Match Report Premier League UCL&UEL

ဘရာဇီးလ်သားတွေရဲ့ ဂိုးတွေနဲ့ ဆီဗီလာကို အနိုင်ကစားခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရာယာ၊ ခံစစ်မှာ ဘန်ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယယ်လ်နဲ့ တိုမီယာစုတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ အော်ဒီဂွါဒ်နဲ့ ဒက်ကလန် ရိုက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဆာကာ၊ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဆီဗီလာတို့ကတော့ ဂိုးသမား နီလန်း၊ ခံစစ်မှာ ဂူဒယ်လ်၊ ဆာဂျီယို ရာမို့စ်၊ ဟေဆူးစ် နာဗက်စ်နဲ့ အကူးညားတို့ကို အထိုင်ချလာခဲ့ပြီး ကွင်းလယ်မှာတော့ ရာကီတစ်ချ်၊ ဆူမာရေးနဲ့ ဂျီဘရီလ် ဆိုးတို့ကို တွဲဖက်ပေးခဲ့သလို တိုက်စစ်မှာတော့ လူကာဘာကီယို၊ အန်နက်ဆီရီနဲ့ အိုကမ်ပို့စ်တို့ကို ကစားစေခဲ့တာပါ။

ပွဲစကတည်းက အာဆင်နယ်တို့ ဖွင့်တိုက်ဖို့ထက် မမှားဖို့ကိုပဲ ဦးစားပေးသွားခဲ့ပြီး သုံးပေပတ်လည် ဂျော်ဂျင်ညိုရဲ့ သူများနောက် ဝင်ပုန်းမှုတွေမှာ ပေးရကမ်းရ တိုင်ပတ်နေခဲ့သလို ဆာကာနဲ့ မာတီနယ်လီတို့ကလည်း ကောင်တာတွေမှာ ခပ်ကြမ်းကြမ်း ဖျက်တာကို ရှောင်ကစားခဲ့ရပြီး ဂျေဆူးစ်ကတော့ ရုန်းပြခဲ့ချိန်မှာ အော်ဒီဂွါဒ်ကတော့ ဆားမပါတဲ့ ဟင်းလို ဖြစ်နေခဲ့ပါတယ်။

ဆီဗီလာတို့ဘက်က အန်နက်ဆီရီကို အမြင့်ဘောတွေ ပေးဖို့ ကြိုးစားခဲ့ပေမယ့် ဆာလီဘာနဲ့ ဂါဘရီယယ်လ်တို့က ကောင်းကောင်းထိန်းနိုင်သလို ညာခြမ်းက လူကာဘာကီယိုကလည်း ဘယ်သန်မဟုတ်ဘဲ ညာသန်ဖြစ်နေတဲ့အတွက် အတွင်းကို ဆွဲဝင်ကန်ခံရမယ့် ပြဿနာမျိုး မရှိခဲ့ဘဲ အာဆင်နယ်တို့ ခံစစ်မှာက ဘန်ဝှိုက်ကလွဲရင် အားလုံးခြေပေါ်ခဲ့ကြတာပါ။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဆီဗီလာတို့ရဲ့ အသည်းအသန် တိုက်စစ်က ဘာမှ ဖြစ်မလာတာကို ရှင်းထုတ်ရာကနေ ရှေ့ရောက်လာတဲ့ ဘောလုံးကို ဂျေဆူးစ်က ကွင်းလယ်စက်ဝိုင်းရှေ့မှာ သူ့ကို ဝင်ဖျက်ဖို့ ကြိုးစားတဲ့ ဂူဒယ်လ်ကို တစ်ပတ်လှည့်ထွက်ပြီး ခင်းပေးရာမှာ မာတီနယ်လီက တောက်လျှောက်ဆွဲပြေးပြီး ဂိုးသမား နီလန်းကိုပါ ကျော်ဖြတ်ကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းကို အာဆင်နယ်တို့က ပထမဆုံး ဂိုးပေါက်တည့်မှုနဲ့ အပိုင်အခွင့်အရေးကနေ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း အေးအေးဆေးဆေးပဲ ကစားသွားခဲ့သလို အော်ဒီဂွါဒ်နဲ့ ဆာကာတို့ကတော့ သက်လုံဆိုတာ စာရေးဆရာလား မေးရအောင်ကို ခြေမသယ်ချင် လက်မသယ်ချင် ပုံစံဖြစ်နေခဲ့ပြီး နော်ဝေသားကတော့ ဧရိယာထဲက အပိုင်တစ်လုံးကိုတောင် မိုးပေါ်ထောင်ကန်ပြခဲ့သေးတာဖြစ်ပါတယ်။

ပွဲချိန် ၅၃ မိနစ်မှာတော့ အာဆင်နယ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဆီဗီလာခံစစ်က ဂူဒယ်လ်ပဲ ခေါင်းတိုက်ရှင်းထုတ်ပုံ မပီပြင်ခဲ့တာကနေ ကျလာတဲ့ ဘောလုံးကို နံပါတ် ၈ ကစားနေတဲ့ ရိုက်စ်က ရယူပြီး ဘယ်တောင်ပံကို ခင်းပေးရာမှာ ဂျေဆူးစ်က သူ့ကို ဝင်ပိတ်မယ့်သူ မရှိတာကို အခွင့်ကောင်းယူပြီး အဝေးတိုင်ဘက်ကို အမြောက်ဘောကန်သွင်းသွားနိုင်ခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာ ဆီဗီလာတို့ ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာဘက် ထောင့်ကန်အလံတိုင်နားမှာ ရတဲ့ ဖရီးကစ်ကို ရာကီတစ်ချ်က ကန်တင်ပေးရာမှာ လူကပ်ကစားပုံ ညံ့ဖျင်းနေတဲ့ အော်ဒီဂွါဒ်နဲ့ ဘန်ဝှိုက်တို့ရဲ့ ရှေ့ကနေ ပေးလိုက်ရတဲ့ နှစ်ဂိုးလုံးမှာ မှားထားတဲ့ ဂူဒယ်လ်က အနီးတိုင်ဘက်ကို ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဆီဗီလာတို့ဘက်က လာမယ်လာ၊ မာရီယာနို ဒီယက်ဇ်နဲ့ ဟွမ်လူ ဆန်းချက်ဇ်တို့ကို ထည့်ပြီး တိုးလာတဲ့ ဒဏ်ကို ခံနိုင်ဖို့ အာဆင်နယ်တို့အနေနဲ့ ဂျော်ဂျင်ညိုထက်တောင် ညံ့နေတဲ့ အော်ဒီဂွါဒ်ကို ဟာဗတ်ဇ်နဲ့ စလဲခဲ့ပြီး အရုပ်ကြိုးပြတ် ဆာကာနဲ့ အထိအခိုက်များလာတဲ့ ဂျေဆူးစ်တို့ကိုတော့ နကီးတီးယား၊ ထရော့ဆတ်တို့နဲ့ အစားထိုးခဲ့သလို မာတီနယ်လီကိုပါ ကီဗီယာနဲ့ ခံစစ်အတွက် လဲသွားခဲ့တာပါ။

မေ့လောက်မှ ပွဲဝင်ကစားကြတဲ့ ရှေ့က ဟာဗတ်ဇ်က လေးလံလွန်းနေသလို နကီးတီးယားကလည်း လိုက်မကစားနိုင်တဲ့အတွက် ဆီဗီလာတို့ပဲ ပွဲကို စိုးမိုးသွားခဲ့ကြပြီး အိုကမ်ပို့စ်ရဲ့ ထိုးဖောက်မှုတွေကို ရိုက်စ်နဲ့ တိုမီယာစုတို့ ဘယ်ခြမ်းခံစစ်က မာရေကျောရေနဲ့ တောင့်ခံနိုင်ခဲ့လို့သာ တော်ခဲ့သလို ရာယာကလည်း ဖြတ်တင်ဘောကို ချော်ပုတ်မိသေးတာက ဂိုးထဲ မရောက်ဘဲ ဘားကျော်သွားခဲ့လို့သာ ဂန်းနားဖန်တွေ သက်မ,ချနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ အာဆင်နယ်တို့အနေနဲ့ ရေကုန်ရေခန် ရုန်းသွားခဲ့တဲ့ ရှေ့က ဘရာဇီးလ်သားနှစ်ယောက်ဖြစ်တဲ့ မာတီနယ်လီနဲ့‌ ဂျေဆူးစ်တို့ရဲ့ သွင်းဂိုးနှစ်ဂိုး၊ နောက်က ဘရာဇီးလ်ခံစစ်မှူး ဂါဘရီယယ်လ်ရဲ့ မာကျောမှုတွေနဲ့အတူ ဆီဗီလာကို အဝေးကွင်းမှာ နှစ်ဂိုး-တစ်ဂိုးနဲ့ အဖိုးတန် နိုင်ပွဲရယူသွားခဲ့ကြပြီး တစ်ဖက်က သရေကျခဲ့တဲ့ လွန်းစ်နဲ့ PSV တို့ကြောင့် အုပ်စု(ဘီ)ကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပါကြောင်းလည်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရာယာ၊ ခံစစ္မွာ ဘန္ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယယ္လ္နဲ႔ တိုမီယာစုတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ေအာ္ဒီဂြါဒ္နဲ႔ ဒက္ကလန္ ႐ိုက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဆာကာ၊ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ကိုပဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဆီဗီလာတို႔ကေတာ့ ဂိုးသမား နီလန္း၊ ခံစစ္မွာ ဂူဒယ္လ္၊ ဆာဂ်ီယို ရာမို႔စ္၊ ေဟဆူးစ္ နာဗက္စ္နဲ႔ အကူးညားတို႔ကို အထိုင္ခ်လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ရာကီတစ္ခ်္၊ ဆူမာေရးနဲ႔ ဂ်ီဘရီလ္ ဆိုးတို႔ကို တြဲဖက္ေပးခဲ့သလို တိုက္စစ္မွာေတာ့ လူကာဘာကီယို၊ အန္နက္ဆီရီနဲ႔ အိုကမ္ပို႔စ္တို႔ကို ကစားေစခဲ့တာပါ။

ပြဲစကတည္းက အာဆင္နယ္တို႔ ဖြင့္တိုက္ဖို႔ထက္ မမွားဖို႔ကိုပဲ ဦးစားေပးသြားခဲ့ၿပီး သုံးေပပတ္လည္ ေဂ်ာ္ဂ်င္ညိဳရဲ႕ သူမ်ားေနာက္ ဝင္ပုန္းမႈေတြမွာ ေပးရကမ္းရ တိုင္ပတ္ေနခဲ့သလို ဆာကာနဲ႔ မာတီနယ္လီတို႔ကလည္း ေကာင္တာေတြမွာ ခပ္ၾကမ္းၾကမ္း ဖ်က္တာကို ေရွာင္ကစားခဲ့ရၿပီး ေဂ်ဆူးစ္ကေတာ့ ႐ုန္းျပခဲ့ခ်ိန္မွာ ေအာ္ဒီဂြါဒ္ကေတာ့ ဆားမပါတဲ့ ဟင္းလို ျဖစ္ေနခဲ့ပါတယ္။

ဆီဗီလာတို႔ဘက္က အန္နက္ဆီရီကို အျမင့္ေဘာေတြ ေပးဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဆာလီဘာနဲ႔ ဂါဘရီယယ္လ္တို႔က ေကာင္းေကာင္းထိန္းႏိုင္သလို ညာျခမ္းက လူကာဘာကီယိုကလည္း ဘယ္သန္မဟုတ္ဘဲ ညာသန္ျဖစ္ေနတဲ့အတြက္ အတြင္းကို ဆြဲဝင္ကန္ခံရမယ့္ ျပႆနာမ်ိဳး မရွိခဲ့ဘဲ အာဆင္နယ္တို႔ ခံစစ္မွာက ဘန္ဝႈိက္ကလြဲရင္ အားလုံးေျခေပၚခဲ့ၾကတာပါ။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆီဗီလာတို႔ရဲ႕ အသည္းအသန္ တိုက္စစ္က ဘာမွ ျဖစ္မလာတာကို ရွင္းထုတ္ရာကေန ေရွ႕ေရာက္လာတဲ့ ေဘာလုံးကို ေဂ်ဆူးစ္က ကြင္းလယ္စက္ဝိုင္းေရွ႕မွာ သူ႔ကို ဝင္ဖ်က္ဖို႔ ႀကိဳးစားတဲ့ ဂူဒယ္လ္ကို တစ္ပတ္လွည့္ထြက္ၿပီး ခင္းေပးရာမွာ မာတီနယ္လီက ေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးသမား နီလန္းကိုပါ ေက်ာ္ျဖတ္ကန္သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းကို အာဆင္နယ္တို႔က ပထမဆုံး ဂိုးေပါက္တည့္မႈနဲ႔ အပိုင္အခြင့္အေရးကေန တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း ေအးေအးေဆးေဆးပဲ ကစားသြားခဲ့သလို ေအာ္ဒီဂြါဒ္နဲ႔ ဆာကာတို႔ကေတာ့ သက္လုံဆိုတာ စာေရးဆရာလား ေမးရေအာင္ကို ေျခမသယ္ခ်င္ လက္မသယ္ခ်င္ ပုံစံျဖစ္ေနခဲ့ၿပီး ေနာ္ေဝသားကေတာ့ ဧရိယာထဲက အပိုင္တစ္လုံးကိုေတာင္ မိုးေပၚေထာင္ကန္ျပခဲ့ေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ အာဆင္နယ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဆီဗီလာခံစစ္က ဂူဒယ္လ္ပဲ ေခါင္းတိုက္ရွင္းထုတ္ပုံ မပီျပင္ခဲ့တာကေန က်လာတဲ့ ေဘာလုံးကို နံပါတ္ ၈ ကစားေနတဲ့ ႐ိုက္စ္က ရယူၿပီး ဘယ္ေတာင္ပံကို ခင္းေပးရာမွာ ေဂ်ဆူးစ္က သူ႔ကို ဝင္ပိတ္မယ့္သူ မရွိတာကို အခြင့္ေကာင္းယူၿပီး အေဝးတိုင္ဘက္ကို အေျမာက္ေဘာကန္သြင္းသြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာ ဆီဗီလာတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာဘက္ ေထာင့္ကန္အလံတိုင္နားမွာ ရတဲ့ ဖရီးကစ္ကို ရာကီတစ္ခ်္က ကန္တင္ေပးရာမွာ လူကပ္ကစားပုံ ညံ့ဖ်င္းေနတဲ့ ေအာ္ဒီဂြါဒ္နဲ႔ ဘန္ဝႈိက္တို႔ရဲ႕ ေရွ႕ကေန ေပးလိုက္ရတဲ့ ႏွစ္ဂိုးလုံးမွာ မွားထားတဲ့ ဂူဒယ္လ္က အနီးတိုင္ဘက္ကို ေခါင္းတိုက္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဆီဗီလာတို႔ဘက္က လာမယ္လာ၊ မာရီယာႏို ဒီယက္ဇ္နဲ႔ ဟြမ္လူ ဆန္းခ်က္ဇ္တို႔ကို ထည့္ၿပီး တိုးလာတဲ့ ဒဏ္ကို ခံႏိုင္ဖို႔ အာဆင္နယ္တို႔အေနနဲ႔ ေဂ်ာ္ဂ်င္ညိဳထက္ေတာင္ ညံ့ေနတဲ့ ေအာ္ဒီဂြါဒ္ကို ဟာဗတ္ဇ္နဲ႔ စလဲခဲ့ၿပီး အ႐ုပ္ႀကိဳးျပတ္ ဆာကာနဲ႔ အထိအခိုက္မ်ားလာတဲ့ ေဂ်ဆူးစ္တို႔ကိုေတာ့ နကီးတီးယား၊ ထေရာ့ဆတ္တို႔နဲ႔ အစားထိုးခဲ့သလို မာတီနယ္လီကိုပါ ကီဗီယာနဲ႔ ခံစစ္အတြက္ လဲသြားခဲ့တာပါ။

ေမ့ေလာက္မွ ပြဲဝင္ကစားၾကတဲ့ ေရွ႕က ဟာဗတ္ဇ္က ေလးလံလြန္းေနသလို နကီးတီးယားကလည္း လိုက္မကစားႏိုင္တဲ့အတြက္ ဆီဗီလာတို႔ပဲ ပြဲကို စိုးမိုးသြားခဲ့ၾကၿပီး အိုကမ္ပို႔စ္ရဲ႕ ထိုးေဖာက္မႈေတြကို ႐ိုက္စ္နဲ႔ တိုမီယာစုတို႔ ဘယ္ျခမ္းခံစစ္က မာေရေက်ာေရနဲ႔ ေတာင့္ခံႏိုင္ခဲ့လို႔သာ ေတာ္ခဲ့သလို ရာယာကလည္း ျဖတ္တင္ေဘာကို ေခ်ာ္ပုတ္မိေသးတာက ဂိုးထဲ မေရာက္ဘဲ ဘားေက်ာ္သြားခဲ့လို႔သာ ဂန္းနားဖန္ေတြ သက္မ,ခ်ႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ အာဆင္နယ္တို႔အေနနဲ႔ ေရကုန္ေရခန္ ႐ုန္းသြားခဲ့တဲ့ ေရွ႕က ဘရာဇီးလ္သားႏွစ္ေယာက္ျဖစ္တဲ့ မာတီနယ္လီနဲ႔‌ ေဂ်ဆူးစ္တို႔ရဲ႕ သြင္းဂိုးႏွစ္ဂိုး၊ ေနာက္က ဘရာဇီးလ္ခံစစ္မႉး ဂါဘရီယယ္လ္ရဲ႕ မာေက်ာမႈေတြနဲ႔အတူ ဆီဗီလာကို အေဝးကြင္းမွာ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အဖိုးတန္ ႏိုင္ပြဲရယူသြားခဲ့ၾကၿပီး တစ္ဖက္က သေရက်ခဲ့တဲ့ လြန္းစ္နဲ႔ PSV တို႔ေၾကာင့္ အုပ္စု(ဘီ)ကို ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ပါေၾကာင္းလည္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.