Match Report Premier League UCL&UEL

ခေါင်းကြီးနဲ့ အိုနာနာတို့ အစွမ်းပြပြီး ကဲ…ဦးကြီး၊ ဘာလိုသေးလဲ မေးဖို့ပဲကျန်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့ပွဲကို ဘယ်နောက်ခံလူစစ်စစ်နဲ့ ပထမဆုံးအကြိမ် ပုံစံတကျ ပြန်ကစားခွင့်ရခဲ့တာဖြစ်ပြီး ဂိုးသမား အိုနာနာ၊ ခံစစ်မှာ ဗာရွန်း၊ မက်ဂွိုင်းယား၊ ဒါလော့နဲ့ ရက်ဂီလွန်၊ ကွင်းလယ်မှာ အမ်မရာဘတ်၊ မက်တော်မီနေးနဲ့ ဘရူနို ဖာနန်ဒက်စ်၊ တိုက်စစ်မှာ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဟွိုင်လန်းတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဒိန်းမတ်ကလပ် ကိုပင်ဟေဂင်တို့ကတော့ ဂိုးသမား ဂရာဘာရာ၊ ခံစစ်မှာ ဗက်ဗရို၊ ဒစ်ခ်စ်၊ အန်ကာဆန်နဲ့ ယယ်လာ့ထ်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ လီရာဂါ၊ ဖော့လ်ခ်နဲ့ ဂွန်ဆာလ်ဗက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အယ်လ်ယူနူစီ၊ အက်ရှိုရီနဲ့ ကလာ့စ်ဆန်တို့ကို ခင်းကျင်းလာခဲ့တာပါ။

မန်ယူတို့ရဲ့ ကွင်းလယ်မှာ အမ်မရာဘတ်က ခုချိန်အထိ အသားမကျနိုင်သေးတာကို တွေ့ရပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကွင်းလယ်စိုးမိုးမှုကို အရမယူနိုင်ခဲ့သလို ခံစစ်နဲ့ ကွင်းလယ်ကြားက ကွက်လပ်ကလည်း မကြာခဏ လွတ်နေခဲ့ပြီး တန်ဟတ်အနေနဲ့ သူ့ရဲ့ အသင်းကို Shape တည်ငြိမ်အောင် မလုပ်နိုင်သေးတာကိုလည်း တွေ့ခဲ့ရပါတယ်။

ကိုပင်ဟေဂင်တို့ရဲ့ ကောင်တာတေွက အိမ်ရှင်အသင်းကို အသက်ရှူမှားစေခဲ့သလို ဘယ်ခြမ်းက မက်ဂွိုင်းယားနဲ့ ရက်ဂီလွန်တို့ကြားမှာလည်း အတက်အဆင်းကို နားလည်မှု လိုအပ်နေသေးတာကြောင့် မကြာခဏ ထိုးနှက်ခံနေခဲ့ရပြီး တိုက်စစ်ကို ပြန်သွားရာမှာတော့ ဟွိုင်လန်းအနေနဲ့ လိုအပ်တဲ့ နေရာတွေကို ပြေးဝင်ဖို့ နောက်ကျနေတာတွေက သူတို့ကို ဂိုးရဖို့ ခက်စေခဲ့ပြီး ပထမပိုင်းမှာ ဘဲဥမကွဲခဲ့ကြတာပါ။

ဒုတိယပိုင်း ပြန်အစမှာတော့ မန်ယူတို့ဘက်က အလုပ်မဖြစ်တဲ့ အမ်မရာဘတ်အစား အဲရစ်ဆန်ကို လူစားသွင်းလာခဲ့လို့ ကစားပုံ အချိတ်အဆက် ပိုမိလာခဲ့ပေမယ့် ကာစီမီရိုလို မကစားတတ်ကြတဲ့ ကွင်းလယ်အဖျက်ကတော့ ပျောက်မြဲပျောက်ဆဲဖြစ်လို့ အိုနာနာ အလုပ်များခဲ့ရပြီး ဒီနေ့ပွဲမှာ ပြန်ပါခဲ့တဲ့ ရက်ဂီလွန်ကလည်း အတော်လေး ညံ့နေခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၄၉ မိနစ်မှာ ကိုပင်ဟေဂင်ဘက်က လီရာဂါရဲ့ အပိုင်ကန်ချက်ကို အိုနာနာ ကာကွယ်သွားခဲ့သလို ၅ မိနစ် အကြာမှာတော့ အဲရစ်ဆန်ရဲ့ ဧရိယာထဲက အနီးကပ် ကန်ချက်ကိုလည်း တစ်ဖက်ဂိုးသမား ဂရာဘာရာ ကာကွယ်သွားခဲ့လို့ နှစ်ဖက်စလုံး ဂိုးရဖို့ ဝေးခဲ့ကြပြီး ရက်ရှ်ဖို့ဒ်နဲ့ လူစားဝင် ဂါနာချိုတို့ကတော့ ကောင်တာတွေကနေ ဘောလုံးဆွဲပြေးရာမှာ ဂိုးသွင်းဖို့ထက် ကိုယ့်အရှိန်ကိုယ်မထိန်းနိုင်ဘဲဖြစ်နေခဲ့ကြတာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ မန်ယူတို့ တစ်လုံးတည်းသော ဂိုးကို ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ညာထောင့်ကန်ဘောကို ရှင်းထုတ်ခံခဲ့ရရာကနေ အဲရစ်ဆန်က နောက်တစ်ကြိမ် ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာတော့ ကိုပင်ဟေဂင်ခံစစ်ကြားကနေ တိုက်စစ်မှူးတစ်ယောက်လို ကွက်တိနေရာယူနိုင်ခဲ့တဲ့ မက်ဂွိုင်းယားက အနီးကပ် မြေထောက်ခေါင်းတိုက်ချက်နဲ့ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ဂါနာချိုနဲ့ မက်တော်မီနေးတို့ အပိုင်အခွင့်အရေးတွေကို ဖြုန်းတီးပစ်ခဲ့ကြသလို နာကျင်အချိန်ပို နောက်ဆုံး မိနစ်မှာတော့ ပုဇွန်ခေါင်း တုတ်ကြီးရဲ့ ဧရိယာထဲမှာ မဆင်မခြင် ခြေထောက်မြှောက်ဝင်တာကြောင့် ပင်နယ်တီ ပေးခဲ့ရပေမယ့် အိုနာနာက ကိုပင်ဟေဂင် တိုက်စစ်မှူး လာဆန်ရဲ့ ကန်ချက်ကို မှန်မှန်ကန်ကန် ခန့်မှန်းကာကွယ်သွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အိမ်ရှင်ကစားသမားတွေအားလုံး အိုနာနာကို ပွေ့ဖက်ဂုဏ်ပြု အောင်ပွဲခံခဲ့ကြပြီး အုပ်စုတွင်းကနေ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ လိုအပ်နေတဲ့ နိုင်ပွဲတစ်ပွဲကို မန်ချက်စတာယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ရှာဖွေနိုင်ခဲ့သလို အနှိမ်ခံ အလှောင်ခံတွေဖြစ်ကြတဲ့ ခေါင်းကြီးနဲ့ ကင်းမရွန်းသားတို့ရဲ့ အစွမ်းတွေနဲ့ အိုးလ်ထရက်ဖို့ဒ်က ညတစ်ညကတော့ လှပခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔ပြဲကို ဘယ္ေနာက္ခံလူစစ္စစ္နဲ႔ ပထမဆုံးအႀကိမ္ ပုံစံတက် ျပန္ကစားခြင့္ရခဲ့တာျဖစ္ၿပီး ဂိုးသမား အိုနာနာ၊ ခံစစ္မွာ ဗာ႐ြန္း၊ မက္ဂြိဳင္းယား၊ ဒါေလာ့နဲ႔ ရက္ဂီလြန္၊ ကြင္းလယ္မွာ အမ္မရာဘတ္၊ မက္ေတာ္မီေနးနဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္၊ တိုက္စစ္မွာ အန္တိုနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဟြိဳင္လန္းတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဒိန္းမတ္ကလပ္ ကိုပင္ေဟဂင္တို႔ကေတာ့ ဂိုးသမား ဂရာဘာရာ၊ ခံစစ္မွာ ဗက္ဗ႐ို၊ ဒစ္ခ္စ္၊ အန္ကာဆန္နဲ႔ ယယ္လာ့ထ္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ လီရာဂါ၊ ေဖာ့လ္ခ္နဲ႔ ဂြန္ဆာလ္ဗက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အယ္လ္ယူႏူစီ၊ အက္ရႈိရီနဲ႔ ကလာ့စ္ဆန္တို႔ကို ခင္းက်င္းလာခဲ့တာပါ။

မန္ယူတို႔ရဲ႕ ကြင္းလယ္မွာ အမ္မရာဘတ္က ခုခ်ိန္အထိ အသားမက်ႏိုင္ေသးတာကို ေတြ႕ရၿပီး ျဖစ္သင့္ျဖစ္ထိုက္တဲ့ ကြင္းလယ္စိုးမိုးမႈကို အရမယူႏိုင္ခဲ့သလို ခံစစ္နဲ႔ ကြင္းလယ္ၾကားက ကြက္လပ္ကလည္း မၾကာခဏ လြတ္ေနခဲ့ၿပီး တန္ဟတ္အေနနဲ႔ သူ႔ရဲ႕ အသင္းကို Shape တည္ၿငိမ္ေအာင္ မလုပ္ႏိုင္ေသးတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ကိုပင္ေဟဂင္တို႔ရဲ႕ ေကာင္တာေတြက အိမ္ရွင္အသင္းကို အသက္ရႉမွားေစခဲ့သလို ဘယ္ျခမ္းက မက္ဂြိဳင္းယားနဲ႔ ရက္ဂီလြန္တို႔ၾကားမွာလည္း အတက္အဆင္းကို နားလည္မႈ လိုအပ္ေနေသးတာေၾကာင့္ မၾကာခဏ ထိုးႏွက္ခံေနခဲ့ရၿပီး တိုက္စစ္ကို ျပန္သြားရာမွာေတာ့ ဟြိဳင္လန္းအေနနဲ႔ လိုအပ္တဲ့ ေနရာေတြကို ေျပးဝင္ဖို႔ ေနာက္က်ေနတာေတြက သူတို႔ကို ဂိုးရဖို႔ ခက္ေစခဲ့ၿပီး ပထမပိုင္းမွာ ဘဲဥမကြဲခဲ့ၾကတာပါ။

ဒုတိယပိုင္း ျပန္အစမွာေတာ့ မန္ယူတို႔ဘက္က အလုပ္မျဖစ္တဲ့ အမ္မရာဘတ္အစား အဲရစ္ဆန္ကို လူစားသြင္းလာခဲ့လို႔ ကစားပုံ အခ်ိတ္အဆက္ ပိုမိလာခဲ့ေပမယ့္ ကာစီမီ႐ိုလို မကစားတတ္ၾကတဲ့ ကြင္းလယ္အဖ်က္ကေတာ့ ေပ်ာက္ၿမဲေပ်ာက္ဆဲျဖစ္လို႔ အိုနာနာ အလုပ္မ်ားခဲ့ရၿပီး ဒီေန႔ပြဲမွာ ျပန္ပါခဲ့တဲ့ ရက္ဂီလြန္ကလည္း အေတာ္ေလး ညံ့ေနခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၄၉ မိနစ္မွာ ကိုပင္ေဟဂင္ဘက္က လီရာဂါရဲ႕ အပိုင္ကန္ခ်က္ကို အိုနာနာ ကာကြယ္သြားခဲ့သလို ၅ မိနစ္ အၾကာမွာေတာ့ အဲရစ္ဆန္ရဲ႕ ဧရိယာထဲက အနီးကပ္ ကန္ခ်က္ကိုလည္း တစ္ဖက္ဂိုးသမား ဂရာဘာရာ ကာကြယ္သြားခဲ့လို႔ ႏွစ္ဖက္စလုံး ဂိုးရဖို႔ ေဝးခဲ့ၾကၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ လူစားဝင္ ဂါနာခ်ိဳတို႔ကေတာ့ ေကာင္တာေတြကေန ေဘာလုံးဆြဲေျပးရာမွာ ဂိုးသြင္းဖို႔ထက္ ကိုယ့္အရွိန္ကိုယ္မထိန္းႏိုင္ဘဲျဖစ္ေနခဲ့ၾကတာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ မန္ယူတို႔ တစ္လုံးတည္းေသာ ဂိုးကို ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ညာေထာင့္ကန္ေဘာကို ရွင္းထုတ္ခံခဲ့ရရာကေန အဲရစ္ဆန္က ေနာက္တစ္ႀကိမ္ ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာေတာ့ ကိုပင္ေဟဂင္ခံစစ္ၾကားကေန တိုက္စစ္မႉးတစ္ေယာက္လို ကြက္တိေနရာယူႏိုင္ခဲ့တဲ့ မက္ဂြိဳင္းယားက အနီးကပ္ ေျမေထာက္ေခါင္းတိုက္ခ်က္နဲ႔ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ဂါနာခ်ိဳနဲ႔ မက္ေတာ္မီေနးတို႔ အပိုင္အခြင့္အေရးေတြကို ျဖဳန္းတီးပစ္ခဲ့ၾကသလို နာက်င္အခ်ိန္ပို ေနာက္ဆုံး မိနစ္မွာေတာ့ ပုဇြန္ေခါင္း တုတ္ႀကီးရဲ႕ ဧရိယာထဲမွာ မဆင္မျခင္ ေျခေထာက္ေျမႇာက္ဝင္တာေၾကာင့္ ပင္နယ္တီ ေပးခဲ့ရေပမယ့္ အိုနာနာက ကိုပင္ေဟဂင္ တိုက္စစ္မႉး လာဆန္ရဲ႕ ကန္ခ်က္ကို မွန္မွန္ကန္ကန္ ခန႔္မွန္းကာကြယ္သြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ကစားသမားေတြအားလုံး အိုနာနာကို ေပြ႕ဖက္ဂုဏ္ျပဳ ေအာင္ပြဲခံခဲ့ၾကၿပီး အုပ္စုတြင္းကေန ေနာက္တစ္ဆင့္ကို တက္လွမ္းႏိုင္ဖို႔ လိုအပ္ေနတဲ့ ႏိုင္ပြဲတစ္ပြဲကို မန္ခ်က္စတာယူႏိုက္တက္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ရွာေဖြႏိုင္ခဲ့သလို အႏွိမ္ခံ အေလွာင္ခံေတြျဖစ္ၾကတဲ့ ေခါင္းႀကီးနဲ႔ ကင္းမ႐ြန္းသားတို႔ရဲ႕ အစြမ္းေတြနဲ႔ အိုးလ္ထရက္ဖို႔ဒ္က ညတစ္ညကေတာ့ လွပခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.