ေ႐ြးစင္နည္းျပ ဆိုဘက္ကင္းကေတာင္ ဘလြန္ေဒါဆု ရလိမ့္မယ္လို႔ ေထာက္ခံခဲ့ျခင္းမရွိတာျဖစ္ပါတယ္။

“ခင္ဗ်ားသာ ကြၽန္ေတာ့္ကို ဘလြန္ေဒါဆု ဘယ္သူရမလဲ ေမးရင္ ကြၽန္ေတာ္ကေတာ့ ကမာၻ႔ဖလားေအာင္ပြဲရခဲ့တဲ့ မက္ဆီပဲ အႏိုင္ရလိမ့္မယ္လို႔ ေျပာရမွာပါ။ အဲဒါက အက်ိဳးသက္ေရာက္မႈ ရွိေနပါေသးတယ္”လို႔ စက္တင္ဘာလတုန္းက ေျပာဆိုခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.