Premier League UCL&UEL

ရှေ့စကားနောက်စကား မညီခဲ့ကြတဲ့ ဂျေဆူးစ်နဲ့ အာတီတာ

ဂါဘရီယဲလ် ဂျေဆူးစ်က အင်္ဂါနေ့ည ဆီဗီလာကို အနိုင်ရခဲ့တဲ့ပွဲစဉ်က ဒဏ်ရာနဲ့ပတ်သက်ပြီး အရေးမကြီးဟန်နဲ့ ပြောဆိုခဲ့ပြီး အာတီတာက ဘရာဇီးလ်တိုက်စစ်မှူးက လူစားလဲပေးဖို့ တောင်းဆိုခဲ့တာလို့ ပြောကြားခဲ့ပေမယ့်လည်း ဘယ်တုန်းကမှ ထွက်ဖို့ မတောင်းဆိုခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ အင်္ဂါနေ့ညက ဆီးဗီးမှာ ၂-၁ နဲ့ အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စု B ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ဂျေဆူးစ်က ဒီနိုင်ပွဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ဂျေဆူးစ်ဟာ ပထမပိုင်း နာကျင်အချိန်ပိုက မာတီနယ်လီရဲ့အဖွင့်ဂိုးကို ဖန်တီးပေးခဲ့ပြီး ဒုတိယပိုင်း ပြန်စပြီးနောက် သိပ်မကြာခင်မှာပဲ တကိုယ်တော်အစွမ်းနဲ့ နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပွဲကစားချိန် ကုန်ဆုံးခါနီး ဆီဗီလာက ချေပဂိုး တစ်ဂိုး ပြန်သွင်းပြီးနောက်မှာ ဂျေဆူးစ်ဟာ ဘောလုံးကို လိုက်ရင်း တံကောက်ကြောဒဏ်ရာရရှိသွားတာကြောင့် လူစားလဲလှယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပွဲအပြီးမှာ အာတီတာက ဂျေဆူးစ်က ချက်ချင်း လူစားလဲလှယ်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် စိုးရိမ်ခဲ့ပုံပေါ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးက ဒဏ်ရာနည်းနည်းရတာနဲ့ လူစားလဲဖို့ တောင်းဆိုတတ်တဲ့သူမျိုး မဟုတ်တာကြောင့် သတင်းကောင်းမဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လက်ရှိမှာတော့ ဂျေဆူးစ်က ဒုတိယပိုင်း ၈၁ မိနစ်မှာ အန်ကီးတီးယားနဲ့ လူစားလဲလှယ်ခဲ့တာက နည်းပြ အာတီတာရဲ့ ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း နည်းပြရဲ့ ဆန္ဒကို အမြဲတမ်းလေးစားတယ်လို့ ပြောကြားခဲ့ပြီး ဒဏ်ရာက ဘာမှမဟုတ်ဘူးလို့ အရိပ်အမြွက်ပြောဆိုခဲ့ပါတယ်။

ဒဏ်ရာအတိုင်းအတာနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ပြုံးရွှင်နေတဲ့ ဂျေဆူးစ်က “အင်း။ ကြည့်ကြတာပေါ့။ မောပန်းနေလားဆိုရင် ဟုတ်ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော် ပင်ပန်းနေခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်တုန်းကမှ မထွက်ချင်ဘူး။ ခင်ဗျား သိတယ်မလား။ နည်းပြ ဆုံးဖြတ်တာတွေကို ကျွန်တော် အမြဲတမ်း လေးစားတယ်ဆိုတာ သိသာပါတယ်။ ဒါပေမယ့် အဲဒီလို(လူစားလဲပေးဖို့ တောင်းဆို)တော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒဏ်ရာက ဘာလဲဆိုတာကို ကြည့်တာပေါ့။ ကျွန်တော် တစ်စုံတခုကို ခံစားခဲ့ရတယ်။ ကြည့်ကြတာပေါ့။ ကျွန်တော် ဆရာဝန်တွေနဲ့ စမ်းသပ်မှုအချို့ ပြုလုပ်ခဲ့တယ်။ အဲဒီလောက်လည်း မကြီးပါဘူး။ ဒါပေမယ့် ကြည့်တာပေါ့။ ကျွန်တော် ဓာတ်မှန်ရိုက်မယ်။ မနက်ဖြန်လောက်ပေါ့။ဘာမှ ပြဿနာရှိမှာမဟုတ်ဘူးလို့ ကျွန်တော် တော်တော်လေးသေချာနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဂါဘရီယဲလ္ ေဂ်ဆူးစ္က အဂၤါေန႔ည ဆီဗီလာကို အႏိုင္ရခဲ့တဲ့ပြဲစဥ္က ဒဏ္ရာနဲ႔ပတ္သက္ၿပီး အေရးမႀကီးဟန္နဲ႔ ေျပာဆိုခဲ့ၿပီး အာတီတာက ဘရာဇီးလ္တိုက္စစ္မႉးက လူစားလဲေပးဖို႔ ေတာင္းဆိုခဲ့တာလို႔ ေျပာၾကားခဲ့ေပမယ့္လည္း ဘယ္တုန္းကမွ ထြက္ဖို႔ မေတာင္းဆိုခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ အဂၤါေန႔ညက ဆီးဗီးမွာ ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္အုပ္စု B ထိပ္ဆုံးကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ၿပီး ေဂ်ဆူးစ္က ဒီႏိုင္ပြဲမွာ အေရးႀကီးတဲ့ အခန္းက႑ကေန ပါဝင္ခဲ့တာ ျဖစ္ပါတယ္။

ေဂ်ဆူးစ္ဟာ ပထမပိုင္း နာက်င္အခ်ိန္ပိုက မာတီနယ္လီရဲ႕အဖြင့္ဂိုးကို ဖန္တီးေပးခဲ့ၿပီး ဒုတိယပိုင္း ျပန္စၿပီးေနာက္ သိပ္မၾကာခင္မွာပဲ တကိုယ္ေတာ္အစြမ္းနဲ႔ ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ပြဲကစားခ်ိန္ ကုန္ဆုံးခါနီး ဆီဗီလာက ေခ်ပဂိုး တစ္ဂိုး ျပန္သြင္းၿပီးေနာက္မွာ ေဂ်ဆူးစ္ဟာ ေဘာလုံးကို လိုက္ရင္း တံေကာက္ေၾကာဒဏ္ရာရရွိသြားတာေၾကာင့္ လူစားလဲလွယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ပြဲအၿပီးမွာ အာတီတာက ေဂ်ဆူးစ္က ခ်က္ခ်င္း လူစားလဲလွယ္ေပးဖို႔ ေတာင္းဆိုခဲ့တာေၾကာင့္ စိုးရိမ္ခဲ့ပုံေပၚၿပီး ဘရာဇီးလ္တိုက္စစ္မႉးက ဒဏ္ရာနည္းနည္းရတာနဲ႔ လူစားလဲဖို႔ ေတာင္းဆိုတတ္တဲ့သူမ်ိဳး မဟုတ္တာေၾကာင့္ သတင္းေကာင္းမဟုတ္ဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း လက္ရွိမွာေတာ့ ေဂ်ဆူးစ္က ဒုတိယပိုင္း ၈၁ မိနစ္မွာ အန္ကီးတီးယားနဲ႔ လူစားလဲလွယ္ခဲ့တာက နည္းျပ အာတီတာရဲ႕ ဆုံးျဖတ္ခ်က္သာျဖစ္တယ္လို႔ ေျပာဆိုခဲ့ေပမယ့္လည္း နည္းျပရဲ႕ ဆႏၵကို အၿမဲတမ္းေလးစားတယ္လို႔ ေျပာၾကားခဲ့ၿပီး ဒဏ္ရာက ဘာမွမဟုတ္ဘူးလို႔ အရိပ္အႁမြက္ေျပာဆိုခဲ့ပါတယ္။

ဒဏ္ရာအတိုင္းအတာနဲ႔ပတ္သက္ၿပီး ေမးျမန္းခဲ့ရာမွာ ၿပဳံး႐ႊင္ေနတဲ့ ေဂ်ဆူးစ္က “အင္း။ ၾကည့္ၾကတာေပါ့။ ေမာပန္းေနလားဆိုရင္ ဟုတ္ပါတယ္။ ႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ ပင္ပန္းေနခဲ့ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဘယ္တုန္းကမွ မထြက္ခ်င္ဘူး။ ခင္ဗ်ား သိတယ္မလား။ နည္းျပ ဆုံးျဖတ္တာေတြကို ကြၽန္ေတာ္ အၿမဲတမ္း ေလးစားတယ္ဆိုတာ သိသာပါတယ္။ ဒါေပမယ့္ အဲဒီလို(လူစားလဲေပးဖို႔ ေတာင္းဆို)ေတာ့မဟုတ္ပါဘူး။ ဒါေပမယ့္ ဒဏ္ရာက ဘာလဲဆိုတာကို ၾကည့္တာေပါ့။ ကြၽန္ေတာ္ တစ္စုံတခုကို ခံစားခဲ့ရတယ္။ ၾကည့္ၾကတာေပါ့။ ကြၽန္ေတာ္ ဆရာဝန္ေတြနဲ႔ စမ္းသပ္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့တယ္။ အဲဒီေလာက္လည္း မႀကီးပါဘူး။ ဒါေပမယ့္ ၾကည့္တာေပါ့။ ကြၽန္ေတာ္ ဓာတ္မွန္႐ိုက္မယ္။ မနက္ျဖန္ေလာက္ေပါ့။ဘာမွ ျပႆနာရွိမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ေတာ္ေတာ္ေလးေသခ်ာေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.