Premier League

ပိုင်ရှင်တွေကြောင့် ကစားသမား ၂ ဦးကို ထည့်သုံးခဲ့ရတယ်လို့ ပြောလိုက်တဲ့ ပိုချက်တီနို

မူရီဆီယို ပိုချက်တီနိုက ချဲလ်ဆီးအသင်းပိုင်ရှင်တွေက အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမှာ ကစားသမား ၂ ဦးကို ပွဲထွက်ခွင့်မပေးဘူးဆိုရင် သူ့ကို သတ်ပစ်လိမ့်မယ်လို့ ဟာသဖောက်ခဲ့ပါတယ်။

ချဲလ်ဆီးဟာ စနေနေ့ညနေမှာ အထင်ကြီးဖွယ်ခြေစွမ်း ပြသခဲ့ပေမယ့်လည်း နောက်ဆုံးမှာတော့ လန်ဒန်ပြိင်ဘက်တွေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၂-၂ သရေကျခဲ့တာဖြစ်ပြီး ပိုချက်တီနိုဟာ အဓိကကစားသမားအများအပြား ဒဏ်ရာရနေတာတောင်မှပဲ အားကောင်းတဲ့လူစာရင်းကို ပွဲထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီထဲမှာ ပေါင် ၂၂၂ သန်းတန် ကွင်းလယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ကိုင်ဆေဒိုနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့လည်း အပါအဝင်ဖြစ်ခဲ့ပြီး ကြီးမားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့တဲ့ ကွင်းလယ်ကစားသမား ၂ ဦးဟာ အာဆင်နယ်နဲ့ပွဲမှာ ပွဲချိန် မိနစ် ၉၀ အပြည့် ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

ချဲလ်ဆီးကြယ်ပွင့်တွေဟာ အစပိုင်းမှာ အာဆင်နယ်ကို အသာစီးရယူထားနိုင်ခဲ့ကြပေမယ့်လည်း နောက်ပိုင်းမှာ ပွဲပမ်းလာတာကြောင့် ပြိုင်ဘက်တွေကို ပွဲစဉ်အတွင်း ပြန်လည် ဝင်ရောက်ခွင့် ပေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီလိုဖြစ်ရတာက နိုင်ငံတကာပွဲစဉ်သွားကစားရာကနေ ပွဲကစားချိန်နီးမှ ပြန်လာရတာကြောင့်လည်း တစ်စိတ်တပိုင်းပါဝင်နိုင်ပြီး ကိုင်ဆေဒိုနဲ့ ဖာနန်ဒက်ဇ်တို့ ၂ ဦးစလုံးဟာ အီကွေဒေါ၊ အာဂျင်တီးနားတို့အတွက် ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကိုယ်စားပြု ပါဝင်ကစားပေးခဲ့ကြတာဖြစ်ပါတယ်။

“ဗုဒ္ဓဟူးနေ့ကမှ တောင်အမေရိကကနေ ပြန်လာတဲ့ ကစားသမားတွေကို စနေနေ့မှာ ကစားခိုင်းရတာက ရူးသွပ်တာပဲ။ ဒါပေမယ့် ကျွန်တော်က အိုကေ ငါ ဒီကစားသမားတွေကို အနားပေးလိုက်မယ်လို့ ပြောရင် ခင်ဗျားတို့(မီဒီယာ)က ကျွန်တော့်ကို သတ်လိမ့်မယ်။ သူတို့တွေ မကစားရဘူးဆိုရင် ပိုင်ရှင်တွေကလည်း သတ်မှာ သေချာတယ်။ ဒီနေ့ ကိုင်ဆေဒိုနဲ့ အန်ဇိုတို့ အမေရိကမှာ ၂ ပွဲကစားပြီးတော့ ပြန်ရောက်လာခဲ့ပြီး သူတို့တွေပုံစံက မလန်းဆန်းဘူး။ ဒါပေမယ့် သူတို့က ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမားတွေပါ။ ဒီလိုမျိုး ရောက်လာတာက တကယ်ကို ခက်ခဲပါတယ်။ တစ်ပတ်အတွင်းမှာ သူတို့ရဲ့ အကောင်းဆုံးအခြေအနေကို ပြန်ရောက်ဖို့ သူတို့တွေ အခု အနားပြန်ယူပြီး လေ့ကျင့်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: မူရီဆီယို ပိုခ်က္တီႏိုက ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတြက အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲမွာ ကစားသမား ၂ ဦးကို ပြဲထြက္ခြင့္မေပးဘူးဆိုရင္ သူ႔ကို သတ္ပစ္လိမ့္မယ္လို႔ ဟာသေဖာက္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာ စေနေန႔ညေနမွာ အထင္ႀကီးဖြယ္ေျခစြမ္း ျပသခဲ့ေပမယ့္လည္း ေနာက္ဆုံးမွာေတာ့ လန္ဒန္ၿပိင္ဘက္ေတြနဲ႔ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၂-၂ သေရက်ခဲ့တာျဖစ္ၿပီး ပိုခ်က္တီႏိုဟာ အဓိကကစားသမားအမ်ားအျပား ဒဏ္ရာရေနတာေတာင္မွပဲ အားေကာင္းတဲ့လူစာရင္းကို ပြဲထုတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အဲဒီထဲမွာ ေပါင္ ၂၂၂ သန္းတန္ ကြင္းလယ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ကိုင္ေဆဒိုနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔လည္း အပါအဝင္ျဖစ္ခဲ့ၿပီး ႀကီးမားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားခဲ့တဲ့ ကြင္းလယ္ကစားသမား ၂ ဦးဟာ အာဆင္နယ္နဲ႔ပြဲမွာ ပြဲခ်ိန္ မိနစ္ ၉၀ အျပည့္ ပါဝင္ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။

ခ်ဲလ္ဆီးၾကယ္ပြင့္ေတြဟာ အစပိုင္းမွာ အာဆင္နယ္ကို အသာစီးရယူထားႏိုင္ခဲ့ၾကေပမယ့္လည္း ေနာက္ပိုင္းမွာ ပြဲပမ္းလာတာေၾကာင့္ ၿပိဳင္ဘက္ေတြကို ပြဲစဥ္အတြင္း ျပန္လည္ ဝင္ေရာက္ခြင့္ ေပးခဲ့ၾကတာ ျဖစ္ပါတယ္။

အဲဒီလိုျဖစ္ရတာက ႏိုင္ငံတကာပြဲစဥ္သြားကစားရာကေန ပြဲကစားခ်ိန္နီးမွ ျပန္လာရတာေၾကာင့္လည္း တစ္စိတ္တပိုင္းပါဝင္ႏိုင္ၿပီး ကိုင္ေဆဒိုနဲ႔ ဖာနန္ဒက္ဇ္တို႔ ၂ ဦးစလုံးဟာ အီေကြေဒါ၊ အာဂ်င္တီးနားတို႔အတြက္ ဗုဒၶဟူးေန႔မွာ ကမာၻ႔ဖလားေျခစစ္ပြဲကို ကိုယ္စားျပဳ ပါဝင္ကစားေပးခဲ့ၾကတာျဖစ္ပါတယ္။

“ဗုဒၶဟူးေန႔ကမွ ေတာင္အေမရိကကေန ျပန္လာတဲ့ ကစားသမားေတြကို စေနေန႔မွာ ကစားခိုင္းရတာက ႐ူးသြပ္တာပဲ။ ဒါေပမယ့္ ကြၽန္ေတာ္က အိုေက ငါ ဒီကစားသမားေတြကို အနားေပးလိုက္မယ္လို႔ ေျပာရင္ ခင္ဗ်ားတို႔(မီဒီယာ)က ကြၽန္ေတာ့္ကို သတ္လိမ့္မယ္။ သူတို႔ေတြ မကစားရဘူးဆိုရင္ ပိုင္ရွင္ေတြကလည္း သတ္မွာ ေသခ်ာတယ္။ ဒီေန႔ ကိုင္ေဆဒိုနဲ႔ အန္ဇိုတို႔ အေမရိကမွာ ၂ ပြဲကစားၿပီးေတာ့ ျပန္ေရာက္လာခဲ့ၿပီး သူတို႔ေတြပုံစံက မလန္းဆန္းဘူး။ ဒါေပမယ့္ သူတို႔က ကြၽန္ေတာ္တို႔အတြက္ အေရးႀကီးတဲ့ ကစားသမားေတြပါ။ ဒီလိုမ်ိဳး ေရာက္လာတာက တကယ္ကို ခက္ခဲပါတယ္။ တစ္ပတ္အတြင္းမွာ သူတို႔ရဲ႕ အေကာင္းဆုံးအေျခအေနကို ျပန္ေရာက္ဖို႔ သူတို႔ေတြ အခု အနားျပန္ယူၿပီး ေလ့က်င့္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္။”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.