Match Report Serie A

ဆန်စီရိုမှာ အေစီကို အလဲထိုးပြီး ဇယားထိပ်က အင်တာကို အမီလိုက်နိုင်ခဲ့တဲ့ ဂျူဗင်တပ်

တနင်္ဂနွေနေ့ညက ဆန်စီရိုမှာ ကစားခဲ့တဲ့ အေစီမီလန်နဲ့ ဂျူဗင်တပ်တို့ရဲ့ ပွဲစဉ်မှာ ဧည့်သည်တွေက မန်နျူရယ် လိုကာတယ်လီရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

အေစီမီလန် ကစားသမားဟောင်း လိုကာတယ်လီဟာ ဂျူဗင်တပ်အတွက် ကြီးမားတဲ့ နိုင်ပွဲ ရရှိစေမယ့်သွင်းဂိုးကို ပွဲကစားချိန် ၆၃ မိနစ်မှာ သွင်းယူသွားခဲ့တာဖြစ်ပြီး အိမ်ရှင်တွေဟာ နိုင်ပွဲရခဲ့မယ်ဆိုရင် ဇယားထိပ်ဆုံးကို ပြန်လည်တက်လှမ်းနိုင်မှာဖြစ်ပေမယ့်လည်း ပွဲကစားချိန် မိနစ် ၄၀ မှာ မာလစ်ခ် သီယော ထုတ်ပယ်ခံခဲ့ရမှုကြောင့် တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

အေစီမီလန်နောက်ခံလူဟာ ဂျူဗင်တပ်ကစားသမား တီမိုသီ ဝီယာရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုကို ဟန့်တားရာမှာ နောက်ဆုံးကစားသမားအနေနဲ့ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်အတွက် အနိုင် ၃ မှတ် ရရှိခဲ့မှုကြောင့် ဒုတိယနေရာက အေစီမီလန်၊ အမှတ်ပေးဇယားဦးဆောင်သူ အင်တာမီလန်တို့နဲ့ ကွာဟမှု ပိုမိုကျဉ်းမြောင်းစေခဲ့ပြီး အေစီမီလန်နဲ့ ၁ မှတ်အကွာ၊ အင်တာမီလန်နဲ့ ၂ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂျူဗင်တပ်အတွက် တနင်္ဂနွေနေ့ညပွဲစဉ်နိုင်ပွဲဟာ နောက်ဆုံးကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲမြောက် နိုင်ပွဲဖြစ်ခဲ့ပြီဖြစ်ပြီး ၄ ပွဲဆက်တိုက် ပေးဂိုးမရှိပွဲစဉ်လည်း ဖြစ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: တနဂၤေႏြေန႔ညက ဆန္စီ႐ိုမွာ ကစားခဲ့တဲ့ ေအစီမီလန္နဲ႔ ဂ်ဴဗင္တပ္တို႔ရဲ႕ ပြဲစဥ္မွာ ဧည့္သည္ေတြက မန္န်ဴရယ္ လိုကာတယ္လီရဲ႕ တစ္လုံးတည္းေသာ အႏိုင္ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။

ေအစီမီလန္ ကစားသမားေဟာင္း လိုကာတယ္လီဟာ ဂ်ဴဗင္တပ္အတြက္ ႀကီးမားတဲ့ ႏိုင္ပြဲ ရရွိေစမယ့္သြင္းဂိုးကို ပြဲကစားခ်ိန္ ၆၃ မိနစ္မွာ သြင္းယူသြားခဲ့တာျဖစ္ၿပီး အိမ္ရွင္ေတြဟာ ႏိုင္ပြဲရခဲ့မယ္ဆိုရင္ ဇယားထိပ္ဆုံးကို ျပန္လည္တက္လွမ္းႏိုင္မွာျဖစ္ေပမယ့္လည္း ပြဲကစားခ်ိန္ မိနစ္ ၄၀ မွာ မာလစ္ခ္ သီေယာ ထုတ္ပယ္ခံခဲ့ရမႈေၾကာင့္ တစ္ေယာက္ေလ်ာ့နဲ႔ ကစားခဲ့ရတာျဖစ္ပါတယ္။

ေအစီမီလန္ေနာက္ခံလူဟာ ဂ်ဴဗင္တပ္ကစားသမား တီမိုသီ ဝီယာရဲ႕ ထိုးေဖာက္တိုက္စစ္ဆင္မႈကို ဟန႔္တားရာမွာ ေနာက္ဆုံးကစားသမားအေနနဲ႔ ျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အတြက္ အႏိုင္ ၃ မွတ္ ရရွိခဲ့မႈေၾကာင့္ ဒုတိယေနရာက ေအစီမီလန္၊ အမွတ္ေပးဇယားဦးေဆာင္သူ အင္တာမီလန္တို႔နဲ႔ ကြာဟမႈ ပိုမိုက်ဥ္းေျမာင္းေစခဲ့ၿပီး ေအစီမီလန္နဲ႔ ၁ မွတ္အကြာ၊ အင္တာမီလန္နဲ႔ ၂ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္အတြက္ တနဂၤေႏြေန႔ညပြဲစဥ္ႏိုင္ပြဲဟာ ေနာက္ဆုံးကစားခဲ့တဲ့ ၄ ပြဲမွာ ၃ ပြဲေျမာက္ ႏိုင္ပြဲျဖစ္ခဲ့ၿပီျဖစ္ၿပီး ၄ ပြဲဆက္တိုက္ ေပးဂိုးမရွိပြဲစဥ္လည္း ျဖစ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.