Premier League

ပရီးမီးယားလိဂ်မှာ လွှမ်းမိုးနိုင်စွမ်းအရှိဆုံးကစားသမားကို သတ်မှတ်လိုက်တဲ့ ကာရေဂါ

လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ဂျိမ်းစ် မက်ဒီဆင်ဟာ ပရီးမီးယားလိဂ်မှာလွှမ်းမိုးနိုင်စွမ်းအရှိဆုံးကစားသမားဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

လီဗာပူးလ်နောက်ခံလူဟောင်းက တနင်္လာနေ့ညမှာ စပါးစ်က ဖူလ်ဟမ်ကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ မက်ဒီဆင်က ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီးနောက် ဒီမှတ်ချက်ကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ တနင်္လာနေ့ညနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး မန်စီးတီးနဲ့ အာဆင်နယ်တို့ထက် ၂ မှတ်အသာနဲ့ ဦးဆောင်နေတာ ဖြစ်ပါတယ်။

ဂျိမ်းစ် မက်ဒီဆင်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင်သန်း ၄၀ နဲ့ လက်စတာစီးတီးကနေ မြောက်လန်ဒန်ကို ပြောင်းရွှေ့ခဲ့တဲ့အချိန်ကတည်းက ရင်သပ်ရှုမောဖွယ် ခြေစွမ်းကို ပြသနေခဲ့တာဖြစ်ပြီး ပထမဆုံး လိဂ် ၉ ပွဲမှာ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဒီဆင်ရဲ့ ခြေစွမ်းကြောင့် ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ တစ်နေရာအခိုင်အမာ ရရှိခဲ့ပြီး ကာရေဂါက ပရီးမီးယားလိဂ်မှာ လက်ရှိအချိန် စပါးစ်ကြယ်ပွင့်လောက် ဘယ်သူကမှ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ပြုလုပ်နိုင်တာမရှိဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကျွန်တော့်အတွက်တော့ သူက ပရီးမီးယားလိဂ်ရဲ့ အလွှမ်းမိုးနိုင်ဆုံးကစားသမားဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သူက ဩဇာတိက္ကမရှိနေခဲ့တယ်လို့ ထင်ပါတယ်။ နည်းပြကို ချီးကျူးရမှာပါ။အဲဒါက သူ့ရဲ့ အတွေးအခေါ်၊ သူ့ရဲ့ ကစားပုံပါ။ ဒါပေမယ့် မက်ဒီဆင်က အဲဒါရဲ့ ကြီးမားတဲ့အစိတ်အပိုင်းဖြစ်ခဲ့ပါတယ်။သူက ရောက်လာပြီး စပါးစ်အတွက် ကစားပေးခဲ့တဲ့ အကြီးကျယ်ဆုံးကစားသမားဖြစ်နိုင်တဲ့ ဟာရီ ကိန်းဝတ်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကို ရယူခဲ့တယ်။ အစောပိုင်းတစ်ချိန်မှာ သူ အသင်းခေါင်းဆောင်လက်ပတ်ဝတ်ဆင်ခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ သူက ကိုယ်ရည်ကိုယ်သွေးရှိတဲ့ကစားသမားမျိုးပါ။ တစ်ခါတလေ ကြီးမားတဲ့အသင်းကို တက်လှမ်းရတဲ့အခါမှာ ကစားသမားတွေအတွက် အကဲဖြတ်မှုတွေက ပြင်းထန်လွန်းတယ်။ သူတို့တွေ အဲဒါကို မကိုင်တွယ်နိုင်ကြဘူး။ အဲဒါက သူတို့ရဲ့ အရည်အချင်းနဲ့မဆိုင်ဘူး။ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ပဲ ဆိုင်ပါတယ်။ သူကတော့ ကိုင်တွယ်နိုင်တယ်။ သူက ပိုကြီးမားတဲ့ကလပ်ကို သွားပြီး ကျွန်တော်တို့နဲ့ အင်တာဗျူးတွေလုပ်၊ အာရုံစိုက်ခံရတာကို တကယ်နှစ်သက်တယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ဂ်ိမ္းစ္ မက္ဒီဆင္ဟာ ပရီးမီးယားလိဂ္မွာလႊမ္းမိုးႏိုင္စြမ္းအရွိဆုံးကစားသမားျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။

လီဗာပူးလ္ေနာက္ခံလူေဟာင္းက တနလၤာေန႔ညမွာ စပါးစ္က ဖူလ္ဟမ္ကို ၂-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ မက္ဒီဆင္က ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဒီမွတ္ခ်က္ကို ေျပာၾကားလိုက္တာ ျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးဟာ တနလၤာေန႔ညႏိုင္ပြဲေၾကာင့္ အမွတ္ေပးဇယားထိပ္ဆုံးကို ျပန္လည္တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး မန္စီးတီးနဲ႔ အာဆင္နယ္တို႔ထက္ ၂ မွတ္အသာနဲ႔ ဦးေဆာင္ေနတာ ျဖစ္ပါတယ္။

ဂ်ိမ္းစ္ မက္ဒီဆင္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္သန္း ၄၀ နဲ႔ လက္စတာစီးတီးကေန ေျမာက္လန္ဒန္ကို ေျပာင္းေ႐ႊ႕ခဲ့တဲ့အခ်ိန္ကတည္းက ရင္သပ္ရႈေမာဖြယ္ ေျခစြမ္းကို ျပသေနခဲ့တာျဖစ္ၿပီး ပထမဆုံး လိဂ္ ၉ ပြဲမွာ သြင္းဂိုး ၃ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဒီဆင္ရဲ႕ ေျခစြမ္းေၾကာင့္ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္အသင္းမွာ တစ္ေနရာအခိုင္အမာ ရရွိခဲ့ၿပီး ကာေရဂါက ပရီးမီးယားလိဂ္မွာ လက္ရွိအခ်ိန္ စပါးစ္ၾကယ္ပြင့္ေလာက္ ဘယ္သူကမွ ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈ ျပဳလုပ္ႏိုင္တာမရွိဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကြၽန္ေတာ့္အတြက္ေတာ့ သူက ပရီးမီးယားလိဂ္ရဲ႕ အလႊမ္းမိုးႏိုင္ဆုံးကစားသမားျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ သူက ဩဇာတိကၠမရွိေနခဲ့တယ္လို႔ ထင္ပါတယ္။ နည္းျပကို ခ်ီးက်ဴးရမွာပါ။အဲဒါက သူ႔ရဲ႕ အေတြးအေခၚ၊ သူ႔ရဲ႕ ကစားပုံပါ။ ဒါေပမယ့္ မက္ဒီဆင္က အဲဒါရဲ႕ ႀကီးမားတဲ့အစိတ္အပိုင္းျဖစ္ခဲ့ပါတယ္။သူက ေရာက္လာၿပီး စပါးစ္အတြက္ ကစားေပးခဲ့တဲ့ အႀကီးက်ယ္ဆုံးကစားသမားျဖစ္ႏိုင္တဲ့ ဟာရီ ကိန္းဝတ္ခဲ့တဲ့ ေက်ာနံပါတ္ ၁၀ ကို ရယူခဲ့တယ္။ အေစာပိုင္းတစ္ခ်ိန္မွာ သူ အသင္းေခါင္းေဆာင္လက္ပတ္ဝတ္ဆင္ခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက ကိုယ္ရည္ကိုယ္ေသြးရွိတဲ့ကစားသမားမ်ိဳးပါ။ တစ္ခါတေလ ႀကီးမားတဲ့အသင္းကို တက္လွမ္းရတဲ့အခါမွာ ကစားသမားေတြအတြက္ အကဲျဖတ္မႈေတြက ျပင္းထန္လြန္းတယ္။ သူတို႔ေတြ အဲဒါကို မကိုင္တြယ္ႏိုင္ၾကဘူး။ အဲဒါက သူတို႔ရဲ႕ အရည္အခ်င္းနဲ႔မဆိုင္ဘူး။ သူတို႔ရဲ႕ စိတ္ပိုင္းဆိုင္ရာနဲ႔ပဲ ဆိုင္ပါတယ္။ သူကေတာ့ ကိုင္တြယ္ႏိုင္တယ္။ သူက ပိုႀကီးမားတဲ့ကလပ္ကို သြားၿပီး ကြၽန္ေတာ္တို႔နဲ႔ အင္တာဗ်ဴးေတြလုပ္၊ အာ႐ုံစိုက္ခံရတာကို တကယ္ႏွစ္သက္တယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.