Match Report Premier League

ဒါဘီပြိုင်ဘက်ကို အနိုင်ယူပြီး လန်ဒန်ဟာ အဖြူလို့ ကြေညာလိုက်တဲ့ ထိပ်ဆုံးက စပါးစ်

တော့တင်ဟမ်ဟော့စပါးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဗီကာရီယို၊ ခံစစ်မှာ ရိုမဲရိုး၊ ဗန်ဒဗင်၊ ပေါ်ရိုနဲ့ အူဒိုဂီတို့ကို အသုံးပြုလာခဲ့ပြီး ကွင်းလယ်မှာတော့ ပါပီ ဆားရ်၊ ဟွိုင်ဘယာ့ဂ်နဲ့ မက်ဒီဆန်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ကူလူရှက်ဗ်စကီး၊ ဆွန်ဟောင်မင်နဲ့ ရစ်ချာလစ်ဆန်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဖူလ်ဟမ်တို့ကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ဘက်ဆီ၊ တင်မ် ရင်းမ်၊ ကက်စတာညာနဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ လူကစ်ချ်၊ ပါရဲရား၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ဝီလီယန်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကားလို့စ် ဗီနီးရှပ်စ်ကို အထောင်ထားလာခဲ့တာပါ။

စပါးစ်တို့အနေနဲ့ ပွဲကို ပုံမှန်ပဲ ချဉ်းကပ်ခဲ့ပြီး သူတို့တွေဟာ ဘာအကြောင်းနဲ့မှ အာဆင်နယ်လို အမှားလုပ်တဲ့ အသင်းမျိုး မဟုတ်ဘဲ ပိုမို တည်ငြိမ်တဲ့ အသင်းမျိုးဆိုတာ ပြသခဲ့သလို ဂိုးမသွင်းနိုင်တဲ့ ရစ်ချာလစ်ဆန်အတွက် အဖြေရှာဖို့ကပဲ သူတို့ရဲ့ ဒီရာသီမှာ အကြီးမားဆုံး အခက်အခဲအဖြစ် ရှိနေသလိုမျိုးနဲ့ ကျန်တဲ့ အရာအားလုံးကို ပိုစတီကိုဂလူးက ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ စပါးစ်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဖူလ်ဟမ်နောက်ခံလူ ဘက်ဆီရဲ့ တောမရောက် တောင်မရောက် ကန်တင်မှုကို ဖြတ်ယူနိုင်ခဲ့တဲ့ ဗန်ဒဗင် ပေးတာကို ရစ်ချာလစ်ဆန်က တစ်ချက်ထိန်းပြီး ဧရိယာထဲကို ထိုးပေးလိုက်တဲ့ ဘောလုံးကို ဆွန်ဟောင်မင်က တစ်ဖက်နောက်ခံလူနှစ်ဦးကို ဖြတ်ကျော်ပြီးမှ ညာဘက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာပါ။

ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးချမှုပိုင်းမှာ အားနည်းနေခဲ့လို့ စပါးစ်တို့က ဖူလ်ဟမ်တို့ကို တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်သွားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ ဖူလ်ဟမ်တို့ဘက်က ဗီနီးရှပ်စ်နဲ့ ပါရဲရားတို့အစား ရာအူးလ် ဟီမီနက်ဇ်နဲ့ အီဝိုဘီတို့ကို ထည့်သွင်းပြီး နည်းပြ မာကို ဆေးလ်ဗားက အပြောင်းအလဲလုပ်လာခဲ့ပါတယ်။

ပွဲချိန် ၅၄ မိနစ်မှာတော့ စပါးစ်တို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရရှိသွားခဲ့ကြပြီး ဒီဂိုးမှာလည်း ဖူလ်ဟမ်နောက်ခံလူ ဘက်ဆီရဲ့ နောက်တစ်ကြိမ် ကျူးလွန်တဲ့ တူညီတဲ့ အမှားမျိုးကိုပဲ သူ့ရဲ့ ခပ်ညံ့ညံ့ ပေးပို့မှုကို ဟွိုင်ဘယာ့ဂ်က ဖြတ်ယူပြီး ခင်းပေးခဲ့တာကို ဆွန်ဟောင်မင်က ဧရိယာထဲကို ထိုးပေးခဲ့ရာမှာ မက်ဒီဆန်က ဂိုးသမား လီနိုရဲ့ ညာဘက်ဘေးကို လှိမ့်ဘော အသာအယာ ကန်သွင်းယူသွားခဲ့တာပါ။

စပါးစ်တို့ဘက်က အူဒိုဂီ၊ ပါပီ ဆားရ်၊ ရစ်ချာလစ်ဆန်၊ မက်ဒီဆန်နဲ့ ဆွန်ဟောင်မင်တို့အစား အီမာဆန် ရိုယဲလ်၊ စကစ်ပ်၊ ဘရင်နန် ဂျွန်ဆန်၊ ဗဲလစ်ဇ်နဲ့ လိုဆဲလ်ဆိုတို့ကို ထည့်သွင်းပြီး ပွဲကို ထိန်းသွားခဲ့သလို ဖူလ်ဟမ်တို့ကတော့ ချေပဂိုး ရလိုရငြား ကော်ဒိုဗာရိဒ်၊ လူကစ်ချ်နဲ့ ပယ်လင်ညာတို့အစား ဝီလ်ဆန်၊ ဟာရစ်ဆန် ရိဒ်နဲ့ ကဲရ်နီတို့ကို ထည့်သွင်းခဲ့ပေမယ့် အာဆင်နယ် မဟုတ်တာကြောင့် ပွဲက နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် စပါးစ်တို့အနေနဲ့ အမှတ်ပေးဇယားထိပ်နေရာကို မန်စီးတီးဆီကနေ နှစ်မှတ်အသာနဲ့ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြပြီး ဒါဘီပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ ဖူလ်ဟမ်တို့ကတော့ အဆင့် ၁၃ အထိ ကျဆင်းသွားခဲ့ချိန်မှာ လန်ဒန်ဆိုတာက စနေနေ့ကကောင်တွေ ငြင်းကြသလို အနီရောင်လဲ မဟုတ် အပြာရောင်လဲ မဟုတ်ဘဲ အဖြူရောင်သာဖြစ်ကြောင်း တနင်္လာနေ့ညမှာ သိသာထင်ရှားခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ေတာ့တင္ဟမ္ေဟာ့စပါးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဗီကာရီယို၊ ခံစစ္မွာ ႐ိုမဲ႐ိုး၊ ဗန္ဒဗင္၊ ေပၚ႐ိုနဲ႔ အူဒိုဂီတို႔ကို အသုံးျပဳလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပါပီ ဆားရ္၊ ဟြိဳင္ဘယာ့ဂ္နဲ႔ မက္ဒီဆန္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ကူလူရွက္ဗ္စကီး၊ ဆြန္ေဟာင္မင္နဲ႔ ရစ္ခ်ာလစ္ဆန္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဖူလ္ဟမ္တို႔ကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ ဘက္ဆီ၊ တင္မ္ ရင္းမ္၊ ကက္စတာညာနဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ပယ္လင္ညာ၊ လူကစ္ခ်္၊ ပါရဲရား၊ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ဝီလီယန္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ကားလို႔စ္ ဗီနီးရွပ္စ္ကို အေထာင္ထားလာခဲ့တာပါ။

စပါးစ္တို႔အေနနဲ႔ ပြဲကို ပုံမွန္ပဲ ခ်ဥ္းကပ္ခဲ့ၿပီး သူတို႔ေတြဟာ ဘာအေၾကာင္းနဲ႔မွ အာဆင္နယ္လို အမွားလုပ္တဲ့ အသင္းမ်ိဳး မဟုတ္ဘဲ ပိုမို တည္ၿငိမ္တဲ့ အသင္းမ်ိဳးဆိုတာ ျပသခဲ့သလို ဂိုးမသြင္းႏိုင္တဲ့ ရစ္ခ်ာလစ္ဆန္အတြက္ အေျဖရွာဖို႔ကပဲ သူတို႔ရဲ႕ ဒီရာသီမွာ အႀကီးမားဆုံး အခက္အခဲအျဖစ္ ရွိေနသလိုမ်ိဳးနဲ႔ က်န္တဲ့ အရာအားလုံးကို ပိုစတီကိုဂလူးက ပိုင္ပိုင္ႏိုင္ႏိုင္ ကိုင္တြယ္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၆ မိနစ္မွာ စပါးစ္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဖူလ္ဟမ္ေနာက္ခံလူ ဘက္ဆီရဲ႕ ေတာမေရာက္ ေတာင္မေရာက္ ကန္တင္မႈကို ျဖတ္ယူႏိုင္ခဲ့တဲ့ ဗန္ဒဗင္ ေပးတာကို ရစ္ခ်ာလစ္ဆန္က တစ္ခ်က္ထိန္းၿပီး ဧရိယာထဲကို ထိုးေပးလိုက္တဲ့ ေဘာလုံးကို ဆြန္ေဟာင္မင္က တစ္ဖက္ေနာက္ခံလူႏွစ္ဦးကို ျဖတ္ေက်ာ္ၿပီးမွ ညာဘက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာပါ။

ပထမပိုင္းမွာ အခြင့္အေရးေတြကို အသုံးခ်မႈပိုင္းမွာ အားနည္းေနခဲ့လို႔ စပါးစ္တို႔က ဖူလ္ဟမ္တို႔ကို တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္သြားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ ဖူလ္ဟမ္တို႔ဘက္က ဗီနီးရွပ္စ္နဲ႔ ပါရဲရားတို႔အစား ရာအူးလ္ ဟီမီနက္ဇ္နဲ႔ အီဝိုဘီတို႔ကို ထည့္သြင္းၿပီး နည္းျပ မာကို ေဆးလ္ဗားက အေျပာင္းအလဲလုပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရရွိသြားခဲ့ၾကၿပီး ဒီဂိုးမွာလည္း ဖူလ္ဟမ္ေနာက္ခံလူ ဘက္ဆီရဲ႕ ေနာက္တစ္ႀကိမ္ က်ဴးလြန္တဲ့ တူညီတဲ့ အမွားမ်ိဳးကိုပဲ သူ႔ရဲ႕ ခပ္ညံ့ညံ့ ေပးပို႔မႈကို ဟြိဳင္ဘယာ့ဂ္က ျဖတ္ယူၿပီး ခင္းေပးခဲ့တာကို ဆြန္ေဟာင္မင္က ဧရိယာထဲကို ထိုးေပးခဲ့ရာမွာ မက္ဒီဆန္က ဂိုးသမား လီႏိုရဲ႕ ညာဘက္ေဘးကို လွိမ့္ေဘာ အသာအယာ ကန္သြင္းယူသြားခဲ့တာပါ။

စပါးစ္တို႔ဘက္က အူဒိုဂီ၊ ပါပီ ဆားရ္၊ ရစ္ခ်ာလစ္ဆန္၊ မက္ဒီဆန္နဲ႔ ဆြန္ေဟာင္မင္တို႔အစား အီမာဆန္ ႐ိုယဲလ္၊ စကစ္ပ္၊ ဘရင္နန္ ဂြၽန္ဆန္၊ ဗဲလစ္ဇ္နဲ႔ လိုဆဲလ္ဆိုတို႔ကို ထည့္သြင္းၿပီး ပြဲကို ထိန္းသြားခဲ့သလို ဖူလ္ဟမ္တို႔ကေတာ့ ေခ်ပဂိုး ရလိုရျငား ေကာ္ဒိုဗာရိဒ္၊ လူကစ္ခ်္နဲ႔ ပယ္လင္ညာတို႔အစား ဝီလ္ဆန္၊ ဟာရစ္ဆန္ ရိဒ္နဲ႔ ကဲရ္နီတို႔ကို ထည့္သြင္းခဲ့ေပမယ့္ အာဆင္နယ္ မဟုတ္တာေၾကာင့္ ပြဲက ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးသြားခဲ့ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ စပါးစ္တို႔အေနနဲ႔ အမွတ္ေပးဇယားထိပ္ေနရာကို မန္စီးတီးဆီကေန ႏွစ္မွတ္အသာနဲ႔ ျပန္လည္လႊဲေျပာင္းရယူႏိုင္ခဲ့ၾကၿပီး ဒါဘီပြဲမွာ ရႈံးနိမ့္ခဲ့တဲ့ ဖူလ္ဟမ္တို႔ကေတာ့ အဆင့္ ၁၃ အထိ က်ဆင္းသြားခဲ့ခ်ိန္မွာ လန္ဒန္ဆိုတာက စေနေန႔ကေကာင္ေတြ ျငင္းၾကသလို အနီေရာင္လဲ မဟုတ္ အျပာေရာင္လဲ မဟုတ္ဘဲ အျဖဴေရာင္သာျဖစ္ေၾကာင္း တနလၤာေန႔ညမွာ သိသာထင္ရွားခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.