Premier League UCL&UEL

သူရဲကောင်းဖြစ်ခဲ့တဲ့အပေါ် တည်တည်ငြိမ်ငြိမ်တုံ့ပြန်လိုက်တဲ့ အိုနာနာ

အန်ဒရီ အိုနာနာက ကိုပင်ဟေဂင်ကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ အင်္ဂါနေ့ညပွဲစဉ်မှာ နောက်ဆုံးမိနစ် ပင်နယ်တီ ကာကွယ်ပေးခဲ့ပြီး ရှေ့မှာ လုပ်ခဲ့တဲ့အမှားတွေအတွက် ပြန်လည်ပေးဆပ်ခဲ့ပါတယ်။

အင်္ဂါနေ့ည အိုးထရက်ဖို့ဒ်မှာ ခက်ခဲပြီး စိတ်ပျက်စရာကောင်းတဲ့ ပွဲစဥ်ဖြစ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ဟာ ဒိန်းမတ်ချန်ပီယံတွေဖြစ်တဲ့ ကိုပင်ဟေဂင်ကို ၁-၀ နဲ့ ခက်ခက်ခဲခဲအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဟာရီ မက်ဂွိုင်းယားက ပွဲကစားချိန် မိနစ် ၂၀ မှာ ဂိုးသွင်းယူပေးခဲ့ပြီး အနိုင် ၃ မှတ် သေချာခဲ့ပုံပေါ်ခဲ့ပေမယ့်လည်း စကော့ မက်တော်မီနေးက ၉၄ မိနစ်မှာ ပင်နယ်တီပေးရမယ့် ပြစ်ဒဏ်ကျူးလွန်မှုမျိုး ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

မန်ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဟန်းနရစ် လာဆင်ရဲ့ သားဖြစ်သူ ဂျော်ဒန် လာဆင်က ပင်နယ်တီကို ကန်သွင်းယူခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ အမှားတွေ ကျူးလွန်ခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ခံခဲ့ရတဲ့ အိုနာနာက လက်စွမ်းပြ ကာကွယ်ပေးနိုင်ခဲ့ပြီး မန်ယူနိုက်တက်တို့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အိုနာနာဟာ ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်ကနေ ပေါင် ၄၄ သန်းနဲ့ ပြောင်းရွှေ့လာပြီးကတည်းက ၁၂ ပွဲကစားခဲ့ရာမှာ ဂိုး ၂၀ အထိ ခွင့်ပြုခဲ့ရပြီး အမှားအယွင်းတွေလည်း အများအပြားပြုလုပ်ခဲ့တာကြောင့် ဝေဖန်မှုတွေ ခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိုနာနာဟာ အင်္ဂါနေ့ညမှာ ပင်နယ်တီ ကာကွယ်မှုနဲ့တင်မဟုတ်ဘဲ ဒုတိယပိုင်းအစောပိုင်း အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုနဲ့ပါ အပြစ်တွေကို ဆေးကြောခဲ့ပြီး ပွဲအပြီးမှာ အသက် ၂၇ နှစ်အရွယ်ဂိုးသမားက ကိုယ့်အလုပ်ကိုယ်လုပ်နေတာလို့ တုံ့ပြန်ခဲ့ပါတယ်။

“ကျွန်တော့်အလုပ်ကို ကျွန်တော်လုပ်နေတာပါ။ အရေးအကြီးဆုံးအရာက ခက်ခဲတဲ့အသင်းနဲ့ ရင်ဆိုင်တဲ့ပွဲမှာ အနိုင်ရဖို့ပါပဲ။ ကျွန်တော် နိုင်ပွဲအတွက် ပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့ ပွဲကောင်းတစ်ပွဲကစားနိုင်ခဲ့ပြီး ဟာရီဆီကနေ ကြီးမားတဲ့ဂိုးကို မြင်ခဲ့ရတယ်။ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်ပါ။ ကျွန်တော်တို့က အသင်းကြီးဖြစ်ပြီး ကြီးမားတဲ့ကစားသမားတွေလည်း ရှိပါတယ်။ နိုင်ပွဲတွေ ရယူနိုင်ဖို့က အနှေးနဲ့အမြန်ပါပဲ။ အခု ကျွန်တော်တို့ ဒီလိုမျိုး ဆက်ပြီးတော့ လုပ်သွားရမှာပဲ။ ကျွန်တော်တို့ လုပ်နိုင်မယ်ဆိုတာကို သံသယမရှိပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အန္ဒရီ အိုနာနာက ကိုပင္ေဟဂင္ကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ အဂၤါေန႔ညပြဲစဥ္မွာ ေနာက္ဆုံးမိနစ္ ပင္နယ္တီ ကာကြယ္ေပးခဲ့ၿပီး ေရွ႕မွာ လုပ္ခဲ့တဲ့အမွားေတြအတြက္ ျပန္လည္ေပးဆပ္ခဲ့ပါတယ္။

အဂၤါေန႔ည အိုးထရက္ဖို႔ဒ္မွာ ခက္ခဲၿပီး စိတ္ပ်က္စရာေကာင္းတဲ့ ပြဲစဥ္ျဖစ္ခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ ဒိန္းမတ္ခ်န္ပီယံေတြျဖစ္တဲ့ ကိုပင္ေဟဂင္ကို ၁-၀ နဲ႔ ခက္ခက္ခဲခဲအႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။ ဟာရီ မက္ဂြိဳင္းယားက ပြဲကစားခ်ိန္ မိနစ္ ၂၀ မွာ ဂိုးသြင္းယူေပးခဲ့ၿပီး အႏိုင္ ၃ မွတ္ ေသခ်ာခဲ့ပုံေပၚခဲ့ေပမယ့္လည္း စေကာ့ မက္ေတာ္မီေနးက ၉၄ မိနစ္မွာ ပင္နယ္တီေပးရမယ့္ ျပစ္ဒဏ္က်ဴးလြန္မႈမ်ိဳး ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။

မန္ယူႏိုက္တက္တိုက္စစ္မႉးေဟာင္း ဟန္းနရစ္ လာဆင္ရဲ႕ သားျဖစ္သူ ေဂ်ာ္ဒန္ လာဆင္က ပင္နယ္တီကို ကန္သြင္းယူခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ အမွားေတြ က်ဴးလြန္ခဲ့တာေၾကာင့္ ျပင္းထန္တဲ့ ေဝဖန္မႈေတြ ခံခဲ့ရတဲ့ အိုနာနာက လက္စြမ္းျပ ကာကြယ္ေပးႏိုင္ခဲ့ၿပီး မန္ယူႏိုက္တက္တို႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

အိုနာနာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အင္တာမီလန္ကေန ေပါင္ ၄၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ၁၂ ပြဲကစားခဲ့ရာမွာ ဂိုး ၂၀ အထိ ခြင့္ျပဳခဲ့ရၿပီး အမွားအယြင္းေတြလည္း အမ်ားအျပားျပဳလုပ္ခဲ့တာေၾကာင့္ ေဝဖန္မႈေတြ ခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း အိုနာနာဟာ အဂၤါေန႔ညမွာ ပင္နယ္တီ ကာကြယ္မႈနဲ႔တင္မဟုတ္ဘဲ ဒုတိယပိုင္းအေစာပိုင္း အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈနဲ႔ပါ အျပစ္ေတြကို ေဆးေၾကာခဲ့ၿပီး ပြဲအၿပီးမွာ အသက္ ၂၇ ႏွစ္အ႐ြယ္ဂိုးသမားက ကိုယ့္အလုပ္ကိုယ္လုပ္ေနတာလို႔ တုံ႔ျပန္ခဲ့ပါတယ္။

“ကြၽန္ေတာ့္အလုပ္ကို ကြၽန္ေတာ္လုပ္ေနတာပါ။ အေရးအႀကီးဆုံးအရာက ခက္ခဲတဲ့အသင္းနဲ႔ ရင္ဆိုင္တဲ့ပြဲမွာ အႏိုင္ရဖို႔ပါပဲ။ ကြၽန္ေတာ္ ႏိုင္ပြဲအတြက္ ေပ်ာ္႐ႊင္မိပါတယ္။ ကြၽန္ေတာ္တို႔ ပြဲေကာင္းတစ္ပြဲကစားႏိုင္ခဲ့ၿပီး ဟာရီဆီကေန ႀကီးမားတဲ့ဂိုးကို ျမင္ခဲ့ရတယ္။ ကြၽန္ေတာ္တို႔က မန္ခ်က္စတာယူႏိုက္တက္ပါ။ ကြၽန္ေတာ္တို႔က အသင္းႀကီးျဖစ္ၿပီး ႀကီးမားတဲ့ကစားသမားေတြလည္း ရွိပါတယ္။ ႏိုင္ပြဲေတြ ရယူႏိုင္ဖို႔က အေႏွးနဲ႔အျမန္ပါပဲ။ အခု ကြၽန္ေတာ္တို႔ ဒီလိုမ်ိဳး ဆက္ၿပီးေတာ့ လုပ္သြားရမွာပဲ။ ကြၽန္ေတာ္တို႔ လုပ္ႏိုင္မယ္ဆိုတာကို သံသယမရွိပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.