Match Report Premier League

တုနှိုင်းမမီရဲ့ အစွမ်းနဲ့ အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အလဲထိုးခဲ့တဲ့ ရိုးရိုးလေး ဗီလာ

အက်စ်တန်ဗီလာအသင်းအနေနဲ့ ဒီနေ့မှာလည်း အိမ်ကွင်းမှာ ဝက်စ်ဟမ်းယူနိုက်တက်တို့ကို အလဲထိုးနိုင်ပွဲ ဆင်နွှဲသွားခဲ့ကြပြီး သူတို့ရဲ့ ခံတပ်ကြီး ဗီလာပါ့ခ်မှာ နောက်ဆုံး ပရီးမီးယားလိဂ် ၁၁ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကိုလည်း ရှေ့ဆက်လိုက်နိုင်သလို ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၅ နေရာကို တက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဗီလာတို့အနေနဲ့ အိမ်ကွင်းမှာ ဂိုးသမား မာတီနက်ဇ်၊ ခံစစ်မှာ ကွန်ဆာ၊ ပေါ်တောရက်စ်၊ မက်တီ ကတ်ရှ်နဲ့ ဒီညာတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ကာမာရာ၊ ဒေါက်ဂလပ်စ် လူးဝစ်ဇ်နဲ့ မက်ဂင်းတို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဒီယာဘီ၊ ဇာနျိုလိုနဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် ဝက်စ်ဟမ်းတို့ကတော့ ဂိုးသမား အာရီယိုးလား၊ ခံစစ်မှာ ဇူးမား၊ အာဂွါဒ်၊ ဆိုဖာလ်နဲ့ အီမာဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ဆိုးချက်ခ်၊ အယ်လ်ဗာရက်ဇ်နဲ့ ဝါ့ဒ်-ပရောက်စ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ပါကေးတာနဲ့ အန်တိုနီယိုတို့ကို တွဲဖက်ပေးခဲ့တာပါ။

ကွင်းလယ်မှာ အဖျက်တစ်ယောက် ပိုသုံးပြီး ဘယ်တောင်ပံမာ ဘင်ရာမာအစား ပါကေးတာကို ကစားစေခဲ့တဲ့ ဒေးဗစ် မွိုက်စ်ရဲ့ ဂိမ်းပလန်က မှားယွင်းနေခဲ့သလို ဘယ်တောင်ပံကနေ ဖြတ်တင်ဘောတွေရော တိုးအားလုပ်အားနှုန်းပါ မရတော့ဘဲ တိုင်ပတ်သွားခဲ့တာကြောင့် အူနိုင်း အမ်မရီရဲ့ ဗီလာတို့ကို မယှဉ်နိုင်ဘဲဖြစ်ခဲ့ရပါတယ်။

ပွဲချိန် မိနစ် ၃၀ မှာတော့ ဗီလာတို့အတွက် အဖွင့်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဇာနျိုလိုက တောင်ပံက ဖြတ်တင်တော့မယ့် အရိပ်အယောင်ပြပြီး ဧရိယာထဲကို အနိမ့်ဘော ချိုးပေးရာမှာ ဝပ်ကင်းစ်က တစ်ချက်ထိန်းပြီး မကန်ဘဲ ဧရိယာထိပ်ကို ပြန်ခင်းပေးတဲ့ ဘောလုံးကို ဒေါက်ဂလပ်စ် လူးဝစ်ဇ်က အပြင်းကန်သွင်းခဲ့ရာမှာ တားဆီးဖို့ ကြိုးစားတဲ့ ဂိုးသမား အာရီယိုးလားရဲ့ လက်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။

ပထမပိုင်းမှာတော့ ဝပ်ကင်းစ်ရဲ့ ကန်ချက်တွေ လွဲချော်နေခဲ့လို့ ဗီလာတို့က ဝက်စ်ဟမ်းတို့ကို နီညိုရောင် ကလဲရက်စ်တွေရဲ့ ဒါဘီပွဲမှာ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာ ဧည့်သည်တွေအနေနဲ့ ကောင်တာတွေကနေ ဘိုဝင်ရဲ့ ညာတစ်ပေါက်နဲ့ တိုးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ ဂိုးသာ ထပ်ပေးခဲ့ရပါတယ်။

ပွဲချိန် ၅၁ မိနစ်မှာတော့ ဗီလာတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကတော့ ညာခြမ်းကနေ ဘောလုံးလိုက်ယူတဲ့ ကွန်ဆာကို ဧရိယာထဲမှာ နောက်ကနေ ဖိလှဲခဲ့တဲ့ အယ်လ်ဗာရက်ဇ်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကပဲ ဂိုးသမား အာရီယိုးလားကို လှည့်စားပြီး ဂိုးအလယ်တည့်တည့်ကို ကန်သွင်းယူသွားခဲ့လို့ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၆ မိနစ်မှာတော့ ဝက်စ်ဟမ်းတို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတွဲလုံးကနေ အယ်လ်ဗာရက်ဇ်နဲ့ အပေးအယူလုပ်ပြီး အတွင်းကို ချိုးဝင်လာခဲ့တဲ့ ဘိုဝင်က သိပ်အန္တရာယ်မရှိတဲ့ အနေအထားကနေ လှမ်းကန်သွင်းခဲ့ရာမှာ သူ့ရဲ့ ဧရိယာအပြင်က ကန်ချက်က ပေါ်တောရက်စ်ရဲ့ ခြေထောက်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ဂိုးသမား မာတီနက်ဇ် ဟန်ချက်ပျက်ပြီး မဖမ်းနိုင်တော့ဘဲ ဂိုးပေးခဲ့ရပါတယ်။

ပွဲချိန် ၇၄ မိနစ်မှာတော့ ဗီလာတို့ပဲ တတိယ ဦးဆောင်ဂိုးကို ရှာဖွေသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ မက်ဂင်း ရလာပြီး ဘယ်တောင်ပံကြောကို ခင်းပေးခဲ့ရာမှာ ဝပ်ကင်းစ်က လိုက်လံရယူပြီး ဧရိယာအစပ်ကနေ ချိုးပေးမလိုလိုနဲ့ ဂိုးထဲကို တိုက်ရိုက်ကန်သွင်းခဲ့ရာမှာ ဂိုးသမား အာရီယိုးလား အငိုက်မိပြီး အနီးတိုင် အပေါ်ထောင့်ထဲကို အထည့်ခံလိုက်ရတာပါ။

ဒီနောက်မှာတော့ ဗီလာတို့ဘက်က ဇာနျိုလိုနဲ့ ဒီယာဘီတို့အစား ဘေလီနဲ့ တီးလီးမန်းစ်တို့ကို လဲကစားခဲ့သလို ဝက်စ်ဟမ်းတို့ဘက်ကတော့ ဆိုးချက်ခ်နဲ့ ပါကေးတာတို့အစား ကူဒူးစ်နဲ့ ဒန်နီအင်းစ်တို့ကို ထည့်သွင်းလာခဲ့ပြီး ပွဲကိုတော့ အိမ်ရှင်တွေကပဲ ဆက်လက်ထိန်းချုပ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပွဲချိန် ၈၉ မိနစ်မှာတော့ ဗီလာတို့အတွက် စတုတ္ထ ပွဲသိမ်းအနိုင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ တီးလီးမန်းစ်က ဧရီယာထဲကို အနိမ့်ဘော ထိုးထည့်ပေးခဲ့ရာမှာ ဘေလီက ညာခြေနဲ့ ဖြတ်တင်မလို ပုံစံနဲ့ တစ်ချက်ယိမ်းပြီး ခန္ဓာကိုယ်အနေအထားကို စိတ်ကြိုက်ပြင်ပြီးမှ ဘယ်ခြေနဲ့ အဝေးတိုင် အပေါ်ထောင့်ကို ထောင့်ဖြတ်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အက်စ်တန်ဗီလာတို့က ဝက်စ်ဟမ်းယူနိုက်တက်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ကို စိန်ခေါ်နိုင်တော့မယ့် အူနိုင်း အမ်မရီရဲ့ လူတွေက အဆင့် ၅ နေရာကို တက်ရောက်လာနိုင်ခဲ့ကြချိန်မှာ ဒေးဗစ် မွိုက်စ်နဲ့ သူ့လူတွေကတော့ ဒီတစ်ပတ်မှာ အဆင့် ၉ နဲ့ပဲ ကျေနပ်သွားခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အက္စ္တန္ဗီလာအသင္းအေနနဲ႔ ဒီေန႔မွာလည္း အိမ္ကြင္းမွာ ဝက္စ္ဟမ္းယူႏိုက္တက္တို႔ကို အလဲထိုးႏိုင္ပြဲ ဆင္ႏႊဲသြားခဲ့ၾကၿပီး သူတို႔ရဲ႕ ခံတပ္ႀကီး ဗီလာပါ့ခ္မွာ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၁၁ ပြဲဆက္တိုက္ အႏိုင္ရတဲ့ စံခ်ိန္ကိုလည္း ေရွ႕ဆက္လိုက္ႏိုင္သလို ဒီရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားရဲ႕ အဆင့္ ၅ ေနရာကို တက္ေရာက္လာႏိုင္ခဲ့တာျဖစ္ပါတယ္။

ဗီလာတို႔အေနနဲ႔ အိမ္ကြင္းမွာ ဂိုးသမား မာတီနက္ဇ္၊ ခံစစ္မွာ ကြန္ဆာ၊ ေပၚေတာရက္စ္၊ မက္တီ ကတ္ရွ္နဲ႔ ဒီညာတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ကာမာရာ၊ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္နဲ႔ မက္ဂင္းတို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒီယာဘီ၊ ဇာန်ိဳလိုနဲ႔ ဝပ္ကင္းစ္တို႔ကို ပြဲထုတ္ခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ ဝက္စ္ဟမ္းတို႔ကေတာ့ ဂိုးသမား အာရီယိုးလား၊ ခံစစ္မွာ ဇူးမား၊ အာဂြါဒ္၊ ဆိုဖာလ္နဲ႔ အီမာဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆိုးခ်က္ခ္၊ အယ္လ္ဗာရက္ဇ္နဲ႔ ဝါ့ဒ္-ပေရာက္စ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဘိုဝင္၊ ပါေကးတာနဲ႔ အန္တိုနီယိုတို႔ကို တြဲဖက္ေပးခဲ့တာပါ။

ကြင္းလယ္မွာ အဖ်က္တစ္ေယာက္ ပိုသုံးၿပီး ဘယ္ေတာင္ပံမာ ဘင္ရာမာအစား ပါေကးတာကို ကစားေစခဲ့တဲ့ ေဒးဗစ္ မြိဳက္စ္ရဲ႕ ဂိမ္းပလန္က မွားယြင္းေနခဲ့သလို ဘယ္ေတာင္ပံကေန ျဖတ္တင္ေဘာေတြေရာ တိုးအားလုပ္အားႏႈန္းပါ မရေတာ့ဘဲ တိုင္ပတ္သြားခဲ့တာေၾကာင့္ အူႏိုင္း အမ္မရီရဲ႕ ဗီလာတို႔ကို မယွဥ္ႏိုင္ဘဲျဖစ္ခဲ့ရပါတယ္။

ပြဲခ်ိန္ မိနစ္ ၃၀ မွာေတာ့ ဗီလာတို႔အတြက္ အဖြင့္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဇာန်ိဳလိုက ေတာင္ပံက ျဖတ္တင္ေတာ့မယ့္ အရိပ္အေယာင္ျပၿပီး ဧရိယာထဲကို အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ဝပ္ကင္းစ္က တစ္ခ်က္ထိန္းၿပီး မကန္ဘဲ ဧရိယာထိပ္ကို ျပန္ခင္းေပးတဲ့ ေဘာလုံးကို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က အျပင္းကန္သြင္းခဲ့ရာမွာ တားဆီးဖို႔ ႀကိဳးစားတဲ့ ဂိုးသမား အာရီယိုးလားရဲ႕ လက္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာပါ။

ပထမပိုင္းမွာေတာ့ ဝပ္ကင္းစ္ရဲ႕ ကန္ခ်က္ေတြ လြဲေခ်ာ္ေနခဲ့လို႔ ဗီလာတို႔က ဝက္စ္ဟမ္းတို႔ကို နီညိဳေရာင္ ကလဲရက္စ္ေတြရဲ႕ ဒါဘီပြဲမွာ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာ ဧည့္သည္ေတြအေနနဲ႔ ေကာင္တာေတြကေန ဘိုဝင္ရဲ႕ ညာတစ္ေပါက္နဲ႔ တိုးဖို႔ ႀကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘဲ ဂိုးသာ ထပ္ေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ ဗီလာတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကေတာ့ ညာျခမ္းကေန ေဘာလုံးလိုက္ယူတဲ့ ကြန္ဆာကို ဧရိယာထဲမွာ ေနာက္ကေန ဖိလွဲခဲ့တဲ့ အယ္လ္ဗာရက္ဇ္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ေဒါက္ဂလပ္စ္ လူးဝစ္ဇ္ကပဲ ဂိုးသမား အာရီယိုးလားကို လွည့္စားၿပီး ဂိုးအလယ္တည့္တည့္ကို ကန္သြင္းယူသြားခဲ့လို႔ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၆ မိနစ္မွာေတာ့ ဝက္စ္ဟမ္းတို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတြဲလုံးကေန အယ္လ္ဗာရက္ဇ္နဲ႔ အေပးအယူလုပ္ၿပီး အတြင္းကို ခ်ိဳးဝင္လာခဲ့တဲ့ ဘိုဝင္က သိပ္အႏၲရာယ္မရွိတဲ့ အေနအထားကေန လွမ္းကန္သြင္းခဲ့ရာမွာ သူ႔ရဲ႕ ဧရိယာအျပင္က ကန္ခ်က္က ေပၚေတာရက္စ္ရဲ႕ ေျခေထာက္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ဂိုးသမား မာတီနက္ဇ္ ဟန္ခ်က္ပ်က္ၿပီး မဖမ္းႏိုင္ေတာ့ဘဲ ဂိုးေပးခဲ့ရပါတယ္။

ပြဲခ်ိန္ ၇၄ မိနစ္မွာေတာ့ ဗီလာတို႔ပဲ တတိယ ဦးေဆာင္ဂိုးကို ရွာေဖြသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန မက္ဂင္း ရလာၿပီး ဘယ္ေတာင္ပံေၾကာကို ခင္းေပးခဲ့ရာမွာ ဝပ္ကင္းစ္က လိုက္လံရယူၿပီး ဧရိယာအစပ္ကေန ခ်ိဳးေပးမလိုလိုနဲ႔ ဂိုးထဲကို တိုက္႐ိုက္ကန္သြင္းခဲ့ရာမွာ ဂိုးသမား အာရီယိုးလား အငိုက္မိၿပီး အနီးတိုင္ အေပၚေထာင့္ထဲကို အထည့္ခံလိုက္ရတာပါ။

ဒီေနာက္မွာေတာ့ ဗီလာတို႔ဘက္က ဇာန်ိဳလိုနဲ႔ ဒီယာဘီတို႔အစား ေဘလီနဲ႔ တီးလီးမန္းစ္တို႔ကို လဲကစားခဲ့သလို ဝက္စ္ဟမ္းတို႔ဘက္ကေတာ့ ဆိုးခ်က္ခ္နဲ႔ ပါေကးတာတို႔အစား ကူဒူးစ္နဲ႔ ဒန္နီအင္းစ္တို႔ကို ထည့္သြင္းလာခဲ့ၿပီး ပြဲကိုေတာ့ အိမ္ရွင္ေတြကပဲ ဆက္လက္ထိန္းခ်ဳပ္သြားႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ ဗီလာတို႔အတြက္ စတုတၳ ပြဲသိမ္းအႏိုင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန တီးလီးမန္းစ္က ဧရီယာထဲကို အနိမ့္ေဘာ ထိုးထည့္ေပးခဲ့ရာမွာ ေဘလီက ညာေျခနဲ႔ ျဖတ္တင္မလို ပုံစံနဲ႔ တစ္ခ်က္ယိမ္းၿပီး ခႏၶာကိုယ္အေနအထားကို စိတ္ႀကိဳက္ျပင္ၿပီးမွ ဘယ္ေျခနဲ႔ အေဝးတိုင္ အေပၚေထာင့္ကို ေထာင့္ျဖတ္ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အက္စ္တန္ဗီလာတို႔က ဝက္စ္ဟမ္းယူႏိုက္တက္တို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ကို စိန္ေခၚႏိုင္ေတာ့မယ့္ အူႏိုင္း အမ္မရီရဲ႕ လူေတြက အဆင့္ ၅ ေနရာကို တက္ေရာက္လာႏိုင္ခဲ့ၾကခ်ိန္မွာ ေဒးဗစ္ မြိဳက္စ္နဲ႔ သူ႔လူေတြကေတာ့ ဒီတစ္ပတ္မွာ အဆင့္ ၉ နဲ႔ပဲ ေက်နပ္သြားခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.