Premier League

တန်ဟက် ပြုတ်ရင် နည်းပြသစ်ဖြစ်လာဖို့ ထိပ်ဆုံးက ဦးဆောင်နေတဲ့ ချဲလ်ဆီးနည်းပြဟောင်း

ချဲလ်ဆီးနည်းပြဟောင်း ဂရေဟမ် ပေါ့တားက အဲရစ် တန်ဟက်သာ အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် နည်းပြသစ်ဖြစ်လာဖို့အတွက် ထိပ်ဆုံးကနေ ရေပန်းစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်အနေနဲ့ ဂရေဟမ် ပေါ့တားကို နည်းပြသစ်အဖြစ် ခန့်အပ်ချင်တယ်ဆိုရင် ချဲလ်ဆီးနည်းပြဟောင်းကို နာပိုလီကလည်း လိုချင်နေတာကြောင့် လျင်လျင်မြန်မြန် လုပ်ဆောင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။

အသက် ၄၈ နှစ်အရွယ် နည်းပြဟာ စတမ်းဖို့ဒ် ဘရစ်ချ်မှာ စိတ်ပျက်ဖွယ် ၇ လတာကာလကို ဖြတ်သန်းခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဧပြီလမှာ ချဲလ်ဆီးကနေ ထုတ်ပယ်ခြင်းခံခဲ့ရပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ချဲလ်ဆီးနည်းပြဘဝ ၃၁ ပွဲ ကိုင်တွယ်ခဲ့ရာမှာ ၁၂ ပွဲသာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂရေဟမ် ပေါ့တားဟာ ဘရိုက်တန်မှာ လုပ်ဆောင်ခဲ့တဲ့ အထင်ကြီးစရာလုပ်ဆောင်မှုတွေကြောင့် ကောင်းမွန်တဲ့ ဂုဏ်သတင်းပိုင်ဆိုင်ထားဆဲဖြစ်ပြီး ချဲလ်ဆီးကနေ ထုတ်ပယ်ခံရပြီးကတည်းက နိစ်၊ လက်စတာစီးတီး၊ ခရစ္စတယ် ပဲလေ့စ်၊ ရိန်းဂျားစ်၊ လီယွန်တို့နဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပေါ့တားက ချန်ပီယံလိဂ်ကစားခွင့်ရထားတဲ့ အသင်းတွေမှာ နည်းပြနေရာလစ်လပ်တာကို စောင့်ဆိုင်းနေတယ်လို့ သိရပြီး အဲဒီသတင်းက ယခုနွေရာသီမှ အသင်းကို တာဝန်ယူခဲ့တဲ့ ရူဒီ ဂါစီယာလက်အောက်မှာ ရုန်းကန်နေရတဲ့ စီးရီးအေချန်ပီယံ နာပိုလီအတွက် ဝမ်းသာစရာဖြစ်လာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီး၊ စပါးစ်၊ အင်တာမီလန်နည်းပြဟောင်း အန်တိုနီယို ကွန်တီကလည်း မန်ယူနိုက်တက်နည်းပြသစ်ဖြစ်လာနိုင်တဲ့သူအဖြစ် ယူဆခြင်းခံခဲ့ရပေမယ့်လည်း အသင်းပိုင်ရှင်သစ် ဆာဂျင်မ် ရက်ကလစ်ဖ်က ပေါ့တားကို အရမ်းနှစ်သက်တာကြောင့် INEOS ဥက္ကဌသာ မန်ယူနိုက်တက်ရဲ့ တစိတ်တပိုင်းကို အပြီးသတ်ဝယ်ယူပြီးရင် တန်ဟက်ရဲ့နေရာမှာ အစားထိုးခန့်အပ်မယ့် နည်းပြလောင်းစာရင်းမှာ ချဲလ်ဆီးနည်းပြဟောင်းက ဦးဆောင်သူဖြစ်လာလိမ့်မယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

ရက်ကလစ်ဖ်ဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ပေါင် ၁.၅ ဘီလီယံဝန်းကျင်နဲ့ ဝယ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဘောလုံးလုပ်ငန်းဆောင်တာတွေကို ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ခ်ဲလ္ဆီးနည္းျပေဟာင္း ဂေရဟမ္ ေပါ့တားက အဲရစ္ တန္ဟက္သာ အိုးထရက္ဖို႔ဒ္ကေန ထြက္ခြာခဲ့မယ္ဆိုရင္ နည္းျပသစ္ျဖစ္လာဖို႔အတြက္ ထိပ္ဆုံးကေန ေရပန္းစားေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဂေရဟမ္ ေပါ့တားကို နည္းျပသစ္အျဖစ္ ခန႔္အပ္ခ်င္တယ္ဆိုရင္ ခ်ဲလ္ဆီးနည္းျပေဟာင္းကို နာပိုလီကလည္း လိုခ်င္ေနတာေၾကာင့္ လ်င္လ်င္ျမန္ျမန္ လုပ္ေဆာင္ဖို႔ လိုအပ္မွာျဖစ္ပါတယ္။

အသက္ ၄၈ ႏွစ္အ႐ြယ္ နည္းျပဟာ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ စိတ္ပ်က္ဖြယ္ ၇ လတာကာလကို ျဖတ္သန္းခဲ့ၿပီးေနာက္ ၿပီးခဲ့တဲ့ ဧၿပီလမွာ ခ်ဲလ္ဆီးကေန ထုတ္ပယ္ျခင္းခံခဲ့ရၿပီးကတည္းက အသင္းလက္မဲ့ျဖစ္ေနသူျဖစ္ၿပီး ခ်ဲလ္ဆီးနည္းျပဘဝ ၃၁ ပြဲ ကိုင္တြယ္ခဲ့ရာမွာ ၁၂ ပြဲသာ အႏိုင္ရခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂေရဟမ္ ေပါ့တားဟာ ဘ႐ိုက္တန္မွာ လုပ္ေဆာင္ခဲ့တဲ့ အထင္ႀကီးစရာလုပ္ေဆာင္မႈေတြေၾကာင့္ ေကာင္းမြန္တဲ့ ဂုဏ္သတင္းပိုင္ဆိုင္ထားဆဲျဖစ္ၿပီး ခ်ဲလ္ဆီးကေန ထုတ္ပယ္ခံရၿပီးကတည္းက နိစ္၊ လက္စတာစီးတီး၊ ခရစၥတယ္ ပဲေလ့စ္၊ ရိန္းဂ်ားစ္၊ လီယြန္တို႔နဲ႔ သတင္းေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေပါ့တားက ခ်န္ပီယံလိဂ္ကစားခြင့္ရထားတဲ့ အသင္းေတြမွာ နည္းျပေနရာလစ္လပ္တာကို ေစာင့္ဆိုင္းေနတယ္လို႔ သိရၿပီး အဲဒီသတင္းက ယခုေႏြရာသီမွ အသင္းကို တာဝန္ယူခဲ့တဲ့ ႐ူဒီ ဂါစီယာလက္ေအာက္မွာ ႐ုန္းကန္ေနရတဲ့ စီးရီးေအခ်န္ပီယံ နာပိုလီအတြက္ ဝမ္းသာစရာျဖစ္လာခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီး၊ စပါးစ္၊ အင္တာမီလန္နည္းျပေဟာင္း အန္တိုနီယို ကြန္တီကလည္း မန္ယူႏိုက္တက္နည္းျပသစ္ျဖစ္လာႏိုင္တဲ့သူအျဖစ္ ယူဆျခင္းခံခဲ့ရေပမယ့္လည္း အသင္းပိုင္ရွင္သစ္ ဆာဂ်င္မ္ ရက္ကလစ္ဖ္က ေပါ့တားကို အရမ္းႏွစ္သက္တာေၾကာင့္ INEOS ဥကၠဌသာ မန္ယူႏိုက္တက္ရဲ႕ တစိတ္တပိုင္းကို အၿပီးသတ္ဝယ္ယူၿပီးရင္ တန္ဟက္ရဲ႕ေနရာမွာ အစားထိုးခန႔္အပ္မယ့္ နည္းျပေလာင္းစာရင္းမွာ ခ်ဲလ္ဆီးနည္းျပေဟာင္းက ဦးေဆာင္သူျဖစ္လာလိမ့္မယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။

ရက္ကလစ္ဖ္ဟာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ရွယ္ယာ ၂၅ ရာခိုင္ႏႈန္းကို ေပါင္ ၁.၅ ဘီလီယံဝန္းက်င္နဲ႔ ဝယ္ယူဖို႔ ျပင္ဆင္ေနတာျဖစ္ၿပီး ေဘာလုံးလုပ္ငန္းေဆာင္တာေတြကို ထိန္းခ်ဳပ္သြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.