Saudi League

သားဖြစ်သူနဲ့ အတူတူတွဲကစားနိုင်မယ့် အခွင့်အရေးပေးခြင်းခံခဲ့ရတဲ့ ရော်နယ်လ်ဒို

အယ်လ်နာဆာအသင်းဟာ ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့သားဖြစ်သူကို ခေါ်ယူလိုက်ပြီဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

ရော်နယ်လ်ဒိုဟာ မန်ချက်စတာယူနိုက်တက်နဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီးနောက် အယ်လ်နာဆာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဂန္တဝင်ရဲ့ အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့ခဲ့မှုက ထိပ်တန်းကစားသမားအများအပြားအတွက် ဆော်ဒီ အာရေဗျကို ပြောင်းရွှေ့လာဖို့ လမ်းသစ်ဖောက်မှုဖြစ်ခဲ့တာဖြစ်ပါတယ်။

ကာရင် ဘန်ဇီးမား၊ နေမာ၊ မာရက်ဇ်တို့လို ကစားသမားတွေဟာ ဥရောပကို စွန့်ခွာပြီး အရှေ့အလယ်ပိုင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး PIF က အယ်လ် အစ်တီဟတ်၊ အယ်လ်ဟီလာလ်၊ အယ်လ် အလီတို့ကို ကစားသမားသစ်တွေ ခေါ်ယူဖို့ ငွေကြေးပိုင်း ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

အယ်လ်နာဆာကလည်း အသက် ၃၈ နှစ်အရွယ် တိုက်စစ်မှူး အပြင် ၎င်းရဲ့ သားဖြစ်သူ ခရစ္စတီယာနို ရော်နယ်လ်ဒို ဂျူနီယာကို ကြီးမားတဲ့ ခေါ်ယူမှုအဖြစ် ခေါ်ယူလိုက်ပြီလို့ Arriyadiyah က ဖော်ပြခဲ့ပြီး အသက် ၁၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဂန္တဝင်ရဲ့သားဖြစ်သူဟာ ဖခင်ဝတ်ဆင်နေတဲ့ ကျောနံပါတ် ၇ ကိုပဲ ဝတ်ဆင်ကစားသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒို ဂျူနီယာဟာ လာမယ့်ရက်ပိုင်းအတွင်း အယ်လ်နာဆာနဲ့ လေ့ကျင့်ရေး စတင်သွားမှာဖြစ်ပြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသက် ၄၀ ကျော်တဲ့အထိ ကစားချင်တာကြောင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးချင်တယ်လို့ အယ်လ်နာဆာကို ပြောကြားထားတာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုဟာ အယ်လ်နာဆာနဲ့ စာချုပ်သက်တမ်းတိုးလိုက်မယ်ဆိုရင် ၂၀၂၆ မှာ ယူအက်စ်အေ၊ မက္ကဆီကို၊ ကနေဒါတို့ ပူးပေါင်းကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအတွက် နောက်ဆုံးတစ်ကြိမ် ပါဝင်ကစားပေးနိုင်မှာဖြစ်သလို အဲဒီအချိန်မှာ ၁၆ နှစ်အရွယ်ရှိနေမှာဖြစ်တဲ့ သားဖြစ်သူနဲ့လည်း အယ်လ်နာဆာ ပထမအသင်းမှာ အတူတူတွဲကစားခွင့် ရရှိဖွယ်ရှိပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အယ္လ္နာဆာအသင္းဟာ ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕သားျဖစ္သူကို ေခၚယူလိုက္ၿပီျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ၾကပါတယ္။

ေရာ္နယ္လ္ဒိုဟာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီးေနာက္ အယ္လ္နာဆာကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ရဲ႕ အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕ခဲ့မႈက ထိပ္တန္းကစားသမားအမ်ားအျပားအတြက္ ေဆာ္ဒီ အာေရဗ်ကို ေျပာင္းေ႐ႊ႕လာဖို႔ လမ္းသစ္ေဖာက္မႈျဖစ္ခဲ့တာျဖစ္ပါတယ္။

ကာရင္ ဘန္ဇီးမား၊ ေနမာ၊ မာရက္ဇ္တို႔လို ကစားသမားေတြဟာ ဥေရာပကို စြန႔္ခြာၿပီး အေရွ႕အလယ္ပိုင္းကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ၿပီး PIF က အယ္လ္ အစ္တီဟတ္၊ အယ္လ္ဟီလာလ္၊ အယ္လ္ အလီတို႔ကို ကစားသမားသစ္ေတြ ေခၚယူဖို႔ ေငြေၾကးပိုင္း ေထာက္ပံ့ေပးခဲ့တာျဖစ္ပါတယ္။

အယ္လ္နာဆာကလည္း အသက္ ၃၈ ႏွစ္အ႐ြယ္ တိုက္စစ္မႉး အျပင္ ၎ရဲ႕ သားျဖစ္သူ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဂ်ဴနီယာကို ႀကီးမားတဲ့ ေခၚယူမႈအျဖစ္ ေခၚယူလိုက္ၿပီလို႔ Arriyadiyah က ေဖာ္ျပခဲ့ၿပီး အသက္ ၁၃ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ဂႏၲဝင္ရဲ႕သားျဖစ္သူဟာ ဖခင္ဝတ္ဆင္ေနတဲ့ ေက်ာနံပါတ္ ၇ ကိုပဲ ဝတ္ဆင္ကစားသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ေရာ္နယ္လ္ဒို ဂ်ဴနီယာဟာ လာမယ့္ရက္ပိုင္းအတြင္း အယ္လ္နာဆာနဲ႔ ေလ့က်င့္ေရး စတင္သြားမွာျဖစ္ၿပီး ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အသက္ ၄၀ ေက်ာ္တဲ့အထိ ကစားခ်င္တာေၾကာင့္ ၂၀၂၇ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးခ်င္တယ္လို႔ အယ္လ္နာဆာကို ေျပာၾကားထားတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒိုဟာ အယ္လ္နာဆာနဲ႔ စာခ်ဳပ္သက္တမ္းတိုးလိုက္မယ္ဆိုရင္ ၂၀၂၆ မွာ ယူအက္စ္ေအ၊ မကၠဆီကို၊ ကေနဒါတို႔ ပူးေပါင္းက်င္းပမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေပၚတူဂီအတြက္ ေနာက္ဆုံးတစ္ႀကိမ္ ပါဝင္ကစားေပးႏိုင္မွာျဖစ္သလို အဲဒီအခ်ိန္မွာ ၁၆ ႏွစ္အ႐ြယ္ရွိေနမွာျဖစ္တဲ့ သားျဖစ္သူနဲ႔လည္း အယ္လ္နာဆာ ပထမအသင္းမွာ အတူတူတြဲကစားခြင့္ ရရွိဖြယ္ရွိပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.