Premier League

ရမ်းစ်ဒေးလ်ကို အံ့အားသင့်ဖွယ် ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ဂန်းနားတွေရဲ့ပြိုင်ဘက်

ချဲလ်ဆီးဟာ ဒေးဗစ် ရာယာရောက်လာပြီးကတည်းက အာဆင်နယ် ပွဲထွက်ဂိုးသမားနေရာကို ဆုံးရှုံးခဲ့ရတဲ့ အာရွန် ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်အတွက် ကောင်းမွန်တဲ့လက်စွမ်းနဲ့ အဆင့် ၂ နေရာရအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် အာတီတာက ယခုနွေရာသီမှာ ဘရန့်တ်ဖို့ဒ်ကနေ ဒေးဗစ် ရာယာကို အငှားနဲ့ ခေါ်ယူခဲ့ချိန်မှာ အံ့အားသင့်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်ဂိုးသမားဟာ ယခုရာသီအစကို ပွဲထွက်ဂိုးသမားအဖြစ် ပါဝင်ကစားပေးခဲ့ပေမယ့်လည်း စပိန်ဂိုးသမားက လျင်လျင်မြန်မြန်ပဲ ပွဲထွက်ဂိုးသမားနေရာမှာ နေရာဝင်ယူသွားခဲ့ပြီး ချဲလ်ဆီးနဲ့ စနေနေ့က စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၂ သရေကျခဲ့တဲ့ပွဲစဉ်အပါအဝင် အရေးကြီးတဲ့ပွဲစဉ်အချို့မှာ အမှားအယွင်းတွေ ပြုလုပ်ခဲ့ပေမယ့်လည်း အာတီတာက စိတ်ပျက်ခြင်းမရှိတာဖြစ်ပါတယ်။

ဘန် ဂျေကော့ဘ်က ချဲလ်ဆီးဟာ ဒီအခြေအနေကို အခွင့်ကောင်းယူချင်နေပြီး စတမ်းဖို့ဒ် ဘရစ်ချ်က ဂိုးသမားပြဿနာကို ဖြေရှင်းဖို့အတွက် အင်္ဂလန်ဂိုးသမားကို ခေါ်ယူချင်နေတယ်လို့ ထုတ်ဖော် ပြောကြားခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘရိုက်တန်ဂိုးသမား ရောဘတ် ဆန်းချက်ဇ်ကို ခေါ်ယူခဲ့ပေမယ့်လည်း အထင်ကြီးဖွယ် လက်စွမ်းပြသနိုင်ခြင်းမရှိခဲ့ဘဲ အာဆင်နယ်နဲ့ပွဲမှာ ဒီကလန် ရိုက်ရဲ့သွင်းဂိုးကို မှားယွင်းတဲ့ လူပေးမှုနဲ့ လက်ဆောင်ပေးခဲ့တာဖြစ်ပါတယ်။

ရမ်းစ်ဒေးလ်ကိုသာ ခေါ်ယူလို့ ရနိုင်မယ်ဆိုရင် အနောက်လန်ဒန်ကလပ်အသင်းအတွက် လွန်ခဲ့တဲ့ လအနည်းငယ်ကမှ ခေါ်ယူခဲ့တဲ့ စပိန်ဂိုးသမားနေရာမှာ အဆင့်မြှင့်တင်မှုဖြစ်လာမှာဖြစ်ပြီး ဂန်းနားတွေဟာ ၎င်းရဲ့တို့ ပြိုင်ဘက်အသင်းကို အင်အားတောင့်တင်းစေမယ့် အပြောင်းအရွှေ့မျိုးကို စိတ်မဝင်စားတာက ကြီးမားတဲ့ အဟန့်အတားတစ်ခုဖြစ်နေတာဖြစ်ပါတယ်။

အာတီတာက မြောက်လန်ဒန်ကို ရောက်လာပြီးကတည်းက စိတ်ချရတဲ့ လက်စွမ်းမျိုး ပြသနိုင်ပုံမပေါ်တဲ့ ရာယာကြောင့် ရမ်းစ်ဒေးလ်ကို မကြာမီအချိန်အတွင်း ပွဲထွက်ဂိုးသမားနေရာမှာ ပြန်လည်အသုံးပြုဖို့ အစီအစဉ်လည်း ရှိကောင်း ရှိနေနိုင်ပါတယ်။

အာတီတာအနေနဲ့ အဲဒီလို လုပ်မလားဆိုတာ မသေချာပေမယ့်လည်း ရမ်းစ်ဒေးလ်ကတော့ ပွဲထွက်ဂိုးသမားနေရာ ပြန်လည်ရယူနိုင်တယ်လို့ ယုံကြည်ချက်ရှိနေပြီး ဖလားပြိုင်ပွဲတွေမှာလည်း ပွဲထွက်ကစားဖို့ အခွင့်အရေးရှိနေဦးမှာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ် ကစားနေရချိန်မှာ ချဲလ်ဆီးကတော့ ဥရောပဝင်ခွင့်မရခဲ့ဘဲ ပရီးမီးယားလိဂ်ဖလားစိန်ခေါ်နိုင်စွမ်းလည်း မရှိတာကြောင့် ရမ်းစ်ဒေးလ်ကို ဆွဲဆောင်နိုင်စွမ်းလည်း တော်တော်လေး ကင်းမဲ့နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးဟာ ေဒးဗစ္ ရာယာေရာက္လာၿပီးကတည္းက အာဆင္နယ္ ပြဲထြက္ဂိုးသမားေနရာကို ဆုံးရႈံးခဲ့ရတဲ့ အာ႐ြန္ ရမ္းစ္ေဒးလ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ရမ္းစ္ေဒးလ္ဟာ အာဆင္နယ္အတြက္ ေကာင္းမြန္တဲ့လက္စြမ္းနဲ႔ အဆင့္ ၂ ေနရာရေအာင္ ကူညီေပးႏိုင္ခဲ့ၿပီးေနာက္ အာတီတာက ယခုေႏြရာသီမွာ ဘရန႔္တ္ဖို႔ဒ္ကေန ေဒးဗစ္ ရာယာကို အငွားနဲ႔ ေခၚယူခဲ့ခ်ိန္မွာ အံ့အားသင့္စရာျဖစ္ခဲ့တာျဖစ္ပါတယ္။

အဂၤလန္ဂိုးသမားဟာ ယခုရာသီအစကို ပြဲထြက္ဂိုးသမားအျဖစ္ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း စပိန္ဂိုးသမားက လ်င္လ်င္ျမန္ျမန္ပဲ ပြဲထြက္ဂိုးသမားေနရာမွာ ေနရာဝင္ယူသြားခဲ့ၿပီး ခ်ဲလ္ဆီးနဲ႔ စေနေန႔က စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂-၂ သေရက်ခဲ့တဲ့ပြဲစဥ္အပါအဝင္ အေရးႀကီးတဲ့ပြဲစဥ္အခ်ိဳ႕မွာ အမွားအယြင္းေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း အာတီတာက စိတ္ပ်က္ျခင္းမရွိတာျဖစ္ပါတယ္။

ဘန္ ေဂ်ေကာ့ဘ္က ခ်ဲလ္ဆီးဟာ ဒီအေျခအေနကို အခြင့္ေကာင္းယူခ်င္ေနၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္က ဂိုးသမားျပႆနာကို ေျဖရွင္းဖို႔အတြက္ အဂၤလန္ဂိုးသမားကို ေခၚယူခ်င္ေနတယ္လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘ႐ိုက္တန္ဂိုးသမား ေရာဘတ္ ဆန္းခ်က္ဇ္ကို ေခၚယူခဲ့ေပမယ့္လည္း အထင္ႀကီးဖြယ္ လက္စြမ္းျပသႏိုင္ျခင္းမရွိခဲ့ဘဲ အာဆင္နယ္နဲ႔ပြဲမွာ ဒီကလန္ ႐ိုက္ရဲ႕သြင္းဂိုးကို မွားယြင္းတဲ့ လူေပးမႈနဲ႔ လက္ေဆာင္ေပးခဲ့တာျဖစ္ပါတယ္။

ရမ္းစ္ေဒးလ္ကိုသာ ေခၚယူလို႔ ရႏိုင္မယ္ဆိုရင္ အေနာက္လန္ဒန္ကလပ္အသင္းအတြက္ လြန္ခဲ့တဲ့ လအနည္းငယ္ကမွ ေခၚယူခဲ့တဲ့ စပိန္ဂိုးသမားေနရာမွာ အဆင့္ျမႇင့္တင္မႈျဖစ္လာမွာျဖစ္ၿပီး ဂန္းနားေတြဟာ ၎ရဲ႕တို႔ ၿပိဳင္ဘက္အသင္းကို အင္အားေတာင့္တင္းေစမယ့္ အေျပာင္းအေ႐ႊ႕မ်ိဳးကို စိတ္မဝင္စားတာက ႀကီးမားတဲ့ အဟန႔္အတားတစ္ခုျဖစ္ေနတာျဖစ္ပါတယ္။

အာတီတာက ေျမာက္လန္ဒန္ကို ေရာက္လာၿပီးကတည္းက စိတ္ခ်ရတဲ့ လက္စြမ္းမ်ိဳး ျပသႏိုင္ပုံမေပၚတဲ့ ရာယာေၾကာင့္ ရမ္းစ္ေဒးလ္ကို မၾကာမီအခ်ိန္အတြင္း ပြဲထြက္ဂိုးသမားေနရာမွာ ျပန္လည္အသုံးျပဳဖို႔ အစီအစဥ္လည္း ရွိေကာင္း ရွိေနႏိုင္ပါတယ္။

အာတီတာအေနနဲ႔ အဲဒီလို လုပ္မလားဆိုတာ မေသခ်ာေပမယ့္လည္း ရမ္းစ္ေဒးလ္ကေတာ့ ပြဲထြက္ဂိုးသမားေနရာ ျပန္လည္ရယူႏိုင္တယ္လို႔ ယုံၾကည္ခ်က္ရွိေနၿပီး ဖလားၿပိဳင္ပြဲေတြမွာလည္း ပြဲထြက္ကစားဖို႔ အခြင့္အေရးရွိေနဦးမွာျဖစ္ပါတယ္။

အာဆင္နယ္အသင္းဟာ ခ်န္ပီယံလိဂ္ ကစားေနရခ်ိန္မွာ ခ်ဲလ္ဆီးကေတာ့ ဥေရာပဝင္ခြင့္မရခဲ့ဘဲ ပရီးမီးယားလိဂ္ဖလားစိန္ေခၚႏိုင္စြမ္းလည္း မရွိတာေၾကာင့္ ရမ္းစ္ေဒးလ္ကို ဆြဲေဆာင္ႏိုင္စြမ္းလည္း ေတာ္ေတာ္ေလး ကင္းမဲ့ေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.