Premier League UCL&UEL

ကံအကောင်းဆုံး လွတ်မြောက်မှုဖြစ်ခဲ့တဲ့ ရာယာရဲ့ ဘောလုံးရှင်းထုတ်မှု

အာဆင်နယ်ပရိသတ်တွေဟာ ဆီဗီလာကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ဒေးဗစ် ရာယာဟာ ကံအကောင်းဆုံးလွတ်မြောက်မှုကို ရင်ဆိုင်ခဲ့ရတယ်လို့ ယုံကြည်နေကြပါတယ်။

အာတီတာရဲ့အသင်းဟာ ဂါဘရီယဲလ် မာတီနယ်လီက ပထမပိုင်း နာကျင်အချိန်ပိုမှာ ဂိုးသွင်းယူနိုင်ခဲ့ချိန်မှာ အိမ်ရှင်တွေကို ဦးဆောင်နိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီး သိပ်မကြာခင်မှာပဲ ဂျေဆူးစ်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် အေးအေးဆေးဆေး နိုင်ပွဲရပြီလို့ ထင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နီမန်ညာ ဂူဒယ်က ဂန်းနားတွေအတွက် ဖိအားဖြစ်လာစေမယ့် ချေပဂိုးကို သွင်းယူသွားခဲ့ပြီး ဖိအားတွေ အမြင့်မားဆုံးဖြစ်နေတဲ့အချိန်မှာ ဒေးဗစ် ရာယာရဲ့ နောက်ထပ် အမှားတစ်ခုက စပိန်မှာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အရေးကြီးတဲ့နိုင်ပွဲကို ဆုံးရှုံးရလုနီးပါးဖြစ်ခဲ့ပါတယ်။

ပွဲကစားချိန် နောက်ဆုံးအခိုက်အတန့်မှာ စပိန်ဂိုးသမားဟာ ဖြတ်တင်ဘောကို ဖမ်းဖို့အတွက် ဂိုးစည်းပေါ်ကနေ ထွက်လာခဲ့ပြီးမှ ဘောလုံးကို မမိတော့ဘူးဆိုတာ သိသွားချိန်မှာတော့ ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ လာကစားနေတဲ့ ရာယာက ဘောလုံးကို လက်သီးနဲ့ထိုးဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရာယာဟာ ဘောလုံးရဲ့ အောက်ခြေကိုသာ ထိသွားခဲ့တာကြောင့် ဘောလုံးဟာ လေထဲမှာ လည်ကာလည်ကာနဲ့ ဂိုးပေါက်ဘက်ကို နောက်ပြန်သွားခဲ့တာဖြစ်ပြီး ဆီဗီလာကစားသမား ၂ ဦးကလည်း ဘောလုံးပြန်ကျလာရင် ပိတ်ဖို့ အသင့်ရပ်စောင့်နေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘောလုံးက ကံကောင်းထောက်မစွာနဲ့ ဂိုးဘားတန်းပေါ်ကို ကျော်သွားတာကို မြင်လိုက်ရမှ အာဆင်နယ်ပရိသတ်တွေရော ရာယာပါ စိတ်သက်သာရာ ရခဲ့တာ ဖြစ်ပြီး အာတီတာရဲ့ ရမ်းစ်ဒေးလ်အစား စပိန်သားအချင်းချင်း နေရာပေးခဲ့မှုကြောင့် ကံကောင်းလို့ သရေမကျခဲ့တာလည်း ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္ပရိသတ္ေတြဟာ ဆီဗီလာကို က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္အတြင္း ေဒးဗစ္ ရာယာဟာ ကံအေကာင္းဆုံးလြတ္ေျမာက္မႈကို ရင္ဆိုင္ခဲ့ရတယ္လို႔ ယုံၾကည္ေနၾကပါတယ္။

အာတီတာရဲ႕အသင္းဟာ ဂါဘရီယဲလ္ မာတီနယ္လီက ပထမပိုင္း နာက်င္အခ်ိန္ပိုမွာ ဂိုးသြင္းယူႏိုင္ခဲ့ခ်ိန္မွာ အိမ္ရွင္ေတြကို ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ၿပီး သိပ္မၾကာခင္မွာပဲ ေဂ်ဆူးစ္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာေၾကာင့္ ေအးေအးေဆးေဆး ႏိုင္ပြဲရၿပီလို႔ ထင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း နီမန္ညာ ဂူဒယ္က ဂန္းနားေတြအတြက္ ဖိအားျဖစ္လာေစမယ့္ ေခ်ပဂိုးကို သြင္းယူသြားခဲ့ၿပီး ဖိအားေတြ အျမင့္မားဆုံးျဖစ္ေနတဲ့အခ်ိန္မွာ ေဒးဗစ္ ရာယာရဲ႕ ေနာက္ထပ္ အမွားတစ္ခုက စပိန္မွာ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အေရးႀကီးတဲ့ႏိုင္ပြဲကို ဆုံးရႈံးရလုနီးပါးျဖစ္ခဲ့ပါတယ္။

ပြဲကစားခ်ိန္ ေနာက္ဆုံးအခိုက္အတန႔္မွာ စပိန္ဂိုးသမားဟာ ျဖတ္တင္ေဘာကို ဖမ္းဖို႔အတြက္ ဂိုးစည္းေပၚကေန ထြက္လာခဲ့ၿပီးမွ ေဘာလုံးကို မမိေတာ့ဘူးဆိုတာ သိသြားခ်ိန္မွာေတာ့ ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ လာကစားေနတဲ့ ရာယာက ေဘာလုံးကို လက္သီးနဲ႔ထိုးဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ရာယာဟာ ေဘာလုံးရဲ႕ ေအာက္ေျခကိုသာ ထိသြားခဲ့တာေၾကာင့္ ေဘာလုံးဟာ ေလထဲမွာ လည္ကာလည္ကာနဲ႔ ဂိုးေပါက္ဘက္ကို ေနာက္ျပန္သြားခဲ့တာျဖစ္ၿပီး ဆီဗီလာကစားသမား ၂ ဦးကလည္း ေဘာလုံးျပန္က်လာရင္ ပိတ္ဖို႔ အသင့္ရပ္ေစာင့္ေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေဘာလုံးက ကံေကာင္းေထာက္မစြာနဲ႔ ဂိုးဘားတန္းေပၚကို ေက်ာ္သြားတာကို ျမင္လိုက္ရမွ အာဆင္နယ္ပရိသတ္ေတြေရာ ရာယာပါ စိတ္သက္သာရာ ရခဲ့တာ ျဖစ္ၿပီး အာတီတာရဲ႕ ရမ္းစ္ေဒးလ္အစား စပိန္သားအခ်င္းခ်င္း ေနရာေပးခဲ့မႈေၾကာင့္ ကံေကာင္းလို႔ သေရမက်ခဲ့တာလည္း ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.